အာသာမေလာနှင့် မာရီလင်မွန်ရိုးတို့ လက်ထပ်ခဲ့ကြသည့် နယူးယောက်နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

အာသာမေလာနှင့် မာရီလင်မွန်ရိုးတို့ လက်ထပ်ခဲ့ကြသည့် နယူးယောက်နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
16 Aug 2017 11:17 am တွင် တင်ခဲ့သည်
972 ကြိမ် ကြည့်ရှု့ပြီး
အာသာမေလာနှင့် မာရီလင်မွန်ရိုးတို့ ၁၉၅၆ ခုနှစ်တွင် လက်ထပ်ခဲ့ကြသော နယူးယောက်နေအိမ်ကြီးကို ကန်ဒေါ်လာ ၁ ဒသမ ၆၇၅ သန်းဖြင့် ရောင်းချရန် ဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နေအိမ်တည်ရှိသည့်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ East Ridge လမ်း၊ အမှတ် ၁၂၂ တွင် ဖြစ်သည်။
အာသာမေလာနှင့် မာရီလင်မွန်ရိုးတို့၏ အိမ်ထောင်သက်တမ်းမှာ ကြာရှည်ခဲ့ခြင်း မရှိချေ။

ယခုနေအိမ်ခြံဝန်းအကျယ်အဝန်းမှာ ၄ ဧကကျော်ရှိပြီး အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၅ ခန်း ပါဝင်သည်။
ခြံဝန်းအတွင်းတွင် ရေကန်တစ်ခုနှင့် ရေကန်နံဘေးတွင် နေအိမ်တစ်လုံးလည်း ပါဝင်ကာ ဝါကာဘတ်ခ်ရေကန်ကြီး၏ သာယာလှပသော မြင်ကွင်းများကို ရှုမြင်ခံစားနိုင်သည်။

ပြီးခဲ့သောနှစ်အတွင်း အာသာမေလာနှင့် မာရီလင်မွန်ရိုးတို့ ပိုင်ဆိုင်ခဲ့ဖူးသည့် နယူးယောက်မြို့၊ အရှေ့ ၅၇ လမ်း၊ အမှတ် ၄၄၄ ရှိ နေအိမ်ခန်းကိုလည်း ကန်ဒေါ်လာ ၆ ဒသမ ၇၅ သန်းဖြင့် ဈေးခေါ်ကာ အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။

နေအိမ်အနီးတွင် Waccabuc Country Club အမည်ရှိ ဂေါက်ကွင်းတစ်ခုတည်ရှိပြီး ၁၆ ကျင်းကွင်းဖြစ်သည်။
နေအိမ်အတွင်းတွင် မူရင်းလက်ရာများစွာကို ယနေ့တိုင်ထိန်းသိမ်းထားဆဲဖြစ်ရာ ပါကေးကြမ်းပြင်များ၊ ပြင်သစ်တံခါးများ၊ ဥရောပဟန် မီးလင်းဖိုများ အပါအဝင်ဖြစ်သည်။

ဧည့်ခန်းနှင့် ညစာစားခန်းတွင် မှန်နံရံများ အပြည့်တွေ့ရရာ သဘာဝအလင်းရောင်ကို ကောင်းစွာ ရရှိနိုင်သည်။
ပထမထပ်တွင် ဧည့်ဂေဟာခန်းပါဝင်ပြီး သီးခြားဝင်ပေါက်ပြုလုပ်ပေးထားရာ အဆိုပါနေအိမ်သို့ လာရောက်လည်ပတ်မည့်သူများအတွက် နေရာထိုင်ခင်းများစွာ ကောင်းမွန်လှသည်။

မာရီလင်မွန်းရိုးသည် အမေရိကန်သရုပ်ဆောင်၊ မော်ဒယ်ဖြစ်ပြီး ၁၉၂၆ ခုနှစ် ၊ ဇွန်လ ၁ ရက်တွင် မွေးဖွားကာ ၁၉၆၂ ခုနှစ် ၊ သြဂုတ်လ ၅ ရက်တွင် ကွယ်လွန်သည်။

လော့စ်အိန်ဂျလိမြို့တွင် မွေးဖွားပြီး ကလေးဘဝကာလအများစုကို မိဘမဲ့ဂေဟာများတွင် ကုန်လွန်ဖြတ်သန်းခဲ့ရကာ အသက် ၁၆ နှစ်အရွယ်တွင် လက်ထပ်ခဲ့သည်။

မာရီလင်မွန်ရိုးသည် ၂ ကြိမ် အိမ်ထောင်ပြုခဲ့ရာတွင် ဘေ့စ်ဘောကြယ်ပွင့် ဂျိုး ဒီမက်ဂီယိုနှင့် ပြဇာတ်ရေးဆရာ အာသာမေလာတို့ဖြစ်ပြီး ၂ ဦးလုံးနှင့် ကွာရှင်းပြတ်စဲခဲ့သည်။

၁၉၅၀ ပြည့်လွန်ကာလများတွင် လိင်ဆွဲဆောင်မှုအပြင်းဆုံးအမျိုးသမီးတစ်ဦးအဖြစ် နာမည်ကျော်ခဲ့သည်။
သူ၏ ရုပ်ရှင်ဇာတ်ကားများမှ ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ရရှိခဲ့ပြီးဖြစ်သည်။

အသက် ၃၆ နှစ်အရွယ် ၊ ၁၉၆၂ ခုနှစ်၊ သြဂုတ်လ ၅ ရက်တွင် အိပ်ဆေးအလွန်အကျွံသုံးစွဲကာ လော့စ်အိန်ဂျလိနေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service