အင်ဂျလီနာဂျိုလီ ဘရက်ပစ်နှင့်လမ်းခွဲပြီးနောက် လော့စ်အိန်ဂျလိတွင် နေအိမ်ဝယ်ယူခဲ့ကြောင်း သတင်းများ ထွက်ပေါ်

အင်ဂျလီနာဂျိုလီ ဘရက်ပစ်နှင့်လမ်းခွဲပြီးနောက် လော့စ်အိန်ဂျလိတွင် နေအိမ်ဝယ်ယူခဲ့ကြောင်း သတင်းများ ထွက်ပေါ် - Property News in Myanmar from iMyanmarHouse.com
18 May 2017 12:17 pm တွင် တင်ခဲ့သည်
2279 ကြိမ် ကြည့်ရှု့ပြီး
အော်စကာဆုရှင် ဟောလိဝုဒ်ကြယ်ပွင့် အင်ဂျလီနာဂျိုလီသည် ပြီးခဲ့သော ဒီဇင်ဘာလတွင် ခင်ပွန်းဖြစ်သူ ဘရက်ပစ်နှင့် ကွာရှင်း ပြတ်စဲပြီးနောက်ပိုင်း ဘရက်ပစ်အလွန်နေအိမ်အဖြစ် လော့စ်အိန်ဂျလိတွင် အခြေချခဲ့ပြီဖြစ်ကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ လော့စ် ဖီလစ်ဇ်အရပ်တွင် တည်ရှိပြီး ကန်ဒေါ်လာ ၂၄ ဒသမ ၉၅ သန်း ပေးခဲ့ရသည်ဟု ဆိုသည်။
ခြံဝန်းအကျယ်မှာ ၂ ဒသမ ၁ ဧကရှိပြီး နေအိမ်အကျယ်အဝန်းမှာ
စတုရန်းပေ ၁၁၀၀၀ ခန့် ရှိသည်။

အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၁၀ ခန်းပါဝင်ရာ ဂျေလို၏ ကလေး
၆ ဦးအတွက် ကျယ်ကျယ်ဝန်းဝန်းနေထိုင်နိုင်မည့် နေရာတစ်ခု ဖြစ်သည်။
မူလပိုင်ဆိုင်ခဲ့သူမှာ ရုပ်ရှင်ထုတ်လုပ်သူ စီစီ ဘီ-ဒီမီလီဖြစ်ပြီး
၎င်းကိုအစွဲပြု၍ နေအိမ်အမည်ကို စီစီဘီ ဒီမီလီစံအိမ်ဟု ခေါ်ဆိုကြသည်။

နေအိမ်ကို ဘိုးအာ့ထ်ဗိသုကာဟန်ဖြင့် ၁၉၁၃ ခုနှစ်တွင်
ဆောက်လုပ်ခဲ့သည်။
အဓိကကျသော မူရင်းဟန်ကို ဆက်လက်ထိန်းသိမ်းကာ ခေတ်သစ်လက်ရာများဖြင့် ၆ နှစ်ကြာ မွမ်းမံပြင်ဆင်ထားသည့်
စံအိမ်ကြီးလည်း ဖြစ်သည်။

Casual နှင့် formal ဟူ၍ ညစာစားခန်း ၂ မျိုးပါဝင်ပြီး
မီးဖိုဆောင်မှာ အလွန်ကျယ်ပြန့်လှသည်ကို တွေ့ရသည်။
နံရံမြှုပ်စာအုပ်စင်များပါဝင်သည့် စာကြည့်တိုက်၊
အိမ်တွင်းအားကစားခန်းမ၊ ခြံတွင်းရေကူးကန်တို့ပါဝင်သည်။

၁၉၈၇ ခုနှစ်ခန့်က နေအိမ် ၂ လုံးဖြစ်ပြီးနောက်ပိုင်းတွင် တစ်လုံးတည်းပေါင်းစည်းခဲ့ခြင်း ဖြစ်၏။
ခြံဝန်းအတွင်း အလွန်လှပစွာ မြေယာအလှဆင်ထားပြီး
လျှောက်လမ်းများစွာနှင့် အပန်းဖြေနားနေရန် နေရာများစွာ
ပါဝင်သည်။

နှင်းဆီပန်းဥယျာဉ်များ၊ သက်တမ်းရင့် သစ်ကြီးဝါးကြီးများလည်း တွေ့ရကာ ပစိဖိတ်သမုဒ္ဒရာ၏ အလှကို ကျယ်ပြောစွာ တွေ့မြင်နိုင်သည်။
ဘရက်ပစ်နှင့် အင်ဂျလီနာတို့သည် နယူးအော်လင်း၊ လော့စ်အိန်ဂျလိ၊ ပြင်သစ်၊ နယူးယောက်၊ ကယ်လီဖိုးနီးယား၊ ဟောလိဝုဒ်ဟေးလ် တို့တွင် နေအိမ်များစွာ ပိုင်ဆိုင်ထားသည်။

အင်ဂျလီနာဂျိုလီသည် သရုပ်ဆောင် ဘီလီ ဘော့ပ် သွန်တန်ကို
လက်ထပ်ခဲ့ပြီး ဘရက်ပစ်ကမူ ဂျနီဖာ အန်နစ္စတန်ကို လက်ထပ်ခဲ့ သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အင်ဂျလီနာဂျိုလီ ဘရက်ပစ်နှင့်လမ်းခွဲပြီးနောက် လော့စ်အိန်ဂျလိတွင် နေအိမ်ဝယ်ယူခဲ့ကြောင်း သတင်းများ ထွက်ပေါ် - Property News in Myanmar from iMyanmarHouse.com
အင်ဂျလီနာဂျိုလီ ဘရက်ပစ်နှင့်လမ်းခွဲပြီးနောက် လော့စ်အိန်ဂျလိတွင် နေအိမ်ဝယ်ယူခဲ့ကြောင်း သတင်းများ ထွက်ပေါ် - Property News in Myanmar from iMyanmarHouse.com
အင်ဂျလီနာဂျိုလီ ဘရက်ပစ်နှင့်လမ်းခွဲပြီးနောက် လော့စ်အိန်ဂျလိတွင် နေအိမ်ဝယ်ယူခဲ့ကြောင်း သတင်းများ ထွက်ပေါ် - Property News in Myanmar from iMyanmarHouse.com
အင်ဂျလီနာဂျိုလီ ဘရက်ပစ်နှင့်လမ်းခွဲပြီးနောက် လော့စ်အိန်ဂျလိတွင် နေအိမ်ဝယ်ယူခဲ့ကြောင်း သတင်းများ ထွက်ပေါ် - Property News in Myanmar from iMyanmarHouse.com
အင်ဂျလီနာဂျိုလီ ဘရက်ပစ်နှင့်လမ်းခွဲပြီးနောက် လော့စ်အိန်ဂျလိတွင် နေအိမ်ဝယ်ယူခဲ့ကြောင်း သတင်းများ ထွက်ပေါ် - Property News in Myanmar from iMyanmarHouse.com
အင်ဂျလီနာဂျိုလီ ဘရက်ပစ်နှင့်လမ်းခွဲပြီးနောက် လော့စ်အိန်ဂျလိတွင် နေအိမ်ဝယ်ယူခဲ့ကြောင်း သတင်းများ ထွက်ပေါ် - Property News in Myanmar from iMyanmarHouse.com
အင်ဂျလီနာဂျိုလီ ဘရက်ပစ်နှင့်လမ်းခွဲပြီးနောက် လော့စ်အိန်ဂျလိတွင် နေအိမ်ဝယ်ယူခဲ့ကြောင်း သတင်းများ ထွက်ပေါ် - Property News in Myanmar from iMyanmarHouse.com
အင်ဂျလီနာဂျိုလီ ဘရက်ပစ်နှင့်လမ်းခွဲပြီးနောက် လော့စ်အိန်ဂျလိတွင် နေအိမ်ဝယ်ယူခဲ့ကြောင်း သတင်းများ ထွက်ပေါ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service