မန္တလေးဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ပတ်ဝန်းကျင် ဆန်းစစ်ခြင်း လုပ်ငန်းများ ပြည်သူထံ ထုတ်ဖော်တင်ပြ

မန္တလေးဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ပတ်ဝန်းကျင် ဆန်းစစ်ခြင်း လုပ်ငန်းများ ပြည်သူထံ ထုတ်ဖော်တင်ပြ - Property News in Myanmar from iMyanmarHouse.com
28 Jun 2017 10:05 am တွင် တင်ခဲ့သည်
905 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဖော်ဆောင်ရန် ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူလူထုအား ဆွေးနွေးတိုင်ပင်မှုနှင့်အတူ ထုတ်ဖော်တင်ပြခြင်း အခမ်းအနားကို
ဇွန် ၂၆ ရက် နံနက် ၁ဝ နာရီက မန္တလေးမြို့ ကမ်းနားလမ်းရှိ ရန်မျိုးလုံပေါ်တော်မူ ဘုရားဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးခိုင်က စီမံကိန်းနှင့်ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး E Guard Environmental Services Co.,Ltd. မှ မန်နေဂျင်းဒါရိုက်တာ ဦးအေးသီဟက ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်း လုပ်ငန်း (Initial Environmental Examination)နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

''အခုဟာက စီမံကိန်းဖော်ဆောင်ဖို့အတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ် ခြင်းလုပ်ငန်း(Initial Environmental Examination-IEE)ကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ မြေယာ လျော်ကြေးနဲ့ ပတ်သက်ပြီးတော့လည်း ဒီအဆင့်ကျော်ပြီး အတည်ပြုပြီးမှ သာလျှင် မြေယာလျော်ကြေးကိစ္စကို နိုင်ငံတော်အစိုးရထံ တင်ပြသွားမှာပါ''ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင် မျိုးခိုင်က ပြောကြားသည်။

''IEE ဆောင်ရွက်ပြီးတဲ့အပိုင်းမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်း ကျင်အပေါ် လေ့လာဆန်းစစ်ထားတဲ့ အခြေအနေတွေကို ပြည်သူလူထုကို ဆွေးနွေးတိုင်ပင်တာပါ။ သူတို့ရဲ့တင်ပြမှုကိုလည်း အတတ်နိုင်ဆုံးဆောင်ရွက် ပေးသွားမယ်။ စီမံကိန်းလိုအပ်မှုနဲ့ ဖြစ်နိုင်ခြေရှိတဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေ အပါအဝင် စီမံကိန်းမှာပါဝင်ပတ်သက်သူတွေရဲ့ စီမံကိန်းအပေါ်မှာနားလည် မှုမြင့်တင်ဖို့၊ IEE နဲ့ပတ်သက်ပြီး စစ်တမ်းကောက်ယူမှုပုံစံနဲ့ရည်ရွယ်ချက်တွေ ကို သိရှိနားလည်စေဖို့၊ နောက်ပြီး IEE အပေါ် စီမံကိန်းမှာ ပါဝင်ပတ်သက် သူတွေ ရဲ့ စိတ်ဝင်စားမှုနဲ့ အမြင်တွေ စုဆောင်းပြီးဆွေးနွေး ဖလှယ်ဖို့ အခုလိုဆောင်ရွက် ခြင်းဖြစ်ပါတယ်''ဟု E Guard Environmental Services Co.,Ltd. မှ မန်နေဂျင်းဒါရိုက်တာ ဦးအေးသီဟက ပြောကြားသည်။

ယင်းစီမံကိန်းကို မန္တလေးမြို့အနောက်ဘက် ကန်တော်ကြီးအနီးရှိ ရွှေလှံ ဗိုလ်ဘုန်းတော်ကြီးကျောင်း အနောက်ဘက်ခြမ်း ဧရာဝတီမြစ်နှင့် ကပ်လျက် တွင် တည်ဆောက်သွားမည်ဖြစ်ပြီး မန္တလေးမြို့မှ ခရီးသည်နှင့် ကုန်ပစ္စည်း များကို ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင်တည်ရှိသော မြို့များသို့ ပို့ဆောင်နိုင် ရန်ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်သည်။ စီမံကိန်းကို မြေဧက ၂ဝ ပေါ်တွင် ဆောင်ရွက်မည်ဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဆိုပြု ခဲ့ခြင်းဖြစ်သည်။ ယင်းစီမံကိန်းကို Japan International Cooperation Agency (JICA) ၏ အကူအညီဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

မန္တလေးဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် ကွန်တိန်နာများနှင့် ကုန်ပစ္စည်းများထားသိုရန်နေရာများ၊ ဆိပ်ခံတံတားနှင့် ချဉ်းကပ်တံတားတို့ ပါဝင်မည်ဖြစ်ပြီး တည်ဆောက်ခြင်းလုပ်ငန်းကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလတွင် စတင်လုပ်ဆောင်မည်ဖြစ်ရာ နှစ်နှစ်တာ ကာလအတွင်း အပြီးတည်ဆောက် သွား မည်ဖြစ်ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
mya-villa
mya-nandar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service