ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
တရုတ်ပြည်တဝန်းတွင် အနာဂတ်ဆန်လှသော အများသုံးအိမ်သာများစွာ ပေါ်ပေါက်လာနေပြီး ဆီးပေါက်ချိန်တွင် အလိုအလျောက်စနစ်ဖြင့် ဆီးကို စစ်ဆေးပေးလျက်ရှိသည်။
ထိုသို့သော smart toilet များကို ပေကျင်းနှင့် ရှန်ဟိုင်းတို့ကဲ့သို့ မြို့ကြီးများရှိ အမျိုးသားအိမ်သာများတွင် တပ်ဆင်ပေးထားခြင်း ဖြစ်သည်။
နယူးယောက်ပို့စ်သတင်းဌာန ဖော်ပြချက်အရ ထိုအိမ်သာများတွင် ယွမ် ၂၀ ( ၂ ဒသမ ၇၆ ဒေါ်လာ) ပေးရုံဖြင့် ဆီးကို လျင်မြန်တိကျစွာ အလိုအလျောက်စနစ်ဖြင့် စစ်ဆေးပေးနိုင်သည်ဟု ဆိုသည်။

(တရုတ်ပြည်ရှိ အများသုံးအိမ်သာအချို့တွင် ယခုအခါ နည်းပညာမြင့် ကျန်းမာရေးစစ်ဆေးပေးသည့် အပေါ့သွားနေရာများ ရှိနေပြီဖြစ်သည်။ ဓာတ်ပုံ-Reddit)
ရှန်ဟိုင်းအခြေစိုက် documentary ရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သူ ခရစ္စတီယန် ပီတာဆန် ကလော့ဆန် (Christian Petersen-Clausen) က တရုတ်ပြည်မှ တီထွင်ဆန်းသစ်သော အိမ်သာများအကြောင်းကို X လူမှုကွန်ရက်တွင် တင်ခဲ့ရာ ဂယက်ရိုက်ပျံ့နှံ့ခဲ့သည်။
“ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ယွမ် ၂၀ ပေးရင် အလိုအလျောက်ဆီးစစ်ပေးတဲ့ စနစ်တွေ တပ်ဆင်ပေးထား ပါတယ်။ ကျွန်တော်လည်း စမ်းသပ်ကြည့်ခဲ့ပါတယ်”
ကလော့ဆန်က ပြောသည်မှာ မိမိအနေဖြင့် ကျန်းမာရေး ဆေးစစ်မကြည့်ခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီဖြစ်ရာ Privacy ရှိရေးထက် ကျန်းမာခြင်း ရှိ၊ မရှိကို ပိုမိုသိလိုခဲ့ကြောင်း၊ လွယ်ကူချောမွေ့မှုအရာတွင် ပြိုင်ဘက်ကင်း သည့် နည်းပညာဖြစ်ကြောင်း ပြောသည်။
ကလော့ဆန်က နည်းပညာမြင့်သည့် အဆိုပါစက်၏ ကြော်ငြာဓာတ်ပုံကိုလည်း ဖော်ပြခဲ့ရာ အမျိုးသားတစ်ဦး ကျင်ငယ်စွန့်နေပုံနှင့် မန်ဒရင်းဘာသာဖြင့် ရှင်းပြထားချက် ပါဝင်သည်ကို တွေ့ရသည်။
ကလော့ဆန်၏ စစ်ဆေးချက် ရလဒ်တွင် ကယ်လ်စီယံ ချို့တဲ့နေကြောင်း တွေ့ရသည်ဟု ဆိုသည်။

(အနာဂတ်ဆန်လှသော ဆီးစစ်စက်များ။ ဓာတ်ပုံ-Christian Petersen-Clausen/X)
ကလော့ဆန်က ဒုတိယတစ်ကြိမ် ထပ်မံစမ်းသပ်ကြည့်ရာ သူ၏ ကယ်လ်စီယံ ပမာဏ တိုးတက်လာသည်ကို တွေ့ရသည်။
“ဒီကုမ္ပဏီက ဒီလိုစက်တွေကို တရုတ်ပြည်တဝန်းလုံးမှာ တပ်ဆင်နေပုံရတယ်။ ဒါက ကျန်းမာရေးအခြေအနေ ကို ဆိုးဆိုးရွားရွားဖြစ်မလာခင်ကတည်းက ကြိုတင်သိနိုင်တဲ့ နည်းလမ်းဖြစ်တာကြောင့် အတော်လေး ကောင်းတယ်လို့ ထင်ပါတယ်” ဟု ကလော့ဆန်က ပြောသည်။
ကလော့ဆန်က သူ၏ စစ်ဆေးမှုကို ဘာသာပြန်ထားသည့် ရလဒ်အဖြေကိုလည်း လူမှုကွန်ရက်တွင် တင်ခဲ့ရာ ဗိုက်တာမင် စီ၊ Creatinine ၊ သွေးဖြူဆဲလ်၊ ဂလူးကို့စ်နှင့် အခြားဓာတ်များအား တိုင်းတာစစ်ဆေးပေးထား သည်ကို တွေ့ရသည်။
(ကလော့ဆန်၏ စစ်ဆေးမှု ရလဒ်ကို တွေ့ရပုံ)
အဆိုပါ နည်းပညာမြင့် ဆီးစစ်စက်များကို ဈေးဝယ်စင်တာများ အပါအဝင် တရုတ်ပြည်တဝန်းတွင် တပ်ဆင်ထားသည်။

(ဆီးစစ်စက်တွင် disclaimer တစ်ခု ရေးသားဖော်ပြထားရာ အသုံးပြုသူများအနေဖြင့် လိုအပ်ပါက ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်စစ်ဆေးရန် လိုအပ်ကြောင်း သတိပေးထားသည်။ ဓာတ်ပုံ-Rui Ma/X)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: This Futuristic Public Toilet In China Analyses Your Urine To Measure Health (nypost)