အရစ်ကျစနစ်နဲ့ ငွေချေနိုင်တဲ့ ဆောက်လုပ်ဆဲ တိုက်ခန်းများ - Property News in Myanmar from iMyanmarHouse.com
1648 ကြိမ် ကြည့်ရှု့ ပြီး

အရစ်ကျစနစ်နဲ့ ငွေချေနိုင်တဲ့ ဆောက်လုပ်ဆဲ တိုက်ခန်းများ

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင် (iMyanmarHouse.com)

ရန်ကုန်မြို့ရှိ ဆောက်လုပ်နေဆဲတိုက်ခန်းတွေရဲ့ ငွေပေးချေမှုစနစ်နဲ့ အရစ်ကျစနစ်ကို Myanmar Builders Guide က သိရပါတယ်။

အမှတ်(၁၅၆)

ငွေပေးချေမှုစနစ်မှာ (၃၀)ရာခိုင်နှုန်း လက်ငင်းပေးချေရမှာဖြစ်ပြီး ကျန်ငွေကို ကမ္ဘောဇဘဏ် ဒါမှမဟုတ် စီဘီဘဏ်နဲ့ ချိတ်ဆက်ပြီး (၅)နှစ်အရစ်ကျ ပေးချေရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခန်းဈေးနှုန်းမှာ မြေညီထပ် ကျပ်သိန်း (၃၅၀၀)၊ (၈)လွှာကို သိန်း (၁၂၀၀)နဲ့ ပန့်ဟောက်(စ်)ကို ကျပ်သိန်း (၁၅၀၀) ဖြစ်ပါတယ်။ အခန်းအကျယ်အဝန်းက (၂၃ပေx၄၅ပေ)ဖြစ်ပြီး ပန့်ဟောက်(စ်)အကျယ်အဝန်းက စတုရန်းပေ (၆၂၁)ပေ ဖြစ်ပါတယ်။

အထပ်ပေါင်း (၈)ထပ်ရှိပြီး (၁)လွှာစီမှာ (၁)ခန်း၊ ပန့်ဟောက်(စ်) (၁)ခန်းပါဝင်ပါတယ်။ (၈)ယောက်စီး ဓာတ်လှေကား၊ ပိုင်ဖောင်ဒေးရှင်း၊ ကိုယ်ပိုင်မီတာ၊ ကိုယ်ပိုင်မော်တာ၊ အရံမီးစက်နဲ့ ထရန်စဖော်မာ(၁)လုံး၊ တိုက်ခန်းလုံခြုံရေးစနစ်စတဲ့ Facilities တွေ ပါဝင်ပါတယ်။

ပရောဂျက်က (၂၀၁၈)ခုနှစ် သြဂုတ်လမှာ စတင်ပြီး (၂၀၁၉) သြဂုတ်လ ပြီးစီးမှာ ဖြစ်ပါတယ်။ အမှတ်(၁၅၆)၊ အထက်ပုဇွန်တောင်လမ်း၊ တောင်လုံးပြန်ရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ဆောက်လုပ်နေပြီး Sun Myat Tun Construction က တာဝန်ယူဆောက်လုပ်နေခြင်း ဖြစ်ပါတယ်။

Bo Cho Apartment

ငွေပေးချေမှုစနစ်က (၃၀)ရာခိုင်နှုန်း လက်ငင်းပေးချေရမှာဖြစ်ပြီး ကျန်ငွေကို ကမ္ဘောဇဘဏ် ဒါမှမဟုတ် စီဘီဘဏ်နဲ့ ချိတ်ဆက်ပြီး (၅)အရစ်ကျ ပေးချေဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
အထပ်ပေါင်း (၇)ထပ်ရှိပြီး (၁)လွှာကို (၄)ခန်းပါဝင်ပါတယ်။ ပန့်ဟောက်(စ်) (၁)ခန်းပါဝင်ပါတယ်။ အခန်းအကျယ်အဝန်းမှာ (၃၆ပေx၆လက်မx၄၂ပေ နှစ်လက်မ)ဖြစ်ပြီး အကျယ်အဝန်းမှာ စတုရန်းပေ (၁၈၅၃)ပေ ဖြစ်ပါတယ်။

တစ်ခန်းစီကို ကားတစ်စီးရပ်နားနိုင်တဲ့ ကားပါကင် မြေညီထပ်ထားရှိမှာ ဖြစ်ပါတယ်။ အခန်းဈေးနှုန်းက ကျပ်သိန်း (၁၈၀၀)ကနေ (၂၅၀၀) ဖြစ်ပါတယ်။ (၈)ယောက်စီး ဓာတ်လှေကား (၂)စင်း၊ ပိုင်ဖောင်ဒေးရှင်း၊ ကိုယ်ပိုင်မီတာ၊ ကိုယ်ပိုင်မော်တာ၊ အရံမီးစက်နဲ့ ထရန်စဖော်မာ (၁)လုံး၊ တိုက်ခန်းလုံခြုံရေးစနစ်စတဲ့ Facilities တွေ ပါဝင်ပါတယ်။

ပရောဂျက်ကို (၂၀၁၈)ခုနှစ် ဇွန်လမှာစပြီး (၂၀၁၉)ဇွန်လမှာ ပြီးစီးမှာ ဖြစ်တယ်လို့ ခန့်မှန်းထားပြီး Sun Myat Tun Construction က တာဝန်ယူဆောက်လုပ်နေပါတယ်။

အမှတ် (၁၁၈)၊ ငါးထပ်ကြီးဘုရားလမ်း၊ ဗိုလ်ချို(၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာ ဆောက်လုပ်နေပါတယ်။

အမှတ် (၃၄ FG)

အမှတ် (၃၄ FG) က ဇေယျသုခလမ်း၊ မေတ္တာညွှန့်ရပ်ကွက်၊ တာမွေမြို့နယ်မှာ တည်ရှိပါတယ်။

အခန်းအကျယ် (၂၇ပေx၄၄ပေ)ရှိပြီး Master Bedroom (၁)ခန်းနဲ့ Regular Bedroom (၁)ခန်း ပါဝင်ပါတယ်။ ရေမော်တာ၊ ရေချိုးခန်းတွင်း ရေးပန်းနဲ့ ရေတိုင်ကီ၊ ရေချိုးခန်းကြမ်းခင်းနဲ့ နံရံအမြင့်ပေ (၅)ပေကြွေပြားကပ်၊ (၃)ပေအမြင့် မီးဖိုရဲ့မျက်နှာပြင်နဲ့ မီးဖိုခုံနံရံ (၃)ပေအမြင့် ကြွေပြားကပ်၊ မီးဖိုကြမ်းခင်း၊ နံရံကပ်ဘေစင်(၁)ခု၊ မိန်းတံခါးတွေကို ကျွန်းတံခါးနဲ့ရေချိုးခန်း၊ အိမ်သာတံခါးတွေကို PVC တံခါးတပ်၊ ကိုယ်ပိုင်မီတာ(၁)လုံး၊ မော်တာ(၁)လုံး၊ ဝရံတာကြမ်းခင်း ကြွေပြားခင်း၊ ပြတင်းတံခါးတွေကို Aluminium Slide Door တပ်ဆင်ခြင်း၊ မီးဖိုချောင်နဲ့ဧည့်ခန်းတွေ Partition နဲ့ Door ထည့်ပေးခြင်း၊ ဓာတ်လှေကား(၁)စီး၊ အရံမီးစက်(၁)လုံး၊ တိုက်လုံခြုံရေးစနစ်တွေ ပါဝင်ပါတယ်။

Credit: Myanmar Builders Guide

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိမ်ခြံမြေလောက ပြောင်းလဲတော့မည်လား ( ရန်ကုန်တိုင်းဝန်ကြီးချုပ် နှင့် ဆောက်လုပ်ရေးလောက ဆွေးနွေးချက်များ)...
ခိုင်မာတဲ့ စုပေါင်းပိုင် အဆောက်အအုံ ပြုလုပ်လိုပါသလား
ရန်ကုန်ရေမြောင်းစနစ်နဲ့ အများပိုင်အဆောက်အအုံတွေ အဆင့်မြင့်တင်မည်
နေအိမ်ရှေ့တွင် မီးပြတိုက်ငယ်တစ်ခု ပါဝင်သည့် လှေပုံသဏ္ဍာန်ဆောက်လုပ်ထားသော နေအိမ်အရောင်းဈေးကွက်ဝင်လာ ( ဆန်းဆန်းပြားပြား ကမ္ဘာ့နေအိမ်များ)...
ပွဲဆူနေသော အခွန်ဥပဒေမူကြမ်း
အမေရိကန်တွင် မိန်းကလေးကင်းထောက်လူငယ်များစခန်းချရာ ဧက ပေါင်း ၃၀၀ နီးပါးကျယ်ဝန်းကာ နှစ်ပေါင်း ၄၀ ခန့်အထိ ခုတ်ယူရောင်းချနိုင်မည့် ကျွန်းတောပါဝင်သည့် ယာတောခြံကြီး အရောင်းဈေးကွက်ဝင်လာ...
ပဲခူးတိုင်းအစိုးရဖွဲ့ထားသော တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး စစ်ဆေးရေးအဖွဲ့ကို ရပ်ဆိုင်း...
အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ်ရှိ သိမ်းငှက်ကျွန်း ရောင်းချမည် (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ)...
ဝင်ငွေကျပ်သုံးသိန်းရှိသူများ အိမ်ဝယ်နိုင်ရန် အစိုးရစီစဉ်
လမ်းမကြီးသုံးခုနှင့် လမ်းတစ်လျှောက်မြို့များဖွံ့ဖြိုးရေး ပြည်ပမှ ဒေါ်လာသန်း ၄၄၀ ချေးရန် လွှတ်တော်သို့တင်ပြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

iMyanmarHouse.com - Mobile App
iMyanmarHouse.com - Monthly Property Magazine