ကျူးကျော်တွေ ပြန်လည် နေရာချထားပေးဖို့ ပြင်ဆင်နေပြီ

ကျူးကျော်တွေ ပြန်လည် နေရာချထားပေးဖို့ ပြင်ဆင်နေပြီ - Property News in Myanmar from iMyanmarHouse.com
24 May 2017 1:45 pm တွင် တင်ခဲ့သည်
1861 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး အတွင်းက ကျူးကျော်နေထိုင်သူတွေကို နေရာ ပြန် လည် ချထားပေးဖို့ ပြင်ဆင် နေပြီလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပြောပါတယ်။

သည်လ ၂၀ ရက်နေ့က ကုန်သည် စက်မှုအသင်းချုပ်မှာ ကျင်းပတဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေနဲ့ ပြည် ထောင်စု ဝန်ကြီးများ စီးပွားရေး လုပ်ငန်းရှင်များ လစဉ်တွေ့ဆုံပွဲမှာ ပြောခဲ့တာပါ။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ ကျူးကျော်နေထိုင်သူတွေ စာရင်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ မှာ စတင် ကောက်ခံခဲ့တာ ဖြစ်ပါတယ်။

ကျူးကျော်နေထိုင်သူ စုစုပေါင်း မျှော်မှန်းထားတာ လူဦးရေ လေးသိန်းလောက် ရှိမယ်လို့ ခန့်မှန်းထား ပါတယ်။ လူဦးရေ လေးသိန်းခွဲ အထက် ရှိလာတာေ တွ့ရပါတယ်။ ဒါက ရန်ကုန်ရဲ့ စက်မှုဇုန် ဖွံ့ဖြိုးရေး အခြေအနေကလည်း လူ ဦးရေကို တိုးစေတဲ့ အခြေအနေ ရှိနေတာကြောင့် ဖြစ်ပါတယ်။ စက်မှုဇုန်တွေ ဖွံ့ဖြိုးတိုးတတ်စေဖို့အတွက် စက်မှုဇုန်တွေထဲ ကျူးကျော်တွေကို ပြန်လည် နေ ရာချထားပေးဖို့ စီစဉ်နေ တာ ဖြစ်ပါတယ်။

ဦးဖြိုးမင်းသိန်းက “ကျူးကျော်နေထိုင်သူတွေကလဲ နိုင်ငံသူ နိုင်ငံသားတွေ ဖြစ် တဲ့အတွက် သူတို့ကို စနစ်တကျ နေရာ ပြန်လည်ချထားပေးနိုင်ရေး ဆောင် ရွက်ပေးသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရေ၊ လျှပ်စစ်မီး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေပါ စီစဉ်ထားတာ ဖြစ်ပါ တယ်။ သည်လို ဆောင်ရွက် နိုင်မှ စက်မှုဇုန်တွေ ကျူးကျော်ဖြစ်နေတဲ့ နေရာေ တွ ရှင်းနိုင်မှာ ဖြစ်ပါတယ်။ ကျူးကျော်တွေကို ရှင်းနိုင် မှ စက်မှုဇုန်တွေရဲ့ အ ဆင့်မြှင့် တင်ရေးကလည်း အောင်မြင်သွားမှာ ဖြစ်ပါတယ်။ စက်မှုဇုန်တွေရဲ့ မီး ရေး ထင်းရေးကစပြီး အခက်အခဲတွေလည်း အဆင်ပြေမှာ ဖြစ်ပါတယ်။

စက်မှုဇုန်တွေမှာ ကျူးကျော်တဲ့ နေရာမှာ လုပ်ငန်းရှင်တွေဘက်ကလည်း ကျူးကျော်တာတွေ ရှိပါ တယ်။ သည်အခြေအနေနဲ့ ပတ်သတ်ပြီး လမ်းပေါ်ကို ကျူးကျော်နေရင် တင်ထားတဲ့ ပစ္စည်းအားလုံး စည်ပင်ကနေ သိမ်းဆည်းသွား မှာ ဖြစ်ပါတယ်။ လမ်းမပေါ်မှာ ရောက်နေတဲ့ ပစ္စည်းအားလုံးကို ရှင်းမှာ ဖြစ် ပါတယ်။ လမ်းက ကားသွားလာဖို့ ဖြစ်ပါတယ်။ ကားရပ်နားမယ်ဆိုရင်လည်း ရပ်နားဖို့ ကွင်းမှာပဲ ရပ်ရမှာ ဖြစ်ပါတယ်။ လမ်းပေါ်မှာ ရပ်လို့ မရဘူး။ လုပ် ငန်း တာဝန်တစ်ခုခု ထမ်းဆောင်နေရင်တော့ ရပ်နားခွင့် ပေးမှာ ဖြစ်ပါတယ်။

“ညဘက် မီးရေး ထင်းရေး ကိစ္စ ဖြစ်လာတဲ့အခါမှာ ကွန်တိန်နာတင် ကား ကြီးတွေ ရပ်ထားတဲ့အတွက် မီးသတ်ကားတွေ ဝင်လို့ မရခဲ့တဲ့ အခြေအေ နတစ်ခုကိုလဲ လှိုင်သာယာမီးဘေးတစ်ခုမှာ ကြုံခဲ့ရပါ တယ်။ ဆီသိုလှောင် ထားတဲ့ နေရာကို ထိန်းနိုင်ဖို့ အခက်အခဲတွေ ကြုံခဲ့ရလို့” ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service