စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
17 Jun 2025 11:05 am တွင် တင်ခဲ့သည်
1125 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူအစိုးရသည် စင်္ကာပူမှ Holland လမ်းရှိ အစိုးရပိုင်မြေကွက်ကို ထိုလမ်းပေါ်တွင်ပင် တည်ရှိသော မြေကွက်တစ်ခုနှင့် လဲလှယ်ရန် သဘောတူညီမှု ရရှိထားကြောင်း စင်္ကာပူ မြို့ပြ ပြန်လည်ဖွံ့ဖြိုးရေး အာဏာပိုင်အဖွဲ့ (URA) နှင့် စင်္ကာပူ မြေယာအာဏာပိုင်အဖွဲ့ (SLA) တို့က ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်သည်။

စင်္ကာပူအစိုးရနှင့် မြေကွက်လဲလှယ်မည့်သူမှာ မလေးရှားဘုရင် အီဘရာဟင် အစ္စကန်ဒါ၏ သားကြီးဖြစ်သူ Tunku Ismail Sultan Ibrahim ဖြစ်သည်။

Tunku Ismail သည် Johor ပြည်နယ်၏ Sultan ဖြစ်လာမည့်သူဖြစ်သည်။

Tunku Ismail သည် Holland လမ်းပေါ်တွင် ၂၁ ဒသမ ၁ ဟက်တာရှိ မြေကွက်ကို ပိုင်ဆိုင်ထားသည်။

၎င်းက အဆိုပါမြေနေရာတွင် ဆောက်လုပ်ရေးစီမံကိန်းများ လုပ်ဆောင်ရန် ကြံရွယ်နေခြင်း ဖြစ်သည်။

စင်္ကာပူမှ ယင်းမြေကွက်ကြီးကို Johor ပြည်နယ်မှ တော်ဝင်မိသားစုက မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်ခဲ့ကြသည်။

Tunku Ismail ပိုင်ဆိုင်သော မြေကွက်ကြီးမှာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံထားရသော စင်္ကာပူရုက္ခဗေဒဥယျာဉ်နှင့် ကပ်လျက်တည်ရှိရာ စင်္ကာပူဥပဒေအရ အထပ်မြင့်များ ဆောက်လုပ်ခွင့်မပေးသောကြောင့် ယခုကဲ့သို့ မြေကွက်လဲလှယ်လိုက်လျှင် ရုက္ခဗေဒဥယျာဉ်နှင့် ဝေးကွာသောမြေနေရာကို ရမည်ဖြစ်ရာ Tunku Ismail အဖို့ ဆောက်လုပ်ရေးစီမံကိန်းများ လုပ်ဆောင်နိုင်လာမည်လည်း ဖြစ်သည်။

၁၆၆ နှစ်သက်တမ်းရှိပြီဖြစ်သော စင်္ကာပူရုက္ခဗေဒဥယျာဉ်သည် စင်္ကာပူတွင် ပထမဆုံး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခဲ့သည့်နေရာဖြစ်ပြီး ၂၀၁၅ ခုနှစ်က သတ်မှတ်ခံခဲ့ရခြင်း ဖြစ်သည်။

CAN သတင်းဌာနက ဆက်သွယ်မေးမြန်းရာတွင် SLA နှင့် URA တို့က ပူးတွဲတုန့်ပြန် ဖြေကြားသည်မှာ “Johor ပြည်နယ်ရဲ့ Sultan အဖြစ် အရိုက်အရာ ဆက်ခံမယ့် ပုဂ္ဂိုလ်က သူပိုင်ဆိုင်တဲ့ မြေပေါ်မှာ ဆောက်လုပ်ရေး စီမံကိန်းတွေ လုပ်ဆောင်လိုတာကြောင့် အခုလို မြေကွက်လဲလှယ်ဖို့ လိုအပ်လာတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

“ခွင့်ပြုချက် ပါမစ်အတွက် အစိုးရကို ချဉ်းကပ်တဲ့အခါမှာ ဘယ်လိုဆောက်လုပ်မှုမျိုးမဆို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် စင်္ကာပူ ရုက္ခဗေဒဥယျာဉ်နဲ့ ဝေးကွာတဲ့ နေရာမှာ လုပ်ဆောင်တာကို အားပေးကြောင်း ဖြေကြားပါတယ်”

ယခုကဲ့သို့ မြေကွက်လဲလှယ်မှုမှာ စင်္ကာပူအစိုးရနှင့် ပုဂ္ဂလိကပိုင်ဆိုင်သူတို့အကြား သဘောတူ ဆောင်ရွက်မှုဖြစ်ပြီး မလေးရှားအစိုးရနှင့် Johor ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့များ၏ ပါဝင်ပတ်သက်မှု မရှိကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခု ၂၀၂၅ ခုနှစ်အတွင်း မြေကွက်လဲလှယ်မှု အပြီးသတ်ဆောင်ရွက်ကြဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

မြေကွက်လဲလှယ်မှု အစီအစဉ်အရ Tunku Ismail သည် ၎င်းပိုင်ဆိုင်သော ၁၃ ဟက်တာ အကျယ်မြေကွက် (ရုက္ခဗေဒဥယျာဉ်နှင့် ကပ်လျက်တည်ရှိ) ကို စင်္ကာပူအစိုးရသို့ လွှဲပြောင်းပေးမည် ဖြစ်သည်။

အလဲအလှယ်အားဖြင့် စင်္ကာပူအစိုးရက ၈ ဒသမ ၅ ဟက်တာကျယ်သော မြေကွက်ကို Tunku Ismail အား ပေးအပ်မည် ဖြစ်သည်။

စင်္ကာပူအစိုးရပေးမည့် မြေကွက်မှာ Tunku Ismail ပိုင်သောမြေကွက်ကြီး၏ အနောက်ဘက်တွင် တည်ရှိသည်။

“လဲလှယ်မယ့် မြေကွက်တွေဟာ တန်ကြေး အတူတူလောက်ရှိပါတယ်” ဟု စင်္ကာပူအာဏာပိုင်တို့က ပြောသည်။

မြေကွက်များမှာ အကျယ်အဝန်း မတူညီဘဲလျက် အဘယ်ကြောင့် တန်ဖိုးတူရသနည်းဟု သတင်းမီဒီယာတို့က မေးမြန်းရာတွင် URA and SLA တို့က ဖြေကြားသည်မှာ Tunku Ismail ပိုင်သော မြေကွက်မှာ ရုက္ခဗေဒဥယျာဉ်နှင့် နီးသောကြောင့် အထပ်နိမ့်များသာ ဆောက်လုပ်ခွင့်ရှိကြောင်း၊ အစိုးရကပိုင်သော ၈ ဒသမ ၅ ဟက်တာ မြေကွက်မှာမူ ရုက္ခဗေဒဥယျာဉ်နှင့် ဝေးသောကြောင့် အထပ်မြင့်များ ဆောက်လုပ်နိုင်သဖြင့် တန်ဖိုး ပိုမိုမြင့်မားကြောင်း ဖြေကြားသည်။

လက်ရှိအားဖြင့် ရုက္ခဗေဒဥယျာဉ်အနီးတွင် အမြင့်ဆုံး ၄ ထပ်အထိသာ ဆောက်လုပ်ခွင့်ပေးထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Singapore Swaps Prime Land With Malaysia Billionaire King’s Son (channelnewsasia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service