CBRE ၏ နောက်ဆုံးအစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်တွင် ရုံးခန်းဝယ်လိုအား အလွန်ကောင်းနေကြောင်း ဖော်ပြ

CBRE ၏ နောက်ဆုံးအစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်တွင် ရုံးခန်းဝယ်လိုအား အလွန်ကောင်းနေကြောင်း ဖော်ပြ - Property News in Myanmar from iMyanmarHouse.com
29 Jun 2017 11:13 am တွင် တင်ခဲ့သည်
1228 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိအခြေစိုက်၊ CBRE နိုင်ငံတကာအိမ်ခြံမြေကဏ္ဍဝန်ဆောင်မှုကုမ္ပဏီမှ ထုတ်ပြန်သော နောက်ဆုံးအစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်တွင် ရုံးခန်းဝယ်လိုအား အလွန်ကောင်းနေကြောင်း ဖော်ပြသည်ဟု ဖနွမ်းပင် အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

၂၀၁၇ ခုနှစ်၊ ပထမ သုံးလပတ်ကာလအတွင်း (ဂ) အဆင့် ရုံခန်းသစ်နေရာ စုစုပေါင်းအကျယ်အဝန်း ၁၇၀၀၀ စတုရန်းမီတာခန့် ဈေးကွက်အတွင်းဝင်ရောက်လာခဲ့ရာ ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ကုမ္ပဏီတို့သည် ရှိရင်းစွဲရုံးနေရာ ချဲ့ထွင်ခြင်း၊ ပိုမိုကြီးမားကျယ်ဝန်းသည့်နေရာသို့ ရုံးပြောင်းရွှေ့ခြင်းများကြောင့်လည်း ဝယ်လိုအား မြင့်တက်ရခြင်း ဖြစ်သည်။
ရုံးခန်းအငှားဈေးကွက်မှာမူ ကောင်း၊ သင့်၊ ညံ့အမျိုးအစားအားလုံးတွင် တည်ငြိမ်လျက်ရှိသည်။

အနာဂတ် ဈေးကွက်ဖြည့်တင်းမှုများကို (က) အဆင့်နှင့် (ခ) အဆင့် ရုံးခန်းနေရာများအတွက် ဦးတည်ပစ်မှတ်ထားနေကြသည်။
လုပ်ငန်းရှင်တို့သည် ၎င်းတို့၏ဝန်ထမ်းများကို ပိုမိုအဆင့်မြှင့်မားသည့် အလုပ်နေရာများ ထောက်ပံ့ပေးနိုင်ရန် အရှိန်ဟုန်မြှင့် လုပ်ဆောင်လာကြခြင်းမှာ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်သည်။
လက်ရှိအားဖြင့် ဖနွမ်းပင်မြို့အတွင်း ဆောက်လုပ်ဆဲ ရုံးခန်းစီမံကိန်းနေရာ စုစုပေါင်း စတုရန်းပေ ၁၅၀၀၀၀ အကျယ်အဝန်းရှိပြီး လာမည့် ၂၀၁၈ ခုနှစ်တွင် စတုရန်းပေ ၉၀၀၀၀ ခန့် ပြီးစီးရန် ရည်မှန်းထားသည်။

လာမည့်နှစ်များအတွင်း ဈေးကွက်အလွန်လျင်မြန်စွာ ဆက်လက်တိုးတက်နေမည်ဟု ခန့်မှန်းထားပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် နှစ်ဆခန့်အထိ မြင့်တက်မည်ဟု ခန့်မှန်းကြသည်။

၂၀၁၇ နှစ်ကုန်ပိုင်းတွင် ရုံးခန်းနေရာသည် ဈေးကွက်အတွင်း စတုရန်းမီတာ ၂၅၅၀၀၀ အထက်ကျော်လွန်နေမည်ဖြစ်ပြီး ယင်းပမာဏမှာ ၂၀၁၆ နှစ်ကုန်နှင့် နှိုင်းယှဉ်လျှင် ၂၂ ရာခိုင်နှုန်း မြင့်တက်လာခြင်းလည်း ဖြစ်သည်။
၂၀၁၉ နှစ်ကုန်တွင်မူ စတုရန်းမီတာ ၅၈၀၀၀၀ အထက်ကျော်လွန်သွားမည်ဟု CBRE က ဟောကိန်းထုတ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...

အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...

သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း

လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...

ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ

ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်

ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...

စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service