လန်ဒန်အိမ်ခြံမြေဈေးကွက်သို့ တရားမ၀င်ငွေကြေးများ စီးဝင်မှုဗြိတိန်ဟန့်တားမည်

လန်ဒန်အိမ်ခြံမြေဈေးကွက်သို့ တရားမ၀င်ငွေကြေးများ စီးဝင်မှုဗြိတိန်ဟန့်တားမည် - Property News in Myanmar from iMyanmarHouse.com
13 May 2016 12:15 pm တွင် တင်ခဲ့သည်
1188 ကြိမ် ကြည့်ရှု့ပြီး
ခြစားမှုတိုက်ဖျက်ရေး ထိပ်သီးအစည်းအဝေးအတွက် ကမ္ဘာ့ခေါင်းဆောင်များနှင့် အဖွဲ့အစည်းများအား ကြိုဆိုရန် ပြင်ဆင်နေသော ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က လန်ဒန်အိမ်ခြံမြေ ဈေးကွက်၌ တရားမ၀င် ငွေကြေးများ စီးဝင်နေမှုကို ဟန့်တားမည့် အစီအစဉ်များအား မေ ၁၂ ရက်တွင် ကြေ ညာခဲ့သည်။ ဗြိတိန်တွင် နိုင်ငံခြားပိုင်ကုမ္ပဏီ ၁၀၀၀၀၀ ကျော်ရှိနေပြီး အများစုသည် အမည်မသိ နိုင်ငံခြားမှတ်ပုံတင် ကုမ္ပဏီများ ဖြစ်ကြသည်။ ယင်းကုမ္ပဏီများက ၎င်းတို့၏ ပိုင်ရှင်အစစ်အမှန်များကို ထုတ်ဖော်ကြရမည်ဖြစ်ကြောင်း ကင်မရွန်၏ အစီအစဉ်သစ်က ဆိုသည်။

ပနားမား စာရွက်စာတမ်းများ ပေါက်ကြား မှုကြောင့် ပြည်သူလူထုက ဒေါသအုံကြွနေပြီး ခြစားမှုကို တစ်ကမ္ဘာလုံးက တိုက်ဖျက်ရန် လန်ဒန်ထိပ်သီး အစည်းအဝေး၌ ဆွေးနွေးရေး ပြင်ဆင်နေစဉ် ငွေကြေးခ၀ါချမှုကို တိုက်ဖျက်ရန် ရည်ရွယ်သော ယင်းဆောင်ရွက်ချက်များကို ကင်မရွန်က ကြေညာခဲ့ခြင်း ဖြစ်သည်။

ခြစားမှုတိုက်ဖျက်ရေး ထိပ်သီးအစည်းအဝေး သို့ နိုင်ဂျီးရီးယား၊ အာဖဂန်နစ္စတန်၊ ကိုလံဘီယာ၊ ဂါနာ၊ နော်ဝေ၊ သီရိလင်္ကာတို့မှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၊ ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌတို့ကလည်း ယင်းအစည်းအဝေးသို့ တက်ရောက်ကြ မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် နိုင်ငံများတွင် အကြီးအကျယ် ခြစားနေသော နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ဂျီးရီးယားနှင့် အာဖဂန်နစ္စတန်ကို အမည်တပ် ပြောကြားခဲ့သော ကင်မရွန်၏ ပြောမှား ဆိုမှားကြောင့် ၎င်း၏ ကြိုးပမ်းမှုများ အဟန့်အတား ဖြစ်ခဲ့ရသည်။ ခြစားမှု တိုက်ဖျက်ရေးကို နှိမ်နင်းနေသော နိုင်ဂျီးရီးယားသမ္မတ မူဟန်မာဒူဘူ ဟာရီက ဗြိတိန်အနေဖြင့် လန်ဒန်သို့ ထွက်ပြေးခဲ့သည့် ခြစားသော တာဝန်ရှိသူများက ခိုးယူထားသော ပိုင်ဆိုင်မှုများကိုသာ ပြန်ပေးရန် လိုလားကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ ကင်မရွန်က နောက်ပိုင်းတွင် အာဖဂန်နှင့် နိုင်ဂျီးရီးယားသမ္မတတို့၏ ခြစားမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို ဂုဏ်ပြုပြောကြားခဲ့သည်။

ဗြိတိန်တွင် အထူးသဖြင့် လန်ဒန်အိမ်ခြံမြေ ဈေးကွက်တွင် နိုင်ငံခြားကုမ္ပဏီများက ပိုင်ဆိုင်မှု ၄၄၀၀၀ ခန့်ရှိကြောင်း သိ ရသည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဗြိတိန်တွင် ဒေါ်လာ သန်း ၂၆၀ ခန့်ကျော် တန်ဖိုးရှိသော အိမ်ခြံမြေများအား ခြစားမှုနှင့် ဆက်နွှယ်မှုအဖြစ် စုံစမ်းစစ်ဆေးခဲ့ကြောင်း Transparency International က ဆိုသည်။ ထို ပမာဏသည် အစွန်အဖျားသာ ဖြစ်ကြောင်း TI က ပြောကြားခဲ့သည်။

ဗြိတိန်တွင် အိမ်ခြံမြေပိုင်ဆိုင်သော နိုင်ငံခြား ကုမ္ပဏီများသည် ပိုင်ရှင်အစစ်အမှန်အား လူသိရှင်ကြား မှတ်ပုံတင်ရမည့်အပြင် ဗြိတိန်တွင် အိမ်ခြံမြေ၀ယ်ရန် ကြိုးပမ်းသော နိုင်ငံခြား ကုမ္ပဏီများသည် မှတ်ပုံတင် စာရင်းသွင်းခြင်းကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ကင်မရွန်က ပြောကြားခဲ့သည်။ လောလောဆယ်တွင် အိမ်ခြံမြေပိုင်ဆိုင်မှုကို အမည်မထင်မရှား အယောင်ပြ ကုမ္ပဏီများက မှတ်ပုံတင်နိုင်သောကြောင့် ပိုင်ရှင်အစစ်အမှန်ကို ဖော်ထုတ်ရန် ခဲယဉ်းသည်။ အိမ်ခြံမြေပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ပိုင်ရှင်အစစ်အမှန်ကို မှတ်ပုံတင် တင်စေခြင်းသည် ကမ္ဘာတွင် ပထမဆုံး ဖြစ်မည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြောကြားခဲ့သည်။ ပြင်သစ်၊ နယ်သာလန်၊ နိုင်ဂျီးရီးယား၊ အာဖဂန်နစ္စတန် အပါအ၀င် ကမ္ဘာ့နိုင်ငံများကလည်း အလားတူ ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်းများ ဆောင်ရွက်မည်ဟု ပြောကြာထားသည်။

Credit: eleven media group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service