ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ပြင်သစ်နိုင်ငံတွင် ခွဲစိတ်ဆရာဝန်တို့သည် ကင်ဆာလူနာ၏ ကောင်းမွန်သော ကျောက်ကပ်ကို ခွဲထုတ်ဖယ်ရှားခဲ့ရာ သက်ကြီးပိုင်းလူနာမှာ ကင်ဆာဖြစ်ပွားနေသော ကျောက်ကပ်ဖြင့် ကျန်ရစ်ခဲ့ရသည်။
Radio France ၏ သတင်းဖော်ပြချက်အရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း အသက် ၇၇ နှစ်အရွယ် အဘိုးသည် ပဲရစ်မြို့အနီး Creteil မြို့ရှိ Henri Mondor ဆေးရုံတွင် ကင်ဆာရောဂါကုသမှု ခံယူနေခဲ့သည်။
ထိုအဘိုးသည် ကင်ဆာဖြစ်ပွားနေသော ကျောက်ကပ်တစ်ပိုင်းကို ခွဲထုတ်ကုသမှု (nephrectomy) ခံယူခဲ့ရသည်။
ကျောက်ကပ်ခွဲထုတ်ကုသမှုမှာ တစ်နာရီမှ ၄ နာရီကြား ကြာမြင့်လေ့ရှိသည်။
ခွဲစိတ်ကုသမှု ခံယူအပြီးတွင် ကျောက်ကပ်မှားယွင်းကာ ခွဲထုတ်ခံလိုက်ရကြောင်း သိလာရသည်။
ဆေးဝန်ထမ်းတို့က မခွဲစိတ်မီတွင် စစ်ဆေးမှုများ မှန်ကန်စွာ လုပ်ဆောင်ထားသည့်ကြားမှ ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ်သတင်းမီဒီယာတို့က ဖော်ပြသည်။
ကျောက်ကပ်ခွဲထုတ်မှု ခံယူသော ကင်ဆာလူနာတို့မှာ ၅ နှစ် အသက်ရှင်နိုင်ချေ ၉၀ ရာခိုင်နှုန်းရှိသော်လည်း ယခုလူနာမှာမူ ကင်ဆာဖြစ်နေသော ကျောက်ကပ်တစ်ခြမ်းဖြင့် ဆက်လက်ရှင်သန်ရတော့မည်ဖြစ်သောကြောင့် ၎င်း၏သက်တမ်းမည်မျှရှိမည်ကိုမူ မခန့်မှန်းနိုင်ချေ။
လတ်တလောတွင် အသက်အန္တရာယ်မရှိသေးသော်လည်း ဆေးပညာရှင်တို့၏ မှားယွင်းမှု အကျိုးဆက်များနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း ၎င်းက Radio France သို့ ပြောသည်။
လူနာ၏ မိသားစုက အဆိုပါဆေးရုံကို ဦးစီးလည်ပတ်လုပ်ကိုင်နေသည့် Assistance Publique-Hôpitaux de Paris (AP-HP) ကို တရားစွဲထားသည်။
Radio France ၏ သတင်းထောက်များက AP-HP သို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းတို့က မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

(ပြင်သစ်နိုင်ငံရှိ ဆေးရုံတစ်ခုတွင် လူနာတစ်ဦး ကျောက်ကပ်ခွဲစိတ်ရာတွင် မှားယွင်းမှု ဖြစ်ပွားခဲ့သည်)
၂၀၂၅ ခုနှစ် အစောပိုင်းကလည်း အမေရိကန်ပြည် ၊ မင်နီဆိုတာပြည်နယ်ရှိ ဆေးရုံတစ်ခုတွင် ခွဲစိတ်ဆရာဝန်တို့က ကျောက်ကပ်အကောင်းကို မှားယွင်းခွဲထုတ်ခဲ့ရာ လူနာအမျိုးသမီးက ထိုဆေးရုံကို တရားစွဲဆိုမှု ဖြစ်ပေါ်ခဲ့သေးကြောင်း Daily Mail သတင်းဌာနက ဖော်ပြသည်။
အမေရိကန်ပြည်မှ ဝင်ဒီ ရက်ပါပေါ့ အမည်ရှိ အသက် ၈၄ နှစ်အရွယ် အဘွားအိုသည် သရက်ရွက် ခွဲစိတ်မှု ပြုလုပ်ရန် စီစဉ်ခဲ့ရာတွင် ဆရာဝန်တို့က ကျောက်ကပ်ကို ခွဲထုတ်ပစ်ခဲ့ခြင်းဖြစ်သည်။
သိို့အတွက် ဝင်ဒီမှာ နေ့စဉ် ကျောက်ကပ်ဆေးသည့် လုပ်ငန်းစဉ်လုပ်ဆောင်နေရပြီး ကျောက်ကပ်ရောဂါ၏ အဆိုးရွားဆုံး ပုံစံနှင့် ရင်ဆိုင်ခဲ့ရသည်။
ဗြိတိန်တွင် နှစ်စဉ် ကျောက်ကပ်ကင်ဆာဖြစ်ပွားသူ လူနာသစ် ၁၃၀၀၀ ခန့် တွေ့ရှိနေပြီး ၄၇၀၉ ဦးခန့် သေဆုံးရလျက်ရှိနေသည်။


(သြစတေးလျမော်ဒယ် Natasha Oakley နှင့် NBA ဂန္ထဝင်ကြယ်ပွင့် Dwyane Wade တို့သည်လည်း ကျောက်ကပ်ကင်ဆာ ဖြစ်ပွားနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။)
ကျောက်ကပ်ကင်ဆာ၏ ရောဂါလက္ခဏာများမှာ ဆီးသွားလျှင် သွေးပါခြင်း၊ နံရိုးများနှင့် ခါးတွင် အောင့်နေပြီး ပျောက်မသွားဘဲ အမြဲခံစားနေရခြင်း၊ အစာစားလိုစိတ်မရှိခြင်း၊ ကိုယ်အလေးချိန်ကျဆင်းလာခြင်းတို့ ပါဝင်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Bungling cancer surgeons remove wrong kidney... leaving man, 77, with single, diseased organ