ယခင်ခေတ် ကမ္ဘာ့အချမ်းသာဆုံး Rothschild မိသားစု နှစ်ပေါင်း ၁၄၀ ကျော်ပိုင်ဆိုင်ခဲ့သော သြစတေးလျရှိ အမဲလိုက်စခန်းချယာတောခြံကြီး အရောင်းဈေးကွက်ဝင်လာ

ယခင်ခေတ် ကမ္ဘာ့အချမ်းသာဆုံး Rothschild မိသားစု နှစ်ပေါင်း ၁၄၀ ကျော်ပိုင်ဆိုင်ခဲ့သော သြစတေးလျရှိ အမဲလိုက်စခန်းချယာတောခြံကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
21 Feb 2018 11:50 am တွင် တင်ခဲ့သည်
5611 ကြိမ် ကြည့်ရှု့ပြီး
ယခင်ခေတ် ကမ္ဘာ့အချမ်းသာဆုံး Rothschild မိသားစု နှစ်ပေါင်း ၁၄၀ ကျော်ပိုင်ဆိုင်ခဲ့သော သြစထရီးယားနိုင်ငံရှိ အမဲလိုက်စခန်းချ ယာတောခြံကြီး အရောင်းဈေးကွက်ဝင်လာကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယာတောခြံကြီး၏ အကျယ်အဝန်းမှာ ၅၉ စတုရန်းကီလိုမီတာ (၂၂ ဒသမ ၇၈ စတုရန်းမိုင်) အထိ ကျယ်ဝန်းရာ ရန်ကုန်မြို့ရှိ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ ရန်ကင်းနှင့် စမ်းချောင်း ၅ မြို့နယ်စာခန့် အကျယ်အဝန်းရှိသည့် ယာတောကြီး ဖြစ်သည်။

Rothschild မိသားစုသည် ဘဏ်လုပ်ငန်းဖြင့် နာမည်ကျော်ခြင်းဖြစ်ပြီး ယခုယာတောခြံကြီးကို နှစ်ပေါင်း ၁၄၃ နှစ်ကြာ ဆွေစဉ်မျိုးဆက် ပိုင်ဆိုင်ခဲ့ကြခြင်း ဖြစ်သည်။

မြို့တော်ဝန် အမ်စ်ချယ်လ် ရော့စ်ချိုင်းမှ ဆင်းသက်လာခြင်းဖြစ်ပြီး ဘဏ်လုပ်ငန်းကို ၁၇၆၀ ပြည့်လွန်ကာလများကတည်းက စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ရော့စ်ချိုင်းက သူ၏သားငါးဦးမှတစ်ဆင့် ကြီးမားလှသောမိသားစုကြီးကို အမွေပေးခဲ့ခြင်းဖြစ်ပြီး သား ၅ ဦးမှာလည်း လန်ဒန်၊ ပဲရစ်၊ ဖရန့်ဖတ်ထ်၊ ဗီယန်နာနှင့် နေပယ်လ်တို့တွင် ဘဏ်လုပ်ငန်းဖြင့် အခြေကျနေကြသူများ ဖြစ်ကြသည်။
Rothschild မိသားစုသည် ၁၉ ရာစုအတွင်း ကမ္ဘာပေါ်တွင် အချမ်းသာဆုံးမိသားစုဖြစ်ခဲ့သည်။

မိသားစု၏ ကြွယ်ဝမှုမှာ မျိုးရိုးစဉ်ဆက် ဆင်းသက်လာသူများထံ ခွဲဝေရောက်ရှိသွားပြီး ယနေ့ကာလတွင် ဘဏ်လုပ်ငန်း၊ အိမ်ခြံမြေ၊ သတ္တုတွင်း၊ စွမ်းအင်အစရှိသည်တို့ အပါအဝင် လုပ်ငန်းနယ်ပယ်များစွာတွင် လုပ်ကိုင်နေကြလျက်ရှိသည်။

ယခုယာတောခြံကြီးမှာ ၅၄၁၂ ဟက်တာကျယ်ဝန်းပြီး Langau ဟု ခေါ်ဆိုကြကာ တောအုပ်၊ တောင်တန်းထူထပ်ရာအရပ်တွင် တည်ရှိသည်။

ရော့စ်ချိုင်းက သစ်ခုတ်သမားတို့ သစ်ခုတ်လှဲမှုများကြောင့် ယိုယွင်းနေသောသစ်တောကို ပြန်လည်ထိန်းသိမ်းခဲ့ပြီး ကိုယ်ပိုင်တောအုပ်အဖြစ် ပြုစုပျိုးထောင်ခဲ့သည်။

ယခုယာတောခြံ Langau ကို ရောင်းချသူများမှာ ရော့စ်ချိုင်း၏ အမွေခံများဖြစ်သော နန်စီ ကလဲရစ်နှင့် ဂျော်ဖရီ အာရ်- ဟိုဂတ်တို့ဖြစ်ကြပြီး အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူများ ဖြစ်ကြသည်။

ဝယ်လက်မှာ စက္ကူထုတ်လုပ်ရေးကုမ္ပဏီ Prinzhorn Holding ၏ ပိုင်ရှင်များဖြစ်သည်ဟု ဆိုသည်။

ယခုအရောင်းအဝယ်မှာ ဥရောပ၏ သမိုင်းဝင် မြေယာအရောင်းအဝယ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ကြောင်း သြစထရီးယားအခြေစိုက် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ Bischof Immobilien GmbH က သုံးသပ်ပြောကြားသည်။

အရောင်းအဝယ်ဖြစ်ခဲ့သည့်ဈေးနှုန်းကို ထုတ်ဖော်ကြေညာခြင်းမရှိသော်လည်း သြစထရီးယားမီဒီယာတို့က ရေးသားကြရာတွင်မူ ရော့စ်ချိုင်း၏ အမွေခံတို့က အဆိုပါခြံဝန်းကြီးကို ယူရို သန်း ၉၀ (ကန်ဒေါ်လာ ၁၁၂ ဒသမ ၃၅ သန်း) ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်ဟု ရေးသားကြသည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း နာဇီတို့က အဆိုပါခြံဝန်းကြီးကို ရော့စ်ချိုင်းမိသားစုထံမှ သိမ်းယူခဲ့ကြသည့်အပြင် ယင်းဒေသဝန်းကျင်အတွင်း ရော့စ်ချိုင်းမိသားစုပိုင် အဆောက်အအုံများစွာ ပျက်စီးသွားခဲ့ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ယခင်ခေတ် ကမ္ဘာ့အချမ်းသာဆုံး Rothschild မိသားစု နှစ်ပေါင်း ၁၄၀ ကျော်ပိုင်ဆိုင်ခဲ့သော သြစတေးလျရှိ အမဲလိုက်စခန်းချယာတောခြံကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...

ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...

အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...

ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...

ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...

ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...

တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား

ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service