အတိုးနှုန်းနည်းပြီး ချေးငွေပမာဏကို တိုးအောင်လုပ်မည် (CHDB ဘဏ်၏ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မူ နှင့်တွေ့ဆုံခြင်း)

အတိုးနှုန်းနည်းပြီး ချေးငွေပမာဏကို တိုးအောင်လုပ်မည် (CHDB ဘဏ်၏ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မူ နှင့်တွေ့ဆုံခြင်း) - Property News in Myanmar from iMyanmarHouse.com
15 Jun 2017 10:45 am တွင် တင်ခဲ့သည်
1938 ကြိမ် ကြည့်ရှု့ပြီး
အစိုးရရဲ့ တန်ဖိုးနည်းအိမ်ခန်းတွေကို ဝယ်နိုင်ဖို့ ချေးငွေထုတ်ပေးနေတဲ့ နိုင်ငံတော်နဲ့ အကျိုးတူပူးပေါင်း တည်ထောင်ထားတဲ့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) အများပိုင်ဘဏ်က ၂၀၁၄ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ပြည်သူတွေ အိမ်ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးကို ပိုမိုရရှိဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တဲ့ CHDB ဘဏ်ဟာ အခုဆိုရင် အိမ်ခန်းဝယ်လိုသူတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ချေးငွေတွေ ထုတ်လုပ်ပေးလျက်ရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ၈၀ ရာခိုင်နှုန်းနဲ့ အိမ်ခန်းဝယ်လိုသူတွေ အတွက် ၃၀ ရာခိုင်နှုန်းခန့် ငွေထုတ်ချေးမှုရှိနေပါပြီ။ CHDB ဘဏ်အနေနဲ့ နောက်ထပ် အတိုးနှုန်းနည်းနည်းနဲ့ ချေးငွေများများ ထုတ်ချေးနိုင်ဖို့ကို ကြိုးစားလုပ်ကိုင်နေတဲ့ အကြောင်း CHDB ဘဏ်၏ ညွှန်ကြားရေးမှုး ဒေါ်မြင့်မြင့်မူကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး - CHDB ဘဏ်အနေနဲ့ အတိုးနှုန်းနည်းပြီး နှစ်ရှည်ပိုချေး နိုင်မယ့် ချေးငွေတွေကို ပေးနိုင်မယ့် အနေအထားရှိပါသလား။

နှစ်ရှည်အရစ်ကျချေးငွေ သက်သက်သာသာလေးနဲ့ ပေးနိုင်ဖို့အတွက် လုပ်ပေးရတာပေါ့။ ပြည်တွင်းမှာကျတော့ အတိုးနှုန်းတွေက မြင့်တော့ နိုင်ငံတကာကနေပြီးတော့ အစိုးရအချင်းချင်း (Government tp Government ) ရဖို့ ကြိုးစားနေတယ်။ အဲဒါရရင် နှစ်ရှည်ဖြစ်ပြီး အတိုးနှုန်းကလဲ သက်သာ တဲ့အတွက်ကြောင့်မို့ လစဉ်ပေးရတဲ့ အရစ်ကျလေးတွေကလဲ နည်းသွားမယ်။ ဥပမာ တစ်လကို ခြောက်သောင်း၊ ခုနှစ်သောင်း လောက်ပဲပေးရမယ် လူတိုင်းတော်တော်များများ မိသားစုဝင်ငွေ နှစ်သိန်းလောက်ရှိရုံနဲ့ အိမ်ဝယ်နိုင်တဲ့အဆင့် ရမှာပေါ့နော်။ အခုလောလောဆယ်ကတော့ တစ်လကို အနည်းဆုံးက သုံးသိန်းခွဲ၊ လေးသိန်း ဝင်ငွေလောက်ရှိတဲ့လူမှ ဝယ်နိုင်တဲ့ အနေအထားဆိုတော့။ အဲလောက်မရှိတဲ့လူကို ကျတော့ စဉ်းစားပေးရတာပေါ့။ အဲဒါကြောင့် အဲ့လို soft loan တွေရမှ အနှစ်သုံး ဆယ်လောက်ဆိုတော့ လုပ်နေပါတယ်။

အဓိကကတော့ ဂျပန်နဲ့ဆွေးနွေးနေတယ်။ ဂျပန်ဘက်ကလဲ ချေးငွေနဲ့ ပတ်သတ်တဲ့ နည်းပညာပိုင်းထောက်ပံ့မှုတွေလဲ ဒီချေးငွေနဲ့ ပတ်သတ်တဲ့ဟာပေါ့နော်။ ပြန်ပြီးတော့မှ နိုင်ငံတကာကနေ တဆင့်ချေးငွေတွေချေးလာတယ်။ တဆင့်ချေး လာတဲ့ဟာတွေကို ပြန်ပြီးတော့မှ အရစ်ကျနဲ့ နှစ်ရှည်ပေးတဲ့ အပေါ်မှာ တတ်နိုင်သလောက် ဆုံးရှုံးမှုတွေ နည်းနိုင်သမျှ နည်းအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းပညာပိုင်းအထောက် အပံ့ကိုလဲ ဂျပန်နိုင်ငံကလဲ G to G စီစဉ်ပေးနေတော့ CHDB ဘဏ်က နိုင်ငံတော်ရဲ့ အစုရှယ်ယာပါတဲ့ဘဏ်ဆိုတော့ CHDB ဘဏ်ကလဲ နိုင်ငံတကာရဲ့G to G အကူအညီ တွေရနေပါပြီ။

မေး - အခု ဘဏ်နဲ့ချိတ်ဆက်ပြီး အိမ်ခန်းဝယ်တဲ့အခါမှာ Down Payment (ချက်ချင်းအကြေချေပေးရတဲ့နှုန်း) က ၃၀ ရာခိုင်နှုန်း ဆိုတော့ အနည်းဆုံး သိန်း ၃၀ လောက်ရှိတဲ့အတွက် မတတ်နိုင်တဲ့လူတွေလဲရှိတဲ့အခါ အဲဒီထက်လျော့ဖို့ ချေးနိုင်ဖို့ကော အစီအစဉ်ရှိပါသလား။

ကနဦးငွေအကြေချေစနစ်ကိုလဲ လျော့ဖို့ စဉ်းစားနေပါတယ်။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ Down Payment ကို နည်းလိုက်ရင် အရစ်ကျပေးရတဲ့ငွေက ချေးငွေများသွားမယ်လေ ချေးငွေများရင် ဝယ်တဲ့သူက မသွင်းနိုင်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဝင်ငွေက နည်းတာကို၊ ခုနက သိန်းတစ်ရာမှာ သိန်း ၃၀ ကို အရင်အကြေချေပြီးတော့ သိန်း ၇၀ ကို အရစ်ကျသွင်းရင် တစ်လကို တစ်သိန်းစွန်းစွန်းလေး သွင်းရတယ်။ ဆိုတော့ အဲဒါကို လျှော့လိုက်ရင် ပိုပြီးတော့ တစ်လ ကို တစ်သိန်း ခွဲတို့ နှစ်သိန်းတို့ ပေးရရင် ပိုပြီးတော့ ဝယ်နိုင်မှာ မဟုတ်ဘူး ပိုဆိုးသွားမယ်လေ။ အဲဒါကြောင့်မို့ စုဆောင်းငွေ၊ Housing saving ဆိုတဲ့ အိမ်ရစုဆောင်းငွေ ဖွင့်ခိုင်းတာ အဓိကရည်ရွယ်ချက်က အဲ့ဒါပဲ။ Down payment ကို များများသွင်းနိုင်လေ သူ့စုဆောင်းငွေ များလေလေ၊ သူချေးရတဲ့ငွေ နည်းသွားတဲ့ အတွက်ကြောင့် လစဉ်ချေးငွေပေးရတာ သက်သောင့်သက်သာလေးနဲ့ အိမ်ပိုင်ဆိုင်သွားမှာပေါ့။ မဟုတ်ရင် တစ်လ၊ တစ်လ ပေးနေရတာနဲ့တင် စားဝတ်နေရေးမှာ အခက်အခဲ ဖြစ်နိုင်တယ်လေ။

အခု Housing saving နဲ့ချိတ်ပြီးတော့ ငွေချေးတာ သုံးရာကျော်လောက်တော့ ရှိပြီ။ Housing saving ဖွင့်ပြီးတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနကဆောက်တဲ့ တန်ဖိုးနည်းတွေကို ချိတ်ပြီးပေးနေတာက သုံးရာလောက်ကို ပေးနိုင်ပြီ။ နောက်ထပ်လဲ ပေးဖို့ရှိပါတယ်။ ဒါပေမဲ့ အခုဟာက under processing ဖြစ်နေတဲ့ အခုကျတော့ နောက်ထပ်လဲ အခန်း ၂၀ဝ၀ လောက်ကိုပေးဖို့အတွက်ကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အရောင်းမကြာခင် ကြေငြာတော့မယ်။ ကြေငြာတဲ့အခါမှာ ဘဏ်နဲ့ချိတ်ဆက်ထားတော့ သုံးဆယ်ရာခိုင်နှုန်း သိန်းသုံးဆယ် ပြည့်တဲ့ သူတွေကို ဝင်ငွေအထောက်အထားပြည့်စုံတဲ့သူတွေကို စာရင်းတွေထဲ ပါသွားမှာပေါ့နော်။ တစ်ခါတလေကျ သူတို့က housing saving တွေကို ဖွင့်ထားတယ်။ ဝင်ငွေ အထောက်အထားက အပြည့်အစုံ မပေးနိုင်သေးဘူးပေါ့နော်။ တစ်ကယ်လို့ ပြည့်စုံတဲ့အခါ ရောင်းတဲ့အချိန်ကျ တန်းပြီးတော့ ပါသွားမှာပါ။

မေး - ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကိုလဲ ပိုက်ဆံထုတ်ချေး တဲ့ အနေအထားကော ဘယ်လိုရှိပါသလဲ။

CHDB ဘဏ်အနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင် တွေကိုချေးတာ တည်ဆောက်ရေးပိုင်းမှာချေးတာက ဘဏ်ရဲ့ချေးငွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က တည်ဆောက်ရေးပိုင်းမှာ ချေးတာ။ အိမ်ဝယ်ဖို့ချေးတာတော့ နည်းသေးတယ် အဲဒါကလဲ အိမ်ထုတ်တဲ့ အားနည်းသေးတာကို။ အိမ်ထုတ်လုပ်နိုင်မှုပေါ် မူတည်တာကို ငွေစုဆောင်းမှုအားလဲ နည်းသေးတာကို။ ငွေစုဆောင်းမှုအား များလာမယ် ဆိုရင်လဲ ထုတ်ချေးတာများမယ်။ အခုဟာက ငွေစုဆောင်းတဲ့ သူတစ်သောင်းခွဲလောက်ပဲရှိတယ်။ ဒါပေမဲ့ သူတို့က မနှစ်က ဩဂုတ်ကမှ စတာဆိုတော့ သိန်းသုံးဆယ် မပြည့်သေးတဲ့လူတွေ ရှိတယ်။ သူတို့အတွက် အချိန်စောင့် ရမယ်။ ထပ်စုပြီး သိန်းသုံးဆယ်ပြည့်သွားရင် ချေးငွေပေးနိုင်ရင် အိမ်ခန်းလဲ ရမှာပေါ့။ ဆောက်လုပ်ရေးဝန်ကြီးက နှစ်နှစ်အတွင်းမှာ အခန်းက ၈၀ဝ၀ လောက်ထုတ်မှာဆိုတော့ ၈၀ဝ၀ ထဲမှာပါမယ့် အိမ်ရာစုဆောင်းငွေတွေကို မပြတ်လစဉ် စုဆောင်းနေရင် တချိန်ချိန်တော့ရကိုရသွားမှာပဲ။

မေး - ပုဂ္ဂလိက အိမ်ရာတွေကိုလဲ CHDB ဘဏ်နဲ့ ချိတ်ပြီးရောင်းဖို့ကော အစီအစဉ်ရှိပါသလား။

အဓိကက apartment law မရှိသေးတာ။ ဥပဒေကိုလဲ မြို့ပြနဲ့အိမ်ရာကဦးဆောင်ပြီး နိုင်ငံတော်ကလဲ ကြိုးစားနေတယ်။ Apartment Lawကလဲ အခုမှ ထွက်ခါစပဲရှိသေးတယ်ပေါ့နော်။ အဲတော့ Apartment Law တွေ ထွက်သွားပြီဆိုရင် အခန်းရဲ့ ပိုင်ဆိုင်မှုရှိတယ်ဆိုရင်တော့ ပုဂ္ဂလိက ကဏ္ဍကိုပါ ဆက်ပြီးတော့ ချေးပေးလို့ရမယ်ပေါ့နော်။ ပထမအဆင့် ပုဂ္ဂလိက ကဏ္ဍကို မဝင်နိုင်သေးတဲ့အချိန်မှာ အစိုးရဲ့ ရောင်းတဲ့ဟာတွေကို အရင်ဆုံး ပထမအဆင့်ဝင်တာပေါ့နော်။ နောက်ပိုင်းတော့ ဒါတွေက ဆက်ပြီးဖြစ်လာမှာပါ။ ဥပဒေရှိလာရင် ပုဂ္ဂလိက ကဏ္ဍမှာလဲ ဝယ်ပြီးတော့ ဆက်မသွင်းနိုင်တော့ဘူးဆိုရင် ဘယ်ဥပဒေနဲ့ အရေးယူမလဲ ဆိုတဲ့ဟာပေါ့နော်။ ဘဏ်ကျတော့ အများပြည်သူအပ်ထားတဲ့ငွေတွေနဲ့ လှည့်ပတ်ရတာဆိုတော့ အပ်ငွေကိုလဲ ဆုံးရှုံးမှုမရှိအောင် အဲ့အခက်အခဲတွေကို လောလောဆယ်ဆယ် လျော့သွားနိုင်တဲ့နည်းလမ်းတွေ ရှာနေတယ်။ ဥပဒေ တွေ ခိုင်မာလာပြီဆိုရင်တော့ အပြင်ပုဂ္ဂလိကက ဆောက်တဲ့ဟာတွေကိုလဲ ချေးသွားမှာပါ။

ဘဏ်မှာပြည်သူတွေ အပ်ထားတာ ကျပ် ၁၅ ဘီလီယံ လောက်ရှိပါတယ်။ အခုလောလောဆယ် သူတို့ထဲမှာ အတိုးပေး ထားတဲ့လူတွေရှိတယ် ရှစ်ကျပ်ခွဲပေါ့။ ဆောက်လုပ်ရေးသမား တွေကို ချေးထားတာ အဓိကက ဧရာဝဏ်၊ ရတနာအတွက်ကို ငွေကြေးပံ့ပိုးပေးထားတာပေါ့။ ကျပ် ၈၀ ဘီလျံကျော်လောက် ရှိပါတယ်။ သူက ရင်းနှီးမြှုပ်နှံမှုများတယ်။ ရတနာနှင်းဆီလည်း CHDB ဘဏ်နဲ့ ချိတ်ပြီးဝယ်လို့ရပါတယ်။

Credit : iMyanmarHouse.com Property မဂ္ဂဇင်းမှ
အင်တာဗျုး၍ ရေးသား ဖော်ပြပါသည် ။
အတိုးနှုန်းနည်းပြီး ချေးငွေပမာဏကို တိုးအောင်လုပ်မည် (CHDB ဘဏ်၏ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မူ နှင့်တွေ့ဆုံခြင်း) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service