မန္တလေးပုသိမ်ကြီးမြို့နယ် အတွင်းက မြေတွေကို ၀ယ်လက် စိတ်ဝင်စား

မန္တလေးပုသိမ်ကြီးမြို့နယ် အတွင်းက မြေတွေကို ၀ယ်လက် စိတ်ဝင်စား - Property News in Myanmar from iMyanmarHouse.com
17 Oct 2017 12:00 pm တွင် တင်ခဲ့သည်
5893 ကြိမ် ကြည့်ရှု့ပြီး
လူနေအကွက်အကွင်း ကောင်းလာတာကြောင့် မန္တလေးပုသိမ်ကြီးမြို့နယ်အတွင်းက မြေယာတွေကို ၀ယ်လက်တွေ စိတ်ဝင်စားမှု မြင့်တက်နေပြီး အဆိုပါနေရာတွေမှာ ယခုရက်ပိုင်းမြေဈေးတန်းပါမြင့်လာတယ်လို့ နယ်ခံအကျိုးဆောင်အချို့က ဆိုပါတယ်။

အထူးသဖြင့် ပုသိမ်ကြီးမြို့နယ် အတွင်းရှိ မဲခင်းကုန်း၊ ကျွဲရေကုန်း၊ နွယ်နီ စတဲ့ကျေးရွာတွေက မြေတွေကို ၀ယ်လက်တွေ စိတ်ဝင်စားနေလို့ ဈေးမြင့်နေတာလို့ သိရပါတယ်။

‘စိတ်ဝင်တစားမေးကြတာတွေ ရှိတယ်၊ လမ်းဘေးမိန်းနေရာတွေက အရင်တုန်းက မျက်နှာစာ တစ်ပေ ၁၅ သိန်း၊ သိန်း ၂၀ လောက်ကနေ ခုတစ်ပေ သိန်း ၃၀ လောက်ဖြစ်လာတယ်။ ဒီနေရာမှာက အိမ်ရာတွေ ဆောက်နေတာလဲ ရှိတယ် နောက်လမ်းတွေပြင်နေတာ မီးတိုင်တွေ စိုက်နေတာစသဖြင့် လူနေအကွက်အကွင်းဖြစ်လာနိုင်တဲ့ အခြေခံလိုအပ်ချက်တွေ မြင်လာလို့ ပိုစိတ်ဝင်စား
လာကြတယ် ထင်ပါတယ်’ လို့ မဲခင်းကုန်းနယ်ခံအကျိုးဆောင်ကပြောပါတယ်။

လမ်းဘေးနေရာ၊ အကွက်အကွင်းကောင်းနေရာတွေက ဈေးနှုန်းမြင့်တက်လာသလို အကွက်ရိုက်ပေ ၃၀၊ ပေ ၄၀၊ မြေတွေကလည်း ဈေးတန်းအရ မြင့်မားလာတယ်လို့ သိရပါတယ်။

‘၀ယ်ဖို့မေးသူပိုတယ်၊ ရောင်းမယ့်ပြုမယ့်သူက နည်းတယ်။ လူနေဖို့ထက်လှောင်ထားတဲ့သဘောမျိုး ၀ယ်ဖို့မေးကြတာရှိတယ်၊ သူ့ဈေးသူ့ဟာပေါ့ သိန်း ၁၀၀ ၀န်းကျင်ကနေ သိန်း ၈၀၀၀ တန်လောက်အထိ စိတ်ဝင်စားကြတယ်’ လို့ နယ်ခံအကျိုးဆောင်က ပြောပါတယ်။

မဲခင်းကုန်းကျေးရွာအနီးမှာ တည်ရှိတဲ့ ကြက်ဘဲဈေးဖွင့်လှစ်ဖို့ကိစ္စကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ယာယီဆိုင်းငံ့ထားတာကြောင့်လည်း အဆိုပါ နေရာပတ်ဝန်းကျင်ဟာ ၀ယ်လက်တွေရဲ့ စိတ်ဝင်စားမှုပိုမိုမြင့်မားစေတယ်။ ဒါ့အပြင် အဆိုပါနေရာရှိမြေကွက်တွေရဲ့ ဈေးနှုန်းဟာ မန္တလေးမြို့ရှိ အခြားနေရာတွေက မြေဈေးနဲ့ ယှဉ်ရင် လက်အချိန်မှာ အဆမတန် လျော့နည်းနေတာကြောင့်လည်း ဈေးခေါ်ရောင်းနေတာဖြစ်မယ်လို့ ဆိုပါတယ်။

ပေ ၃၀×ပေ ၄၀ မြေကွက်တစ်ကွက်ကို ယခင်က ကျပ်သိန်း ၈၀ ပေါက်ဈေးရှိရာက ယခုရက်ပိုင်းမှာ ကျပ်သိန်း ၉၀၊ ၁၀၀ ခန့် ဈေးခေါ်ရောင်းတယ်။ လမ်းဘေး မေးတင်အကွက်ကျယ်တွေအပေါ် ၀ယ်သူက ပိုမိုစိတ်ဝင်စားမှုများတာကြောင့် အဆမတန်ဈေးအော်နေတာတွေ့ရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်

အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...

အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...

သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်

နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ

ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...

သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...

အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်

အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK

ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်

bkk-projects
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service