ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဘရာဇီးနိုင်ငံမှ အေလ်ဂေါချာ (Ale Gaucha) အမည်ရှိ အသက် ၂၁ နှစ်အရွယ် မိန်းကလေးသည် အလုပ်ပေါင်း ၅၀ ကျော်ကို ဝင်ရောက်လျှောက်ထားခဲ့သော်လည်း အလုပ်မရခဲ့ချေ။
အေလ်ဂေါချာသည် ကလေးထိန်းအဖြစ် လုပ်ကိုင်ရန် လိုက်လံလျှောက်ထားခဲ့ခြင်းဖြစ်သည်။
ကလေးထိန်းအဖြစ် လုပ်ကိုင်ရန် လိုအပ်သည့် သင်ယူလေ့ကျင့်မှုများနှင့် အရည်အချင်းများ အပြည့်အစုံရှိသည့်တိုင် ရုပ်ရည်နှင့် ကိုယ်ခန္ဓာအချိုးအဆက်တို့က အလုပ်ရရန် အဟန့်အတား ဖြစ်နေခဲ့သည်။
“ကျွန်မက ယုံကြည်မှုအပြည့်နဲ့ အလုပ်သွားလျှောက်ခဲ့တာပါ။ ကိုယ့်ရဲ့ သင်တန်းဆင်းလက်မှတ်တွေ ပြပါတယ်။ သင်ယူလေ့လာထားတာတွေကို ပြောပြပါတယ်။ ဒါပေမယ့် ပြန်ပြီးဆက်သွယ်တဲ့သူ တစ်ယောက်မှ မရှိခဲ့ပါဘူး” ဟု အေလ်ဂေါချာက NeedToKnow သတင်းဌာနသို့ ပြောသည်။
“အစပိုင်းမှာ ထင်ခဲ့မိတာက ကျွန်မမှာ အတွေ့အကြုံ မရှိလို့ အလုပ်မခန့်တာလို့ ထင်ခဲ့တယ်။ ဒါပေမယ့် အလုပ်တွေ အများကြီး လိုက်လျှောက်ပြီးတာတောင် အလုပ်မရတာကြောင့် တခြားအကြောင်းရှိရမယ်လို့ ယူဆပါတယ်” ဟု အေလ်ဂေါချာက ပြောသည်။
((ညှို့အား ပြင်းလွန်းသည့် ပြဿနာ))

(အေလ်ဂေါချာသည် အလုပ်ရှာစဉ်ကာလအတွင်း အွန်လိုင်းတွင် ဓာတ်ပုံများတင်ခဲ့ရာ follower တရှိန်ထိုး မြင့်တက်လာခဲ့သည်။ ဓာတ်ပုံ-Jam Press/CO Assessoria/@ale_gaucha1)
အေလ်ဂေါချာ၏ ညှို့အားပြင်းလွန်းမှုမှာ အလုပ်ရှာရာတွင် အခက်အခဲတစ်ခု ဖြစ်လာသည်။
ကလေးထိန်းအလုပ်လျှောက်ထားရာတွင် အချို့သော မိသားစုများတွင် အထူးသဖြင့် ကလေးမိခင်တို့က အလွန်ချောမော ညှို့အားပြင်းသူများကို မခန့်လိုကြ။ အိမ်ထောင်ရေး ယိမ်းယိုင်မည်ကို စိုးရိမ်ကြသည်။
“ကျွန်မက ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်း လုပ်ငန်းဘက်မှ ကျွမ်းကျင်မှုကို ပြချင်တယ်။ ဒါပေမယ့် ဒီအရည်အချင်းတွေကို ဘယ်သူမှ မမြင်ပါဘူး”
အခြားသော နယ်ပယ်များတွင် ရုပ်ရည်လှပမှုမှာ အားသာချက် အမြဲရှိသော်လည်း အေလ်ဂေါချာအတွက်မူ ဆန့်ကျင်ဖက် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
သို့သော် အေလ်ဂေါချာ၏ အလှတရားမှာ အချည်းနှီး မဖြစ်။ အွန်လိုင်းတွင် follower များလာသည်နှင့်အမျှ content creator တစ်ဦးအဖြစ် ဝင်ငွေကောင်းလျက်ရှိသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Too hot to hire? Rejected after 50 job interviews - woman says her stunning looks were the dealbreaker (nypost)