အိမ်ခြံမြေလုပ်ပိုင်ခွင့်နှင့်စည်ပင်

အိမ်ခြံမြေလုပ်ပိုင်ခွင့်နှင့်စည်ပင် - Property Knowledge in Myanmar from iMyanmarHouse.com
19 Feb 2018 12:47 pm တွင် တင်ခဲ့သည်
3287 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ဒီနေ.ဆရာသင်မှာကတော့ ဆရာတို့ရဲ့အိမ်ခြံမြေလုပ်ငန်းတွေနဲ့ မြို့တော်စည်ပင်နဲ.ဘယ်လိုမျိုးကိစ္စတွေမှာ ဆက်စပ် ပတ်သက်နေသလဲဆိုတာကို သင်မှာပါလို. ကျွန်တော်ကပြောပြီးအသင့်ယူလာတဲ့စာအုပ်(၂)အုပ်ကို ထောင်ပြရင်းဒီစာအုပ်က ပြည်တောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၁၉၇၄)၊ နဲ.ပြည်တောင်စုမြန်မာနိုင်ငံတော်ဖွဲ.စည်းပုံ အခြေခံဥပဒေ(၂၀၀၈)တို့ဖြစ်ကြပါတယ်။

၁၉၇၄ ဖွဲ.စည်းပုံရဲ.အပိုဒ်(၁၈)နဲ. ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ.အပိုဒ်(၃၇)တို.မှာ “နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၏ပင်ရင်းပိုင်ရှင်ဖြစ်သည်” လို့ဖွဲ့စည်းပုံ(၂)အုပ်လုံးမှာ ပါရှိပြီးသားပါ။

ဒီတော့ အိမ်ခြံမြေနဲ. ပတ်သက်ပြီးတော့ မြေထုအားလုံးရဲ့မူရင်းပိုင်ရှင်ကိုသိပြီးပြီဆိုရင်၊ ကျွန်တော်တို့ခင်ဗျားတို့အားလုံးရဲ့ အမြင့်ဆုံးနေထိုင်ပိုင်ခွင့်ကတော့ “ဂရန်” လို.ခေါ်တဲ့ “မြေဌားစာချုပ်” နဲ့နေထိုင်ပိုင်ဆိုင်ခြင်းပဲလို့ ခိုင်ခိုင်မာမာသာ မှတ်ထားကြပါ။

ဆရာ၊ ဒါဆိုရင်စည်ပင်နဲ. ဆက်စပ်မှုကကောလို့သင်တန်းသားတစ်ယောက်ကမေးလိုက်တော့၊လာပါ့မယ်ပုဂ္ဂိုလ်ရယ်၊ ဒီနေ့တစ်နေ့လုံး မြို့တော်စည်ပင်နဲ့ဆက်စပ်မှုတွေချည်းသင်မှာပါ၊ ဒါတောင်အသေးစိတ် မဟုတ်သေးပါဘူး၊ ကဲ ခေါင်းစဉ်လေးတွေ တစ်ခုချင်းသွားကြရအောင်။

ဂရန်ဆိုတာ မြို့တော်စည်ပင်သာယာက ထုတ်ပေးတာ

“ဂရန်” လို.ပြောရင်လူတိုင်းသိတဲ့ “မြေဌားစာချုပ်” ဆိုတာက မြို.တော်စည်ပင်ရဲ.အမိန်.ကြော်ငြာစာအမှတ် ၃/၂၀၀၁ အပိုဒ်(၄)(ဂ)ရဲ့လုပ်ပိုင်ခွင့်နဲ့ ထုတ်ပေးတာပါခင်ဗျား၊ ထုတ်ပေးလိုက်တဲ့ ဂရန်နဲ.အတူလူနေထိုင်ခွင့်ကိုပါ ပေးနိုင်တာပါ။ အဲဒီအပိုဒ်(၄)(ဃ)မှာက ထုတ်ပေးလိုက်တဲ့ ဂရန်ရဲ့သက်တမ်းလိုလဲ သတ်မှတ်ဖို. အခွင့်အာဏာရှိပြီးသားခင်ဗျ။ ဥပမာ ၁၅-နှစ်၊ နှစ်-၃၀၊ နှစ်-၆၀ စသဖြင့်ပေါ့ဗျာ။

အဲဒီလိုဂရန်သက်တမ်းကို သတ်မှတ်နိုင်တဲ့အပြင် ဂရန်သက်တမ်းကိုလဲ တိုးပေးနိုင်သေးတယ်ဗျ၊ အခုကျွန်တော်တို.အများစုလက်ထဲမှာရှိတဲ့ နှစ်-၆၀ ဂရန်လိုပေါ့ဗျာ။ နှစ်-၆၀သာပြောတာ၊ ၁၅-နှစ်တစ်ခါ
ငွေပေးဆောင်ပြီး သက်တမ်းတိုး နေရတာပဲလေဗျာ။ ပြီးတော့ ဂရန်စည်ကမ်းချက်တွေနဲ.မညီရင် ဂရန်ကိုလဲ ပြန်သိမ်းနိုင်တယ်။ မြေကိုပါပြန်သိမ်းလို့ရတယ်လို.ပဲ ပြောရမှာပေါ့။

လိုင်စင်မြေများနှင့် ပါမစ်မြေများကိုလည်း

ခင်ဗျားတို့ကျွန်တော်တို့အခုရောင်းဝယ်နေကြတဲ့ လိုင်စင်၊ ပါမစ်မြေတွေကိုလည်း ခုနကဖော်ပြတဲ့လုပ်ပိုင်ခွင့်များနဲ. ထုတ်ပေးနိုင်ပါတယ်၊ သက်တမ်းလည်း သတ်မှတ်ပေးနိုင်တယ်၊ သက်တမ်းလည်းတိုးပေးနိုင်တယ်၊ စည်းကမ်းနဲ့မညီရင် ပြန်ပြီးတော့လဲ သိမ်းဆည်းနိုင်တယ်ပေါ့ဗျာ။

စည်ပင်မှချမှတ်ထားပေးသည့် လိုင်စင်နှင့်ပါမစ်တို့သည် ဂရန်လောင်းများသာဖြစ်သည်

လိုင်စင်နဲ့ ပါမစ်မြေတွေကို ကျွန်တော်ကတော့ “ ဂရန်လောင်းမြေ” တွေလို.ပဲ အမည်ပေးထားပါတယ်၊ ဥပမာဗျာ … ခင်ဗျားတို့ဝယ်မယ်လို.လုပ်နေတဲ့မြေကွက်ရဲ.ပါမစ်ကိုကြည့်ပြီး ဒီမြေကွက်က ဂရန်လျှောက်တာ(၂)ခါရှိပြီဗျာ ၊ ဘာပြုလို. “ဂရန်” မရတယ် မသိဘူးလို့အခိုင်အမာပြောလာတဲ့သူရှိရင် ဒီမြေကွက်
ကို ခင်ဗျားဝယ်ရဲအုံးမှာလား။

“လိုင်စင်” ၊ “ပါမစ်” တို့နဲ့ နေထိုင်ကြတဲ့ မြေကွက်တွေဟာ တစ်ချိန်မှာ “ဂရန်” မြေဖြစ်ကိုဖြစ်ကြရမှာပါ၊ ဒါကြောင့် ကျွန်တော်က မှတ်လို.လွယ်အောင် “ဂရန်လောင်းတွေ” လို.အမည်ပေးထားတာပါဗျာ၊ “ဂရန်” လျှောက်လို.မရဘူးဆိုတာ အမှားအယွင်းတစ်ခုခုရှိနေလို့ပေါ့ဗျာ၊ ဒါတွေကို နောက်တော့သင်ပါ့မယ်။ ခုတော့ ဒီလိုင်စင်၊ ပါမစ်တွေ စည်ပင်ရဲ့လုပ်ပိုင်ခွင့်တွေက လာတယ်လို့ပဲ မှတ်ထားကြပါအုံး။

နာမည်ပြောင်းချင်စည်ပင်တင်

မြေကွက်တစ်ကွက်မှာ ပိုင်ရှင်အမည် “ဦဖြူ” ပေါက်နေရာကနေ၊ ပိုင်ရှင် “ဦးနီ” ဖြစ်ဖို.အဆင့်တွေအများကြီးရှိပါတယ်၊ ဘယ်အဆင့်တွေမှာ ဘယ်ဘောက်ခိုင်မာပါစေ ရန်ကုန်မြို့တော်စည်ပင်ကို ရောက်မလာ
ဘဲနဲ.တော့ မြေကွက်ပိုင်ရှင်အမည်ပြောင်းလို. မရပါဘူးခင်ဗျား။

ဒီတော့၊ ဒီလိုမှတ်ကြပါဗျာ။ ခင်ဗျားတို့ရဲ့မြေကွက်အမည်ပြောင်းချင်လား။ မြေကွက်ချင်းလဲလှယ်ချင်လား၊
မြေကွက်ကို တိုင်းတာချင်သလား၊ မြေကွက်ကို ခွဲချင်သလား။ သက်သေခံဝင်တဲ့ မြေပုံမြေရာဇဝင်ထုတ်ချင်သလား၊ အရောင်းအဝယ်ကဲ့သို.သော ကိစ္စတစ်ခုခုအတွက် မြေကွက်တန်ဖိုး ဖြစ်ချင်သလား၊ အဲဒီအပိုဒ်(၄) အပိုဒ်ခွဲ(င)ရဲ. လုပ်ပိုင်ခွင့်များအရ မြို.တော်စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲပိုင်ခွင့် ရှိပါတယ်ဗျာ။

ဆရာ များလှချည့်လားဆရာရဲ့လို့လဲ တစ်ယောက်ကပြောရော၊ ဒါလောက်နဲ.မပြီးသေးပါဘူးခင်ဗျား၊
မြို.တွင်း၊ မြို.ပြင်မီးလောင် ကြည့်ပါလား လိုအပ်တယ်ထင်လိုကတော့ဗျာ စည်ပင်ကကွပ်ကဲမှာ၊ ပြီးတော့
မြစ်ချောင်းကမ်းပါးမှာရေကြောင့်ဖြစ်တဲ့ သဘာဝဘေးကနေ ပြန်ပေါ်လာတဲ့ရေထဲကပေါ်လာတဲ့မြေတွေကိုလဲ နေရာချထားဖို့လိုအပ်လာရင် စည်ပင်မှာသာ လုပ်ပိုင်ခွင့် ရှိပါတယ်တဲ့ဗျာ။

နောက်ပြီးတော့ သုသန်ဟောင်းက မြေကြီးတွေကိုလည်း မြို့ပြဖွံ့ဖြိုးမှုအတွက် စီမံမှုပြုရာမှာလဲ မြို.တော်စည်ပင်မှာပဲ လုပ်ပိုင်ခွင့်ရှိနေပါတယ်။ ဟုတ်ပါပြီ၊ ဒီလိုဆက်စပ်ပတ်သက်မှုတွေကို ခင်ဗျားတို့မှတ်လို့
လွယ်အောင် ကဗျာလိုလိုဘာလိုလို အတိုကောက်ရေးပေးရမယ်ဆိုရင်

• ဂရန်၊ လိုင်စင်၊ ပါမစ်။ ပေးနိုင်၊ တိုးနိုင်၊ သိမ်းနိုင်။
• မြေလဲ၊ မည်ပြောင်း၊ မြေတိုင်း ။ မြေခွဲ၊ မြေပုံ၊ တန်ဖိုးဖြတ်နိုင်။
• မီးလောင်ပြင်ကမြေ၊ ရေကပေါ်တဲ့မြေ၊ သုသန်ဟောင်းကမြေ။ စည်ပင်နှင့်သာဆိုင်သည်ပေါ့ဗျာ။ ဒါကမြို.တော်စည်ပင်ရဲ့ အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၀၁ ရဲ့လုပ်ပိုင်ခွင့်အချို့ကိုပဲပြောတာနော်။
ခင်ဗျားတို့ကျွန်တော်တို့ အိမ်ခြံမြေလုပ်ကိုင်မယ့်သူတွေ သိသင့်သိထိုက်တာကိုကောက်နုတ်ပြီးပြောပြတာနော်၊ ဟောဒီမှာ “မူရင်းဥပဒေနဲ့အမိန့်ကြော်ငြာစာ” တွေလေ့လာကြည့်နိုင်တယ်လို့ပြောပြီးစာအုပ်ကြီးကြီးတစ်အုပ်လည်း ထုတ်ပေးလိုက်ရော၊

တော်ပါပြီဆရာရယ်၊ ကျွန်တော်တို့တစ်တွေ ခုနကရေးပေးတဲ့ “ဂရန်၊ လိုင်စင်၊ ပါမစ်ပေးနိုင်၊ တိုးနိုင်၊သိမ်းနိုင်ပါတယ်၊ (၃)ကြောင်းပဲ အလွတ်ကျက်ပါတော့မယ်၊ သဘောလည်းပေါက်သွားပါပြီတဲ့။

သင်တန်းသားတွေ တကယ်သဘောပေါက်သွားပုံရပါတယ်၊ ဒါနဲ. ကျွန်တော်က ကဲဗျာအားတော့နာတယ်မပြီးသေးဘူးဆိုပြီးခင်ဗျားတို့ကို ကျွန်တော်သင်ရမှာက “အိမ်ခြံမြေ” နဲ.ပတ်သက်တဲ့ကိစ္စတွေမှာလေဗျာ။ အခုစည်ပင်နဲ.ပတ်
သက်တဲ့ ကိစ္စတွေမှာ “ခြံနဲ့မြေ” ပဲ ပြောရသေးတယ်၊ “အိမ်” ဆိုတာကျန်ပါသေးတယ်ဗျာ။ “အိမ်” ဆိုတာက လူနေတဲ့အဆောက်အအုံကိုခေါ်တာ။

အုတ်၊ အင်္ဂတေ၊ ကွန်ဂရစ်၊ သွပ် တို့နဲ့ ဆောက်တဲ့အိမ်ကို “တိုက်အိမ်” ၊ “ဝါး၊ ဓနိ၊ သက်ကယ်” ၊ တို့နဲ့ဆောက်တဲ့အိမ်ကို “တဲအိမ်” တဲ့၊ “တိုက်” နဲ့နေနေ၊ “တဲ” နဲ့နေနေစည်ပင်နဲ. ပတ်သက်ပါပြီကောဗျာ။

ရန်ကုန်မြို.တော်စည်ပင်ရဲ့ အမိန့်ကြော်ငြာစာအမှတ် ၉/၉၉ မှာ “လူနေတဲ့အဆောက်အအုံမှန်သမျှ
စည်ပင်နဲ့ဆိုင်တယ်လို့ဖွင့်ဆိုထားပါတယ်။ တစ်ခုချင်းပြောပြပါ့မယ်၊ မှတ်ပါ၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတစ်ခုကို တည်ထောင်မည့်သူဆိုတာ အကုန်သိထားရပါမယ်။

အကြီးစားပြင်ချင် ကော်မတီတင်

အဆောက်အအုံတစ်ခုကို ရှိရင်းပုံသဏ္ဌာန်မပြောင်းလဲရဘူး၊ တိုးချဲ.ခြင်း၊ မြှင့်ခြင်း၊ နှိမ့်ခြင်းမပြုလုပ်ရဘဲ ခိုင်ခံအောင်ပြင်တာကို ခေါ်တာပါ၊ “ကြိုတင်ခွင့်ပြုမိန်.” ကိုမြို.တော်စည်ပင်သာယာရေးကော်မတီကိုတင်ပြတောင်းခံရပါတယ်လို့အဲဒီအမိန်.ကြော်ငြာစာအပိုဒ် ၂(စ) မှာ ပါရှိပါတယ်။

အသေးစားပြင်ချင် မြို.နယ်တင်

အဆောက်အအုံတစ်ခု၏ အတွင်းပိုင်းကို မူလပစ္စည်းအစားတို့နဲ့ရှိရင်းပုံစံမပြောင်းလဲပဲ ပြင်ဆင်ခြင်းကို ခေါ်ပါတယ်၊ သာမန်အားဖြင့် မြို.နယ်စည်ပင်သာယာရေးကိုခွင့်ပြုမိန့်တောင်းရပါတယ်၊

လမ်းမကျယ်နဲ.လူမြင်ကွင်းအဆောက် အအုံတွေအတွက်ကတော့ မြို.နယ်ရဲ.ထောက်ခံချက်နဲ. မြို.တော်စည်ပင်သာယာရေးကော်မတီကို တင်ဖို့လိုပါတယ်။ အဲဒါက ၉/၉၉ ရဲ. အပိုဒ် ၂(ဆ)ပါဗျာ။

အသစ်ဆောက်ချင် ကော်မတီတင်

ဘယ်အရပ်မှာပဲဆောက်ဆောက် အသစ်ဆောက်မယ်ဆိုရင် သတ်မှတ်ချက်များနဲ.အညီမြို.တော်စည်ပင်သာယာရေး ကော်မတီကို တင်ပြလျှောက်ထားရမယ်လို့အပိုဒ်(၃)မှာဆိုထားပါတယ်။

ခွင့်ပြုပုံစံအတိုင်းဆောက်

မြို.တော်စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုလိုက်တဲ့ပုံစံအတိုင်းသာ ဆောက်လုပ်ရပါမယ်လို့လဲအပိုဒ်၆(ခ)မှာ လမ်းညွှန်ထား ပါသေးတယ်။

ဆောက်လုပ်ပြီးရင် B.C.C တင်တဲ့

စည်ပင်သာယာနယ်နိမိတ်အတွင်းမှာ ဆောက်လုပ်ပြီးစီးတဲ့အဆာက်အအုံမှန်ရင်ဆောက်လုပ်ပြီးစီးနေ့မှ ရက်ပေါင်း(၃၀)အတွင်း စည်ပင်သာယာရေးကော်မတီကိုစာဖြင့်တင်ပြရမယ်လို့လဲ အပိုဒ်၁၆(က)မှာ ဆိုထားတယ်နော်။ ကွဲလွဲလို့တော့ ပြန်ဆောက်ရမည်။

ဆောက်လုပ်ပြီးလို.ကတော့ B.C.C တင်ရတယ်၊ တင်ရင်စစ်မှာပဲ၊ စိစစ်ခွင့်ပြုထားတဲ့အဆောက်အအုံပုံစံနဲ့ ဆောက်လုပ်ထားတာနဲ့ကွဲလွဲချက်ရှိလို့ကတော့ B.C.C မရဘဲ၊ ပြန်ပြင်ဆောက်ဖို့ ညွှန်ကြားလွှာပဲရောက်လာမှာပါ။ ဒါက ၉/၉၉ရဲ. အပိုဒ် -၁၈(ခ) မှာပါ။

(၅)နှစ်အတွင်းပြီးရမယ်

အဆောက်အအုံတစ်ခု ဆောက်လုပ်ရာမှာ (၅)နှစ်အတွင်း ပြီးစီးခြင်းမရှိလို.ကတော့မြို.တော်စည်ပင်သာယာရေးကော်မတီက ညွှန်ကြားပါတယ်။ မရသေးဘူးဆိုရင်လည်းမပြီးပြီးအောင် ကော်မတီက ကြပ်မတ်ပြီးဆက်ဆောက်သွားမှာနော်။ ကုန်ကျစရိတ်နဲ့ဒဏ်ကြေးတွေ တို့လားနိုင်စရာရှိတာပေါ့။ အဲဒါကအမိန့်ကြော်ငြာစာအမှတ် ၉/၉၉ ရဲ့အပိုဒ် ၂၅ပါဗျာ။

ကွက်လပ်ကိုလည်းဆောက်ခိုင်းနိုင်တယ်

ကျွန်တော်တို.အလွတ်ထားတဲ့ မြေကွက်ပေါ်မှာ အဆောက်အအုံဆောက်ဖို့လိုအပ်သည်ဟု ကော်မတီကယူဆခဲ့လျှင် သတ်မှတ်သည့်ပုံစံအတိုင်းဆောက်လုပ်ဖို.မြေကွက်ပိုင်ရှင်ကိုညွှန်ကြားနိုင်တဲ့ လုပ်ပိုင်ခွင့်က အပိုဒ်၂၈(က)။

ဆရာ၊ မစုံသေးဘူးလားလို့ သင်တန်းသားတစ်ယောက်က ထောက်လာပြန်ပါတယ်။

ဟုတ်ပါပြီ အခုထပ်ပြောစရာက…

ဖျက်ခိုင်းတာ၊ မဖျက်ရင်လဲ ဒဏ်ထိ

လိုအပ်ချက်ကြောင့် ဖြိုဖျက်ရန် သက်ဆိုင်ရာက ပိုင်ရှင်ကို ညွှန်ကြားနိုင်တယ်၊ ပိုင်ရှင်ကသတ်မှတ်ကာလအတွင်း ဖြိုဖျက်ခြင်း မပြုဘူးဆိုလျှင် မြို.တော်စည်ပင်ဥပဒေ ၅၉၊ ၆၀၊ နှင့် ၆၁တို့အရ လျော်ကြေးတောင်း
တယ်၊ ဒဏ်ဆောင်ရမယ်၊ အဖျက်လဲခံရမယ်ပေါ့၊ ဒါက ၉/၉၉ရဲ. အပိုဒ်၂၉(ဃ)ပါခင်ဗျ။

ဒါတွေကို အကြမ်းအားဖြင့်သိထားတော့ ကိုယ်ဝယ်မယ့် တိုက်ခြံကစလို့အကျိုးဆောင်ပေးမယ့်ပစ္စည်းတွေမှာလည်း အမှားအမှန် ဆုံးဖြတ်နိုင်တာပေါ့ဗျာ၊ “Underline” ထားတဲ့ခေါင်းစဉ်လေးတွေကိုပဲ သဘောပေါက်ထားရင် ပြီးပါတယ်။

ရန်ကုန်မြို.တော်စည်ပင်ရဲ. ဥပဒေ၊ အမိန်.ကြော်ငြာစာတွေနဲ့ပတ်သက်ပြီး၊ ကျွန်တော်တို့လုပ်ငန်းနဲ့သက်ဆိုင်တဲ့ကိစ္စပါးပါးလေးတွေကိုပဲ သင်တာပါ။ အိမ်ခြံမြေလုပ်ငန်းဆိုတာဗဟုသုတများလေ ကောင်းလေပဲမို့အိမ်ပြန်ရောက်ရင် တစ်ခေါက်လောက်ထပ်ဖတ်ကြဖို့တိုက်တွန်းလိုက်ပါတယ်။

Credit : Kyi Soe (I.C)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
bkk-projects
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service