တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ - Property News in Myanmar from iMyanmarHouse.com
17 Jun 2025 10:43 am တွင် တင်ခဲ့သည်
575 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက်ထိုးမှု အကြိမ်ရေ ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ လုပ်ဆောင်လျက်ရှိမှုအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများအကြား များစွာအံ့အားသင့်နေကြသည်။

Jianghua TV ရုပ်သံဌာနက တရုတ်ပြည်အလယ်ပိုင်း ဟူနန်ပြည်နယ်မှ ကျန်ဝှါးယောင် (Jianghua Yao) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်တွင် ဇွန်လဆန်းပိုင်းက ကျင်းပခဲ့သည့် ယောင်တိုင်းရင်းသား ဆေးပညာပွဲတော်၌ အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်မည့်အချက်များကို မျှဝေပြောကြားခဲ့ရာမှတဆင့် သူ၏အကြောင်း လူသိများလာခြင်း ဖြစ်သည်။

(အဘွားအို၏ အသက် ထက်ဝက်ခန့်သာရှိသူတို့သည် အဘွား၏ ကျန်းမာရေးကို ကြည့်ကာ မိမိကိုယ်ကို အရှက်ရနိုင်သည်။ ဓာတ်ပုံ-Douyin)

“ဒိုက်ထိုးတဲ့အခါမှာ အဘွားရဲ့ နည်းစနစ်က စံနှုန်းကျချင်မှ ကျပါလိမ့်မယ်။ ဒါပေမယ့် အဘွား နေ့တိုင်း အကြိမ် ၂၀၀ ဒိုက်ထိုးပါတယ်” ဟု မျိုးရိုးအမည် လီဟုခေါ်သော အဘွားက ပြောသည်။

လီအဘွားက ပြောသည်မှာ လေ့ကျင့်ခန်းကို နေအိမ်တွင်သာ လုပ်ဆောင်ခြင်း၊ အပြင်တွင် မကြာခဏမိုးရွာတတ်သောကြောင့်ဖြစ်ကြောင်း ဆိုသည်။

လီအဘွား၏ နေအိမ်သို့ သတင်းထောက်များ ရောက်ရှိခဲ့ချိန်တွင် ၎င်းက ထိုင်ထ အကြိမ် ၁၀၀ နှင့် ဒိုက်ထိုးခြင်း အကြိမ် ၂၀၀ လုပ်ဆောင်ပြခဲ့သည်။

ထို့အပြင် ခါးကွင်းလှည့်ခြင်းကိုလည်း ကျွမ်းကျင်စွာ လုပ်ပြခဲ့သည်။

ညနေတိုင်း ခြေထောက်ကို ရေနွေးစိမ်လေ့ရှိကြောင်း လီအဘွားက ပြောသည်။

“အဘွားက ခြေထောက်တွေ မကြာခဏ ကြွက်တက်တတ်တယ်။ ဒါပေမယ့် ခြေထောက်ရေစိမ်တာတွေ လုပ်ခဲ့ပြီးနောက်ပိုင်း ထပ်မဖြစ်တော့ပါဘူး” ဟု ဆိုသည်။

လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ကျန်းမာရေးအတွက် အမှန်တကယ်ပင် အကျိုးရှိလာကြောင်း လီအဘွားက ပြောသည်။

(အသက်အရွယ်အိုမင်းနေပြီဖြစ်သော်လည်း မည်မျှ ပေါ့ပါးဖျတ်လတ်ကြောင်း လီအဘွားက ပြသခဲ့သည်။ ဓာတ်ပုံ-Douyin)

“အဘွားရဲ့ ဆံပင်တွေဖြူကုန်တာ တော်တော်ကြာခဲ့ပါပြီ။ ဒါပေမယ့် မကြာသေးမီက ဆံပင်တွေ ပြန်နက်လာတယ်”

သူသည် ဟူနန်ပြည်နယ်၊ ချန်ရှားမြို့မှ ၁၉၅၉ ခုနှစ်တွင် ဘွဲ့ရခဲ့ပြီးနောက် မူကြိုဆရာမအဖြစ် ဆယ်စုနှစ်များစွာ လုပ်ကိုင်ခဲ့သည်။

သတင်းများတွင် လီအဘွား၏ မိသားစုနှင့် ပတ်သက်သည့်အချက်အလက်များကိုမူ ထုတ်ဖော်ပြောပြထားခြင်း မရှိချေ။

လူမှုကွန်ရက်သုံးစွဲသူတို့က လီအဘွား၏ ကျန်းမာဖျတ်လတ်မှုကို အံ့အားသင့်လျက်ရှိကြသည်။

“မယုံနိုင်စရာပဲ။ ကျွန်တော်ဆို ဒိုက်တစ်ခါထိုးရင် ၁၀ ကြိမ်အောက်ပဲ လုပ်နိုင်တယ်” ဟု တစ်ဦးက မှတ်ချက်ပြုသည်။

“ဘုရားရေ…တကယ်လုပ်နိုင်တာပဲ..သူ့အသက်က ၉၂ နှစ်တောင်ရှိပြီကို…ကျွန်တော့်အသက် ၂၉ နှစ်မှာတောင် အဲ့လောက်လုပ်နိုင်မှာ မဟုတ်ဘူး” ဟု အခြားတစ်ဦးက ဆိုသည်။

(ကျန်းမာရေးအတွက် လေ့ကျင့်မှုများတွင် ခါးကွင်းလှည့်ခြင်းလည်း ပါဝင်ကြောင်း လီအဘွားက ပြောသည်။ ဓာတ်ပုံ-Douyin)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Chinese grandma, 92, wows public by easily completing 200 push-ups, 100 sit-ups daily Photo Credit-Douyin

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service