ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ - Property News in Myanmar from iMyanmarHouse.com
20 Jun 2025 12:53 pm တွင် တင်ခဲ့သည်
584 ကြိမ် ကြည့်ရှု့ပြီး

ဘရူနိုင်းဘုရင်သည် အမေရိကန်ပြည်၊ နယူးယောက်မြို့၏ အထင်ကရ Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် စကားပြောဆိုနေကြောင်း သတင်းများထွက်ပေါ်လာသည်ဟု နယူးယောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါ အဆောက်အအုံကြီးတွင် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick က triplex penthouse တစ်ခန်း ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။ ဘရူနိုင်းဘုရင် ဟာဆန်နယ် ဘိုကီယာသည် ဘရူနိုင်း ဝန်ကြီးချုပ်လည်း ဖြစ်သည်။

သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်အရ ဘရူနိုင်းဘုရင်သည် နယူးယောက်ဟိုတယ်ကြီးကို ဆော်ဒီမှ Essam Khashoggi ဆိုသူနှင့် ပူးပေါင်း ဝယ်ယူရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

(ဘရူနိုင်းဘုရင်က နယူးယောက်၏ အထင်ကရ Pierre Hotel ကို ဝယ်ယူရန် ညှိနှိုင်းနေသည်။ ဓာတ်ပုံ-Annie Wermiel/NY Post)

Pierre ဟိုတယ်သည် ပဉ္စမရိပ်သာလမ်း၊ အမှတ် ၇၉၅ တွင် တည်ရှိပြီး Central Park ပန်းခြံကြီးကို စီးမိုးတွေ့မြင်ရသည့် ရှုခင်းပိုင်ဆိုင်ထားကာ ပြီးခဲ့သော ၂၀၂၄ ခုနှစ်ကတည်းက အရောင်းဈေးကွက်တင် ထားခြင်း ဖြစ်သည်။

Pierre ဟိုတယ်ကို ၁၉၃၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒိတ်ဒိတ်ကြဲ အထင်ကရပုဂ္ဂိုလ်များ၊ စက်မှုလုပ်ငန်းရှင်ကြီးများ သဘောတွေ့သောနေရာတစ်ခု ဖြစ်ခဲ့သည်။

ဟိုတယ်တွင် အခန်းပေါင်း ၁၈၉ ခန်းပါဝင်သည့်အပြင် လက်လီအရောင်းဆိုင်များနှင့် စားသောက်ဆိုင်များ ပါဝင်သည်။

Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် စကားပြောနေသူများထဲတွင် ဘရူနိုင်းဘုရင်အပြင် အခြားသူများလည်း ရှိသေးကြောင်း သိရသည်။

Pierre ဟိုတယ်သည် ၄၁ ထပ် အဆောက်အအုံကြီးဖြစ်ပြီး နီယိုး ဂျော်ဂျီယာ ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည်။ဟိုတယ်အဆောက်အအုံတစ်ခုလုံးကို အရောင်းအဝယ်လုပ်ခြင်းဖြစ်နိုင်ပြီး တန်ကြေးအားဖြင့် ကန်ဒေါ်လာ ၂ ဘီလီယံ ဝန်းကျင်ရှိသည်။ 

(နယူးယောက်မြို့၊ ပဉ္စမရိပ်သာလမ်း၊ အမှတ် ၇၉၅ တွင် တည်ရှိသော ဟိုတယ်ကြီးဖြစ်ပြီး ပြီးခဲ့သော ၂၀၂၄ ခုနှစ်ကတည်းက အရောင်းဈေးကွက်တင်ထားခြင်းဖြစ်သည်။ ဓာတ်ပုံ-Angel Chevrestt)

အဆောက်အအုံကြီးကို ရှယ်ယာပိုင်ရှင်အများအပြားက ပိုင်ဆိုင်ထားပြီး Pierre ထံ ၂၀၀၅ ခုနှစ်ကတည်းက အငှားချထားခြင်းဖြစ်သည်။

အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick သည် ရှယ်ယာပိုင်ရှင်များထဲတွင် ပါဝင်သော်လည်း ဘုတ်အဖွဲ့ဝင်မဟုတ်ချေ။ 

(အဆောက်အအုံ၏ တန်ကြေးမှာ ကန်ဒေါ်လာ ၂ ဘီလီယံ ဝန်းကျင်ရှိသည်)

 

(ဟာဆန်နယ် ဘိုကီယာသည် ဘရူနိုင်းဝန်ကြီးချုပ်လည်း ဖြစ်သည်။ ဓာတ်ပုံ-via REUTERS)

 

(အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick နှင့် ဇနီးဖြစ်သူ Allison တို့က ယခုအဆောက်အအုံရှိ penthouse triplex ခန်းကို ၂၀၁၇ ခုနှစ်တွင် ကန်ဒေါ်လာ ၄၄ သန်းဖြင့် ဝယ်ယူထားသည်။ ဓာတ်ပုံ- REUTERS)

(အဆောက်အအုံကြီးကို ရှယ်ယာပိုင်ရှင်အများအပြားက ပိုင်ဆိုင်ထားပြီး Pierre ထံ ၂၀၀၅ ခုနှစ်ကတည်းက အငှားချထားခြင်းဖြစ်သည်။ ဓာတ်ပုံ-Christopher Sadowski)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Sultan of Brunei in talks to buy NYC’s iconic Pierre Hotel: sources

Photo Credit- Annie Wermiel/NY Post, Angel Chevrestt, REUTERS, Christopher Sadowski

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service