တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ - Property News in Myanmar from iMyanmarHouse.com
3 Jun 2025 11:57 am တွင် တင်ခဲ့သည်
1120 ကြိမ် ကြည့်ရှု့ပြီး

ဟွမ်ဇေထောင် (Huang Zitao) (မွေး ၁၉၉၃) ကို အနုပညာအမည် Tao ဟု လူသိများပြိး တရုတ်လူမျိုး ရက်ပ်အဆိုတော်တစ်ဦး ဖြစ်သည်။

ဟွမ်သည် တောင်ကိုရီးယား နာမည်ကြီး လူငယ်ဂီတအဖွဲ့ဖြစ်သော Exo ၏ အဖွဲ့သားဟောင်းတစ်ဦး ဖြစ်သည်။

Exo မှ ထွက်ခဲ့ပြီးနောက်ပိုင်း တရုတ်ပြည်တွင် solo mini-album တစ်ခုဖြစ်သော TAO ကို အနုပညာအမည် Z.Tao ဖြင့် ထုတ်လုပ်ခဲ့သည်။

ဟွမ်သည် ၂၀၁၅ ခုနှစ်က ထုတ်လွှင့်ခဲ့သော You Are My Sunshine တွင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ကာ ရုပ်ရှင်လောကသို့လည်း ခြေချခဲ့သည်။

(Live လွှင့် ဈေးရောင်းလာသော ဘီလျံနာသူဌေး))

မကြာသေးမီက တရုတ်ပြည်တွင် လစဉ်သုံးပစ္စည်း ထုတ်ကုန်နှင့် ပတ်သက်သော သတင်းများ ဂယက်ရိုက်ခဲ့ရာ ဟွမ်က ယုံကြည်မှု ပြန်လည် တည်ဆောက်သည့်အနေဖြင့် ၎င်း၏ကိုယ်တိုင်ထုတ် မိန်းကလေး လစဉ်သုံးပစ္စည်းကို Live လွှင့်ကာ ရောင်းချလာသည်။

အသက် ၃၂ နှစ်အရွယ် အဆိုတော်၊ ရုပ်ရှင်မင်းသား၊ ဘီလျံနာသူဌေး ဟွမ်သည် တရုတ်ပြည် အရှေ့ပိုင်း ရှန်တုံပြည်နယ်တွင် မွေးဖွားသူဖြစ်ပြီး တောင်ကိုရီးယားတွင် ပညာဆည်းပူးမှုများ ပြုလုပ်ခဲ့သည်။

ဟွမ်၏ ဖခင်မှာ တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်က ဆုံးပါးသွားသည်။

ဖခင်ကြီး ကွယ်လွန်ချိန်တွင် ဟွမ်သည် ကန်ဒေါ်လာ ၃ ဘီလီယံခန့် အမွေရခဲ့သည်ဟု ခန့်မှန်းရသည်။

ဟွမ်သည် ဘွင်းဘွင်းရှင်းရှင်း ပြောတတ်သော အကျင့်နှင့် ဇနီးအပေါ် ချစ်တတ်မှုတို့ကြောင့်လည်း လူသိများကာ ပြည်မကြီး လူမှုကွန်ရက်တွင် သူ၏အကောင့်မှာ follower ၆၆ သန်းကျော် ရှိသည်။

ဟွမ်၏ ဇနီးဖြစ်သူ ရှုယိယန်မှာလည်း အဆိုတော်၊ ရုပ်ရှင်မင်းသမီးတစ်ဦး ဖြစ်သည်။

တရုတ်ပြည်တွင် စက်ရုံများစွာသည် အသုံးပြုပြီးသား မိန်းကလေး လစဉ်သုံးပစ္စည်းများနှင့် ကလေးသုံး ဒိုက်ပါများကို ပြန်လည်ထုပ်ပိုးကာ ဈေးနှုန်းနည်းပါးစွာ ရောင်းချနေသည်ဟူသော သတင်းများ ယခုနှစ် မတ်လအတွင်းက ဂယက်ရိုက်ပျံ့နှံ့ခဲ့ဖူးသည်။

ထိုသို့သော လုပ်ရပ်မှာ အလွန်စက်ဆုပ်ရွံရှာဖွယ်ဖြစ်ကြောင်း ဟွမ်က ပြောကြားခဲ့ပြီး အမျိုးသမီးများ ယုံကြည်စိတ်ချနိုင်သည့် လစဉ်သုံးပစ္စည်းများ ရရှိနိုင်ရန်အတွက် ကိုယ်ပိုင်စက်ရုံတည်ထောင်ကာ ရောင်းချပေးမည်ဟု ကတိပြုခဲ့သည်။

ထို့နောက် ဟွမ်က စက်ရုံတစ်ခု ဝယ်ယူလိုက်ပြီး စက်သစ်ကြီးများ တပ်ဆင်ကာ Duowei ဟူသော အမှတ်တံဆိပ်ဖြင့် ကျန်းမာရေးသုံးပစ္စည်းများ ထုတ်လုပ်ခဲ့သည်။

(▲ ဟွမ်က ကန်ဒေါ်လာ သန်း ၄၀ ရင်းနှီးမြှုပ်နှံကာ စက်ရုံတည်ထောင်လိုက်ပြီး live လွှင့်ရောင်းချမှုများ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-Douyin/Weibo)

ဟွမ်က ပြောသည်မှာ မိမိအနေဖြင့် ယွမ်ငွေ ၂၇၅ သန်း (ကန်ဒေါ်လာ သန်း ၄၀) ရင်းနှီးမြှုပ်နှံခဲ့ပြီး အမျိုးသမီး လစဉ်သုံးပစ္စည်းများကို Domyway ဟူသော အမှတ်တံဆိပ်ဖြင့် ၂၀၂၅ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ကြောင်း ပြောသည်။

သူ၏ စက်ရုံတွင် ရာနှုန်းပြည့် အလိုအလျောက်စနစ်သုံး ထုတ်လုပ်ရေးလိုင်း ၃ ခုရှိပြီး တစ်မိနစ်လျှင် pad ၃၆၀၀ ခု ထုတ်လုပ်နိုင်စွမ်းရှိသည်။

Pad တစ်ခုချင်းစီတွင် QR code တစ်ခု ထည့်သွင်းပေးထားပြီး အဆိုပါ code ကို scan ဖတ်ကာ စက်ရုံ၏ လည်ပတ်ထုတ်လုပ်နေပုံများကို အချိန်နှင့် တပြေးညီ ကြည့်ရှုနိုင်သည်။

အမျိုးသားများက ထုတ်လုပ်ခြင်းဖြစ်သောကြောင့် မိန်းကလေးတို့၏ လိုအပ်ချက်ကို အမှန်တကယ် နားလည်နိုင်ပါမည်လားဟု လူမှုကွန်ရက်သုံးစွဲသူအချို့ မေးခွန်းထုတ်သည်။

(▲ ဟွမ်က live လွှင့် ဈေးရောင်းချိန်များတွင် သူ၏ စက်ရုံ၌ မည်သို့ထုတ်လုပ်နေပုံကို ပြသလေ့ရှိသည်။ ဓာတ်ပုံ-Douyin/Weibo)

ဟွမ်က ပြန်လည်ဖြေကြားသည်မှာ ဇနီးဖြစ်သူက အဆိုပါ pad များကို ၃ မျိုး၊ ၄ မျိုးခန့် စမ်းသပ်သုံးစွဲကြည့်ခဲ့ြ့ပီး သန့်ရှင်းကာ ဘေးကင်းစိတ်ချရကြောင်း ပြောသည်ဟု ဆိုသည်။

“ကျွန်မကတော့ ဟွမ်ရဲ့ ကိုယ့်ကျင့်သိက္ခာကို ယုံတယ်။ ဒါကြောင့် သူ့ရဲ့ ထုတ်ကုန်တွေကို သေချာပေါက် အားပေးမှာပါ” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ထောက်ခံအားပေးသည်။

လွန်ခဲ့သော ဧပြီလ ၁၁ ရက်က ဟွမ်က live လွှင့်စဉ်အတွင်း ၎င်းထုတ်လုပ်သော pad များကို တစ်ခုလျှင် ၀ ဒသမ ၀၁ ယွမ်မျှဖြင့် အခုရေ ၄၉၅၀၀ ကို မိတ်ဆက်သည့်အနေဖြင့် ရောင်းချပေးခဲ့ရာ တစ်မိနစ်အတွင်း ရောင်းကုန်သွားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: China pop idol live-streams sale of own sanitary pad brand, earns US$3 million in half an hour

Photo Credit- Douyin/Weibo

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service