တာဝန်ယူမှုရှိသည့် ပြင်သစ် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်မည်

တာဝန်ယူမှုရှိသည့် ပြင်သစ် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်မည် - Property News in Myanmar from iMyanmarHouse.com
8 May 2017 9:56 am တွင် တင်ခဲ့သည်
1014 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံတွင် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများကို လိုက်နာပြီး လူမှုရေး တာဝန်ရှိသည့် ပြင်သစ် စီးပွားရေး လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်း လုပ်ဆောင်ရန် ဖိတ်ခေါ်မည်ဖြစ်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်
(UMFCCI) ထံမှ သိရသည်။

ကုန်သည်စက်မှု အသင်းချုပ်နှင့် ပြင်သစ်-မြန်မာ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းတို့သည် မြန်မာ့ထွက်ကုန်များ
ပြင်သစ်နိုင်ငံသို့ တင်ပို့ ရောင်းချနိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ခေတ်မီပြင်သစ်နည်းပညာများ မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့နိုင်ရေးတို့အတွက် မေလ ၅ ရက်နေ့က နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြောင်း၊ ပြည်တွင်း၌ လာရောက် ရင်းနှီးမြှုပ်နှံပြီး အကျိုးအမြတ် ယူကာ ပြန်ထွက်သွားသည့် လုပ်ငန်းမျိုးထက် ရေရှည် ရင်းနှီးမြှုပ်နှံပြီး မြန်မာ့ဖွံ့ဖြိုးမှုကို အထောက်အကူပြုသည့် လုပ်ငန်းမျိုးကိုသာ ဖိတ်ခေါ်လိုကြောင်း ကုန်သည်စက်မှု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပိုမို ရှင်းလင်းတိကျသည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများရှိပါက ပြင်သစ် အပါအဝင် ဥရောပ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး ပြင်သစ် လုပ်ငန်းရှင်များအနေနှင့် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ အခြေခံ အဆောက်အဦ၊ ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတို့၌ လာရောက် ရင်းနှီးမြှုပ်နှံရန် ပိုမို စိတ်ဝင်စားကြကြောင်း ပြင်သစ်-မြန်မာ ကုန်သည်စက်မှု အသင်းဥက္ကဋ္ဌ Mr.Julien Esch က ပြောဆိုသည်။

ပြင်သစ်-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက် စီးပွားရေး ခရီးစဉ်များ၊ ကုန်စည်ပြပွဲများ ကျင်းပရေးတို့ကို ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၌ ပြင်သစ် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာသန်း ၅၄၀ ကျော်ရှိပြီး ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာသန်း ၁၁၀ ခန့် ရှိကြောင်း ကုန်သည်စက်မှု အသင်းချုပ်ထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service