ယခု ဘဏ္ဍာနှစ်တွင် ချင်းပြည်နယ်၌ လမ်းတံတား ဆောက်လုပ်ရေး အတွက် ကျပ်သန်းပေါင်း ခြောက်သောင်း အသုံးပြုမည်

ယခု ဘဏ္ဍာနှစ်တွင် ချင်းပြည်နယ်၌ လမ်းတံတား ဆောက်လုပ်ရေး အတွက် ကျပ်သန်းပေါင်း ခြောက်သောင်း အသုံးပြုမည် - Property News in Myanmar from iMyanmarHouse.com
6 Mar 2018 10:06 am တွင် တင်ခဲ့သည်
5508 ကြိမ် ကြည့်ရှု့ပြီး
ချင်းပြည်နယ် တိုးတက်ဖွံ့ဖြိုးရေးတွင် အရေးပါသည့်လမ်းများ၊ တံတားများ အဆင့်မီကောင်းမွန်လာစေရန်၊ မြို့ပြဒေသနှင့် ကျေးလက်ဆက်သွယ် ရေးလမ်းများ၊ တံတားများ ကောင်းမွန်ချောမွေ့စေရေးအတွက် ၂ဝ၁၇- ၂ဝ၁၈ ချင်းပြည်နယ်ဘတ်ဂျက်မှ ငွေကျပ်သန်းပေါင်း ၆ဝ၈၃၉ ဒသမ ၉၃၇ ကို လမ်းတံတားတည်ဆောက် ရေးစီမံကိန်းများတွင် စိုက်ထုတ်အသုံးပြုကြောင်း ချင်းပြည်နယ်အစိုးရ ရုံးမှသိရသည်။

''ကျွန်တော်တို့ ချင်းပြည်နယ် ဒေသဖွံ့ဖြိုးမှု နောက်ကျကျန်ရစ်တယ်ဆိုတာ လမ်းပန်းဆက်သွယ် ရေးနိမ့်ကျတဲ့အတွက် ဖြစ်ပါတယ်။ ကျေးလက်ဒေသနဲ့ မြို့ဆက်သွယ် ရေးမှာ အခုအချိန်ထိ ခြေကျင်၊ အထမ်းအပိုးနှင့် သွားလာနေရတဲ့ ဒေသတွေ ရှိနေပါသေးတယ်။ ပြီး တော့ ဖလမ်း၊ ဟားခါး၊ တီးတိန် အဓိကအားကိုးအားထားပြု သွား နေရတဲ့လမ်းတွေမှာတောင် အခု ပြီးခဲ့တဲ့မိုးတုန်းက တောင်ပြိုလမ်း ပိတ်မှုတွေ၊ ဗွက်နစ်လမ်းပိတ်နေလို့ သုံးလေးညအိပ်စောင့်ရတာမျိုး တွေရှိနေပါတယ်။ ဒါကြောင့် လမ်းတံတားကို အဓိကထားဆောင်ရွက်နေတာဖြစ်ပါတယ်'' ဟု အဆိုပါ ပြည်နယ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၈ ရက်က ပြောသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်အတွက်ရရှိသည့် ဘတ်ဂျက်မှာ ကျပ်သန်းပေါင်း ၁၂၇၈ဝ၈ ဒသမ ၄ဝ၆ သန်း ဖြစ် ပြီး ယင်းငွေမှ လမ်းတံတားဆက်သွယ်ရေးအတွက် ၅၅ ဒသမ ၁၂ ရာခိုင်နှုန်းကို အသုံးပြုထားကြောင်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သန်း ၁၄၃၂၉ ဒသမ ၉၉၂ ကိုလည်းကောင်း၊ ကျပ်သန်း ၁၁၄၃၆ ဒသမ ၄၈၁ ကို လျှပ် စစ်ဓာတ်အား ဖွံ့ဖြိုးရေးအတွက် လည်းကောင်း၊ ကျပ်သန်း ၉၅ဝ၆ ဒသမ ၆၉၇ ကို မြို့ပြစည်ပင် သာယာရေးလုပ်ငန်းများတွင်လည်း ကောင်း အသုံးပြုထားကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျှန်လွယ်က ပြောကြားသည်။

''လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတဲ့အခါ ကိုယ်စိုက်ထားတဲ့သီးနှံကို ကားလမ်းရောက် အောင် ထမ်းထုတ်ရတာရှိတယ်။ ဆိုင်ကယ်နဲ့ တင်ထုတ်ရတာရှိတယ်။ ကျွန်တော်တို့အဓိကအသုံး ပြုနေတဲ့ ဟားခါး-ဖလမ်း-ကလေး လမ်း၊ ရိဒ်- တီးတိန်-ကလေးလမ်း၊ ကျီခါး- တွန်းဇံ-တီးတိန်-ကလေး လမ်း၊ ထန်တလန်-ဟားခါး-ဂန့်ဂေါ လမ်းစတဲ့လမ်းတွေကို ဖုန်ထူနေ ပူ၊ မိုးခါဗွက်ထ တောင်ပြိုဖြစ်နေတယ်'' ဟု ဘားလုမ်ရွာမှ ကုန်စိမ်း အရောင်းအဝယ်သမား ဒေသခံ ဦးထောင်ကပ်က ပြောသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...

ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...

တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...

အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...

သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း

လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...

ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ

ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။

စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service