ရန်ကုန်မြို့မှာ အထပ်မြင့်အဆောက်အအုံသစ်တွေ တည်ဆောက်ခွင့် ပေး ထားပေမယ့် စီမံကိန်း အသစ် တည်ဆောက်မယ့် အရေအတွက်တွေ အ နည်းငယ်သာ ရှိနေတယ်လို့ ရန်ကုန်မြို့စည်ပင်သာယာရေး ကော်မတီက သိရပါတယ်။
“ရန်ကုန်မြို့မှာ ကိုးထပ်နဲ့အထက် အထပ်မြင့် စီမံကိန်းအသစ်တွေ ထပ်ပြီး တည်ဆောက်ဖို့ လျှောက်ထားတဲ့ အရေအတွက် နည်းလာပါတယ်။ ဇူလိုင် လထဲမှာ လာရောက်လျှောက်ထားတာ နှစ်ခု၊ သုံးခုရှိနေပြီ၊ သူတို့ကို ချက်ချ င်းကြီး ခွင့်ပြုတဲ့ အဆင့်တော့ မရောက်သေးဘူး။ စစ်ဆေးနေဆဲပဲ” လို့ စည် ပင်သာယာ အဆောက်အအုံရေးရာဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲသည် တင်ပြထားတဲ့ အရာတွေကိုလည်း အချိန်ယူ သေချာစစ်ဆေးပြီးမှ တည်ဆောက်ခွင့်ပါမစ် ထုတ်ပေးမယ်လို့ သိရပါတယ်။
အရင်က ရန်ကုန်မြို့က ဆောက်လုပ်ရေး လုပ်ငန်းတွေကို အသစ်တည်ေ ဆာက်ဖို့ လာရောက်တင်ပြတဲ့ အဆောက်အအုံနဲ့ ဆောက်လုပ်ဆဲ အေ ဆာက်အအုံတွေကို မူအသစ်နဲ့သာ ခွင့်ပြုမယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိမှာ အသစ်တည်ဆောက်ဖို့ အထပ်နိမ့် အထပ်မြင့်အားလုံးကို မူအေ ဟာင်းနဲ့သာ ခွင့်ပြုနေတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ စည်ပင်ဥပဒေ ပြောင်း လဲဖို့ ရှိနေတာကြောင့် အထပ်မြင့်၊ အထပ်နိမ့် တည်ဆောက်သူတွေက ဈေး ကွက်မှာ အရေအတွက် များများ မတည်ဆောက်တော့ဘဲ မူဝါဒ အပြောင်းအ လဲကို စောင့်ကြည့်နေခြင်း ဖြစ်နိုင်ကြောင်း ထွန်းဆောက်လုပ်ရေး ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ဦးလားဆယ်က ပြောပါတယ်။
သူက “ဝယ်လိုအားနဲ့ ရောင်းလိုအားအပေါ် မူတည်ပြီး အရေအတွက် လျှော့ သွားတာလဲ ဖြစ်နိုင်တယ်။ အရင်တုန်းကလို ကြိုပွိုင့်ကို အားကိုးပြီး ဆောက် လုပ်တာကို ဘယ်သူမှ မလုပ်ရဲတော့ဘူး ” လို့ ဆက်ပြောတယ်။
ဒါ့ပြင် ရန်ကုန်မှာ အထပ်မြင့်၊ အထပ်နိမ့် ဆောက်လုပ်ရေး လုပ်ငန်းအများစု ကို ခွင့်ပြုပြီ ဖြစ်ပေမယ့် ပြန်လည် လုပ်ကိုင်မယ့် အလုပ်သမားကလည်း အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
“ကုမ္ပဏီကြီးတွေကတော့ ပြဿနာ မရှိပါဘူး၊ ကုမ္ပဏီ သေးလေးတွေက အလုပ်သမားတွေ ပြန်ရှာနေရတယ်” လို့ MKT ဆောက်လုပ်ရေး ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ပြောပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းတွေကို ရပ်နားထားစဉ်က အများစုကို လုပ်ငန်း ခွင်က ပြန်လွှတ်လိုက်တာကြောင့် အခုအခါ ပြန်ပြီး စုစောင်းဖို့ အခက်အခဲ တချို့ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
Credit: The Kumudra