စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ် - Property News in Myanmar from iMyanmarHouse.com
16 May 2025 10:47 am တွင် တင်ခဲ့သည်
1204 ကြိမ် ကြည့်ရှု့ပြီး

စပိန်နိုင်ငံတွင် COVID-19 ကြောက်ရောဂါရှိသော ဂျာမန်မိဘများက ၎င်းတို့၏ ကလေး ၃ ဦးကို ၄ နှစ်ကျော် ပိတ်လှောင်ထားခဲ့ရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည်။

ကမ္ဘာတဝန်း COVID-19 နှင့် ပတ်သက်သည့် စည်းမျဉ်းတင်းကြပ်ကန့်သတ်ထားမှုများ ရုပ်သိမ်းဖယ်ရှားပေးခဲ့ကြပြီးဖြစ်သော်လည်း ကလေးငယ် ၃ ဦး၏ မိဘများက ရောဂါကူးစက်မည်ကို စိုးရိမ်နေကြသည်။

စပိန်နိုင်ငံ အနောက်မြောက်ပိုင်း Oviedo မြို့ရှိ နေအိမ်တွင် ၈ နှစ်အရွယ် အမြွှာ ၂ ဦးနှင့် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦးတို့ကို အာဏာပိုင်တို့က ကယ်ထုတ်နိုင်ခဲ့ကြောင်း စပိန်သတင်းဌာနတစ်ခုဖြစ်သော El Comercio က ဖော်ပြသည်။

ကလေးငယ်များမှာ ၂၀၂၁ ခုနှစ်ကတည်းက အိမ်ထဲတွင် ပိတ်လှောင်ခံထားရခြင်း ဖြစ်သည်။

(▲ အိမ်ထဲတွင် နှစ်နှင့်ချီကာ ပိတ်လှောင်ခံထားရသော ကလေး ၂ ဦး အိမ်ပြင်သို့ ပထမဆုံး ထွက်လာခဲ့ကြပုံ။)

(▲ ကလေးငယ်များ ပိတ်လှောင်ခံထားခဲ့ရသည့် နေအိမ်တွင်းမြင်ကွင်း)

ကလေးများကို ကယ်တင်ရာတွင် ပါဝင်ခဲ့သော အရာရှိတစ်ဦးက ပြောသည်မှာ “သူတို့ကို အိမ်ပြင်ခေါ်ထုတ် လာတဲ့အချိန်မှာ ကလေး ၃ ယောက်ဟာ အပြင်ရောက်တာနဲ့ လေကို တဝကြီးရှူကြပါတယ်။ သူတို့ဟာ အိမ်ပြင်ကို တခါမှ မရောက်ဖူးတဲ့ပုံစံပါပဲ။” ဟု ဆိုသည်။

ကလေးများ၏ မိဘများမှာ အသက် ၅၃ နှစ်အရွယ်ရှိ ဂျာမန်အမျိုးသားနှင့် အသက် ၄၈ နှစ်အရွယ် အမေရိကန် အမျိုးသမီးတို့ ဖြစ်သည်။

ဇနီးဖြစ်သူတွင် ဂျာမန်ပတ်စ်ပို့တစ်ခု ကိုင်ဆောင်ထားသည်။

၎င်းတို့ကို အိမ်တွင်းအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းမှုအပြင် အခြားပုဒ်မများဖြင့် ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အာဏာပိုင်တိို့၏ ပြောကြားချက်များအရ ကလေးများ၏ မိဘတို့မှာ ကိုဗစ်ကြောက်ရောဂါရှိသူများဖြစ်သည်ဟု ဆိုသည်။

၎င်းတို့က တမိသားစုလုံးကို နှစ်နှင့်ချီပြီး မိမိတို့ဘာသာ Lockdown ချထားကာ ပြင်ပလောကနှင့် အဆက်ဖြတ်ခဲ့သည်။

အိမ်နီးချင်းများက အကြောင်းကြားသောကြောင့် ရဲတပ်ဖွဲ့က သိရှိခဲ့ခြင်း ဖြစ်သည်။

ထိုအိမ်တွင် နေထိုင်သော ကလေးငယ်များ ကျောင်းမသွားသည်မှာ ကာလအလွန်ကြာခဲ့ပြီဖြစ်သည်ကို အိမ်နီးချင်းများ သတိပြုမိခဲ့သည်။

အရာရှိတစ်ဦးက El Mundo သတင်းဌာနသို့ ပြောသည်မှာ “ကလေးတွေရဲ့ အခြေအနေ တော်တော်ဆိုးဝါးပါတယ်။ အတော်လေး အဆီအငေါ် မတည့်တဲ့ ကိစ္စပါပဲ။ အစာရေစာ ငတ်မွတ်မှုတော့ မရှိပါဘူး။ ဝဝလင်လင် စားရပါတယ်။ ဒါပေမယ့် ညစ်ပတ်နေကြပြီး အပြင်လောကနဲ့ အဆက်အသွယ် ပြတ်နေကြတယ်။ သူတို့ကို အိမ်အပြင် ပန်းခြံထဲကို ခေါ်ထုတ်လာတဲ့အချိန်မှာ အပြင်မထွက်ရတာ အတော်ကြာပြီဖြစ်တာကြောင့် ခရုတစ်ကောင်တွေ့ရင်တောင် ကြောက်နေကြတယ်” ဟု ဆိုသည်။

စပိန် ပြည်တွင်းသတင်းဌာနတို့၏ ဖော်ပြချက်အရ ၎င်းတို့မိသားစုသည် ထိုအိမ်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ငှားရမ်းခဲ့ပြီး ဖခင်၏ အမည်သာ စာရင်းပေးထားသည်ဟု ဆိုသည်။

စုံစမ်းစစ်ဆေးချက်များအရ ဖခင်ဖြစ်သူတစ်ဦးတည်းသာ အစားအသောက်နှင့် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူရန် အိမ်ပြင်ထွက်လေ့ရှိသည်ဟု ဆိုသည်။

အိမ်နီးချင်းတို့၏ ပြောကြားချက်အရ ထိုမိသားစုသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကတည်းက အိမ်ပြင်သို့ ထွက်သည်ကို မမြင်ဖူးကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: ‘House Of Horrors’: German Kids, Locked Up By Parents Over COVID Fear, Rescued

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service