အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်ဘဲ အမေရိကန်သို့ရောက်သွားခဲ့ပုံ

အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်ဘဲ အမေရိကန်သို့ရောက်သွားခဲ့ပုံ - Property News in Myanmar from iMyanmarHouse.com
17 Oct 2025 11:40 am တွင် တင်ခဲ့သည်
616 ကြိမ် ကြည့်ရှု့ပြီး

အင်္ဂလန်နိုင်ငံ၊ ဝေလပြည်နယ်သား အမျိုးသားတစ်ဦးသည် ၁၉၆၅ ခုနှစ်အတွင်း သြစတေးလျမှ အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ဖိုး မရှိသောကြောင့် သေတ္တာတစ်လုံးထဲသို့ ဝင်ကာ ပါဆယ်ထုပ်အဖြစ် မိမိကိုယ်မိမိ တင်ပို့ခဲ့မှု ဖြစ်ခဲ့ဖူးသည်။

ဝေလပြည်နယ်၏ မြို့တော်တွင် နေထိုင်သူဖြစ်ပြီး အသက် ၇၅ နှစ်အရွယ်ရှိပြီဖြစ်သူ ဘရိုင်ယန် ရော့ဘ်ဆင်သည်…

Brian Robson, a 75-year-old from Cardiff, is looking for two men he only knew as Paul and John.

ဘရိုင်ယန် ရော့ဘ်ဆင် အမည်ရှိ အမျိုးသားသည် ထိုအချိန်က အသက် ၁၉ နှစ်အရွယ်သာရှိသေးပြီး သြစတေးလျနိုင်ငံရှိ ဝိတိုရိယ ရထားကုမ္ပဏီ (Victorian Railways) တွင် အလုပ်လုပ်နေရင်း အိမ်လွမ်းနာ ကျလာသည်။

ထိုစဉ်က သူ၏ လစာမှာ တစ်လလျှင် ပေါင် ၄၀ သာရပြီး သြစတေးလျမှ အင်္ဂလန်သို့ လေယာဉ်လက်မှတ်ခမှာ ပေါင် ၇၀၀ ဖြစ်ရာ လက်မှတ်ဖိုး မတတ်နိုင်ခဲ့ကြောင်း ဘရိုင်ယန်က Irish Times သတင်းဌာနသို့ ပြောခဲ့သည်။

သို့နှင့် ဘရိုင်ယန်က အင်္ဂလန်သို့ ပြန်နိုင်ရန် ရူးရူးမိုက်မိုက် အကြံထုတ်ခဲ့သည်။

ဘရိုင်ယန်က သေတ္တာပုံးငယ်တစ်ခု ဝယ်ယူလိုက်ပြီး မိမိကိုယ်ကို ပါဆယ်ထုပ်တစ်ခုအနေဖြင့် တင်ပို့လိုက်ရန် ကြံသည်။

၄ ရက်ကြာမြင့်ခဲ့သော ခြောက်ခြားတုန်လှုပ်ဖွယ်ကာလကို ဖြတ်သန်းခဲ့ရပြီး မကြာခဏ ပြောင်းပြန်ဇောက်ထိုး အထားခံခဲ့ရကြောင်း ဘရိုင်ယန်က ပြောသည်။

နောင် နှစ်ပေါင်း ၆၀ ကြာသည်အထိ ဘရိုင်ယန်က ၎င်းအား သေတ္တာထဲ ထည့်ပေးကာ ပါဆယ်ပို့ရာတွင် ကူညီခဲ့သူ ၂ ဦးအား မမေ့နိုင်ဖြစ်နေပြီး ပြန်လည်ဆုံစည်းကာ ကျွေးမွေးပြုစုလိုကြောင်း ပြောပြသည်။

(ဘရိုင်ယန်သည် အမေရိကန်ပြည်သို့ လမ်းလွဲကာ ရောက်ရှိသွားခဲ့ပြီး လော့စ်အိန်ဂျလိတွင် FBI ၏ စစ်ဆေးမေးမြန်းမှုခံယူခဲ့ရပြီးနောက် လန်ဒန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဓာတ်ပုံ-Getty Images)

“သူတို့ နှစ်ယောက်နာမည်က ပေါလ်နဲ့ ဂျွန်လို့ခေါ်တယ်ဆိုတာ ၉၉ ရာနှုန်းလောက် သေချာပါတယ်။” ဟု ဘရိုင်ယန်က Irish Times သတင်းဌာနသို့ ပြောသည်။

“ပေါလ်က လုံးဝသဘောမတူခဲ့ဘူး။ ဂျွန်ကတော့….စိတ်မပူပါနဲ့..ငါသူ့ကို လက်ခံလာအောင် ပြောပြလိုက်မယ်..လို့ ပြောခဲ့တယ်။ ပြီးတော့ သူတို့နှစ်ယောက် ကူညီပေးခဲ့ကြပါတယ်”

ဘရိုင်ယန်သည် ရေခဲသေတ္တာအသေးစားအရွယ် သေတ္တာငယ်တစ်လုံး ဝယ်ယူလိုက်ပြီး ခေါင်းအုံး၊ လက်ဆွဲအိတ်တစ်လုံး၊ ဘီးတဲလ်အဖွဲ့ကြီး၏ သီချင်းစာအုပ်တစ်အုပ်၊ ပုလင်း ၂ လုံးတို့ ထည့်သိုခဲ့သည်။

ပုလင်းတစ်လုံးမှာ ရေထည့်ရန် ဖြစ်ပြီး ကျန် ၁ လုံးမှာ ဆီးသွားရန် ဖြစ်သည်။

ထို့နောက် ပေါလ်နှင့် ဂျွန်ဟူသော လုပ်ဖော်ကိုင်ဖက် ၂ ဦးက သေတ္တာကို သံရိုက်ပိတ်ခဲ့ပြီး မဲလ်ဘုန်းမှ လန်ဒန်သို့ ပျံသန်းမည့် ကာတာလေကြောင်းလိုင်းမှတဆင့် ပါဆယ်အဖြစ် တင်ပို့ပေးရန် စီစဉ်ခဲ့သည်။

သို့သော် စီစဉ်ထားသည့်အတိုင်း ဖြစ်မလာ။

ထိုခရီးစဉ်မှာ လူပြည့်နေသောကြောင့် PanAm လေကြောင်းလိုင်းဖြင့် ပို့ဆောင်ခဲ့ရာ လော့စ်အိန်ဂျလိသို့ ရောက်ရှိသွားခဲ့သည်။

၁၉၆၅ ခုနှစ်၊ မေလအတွင်း ရိုက်တာသတင်းနှင့် သြစတေးလျ အေပီသတင်းဌာနတို့၏ ဖော်ပြချက်များအရ ဘရိုင်ယန်က သေတ္တာပုံးတွင် “ကွန်ပြူတာ” ဟု ရေးသားထားခဲ့သည်ဟု ဆိုသည်။

ထိုအချိန်က သြစတေးလျ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Leslie Bury က ပြောခဲ့သည်မှာ သြစတေးလျ အစိုးရအနေဖြင့် ဘရိုင်ယန်အား မည်သည့် အရေးယူခြင်းမျိုးမှ ပြုလုပ်မည်မဟုတ်ကြောင်း ပြောခဲ့သည်။

လွှတ်တော်အမတ်တစ်ဦးဖြစ်သော Dan Mackinnon က ဘရိုင်ယန်ကို ဥပဒေအရ အရေးယူရန် တောင်းဆိုမှု ပြုလုပ်ခဲ့ပြီးနောက် Leslie က ထိုသို့ပြောခဲ့ခြင်းလည်း ဖြစ်သည်။

အမေရိကန်ပြည်တွင် အကောက်ခွန်အရာရှိတို့က ဘရိုင်ယန်ကို တွေ့ရှိသွားပြီးနောက် FBI က စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။

ဘရိုင်ယန်က ဘီဘီစီသတင်းဌာနသို့ ပြောခဲ့သည်မှာ အမျိုးသားတစ်ဦးက သေတ္တာရှိ အပေါက်တစ်မှတဆင့် အထဲသို့ ချောင်းကြည့်ခဲ့ရာ မိမိနှင့် အကြည့်ခြင်းဆုံသွားကြောင်း ပြောသည်။

“သူက အဝေးကြီးကို ထခုန်လိုက်ပြီး….အထဲမှာ ကောင်လေးတစ်ယောက်ရှိနေတယ်…လို့ အော်ခဲ့ပါတယ်”

FBI က ဘရိုင်ယန်ကို စစ်ဆေးမေးမြန်းပြီးနောက် ပုံမှန်ခရီးသည်တင်လေယာဉ်ဖြင့် လန်ဒန်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Thinking inside the box: the Welsh teen who tried to post himself home from Australia

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မည်သူမဆို အခမဲ့ လိုချင်တာယူနိုင်သော ကနေဒါက ကုန်စုံဆိုင်
မည်သူမဆို အခမဲ့ လိုချင်တာယူနိုင်သော ကနေဒါက ကုန်စုံဆိုင်
အိမ်တွင်နေရသည်ကို ပျင်းသောကြောင့် တစ်ရက်လျှင် ၁၃ ဒေါ်လာဖြင့် delivery သမားအဖြစ် လုပ်ကိုင်ခဲ့သော ရုရှားဘီလျံနာသူဌေးကြီး...
အိမ်တွင်နေရသည်ကို ပျင်းသောကြောင့် တစ်ရက်လျှင် ၁၃ ဒေါ်လာဖြင့် delivery သမားအဖြစ် လုပ်ကိုင်ခဲ့သော ရုရှားဘီလျံနာသူဌေးကြီး...
အသင့်စား ခေါက်ဆွဲခြောက် တစ်ပတ်လျှင် ၂ ကြိမ် စားနေလျှင် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ဆီးချိုဖြစ်နိုင်ချေ များပြားကြောင်း တောင်ကိုရီးယားသိပ္ပံပညာရှင်များ တွေ့ရှိ...
အသင့်စား ခေါက်ဆွဲခြောက် တစ်ပတ်လျှင် ၂ ကြိမ် စားနေလျှင် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ဆီးချိုဖြစ်နိုင်ချေ များပြားကြောင်း တောင်ကိုရီးယားသိပ္ပံပညာရှင်များ တွေ့ရှိ...
လူတို့ အစာမစားဘဲနေသည့်အခါမျိုးတွင် ခန္ဓာကိုယ်က ၎င်းဘာသာ ဆဲလ်အပျက်အစီးများကို စားသောက်ပစ်ကြောင်း လေ့လာတွေ့ရှိခဲ့မှုအတွက် နိုဘယ်ဆုရခဲ့သော ဂျပန်သိပ္ပံပညာရှင်...
လူတို့ အစာမစားဘဲနေသည့်အခါမျိုးတွင် ခန္ဓာကိုယ်က ၎င်းဘာသာ ဆဲလ်အပျက်အစီးများကို စားသောက်ပစ်ကြောင်း လေ့လာတွေ့ရှိခဲ့မှုအတွက် နိုဘယ်ဆုရခဲ့သော ဂျပန်သိပ္ပံပညာရှင်...
စနေဂြိုဟ်ကုထုံး (သို့မဟုတ်) အင်္ဂလိပ်ဂဏန်း 8 ပုံသဏ္ဍာန် လမ်းလျှောက်ရင် ဘာတွေဖြစ်လာမလဲ
စနေဂြိုဟ်ကုထုံး (သို့မဟုတ်) အင်္ဂလိပ်ဂဏန်း 8 ပုံသဏ္ဍာန် လမ်းလျှောက်ရင် ဘာတွေဖြစ်လာမလဲ
အတင်းပြောခြင်းမှာ ကျန်းမာရေးကောင်းစေကြောင်း မေရီလန်းတက္ကသိုလ်မှ ပညာရှင်များ လေ့လာတွေ့ရှိ...
အတင်းပြောခြင်းမှာ ကျန်းမာရေးကောင်းစေကြောင်း မေရီလန်းတက္ကသိုလ်မှ ပညာရှင်များ လေ့လာတွေ့ရှိ...
မိမိကိုယ်ကို သူငယ်ချင်းအဖြစ် ငှားရမ်းခြင်းဖြင့် တစ်နှစ်လျှင် ဒေါ်လာ ၈၀,၀၀၀ ဝင်ငွေရနေသော ဂျပန်အမျိုးသား...
မိမိကိုယ်ကို သူငယ်ချင်းအဖြစ် ငှားရမ်းခြင်းဖြင့် တစ်နှစ်လျှင် ဒေါ်လာ ၈၀,၀၀၀ ဝင်ငွေရနေသော ဂျပန်အမျိုးသား...
သစ်ကြားသီး ၁ ကျပ်သား နေ့စဉ်စားရုံဖြင့် ရင်သားကင်ဆာဆဲလ်များ သေဆုံးစေနိုင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
သစ်ကြားသီး ၁ ကျပ်သား နေ့စဉ်စားရုံဖြင့် ရင်သားကင်ဆာဆဲလ်များ သေဆုံးစေနိုင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ရုရှားသိပ္ပံပညာရှင်တို့က ၁၉၈၉ ခုနှစ်အတွင်း ဆိုက်ဘေးရီးယားတွင် တွင်းနက်ကြီး တူးဖော်ခဲ့ရာ ငရဲပြည်မှ အော်သံများ ကြားခဲ့ရ...
ရုရှားသိပ္ပံပညာရှင်တို့က ၁၉၈၉ ခုနှစ်အတွင်း ဆိုက်ဘေးရီးယားတွင် တွင်းနက်ကြီး တူးဖော်ခဲ့ရာ ငရဲပြည်မှ အော်သံများ ကြားခဲ့ရ...
အဆုပ်ကင်ဆာ ခံစားနေရသော အမျိုးသားမှာ ဝက်သံချဆေးများ သောက်သုံးရာ ကင်ဆာကျိတ်များ ပျောက်ကွယ်သွားပြီး ကင်ဆာလုံးလုံးပျောက်ကင်းသွားမှုအပေါ် သိပ္ပံပညာရှင်တို့ အံ့အားသင့်၊ ဝက်သံချဆေးဖြင့် ကင်ဆာကုသနိုင်မှု အလားအလာကို လေ့လာမှုများ ပ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service