မြန်မာ့အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာမှ KT Group နှင့် အရှေ့တောင်အာရှ၏အကြီးဆုံး Unicorn ကုမ္ပဏီတို့ Prefabricated ပစ္စည်းများဖြင့် လူနေအိမ်နှင့် အဆောက်အအုံများဆောက်လုပ်ရန် လက်မှတ်ရေးထိုး

မြန်မာ့အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာမှ KT Group နှင့် အရှေ့တောင်အာရှ၏အကြီးဆုံး Unicorn ကုမ္ပဏီတို့ Prefabricated ပစ္စည်းများဖြင့် လူနေအိမ်နှင့် အဆောက်အအုံများဆောက်လုပ်ရန် လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
16 Mar 2018 10:40 am တွင် တင်ခဲ့သည်
8104 ကြိမ် ကြည့်ရှု့ပြီး
အရှေ့တောင်အာရှ၏ အင်အားအတောင့်တင်းဆုံးဖြစ်ပြီး ဖိလစ်ပိုင် နိုင်ငံ၏ တစ်ခုတည်းသော Unicorn ကုမ္ပဏီဖြစ်သည့် Revolution Precrafted နှင့် မြန်မာနိုင်ငံရှိ KT Group ကုမ္ပဏီတို့ပူးပေါင်းကာ အသင့်သုံး Prefabricated ပစ္စည်းများဖြင့် လူနေအိမ်နှင့် အဆောက်အအုံများ ဆောက်လုပ်မှုကို လာမည့် (၃)လမှ (၆)လအတွင်း တည်ဆောက်ပေးနိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။

“ မြန်မာလူမျိုးများဟာ ဖိလစ်ပိုင် လူမျိုးများလို အိမ်ရာများနဲ့ ပတ်သက်ပြီး နည်းလမ်းသစ်များကို ချဉ်းကပ်လေ့ရှိပါတယ်။ သူတို့တစ်တွေဟာ ကိုယ်ပိုင်နေရာများကို ရှာဖွေတဲ့အခါမှာ ယဉ်ကျေးမှုနဲ့လည်းကိုက်ညီ၊ ဖက်ရှင်လည်းကျပြီးတော့ အသုံးလည်းတွင်ရမယ့်အပြင် ကိုယ့်ရဲ့ တစ်နိုင်တစ်ပိုင်ရှိအောင်လည်း ရွေးချယ်ကြပါတယ်။ ကျွန်မတို့ဟာ ကမ္ဘာပေါ်မှာ ခန့်ညားပြီး အဆင့်ရှိတဲ့ Prefab အိမ်များကို ထုတ်လုပ်တဲ့ Revolution Precrafted ကို လုပ်ငန်းဖော်အဖြစ်ရွေးချယ်ရတာ အလွန်ပဲ စိတ်လှုပ်ရှားခဲ့ရပါတယ်။ကမ္ဘာပေါ်က ပညာရှင်တွေ များစွာပါဝင်တဲ့ ကုမ္ပဏီ နဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေလောကဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခွင့်ရတာ ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒီလို Prefabricated ပစ္စည်းတွေနဲ့ နေအိမ်အဆောက်အဦးတွေ တည်ဆောက်မှုကိုလည်း သုံးလကနေ ခြောက်လအတွင် စတင် တည်ဆောက်ပေးနိုင်တော့မှာလည်း ဖြစ်ပါတယ်။” ဟု KT Group ၏ Execcutive Director ဖြစ်သူ Deborah Kyaw Thaung က မတ်လ (၁၄)ရက်နေ့တွင် ပြုလုပ်ခဲ့သည့်မြန်မာ့စီးပွားရေးပြန်လည်ရှင်သန်လာနိုင်ရေး အတွက် Revolution Precraftedနှင့် မြန်မာနိုင်ငံမှ KT Group တို့ လုပ်ငန်းတွဲဖက်ဆောင်ရွက်နိုင်ရန် ကိုယ်စား လှယ်လုပ်ကိုင်ခွင့်သဘောတူညီချက် စာချုပ်လက်မှတ်ရေးထိုးပွဲတွင် ပြောသည်။

အဆိုပါ Prefabricated ပစ္စည်းတွေများဖြင့် နေအိမ်များတည်ဆောက်ခြင်းသည် သာမာန်ရှေးရိုးစွဲအိမ်များ တည် ဆောက်ခြင်းထက် ကုန်ကျစရိတ်ပိုမိုသက်သာခြင်း၊အချိန်ကုန်သက်သာခြင်း၊ခေတ်မီနည်းပညာဖြစ်သောကြောင့် စိတ်ကြိုက်ဒီဇိုင်းတည်ဆောက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ အဓိက ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ KT Group နဲ့ Prefabricated ပစ္စည်း တွေနဲ့ နေအိမ်တွေဆောက်လုပ်ဖို့ ကိုယ်စားလှယ်သဘောတူညီချက်ကို ကြေညာဖို့အတွက် အလွန်စိတ် လှုပ်ရှားခဲ့ရပါတယ်။ ဒီမဟာဗျူဟာမြောက် ကိုယ်စားလှယ် သဘောတူညီချက်ဟာ မြန်မာအိမ်ခြံမြေလုပ်ငန်း တိုးတက်ဖွံ့ဖြိုးမှု ကဏ္ဍသစ်ဆီကို ချဉ်းနင်းဝင်လောက်လာတာနဲ့ အညီ နှစ်ဦးနှစ်ဖက် အကျိုး ဖြစ်ထွန်းလာလိမ့် မယ်လို့လည်း ယုံကြည်ပါတယ်။သာမန်အားဖြင့်ဆိုရင် ကွန်ဒိုတွေ ၊ ဟိုတယ်ဗီလာတွေ ဆောက်မယ်ဆိုရင် အချိန်အားဖြင့် ၂ နှစ်ကနေ ၃နှစ် အတွင်း ကြာတတ်ပါတယ်။ အခု Prefabricated ပစ္စည်းတွေနဲ့ တည်ဆောက်မယ်ဆိုရင်တော့ ဆောက်လုပ်မှုကြာချိန်ကို ထက်ဝက်လောက်ကို လျှော့ချပေးနိုင်တဲ့ အပြင် ကုန်ကျစရိတ်လည်းသက်သာသွားမှာ ဖြစ်ပါတယ်။ ” ဟု Revolution Precrafted ၏ တည်ထောင်သူနှင့် CEOဖြစ်သူ Robbie Antonio ကပြောသည်။

Revolution Precrafted ကုမ္ပဏီသည် လုပ်ငန်းထူထောင်စဉ်ကာလမှ (၂)နှစ် အတွင်း ကုမ္ပဏီတန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် တန်ဖိုးဆင့်ခံရသည့် ဖိလစ်ပိုင်နိုင်ငံ၏တစ်ခုတည်းသော Unicorn အဆင့်ကို ရရှိထားသော ကုမ္ပဏီဖြစ်သည့်အပြင် ကမ္ဘာတစ်ဝှမ်းမှ ပြိုင်ဖက်ကင်းသော ဗိသုကာပညာရှင်များ၊ ဒီဇိုင်းပညာရှင်များနှင့် အနုပညာရှင် (၇၂)ဦးတို့ ပူးပေါင်းခြင်းဖြင့် အရည်အသွေးကောင်းမွန်သော ခေတ်မီဒီဇိုင်း အိမ်ရာများ၏ ဦးဆောင် ကုမ္ပဏီအဖြစ် အခိုင်အမာရယူထားသော ကုမ္ပဏီဖြစ်ကြောင်း သိရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မြန်မာ့အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာမှ KT Group နှင့် အရှေ့တောင်အာရှ၏အကြီးဆုံး Unicorn ကုမ္ပဏီတို့ Prefabricated ပစ္စည်းများဖြင့် လူနေအိမ်နှင့် အဆောက်အအုံများဆောက်လုပ်ရန် လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
မြန်မာ့အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာမှ KT Group နှင့် အရှေ့တောင်အာရှ၏အကြီးဆုံး Unicorn ကုမ္ပဏီတို့ Prefabricated ပစ္စည်းများဖြင့် လူနေအိမ်နှင့် အဆောက်အအုံများဆောက်လုပ်ရန် လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
မြန်မာ့အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာမှ KT Group နှင့် အရှေ့တောင်အာရှ၏အကြီးဆုံး Unicorn ကုမ္ပဏီတို့ Prefabricated ပစ္စည်းများဖြင့် လူနေအိမ်နှင့် အဆောက်အအုံများဆောက်လုပ်ရန် လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
မြန်မာ့အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာမှ KT Group နှင့် အရှေ့တောင်အာရှ၏အကြီးဆုံး Unicorn ကုမ္ပဏီတို့ Prefabricated ပစ္စည်းများဖြင့် လူနေအိမ်နှင့် အဆောက်အအုံများဆောက်လုပ်ရန် လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
မြန်မာ့အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာမှ KT Group နှင့် အရှေ့တောင်အာရှ၏အကြီးဆုံး Unicorn ကုမ္ပဏီတို့ Prefabricated ပစ္စည်းများဖြင့် လူနေအိမ်နှင့် အဆောက်အအုံများဆောက်လုပ်ရန် လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
မြန်မာ့အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာမှ KT Group နှင့် အရှေ့တောင်အာရှ၏အကြီးဆုံး Unicorn ကုမ္ပဏီတို့ Prefabricated ပစ္စည်းများဖြင့် လူနေအိမ်နှင့် အဆောက်အအုံများဆောက်လုပ်ရန် လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
မြန်မာ့အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာမှ KT Group နှင့် အရှေ့တောင်အာရှ၏အကြီးဆုံး Unicorn ကုမ္ပဏီတို့ Prefabricated ပစ္စည်းများဖြင့် လူနေအိမ်နှင့် အဆောက်အအုံများဆောက်လုပ်ရန် လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
မြန်မာ့အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာမှ KT Group နှင့် အရှေ့တောင်အာရှ၏အကြီးဆုံး Unicorn ကုမ္ပဏီတို့ Prefabricated ပစ္စည်းများဖြင့် လူနေအိမ်နှင့် အဆောက်အအုံများဆောက်လုပ်ရန် လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
မြန်မာ့အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာမှ KT Group နှင့် အရှေ့တောင်အာရှ၏အကြီးဆုံး Unicorn ကုမ္ပဏီတို့ Prefabricated ပစ္စည်းများဖြင့် လူနေအိမ်နှင့် အဆောက်အအုံများဆောက်လုပ်ရန် လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ

ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...

နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ

ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး

ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်

ဒဂုံမြို့သစ်လေးမြို့နယ်ရှိ ဈေးအနိမ့်ပိုင်းအိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်

အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...

ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင်...

ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက

အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!

" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်

လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ

သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်

သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ

shwe-wutthmone
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service