နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀ ရက်တွင် လေလံတင် ရောင်းချမည်ဟုဆို

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀ ရက်တွင် လေလံတင် ရောင်းချမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
2 May 2025 10:47 am တွင် တင်ခဲ့သည်
752 ကြိမ် ကြည့်ရှု့ပြီး

နာဇီတို့၏ ရန်မှ လွတ်မြောက်ရန်အတွက် မြေမြှုပ်သိုဝှက်သွားခဲ့သော ရှားပါးရွှေဒင်္ဂါးပေါင်း ၁၅၀၀၀ ကျော်မှာ ရာစုနှစ် တစ်ဝက်နီးပါးရှိလာချိန်တွင် ပြန်လည်ထွက်ပေါ်လာခဲ့သည်။

ဒေါ်လာ သန်း ၁၀၀ ကျော်တန်ကြေးရှိသော ရွှေဒင်္ဂါးများကို တူးဖော်တွေ့ရှိသူတို့က Traveller Collection ဟု အမည်ပေးထားသည်။

((စီးကရက်ဘူးများ၊ အလူမီနီယံဘူးများတွင် ထည့်သွင်း မြေမြှုပ်ခဲ့))

ယခု ရွှေဒင်္ဂါးပြားများကို မူလ စုဆောင်းသူတို့ စတင်စုဆောင်းခဲ့သည်မှာ ၁၉၂၉ ခုနှစ် Wall Street ပြိုလဲမှု ဖြစ်ပွားချိန်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

ဥရောပမှ ဒင်္ဂါးပြားများ စုဆောင်းမှု ဝါသနာကြီးသူ စီးပွားရေးလုပ်ငန်းရှင်နှင့် ၎င်း၏ဇနီးသည် ဥရောပတလွှားနှင့် အမေရိကတို့တွင် ၁၀ စုနှစ် တစ်ခုကြာ ခရီးထွက်ခဲ့ကြသည်။

ထိုခရီးစဉ်အတွင်း အရှားပါးဆုံးနှင့် သမိုင်းတန်ဖိုးအကြီးဆုံး ဒင်္ဂါးပြားများကို ဝယ်ယူစုဆောင်းခဲ့ကြသည်။

သို့သော် နာဇီတို့က နိုင်ငံများကို ကျူးကျော်မှုများ ပြုလုပ်လာပြီး ဒုတိယကမ္ဘာစစ်ကြီး၏ စစ်ရိပ်စစ်ငွေ့များ သန်းလာချိန်တွင် ဒင်္ဂါးပြားများ စုဆောင်းထားသော လုပ်ငန်းရှင်က အရေးကြီးသည့် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ရသည်။

နာဇီတို့လက်တွင် ရှားပါးဒင်္ဂါးများ ဆုံးရှုံးမသွားစေရန်အတွက် စီးကရက်ဘူးများ၊ အလူမီနီယံဘူးများထဲတွင် ထည့်သွင်းပြီး မြေမြှုပ်သိုဝှက်ထားလိုက်သည်။

ထိုသို့ မြေမြှုပ်ထားသည့်နေရာကို ဇနီးဖြစ်သူမှတပါး အခြားမည်သူမှ မသိခဲ့။

အဆိုပါ ဇနီးမောင်နှံ မည်သည့်နေရာတွင် ဇာတ်မြှုပ်နေထိုင် အဆုံးသတ်ခဲ့သည်ကို မည်သူမှ မသိကြချေ။

((ဒေါ်လာ သန်း ၁၀၀ ကျော်တန်ကြေးရှိ ဒင်္ဂါးများ ပြန်လည်ပေါ်ထွက်လာခြင်း))

ဆယ်စုနှစ် ၅ ခုကျော်အကြာတွင် ဒင်္ဂါးများ မြှုပ်နှံခဲ့သည့် ဇနီးမောင်နှံ၏ မျိုးဆက်တို့က အဆိုပါ ရွှေဒင်္ဂါးများကို ပြန်လည်တူးဖော်နိုင်ခဲ့ရာ တစ်ကမ္ဘာလုံး အုတ်အုတ်ကြက်ကြက် အာရုံစိုက်နေသော သတင်းဖြစ်လာသည်။

နယူးဇီလန်အခြေစိုက် လေလံကုမ္ပဏီတစ်ခုဖြစ်သော Numismatica Ars Classica (NAC) က လေလံတင်ရောင်းချပေးရန် စီစဉ်နေသည်။

ပထမအသုတ်အနေဖြင့် ဒင်္ဂါးပြားအချို့ကို ၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်တွင် လေလံတင် ရောင်းချရန် စီစဉ်ထားသည်။

NAC ၏ ဒါရိုက်တာဖြစ်သူ Artoro Russo ၏ ပြောကြားချက်အရ ပထမအသုတ် လေလံတင်မည့် ဒင်္ဂါးများသည် တန်ဖိုးအရှိဆုံး ဒင်္ဂါးများဖြစ်ကြောင်း၊ မိမိတို့ ကုမ္ပဏီသက်တမ်းတလျှောက် လေလံတင်ဖူးသမျှတွင် တန်ဖိုးအကြီးဆုံးဖြစ်ကြောင်း ပြောသည်။

ဒင်္ဂါးစုဆောင်းသူဝါသနာအိုးတို့အတွက် လက်လွတ်မခံသင့်သည့် လေလံပွဲကြီးဖြစ်သည်။

အလွန်ရှားပါးသော ဒင်္ဂါးများဖြစ်ပြီး အချို့သောဒင်္ဂါးများဆိုလျှင် ဒင်္ဂါးစုဆောင်းသူတို့၏ သမိုင်းတွင် မှတ်တမ်းမှတ်ရာပင် မရှိသေးချေ။

(▲ Tehran နှင့် Isfahan တို့တွင် ၁၈ ရာစုနှောင်းပိုင်းနှင့် ၁၉ ရာစုအစောပိုင်းတွင် ထုတ်လုပ်ခဲ့သော ၅၀ Doman ဒင်္ဂါးပြားတစ်ခုကို တွေ့ရပုံ။ ဓာတ်ပုံ-Flint Culture)

 

((အထင်ကရ ရွှေဒင်္ဂါးများ))

ယခုတူးဖော်တွေ့ရှိသော ရွှေဒင်္ဂါးများအနက် အထင်ကရအရှိဆုံးမှာ Habsburg အင်ပါယာ (၁၆၂၉) တွင် ထုတ်လုပ်ခဲ့သော Ferdinand III ၏ ရုပ်ပုံသွန်းလုပ်ထားသော ရွှေဒင်္ဂါးပြား ၁၀၀ ဖြစ်သည်။

(မှတ်ချက်။ Habsburg အင်ပါယာမှာ သြစထရီးယား၊ ဟန်ဂေရီ၊ ချက်သမ္မတနိုင်ငံ၊ စလိုဗက်ကီးယား၊ စလိုဗေးနီးယား၊ ခရိုအေးရှား၊ ပိုလန်၏ အချို့သော ဒေသများနှင့် ရိုမေးနီးယားနိုင်ငံတို့၏ နယ်နိမိတ်များ ပါဝင်ခဲ့သော အင်ပါယာကြီးဖြစ်သည်)

Ferdinand III ဒင်္ဂါးတို့၏ အလေးချိန်မှာ ၃၄၈ ဒသမ ၅ ဂရမ်ခန့် ရှိပြီး တန်ကြေး ကန်ဒေါ်လာ ၁ ဒသမ ၃၅ သန်းခန့်ရှိသည်ဟု ခန့်မှန်းထားသည်။

(▲ ရှာဖွေတွေ့ရှိခဲ့သော ဒင်္ဂါးများအနက် Habsburg အင်ပါယာမှ Ferdinand III ရွှေဒင်္ဂါးပြား ၁၀၀ လည်း ပါဝင်ပြီး ၁၆၂၉ ခုနှစ်တွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Flint Culture)

 

ယခုတူးဖော်တွေ့ရှိသော ရွှေဒင်္ဂါးပြား ၁၅၀၀၀ ကျော်ကို အချိန် ၃ နှစ်ယူကာ တစ်သုတ်ချင်း လေလံတင်သွားရန် စီစဉ်ထားရာ နိုင်ငံတကာရှိ သမိုင်းပညာရှင်များနှင့် ဒင်္ဂါးစုဆောင်းသူတို့ စိတ်ဝင်စားကြမည်ဟု ခန့်မှန်းထားသည်။

(▲ ၁၇၇၇ ခုနှစ်က ထုတ်လုပ်ခဲ့သော George III ပုံ ရိုက်နှိပ်ထားသည့် ဒင်္ဂါးများမှာ ကန်ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိသည်ဟု ခန့်မှန်းထားသည်။ ဓာတ်ပုံ-Flint Culture)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: $160 Million Gold Treasure Found After 50 Years Hidden Underground Photo Credit- Flint Culture

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service