ကနေဒါတွင် ပြည်ပအိမ်ခြံမြေဝယ်လက်တို့အား အခွန် ၁၅ ရာခိုင်နှုန်းကောက်ခံတော့မည်

ကနေဒါတွင် ပြည်ပအိမ်ခြံမြေဝယ်လက်တို့အား အခွန် ၁၅ ရာခိုင်နှုန်းကောက်ခံတော့မည် - Property News in Myanmar from iMyanmarHouse.com
25 Apr 2017 10:56 am တွင် တင်ခဲ့သည်
765 ကြိမ် ကြည့်ရှု့ပြီး
ကနေဒါနိုင်ငံ၏ အကြီးမားဆုံးမြို့ဖြစ်သော တိုရွန်တိုတွင် ပြည်ပအိမ်ခြံမြေဝယ်လက်တို့ကို အခွန် ၁၅ ရာခိုင်နှုန်းကောက်ခံမည့် ဥပဒေတစ်ရပ်ကို အွန်တေရီယိုပြည်နယ် အုပ်ချုပ်ရေးအဖွဲ့က တင်သွင်းထားပြီဖြစ်ပြီး အိမ်ခြံမြေဈေးကွက်ငြိမ်စေရန် ရည်ရွယ်ကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အွန်တေရီယိုပြည်နယ်ဝန်ကြီးချုပ် ကာ့သ်လင်း ဝိန်းက ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါအကောက်ခွန်မှာ ရွှေ့ပြောင်းအခြေချသူတို့ကို ရည်ရွယ်ခြင်းမဟုတ်ကြောင်းလည်း ဝိန်းက ဆိုသည်။

“မိသားစုတစ်ခု ထူထောင်ဖို့ ရည်ရွယ်တဲ့သူတွေကို ကျွန်မတို့ ပစ်မှတ်မထားပါဘူး။ အမြတ်အစွန်းရဖို့သက်သက် အိမ်ခြံမြေတွေ
ဝယ်ပြီး ဈေးကစားနေတဲ့သူတွေကို ရည်ရွယ်တာဖြစ်ပါတယ်”ဟု သူမက ပြောကြားသည်။

တိုရွန်တိုမြို့တွင်းရှိ လုံးချင်းအိမ်တစ်လုံး၏ ပျှမ်းမျှဈေးနှုန်းမှာ ကနေဒါဒေါ်လာ ၁ ဒသမ ၂၁ သန်း (ကန်ဒေါ်လာ ၉၀၀၀၀၀) အထိ ဈေးပေါက်နေသည်။
တိုရွန်တို အိမ်ခြံမြေဈေးကွက်သည် တစ်နှစ်အတွင်း ၃၃ ရာခိုင်နှုန်းအထိ မြင့်တက်သွားခြင်းကြောင့် ဈေးနှုန်းများငြိမ်သက်မှုရှိစေရေး အတွက် အစိုးရမှ ဝင်ရောက်စွက်ဖက်ရန် လိုအပ်လာကြောင်း ဝိန်းက ပြောကြားသည်။

နိုင်ငံသားမဟုတ်သူများ၊ ကနေဒါတွင် အမြဲအခြေချနေထိုင်ခြင်းမရှိသူများ
ကို အခွန်ကောက်ခံရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
CIBC World Markets မှ လက်ထောက်စီးပွားရေးပညာရှင် ဘင်ဂျမင် တာလ်က ပြောကြားရာတွင် ပြည်ပဝယ်လက်အကောက်ခွန်မှာ မှန်ကန်သည့်ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ သို့ရာတွင် တိုရွန်တို၏ ပြည်ပဝယ်လက် ပမာဏမှာ ဗန်ကူးဗားနှင့်နှိုင်းယှဉ်လျှင် နည်းပါးလှသောကြောင့် ဆိုးကျိုးထိခိုက်မှုများရှိလာနိုင်သည်ကို သုံးသပ်ရန်လိုကြောင်း ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကနေဒါတွင် ပြည်ပအိမ်ခြံမြေဝယ်လက်တို့အား အခွန် ၁၅ ရာခိုင်နှုန်းကောက်ခံတော့မည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service