တောင်သူ လယ်သမားများကို ဝန်ဆောင်မှုပေးမည့် စင်တာ (ASC) စီမံကိန်းကို တိုင်းနှင့် ပြည်နယ်ရှိ နေရာပေါင်း ၃၃ ခု၌ လေးနှစ်အတွင်း အကောင်အထည်ဖော်မည်

တောင်သူ လယ်သမားများကို ဝန်ဆောင်မှုပေးမည့် စင်တာ (ASC) စီမံကိန်းကို တိုင်းနှင့် ပြည်နယ်ရှိ နေရာပေါင်း ၃၃ ခု၌ လေးနှစ်အတွင်း အကောင်အထည်ဖော်မည် - Property News in Myanmar from iMyanmarHouse.com
5 May 2017 10:14 am တွင် တင်ခဲ့သည်
1572 ကြိမ် ကြည့်ရှု့ပြီး
လယ်ယာကဏ္ဍတွင် တောင်သူလယ်သမားများကို ဝန်ဆောင်မှုပေးမည့် လယ်ယာစီးပွားရေး ဝန်ဆောင်မှုစင်တာ(ASC)စီမံကိန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ နေရာပေါင်း ၃၃ ခု၌ လေးနှစ်အတွင်း အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) မှသိရသည်။ အဆိုပါ Service Center တည် ဆောက်ရေး စီမံကိန်းကို ဆန်စပါး အဓိကစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကောင်အထည်ဖော်သွားမည် ဖြစ်ပြီး ယင်းစင်တာ၌ စက်မှုလယ်ယာ ဝန်ဆောင်မှုများ၊ သီးနှံ အခြောက်ခံစက်များ၊ သီးနှံသို လှောင်ရုံများနှင့် ဓာတ်မြေသြဇာ ဖြန့်ဖြူးရေး ကိစ္စရပ်များ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။

''စက်မှုလယ်ယာ ကူးပြောင်းတဲ့အခါ လယ်သမားအများစုက ဧကငယ်၊ လုပ်ကွက်ငယ် လယ်သမားတွေ ဖြစ်တဲ့အတွက် အကြွေသံသရာထဲမှာ ဆက်တိုက်မျောနေတယ်။ ဒါ ကြောင့် စက်ကိရိယာတွေ ဝယ်ယူဖို့ တိုက်တွန်းရင်လဲ သူတို့အနေနဲ့ အကြွေးထပ်ပိပြီး တော့ ရုန်းထွက်ဖို့မလွယ်ဘူး။ ဒါကြောင့် အသင်းချုပ်က ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေ ပေါ်ပေါက်လာဖို့အတွက် တွန်းအားပေး ဆောင်ရွက်သွားမယ်။ ဒီစင်တာအတွက်လုပ်မယ့် အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေကို ဘဏ္ဍာရေး အထောက်အကူပေးနိုင်ဖို့ သက်ဆိုင်ရာ ဘဏ္ဍာ ရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးမှု ပြုလုပ်ပြီးတော့ အမြန်ဆုံးအကောင်အထည်ဖော်သွားမယ်''ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။

လက်ရှိ လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ် နှံမှုနှင့်ပတ်သက်၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုအပိုင်း၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုအပိုင်းတို့၌ အားနည်းနေရခြင်းမှာ အကျိုးအမြတ် နည်းပါး၍ ဆုံးရှုံးနိုင်ခြေများသဖြင့် လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်းအား ကျော်လွှားနိုင်မှသာလျှင် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက် လာပြီး ကျေးလက်နေ ပြည်သူလူထု၏ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။ ''လယ်ယာကဏ္ဍအတွက် ဝန်ဆောင်မှု ပေးတဲ့ စင်တာ ၃၃ နေရာ ဖော်ဆောင်နိုင်ဖို့ ပုဂ္ဂလိက ကဏ္ဍကိုလိုအပ်တဲ့ချေးငွေ ထုတ် ချေးပေးနိုင်ဖို့ တင်ပြထားတာရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း အဆိုပြုလွှာတွေ ဖြန့် ဝေပေးထားပါတယ်။ ဒီကိစ္စရပ်တွေကို အားလုံး သိရှိဖို့နဲ့ အကြံပြုချက်တွေ ပေးနိုင်အောင် ဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။

လယ်ယာစီးပွားရေး ဝန်ဆောင်မှုစင်တာ စီမံကိန်းတွင် တောင်သူလယ်သမားများ အတွက် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့် ဖြူးရေး၊ ရိတ်သိမ်းပြီးနောက်ပိုင်း လယ်ယာထွက်ကုန်သီးနှံများ သိုလှောင်ရန် ခေတ်မီသို လှောင်ရုံများနှင့် အခြောက်ခံစက်များ တည် ဆောက်တပ်ဆင် ဝန်ဆောင်မှုပေးရေး၊ ကောက် ရိတ်စက်များ၊ ထွန်စက်များ၊ ရိတ်သိမ်း ခြွေလှေ့စက်များစသည့် စက်မှုလယ်ယာ ဝန် ဆောင်မှုပေးရေး၊ ကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်ရေး၊ စပါးသန့်စင် ကြိတ်ခွဲခြင်းနှင့် စပါးခွံမှ လျှပ်စစ်ထုတ်လုပ်ခြင်းတို့ကို ဝန် ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ''စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့မှာ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စရပ်တွေက အားနည်းချက်တွေ လိုအပ်ချက်တွေ အများကြီး ရှိနေတယ်ဆိုတာ အမှန်တရားပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ စိုက်ပျိုး ရေးကဏ္ဍအတွက် နိုင်ငံတော်ကလုပ်လို့ရတဲ့ ဟာတွေ ရှိသလို ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်း ဆောင်ရွက်ရမယ့် တကယ့်စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားတွေကို အသိပညာ ပေးလုပ်ငန်းတွေကို စဉ်ဆက်မပြတ်လုပ်နေ ရဦးမှာပါ''ဟု စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုကိုက ပြောသည်။

ထိုသို Service Center တည်ဆောက်ရာတွင် ကုန်မည့် ကုန်ကျစရိတ်များအား မတည် ရင်းနှီး၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အသင်းဝင်ပုဂ္ဂလိက ကုမ္ပဏီများ၊ MAPCO ၊ မြန်မာနှင့် နိုင်ငံခြားဖက်စပ်(JV)ကုမ္ပဏီများ တို့ ဆောင်ရွက်သွားမည်ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ညှိနှိုင်း ဦးဆောင်မှုဖြင့် စီမံကိန်းလုပ်ငန်းများ ကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် မြေယာ အသုံးချနိုင်ရေး ကိစ္စရပ်များအပါအဝင် ဆောင်ရွက်ခွင့် ခွင့်ပြုမိန့်ရရှိရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးသင့်ကြောင်း သိရသည်။

Service Center ၃၃ ခုကို ဧရာဝတီတိုင်းဒေသကြီးတွင် ကိုးနေရာ၊ ပဲခူးတိုင်းဒေသကြီးတွင် ခုနစ်နေရာ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ခြောက်နေရာ၊ ရခိုင်ပြည်နယ်တွင် သုံးနေရာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် နှစ် နေရာ၊ မွန်ပြည်နယ်တွင် တစ်နေရာ၊ မန္တလေး တိုင်းဒေသကြီးတွင် နှစ်နေရာ၊ ရှမ်းပြည်နယ် တွင် တစ်နေရာ၊ ကရင်ပြည်နယ်တွင် တစ်နေရာနှင့် မကွေးတိုင်းဒေသကြီးတွင် တစ်နေရာ စသည်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Credit: The Yangon Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service