အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ …… - Property News in Myanmar from iMyanmarHouse.com
12 Jun 2025 11:46 am တွင် တင်ခဲ့သည်
1231 ကြိမ် ကြည့်ရှု့ပြီး

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ ဆင်းရဲသားရပ်ကွက်ကလေးတစ်ခုရှိ ကျူးကျော်တဲလေးတစ်လုံးတွင် နေထိုင်သော အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် မိဘညီအစ်ကိုမောင်နှမများအတွက် အိမ်တစ်လုံး ဝယ်နိုင်မည့်ငွေ ရှာဖွေရေး အိပ်မက်မက်လျက် ရှိသည်။

ဆင်းဆင်းရဲရဲ ဘဝမျိုးတွင် နေထိုင်ရသော်လည်း ပျော်ရွှင်ကြောင်း ၎င်းက ပြောသည်။

ဘီဘီစီ သတင်းဌာန၏ Streets of Gold: Mumbai documentary အစီအစဉ်တွင် ဖော်ပြခံခဲ့ရသော မလီးရှား ခါရ်ဗာ (….) က ပြောသည်မှာ စူပါမော်ဒယ်တစ်ဦးဖြစ်လာရန် မျှော်မှန်းထားကြောင်း၊ မော်ဒယ်တစ်ဦး ဖြစ်လာပါက မွန်ဘိုင်းမြို့၊ဘန်ဒရအရပ်တွင် တရားမဝင် နေထိုင်ရသည့်ဘဝမှ ရုန်းထွက်နိုင်ရန် မျှော်လင့်ကြောင်း ပြောသည်။

ခါရ်ဗာသည် ကျူးကျော်တဲလေးတွင် ဖခင်၊ အစ်ကို ၊ ညီမငယ်တို့နှင့်အတူ နေထိုင်လျက် ရှိသည်။

ဆင်းရဲသားရပ်ကွက်မှ မင်းသမီးလေးဟု လူသိများသူ ခါရ်ဗာကို ၂၀၂၀ ပြည့်နှစ်တွင် ဟောလိဝုဒ် ရုပ်ရှင်မင်းသား ရောဘတ် ဟော့ဖ်မန်း (Robert Hoffman) က အမှတ်မထင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဟော့ဖ်မန်းသည် မွမ်ဘိုင်းတွင် ရုပ်ရှင်ရိုက်ရန် ရောက်ရှိနေချိန် ခါရ်ဗာကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဟော့ဖ်မန်းသည် YouTube တွင် Punch Robert အမည်ရှိ ချန်နယ်တစ်ခု တည်ထောင်ထားပြီး စုစုပေါင်း view သန်း ၁၀၀ ကျော် ရှိသည်။

ရုပ်ရှင်မင်းသား ရောဘတ်ဟော့ဖ်မန်းသည် ခါရ်ဗာအတွက် အင်စတာဂရမ် အကောင့်တစ်ခုအပြင် GoFundMe စာမျက်နှာတစ်ခု ဖွင့်လှစ်ပေးထားသည်။

GoFundMe မှတဆင့် ခါရ်ဗာ၏ ပညာရေး၊ စားဝတ်နေရေးတို့ ဒေါ်လာ ၂၀၀၀၀ ကျော် ရရှိထားပြီး ဖြစ်သည်။

ခါရ်ဗာ၏ အင်စတာဂရမ်အကောင့်မှာ ယခုအခါ Follower ၄၀၀၀၀၀ ကျော်အထိ ရှိနေသည်။

ခါရ်ဗာသည် ယခုအခါ အိန္ဒိယမှ နာမည်ကြီး တိုင်းရင်းဆေးအမှတ်တံဆိပ်ဖြစ်သော Forrest Essentials ၏ မော်ဒယ်ဖြစ်လာသည့်အပြင် နာမည်ကြီး မဂ္ဂဇင်းများဖြစ်သော Cosmopolitan India နှင့် The Peacock တို့ကဲ့သို့ ဖက်ရှင်မဂ္ဂဇင်းများ၏ မျက်နှာဖုံးရှင်လည်း ဖြစ်လာသည်။

Mini Series Documentary အစီအစဉ်တွင် ခါရ်ဗာက ပြောသည်မှာ “ကျွန်မ စူပါမော်ဒယ်တစ်ယောက် ဖြစ်ချင်ပါတယ်” ဟု ဆိုသည်။

ခါရ်ဗာနေထိုင်သောနေရာမှာ တစ်ဘက်ရပ် ပလတ်စတစ်မိုး တဲကလေးတစ်လုံးဖြစ်ပြီး လျှပ်စစ်မီး မရှိချေ။

ထိုဒေသတွင် ကျူးကျော်တဲဖြင့် နေထိုင်ကြသည်မှာ နှစ်ပေါင်း ၂၀ ကျော်ရှိခဲ့ပြီဖြစ်ပြီး ၎င်းတို့၏ ကျူးကျော်တဲများမှာ မကြာခဏ ရှင်းလင်းဖျက်သိမ်းခံကြရသည်။

ခါရ်ဗာက ပြောသည်မှာ “သူတို့တွေ အမြဲရောက်ရောက်လာတယ်။ ဘူဒိုဇာကြီးတွေ…လက်နက်တွေ ပါလာတယ်။ ပြီးတော့ အိမ်တွေကို ဖြိုချတယ်။ အများအားဖြင့် မိုးရာသီမှာ ဖြိုချကြတာများတယ်။ မိုးတွင်းမှာ အိမ်ပြန်ဆောက်ရတာ မလွယ်ဘူးလေ” ဟု ဆိုသည်။

ဟောလိဝုဒ် ရုပ်ရှင်မင်းသားနှင့် ဆုံစည်းခဲ့ပြီးနောက်ပိုင်း အိန္ဒိယ၏ အကြီးမားဆုံး Skin Care အမှတ်တံဆိပ်ဖြစ်သော Forrest Essential အတွက် ဓာတ်ပုံရိုက်ကူးကာ မော်ဒယ်လုပ်ပေးခဲ့ရကြောင်း ခါရ်ဗာက ပြောသည်။

“မော်ဒယ်လုပ်လို့ရတဲငွေကနေ အဖေနဲ့ မောင်လေးတို့အတွက် အိမ်ကြီးတစ်လုံး ဝယ်ပေးချင်ပါတယ်။ အဖေက ကျွန်မတို့အားလုံးကို ကျွေးမွေးပြုစုခဲ့တာပါ။”

(မွမ်ဘိုင်းမြို့ ဘန်ဒရအရပ်တွင် ကျူးကျော်တဲလေး၌ နေထိုင်ရလျက်ရှိသော မလီးရှား ခါရ်ဗာမှာ မိသားစုအတွက် အိမ်တစ်လုံးဝယ်နိုင်ရန် စိတ်ကူးအိပ်မက်နေသည်။)

(ခါရ်ဗာသည် ၎င်း၏ idol ဖြစ်သော ဖက်ရှင်ဓာတ်ပုံဆရာ Sasha Jairan ကို အင်စတာဂရမ်တွင် ဆက်သွယ်ခဲ့သည်။ Sasha က ခါရ်ဗာအတွက် portfolio တစ်ခု အခမဲ့ဖန်တီးပေးခဲ့သည်။)

(ခါရ်ဗာ၏ မော်ဒယ်အိပ်မက် အကောင်အထည်ပေါ်လာရန် Sasha က portfolio တစ်ခု အခမဲ့ဖန်တီးပေး ခဲ့သည်။)

သူ၏ profile တွင် ဖော်ပြထားသည်မှာ “လူတွေက ကျွန်မကို ဆင်းရဲသားရပ်ကွက်မှာ နေတယ်လို့ ပြောကြတယ်။ ဒါပေမယ့် ကျွန်မ ကိုယ့်ဘဝကိုယ် ချစ်ပါတယ်။ ကျွန်မ စူပါမော်ဒယ်တစ်ယောက် ဖြစ်ချင်ပါတယ်။ မိသားစု ဝဝလင်လင် စားနိုင်ရေးအတွက်ပါ” ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Model living In Mumbai's slums dreams of buying her family a house Photo Credit-dailymail

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service