တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စားနေ

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စားနေ - Property News in Myanmar from iMyanmarHouse.com
18 Feb 2025 10:26 am တွင် တင်ခဲ့သည်
774 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် လူငယ်တို့သည် ကျောင်းစာလေ့လာရန်အတွက် Disneyland တွင် တစ်နှစ်စာ Membership လက်မှတ်ဝယ်ယူကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု အလွန်ခေတ်စားလာနေသည်။

အခက်အခဲဆုံးအရာကို ပျော်စရာ အကောင်းဆုံးနေရာတွင် လုပ်ဆောင်ရမည်ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားကာ ယခုကဲ့သို့ လုပ်ဆောင်လာခြင်း ဖြစ်သည်။

ပြီးခဲ့သောနှစ် မတ်လကတည်းက စတင်ခေတ်စားလာနေခြင်း ဖြစ်သည်။

တရုတ်လူငယ်များစွာက ရှန်ဟိုင်းနှင့် ဟောင်ကောင်တို့ရှိ Disneyland ကစားကွင်းများတွင် ကျောင်းစာလေ့လာကြပုံများကို လူမှုကွန်ရက်တွင် မျှဝေရာမှ ပျံ့နှံ့ခေတ်စားလာခြင်း ဖြစ်သည်။

ဟောင်ကောင်မှ တက္ကသိုလ်ကျောင်းသူတစ်ဦးက ကျောင်းစာလေ့လာရန် ကစားကွင်းကို ရွေးချယ်ရသည့် အကြောင်းရင်းအား Haibao News သတင်းဌာနသို့ ပြောပြသည်။

ကစားကွင်းထဲတွင် ပျံ့လွင့်နေသော ဂီတသံတို့ကြောင့် ကျောင်းစာ၏ ဖိအားများကို လျော့ကျစေကြောင်း ၎င်းက ပြောသည်။

၎င်းက Disneyland တစ်နှစ်တာဝင်ခွင့် Platinum လက်မှတ်ကို ဝယ်ယူခဲ့ရာတွင် ဟောင်ကောင်ဒေါ်လာ ၄၉၉၈ (ကန်ဒေါ်လာ ၆၄၀ ပေးခဲ့ရသည်။)

ပိုမိုဈေးသက်သာသော တစ်နှစ်တာဝင်ခွင့် လက်မှတ်မှာ ဟောင်ကောင် Disneyland တွင် ဟောင်ကောင် ဒေါ်လာ ၁၅၆၈ (ကန်ဒေါ်လာ ၂၀၀)၊ ရှန်ဟိုင်းတွင် ယွမ် ၁၃၉၉ ဖြစ်ပြီး ရုံးရက်များတွင် ဝင်ခွင့်ရှိသည်။

 

 

(လူငယ်များသည် ရှန်ဟိုင်းနှင့် ဟောင်ကောင် Disneyland တို့၌ ကျောင်းစာလေ့လာကြပုံကို လူမှုကွန်ရက်၌ မျှဝေကြသည်။ ဓာတ်ပုံ-RedNote)

Disneyland တွင် တစ်နေ့တာ ဝင်ခွင့်လက်မှတ်မှာ ယွမ်ငွေ ရာနှင့်ချီ၍ ပေးရမည်ဖြစ်ရာ ကစားကွင်းတွင် ပုံမှန်သွား၍ ကျောင်းစာလေ့လာရန် စီစဉ်ထားပါက တစ်နှစ်တာဝင်ခွင့်လက်မှတ်မှာ ပို၍ တန်ကြောင်း လူငယ်တို့က ပြောသည်။

ပေကျင်းမြို့ရှိ လူငယ်များကမူ ကျောင်းစာလေ့လာရန်နေရာအဖြစ် Universal Studio ကို ရွေးချယ်ကြသည်။

အဆိုပါ ကစားကွင်း ပန်းဥယျာဉ်များသည် မြို့စွန် ဆင်ခြေဖုံးတွင် တည်ရှိကြရာ ကျောင်းသားများအနေဖြင့် ကျောင်းစာလေ့လာမည့်နေရာသို့ ရောက်ရန် တစ်နာရီ (သို့မဟုတ်) ၂ နာရီခရီး သွားလာကြရမည် ဖြစ်သည်။

သို့သော် ကစားကွင်းများကပေးစွမ်းသည့် စိတ်ခံစားမှုတန်ဖိုးကြောင့် အချိန်ကြာရှည်သွားလာရခြင်းမှာ တန်သည်ဟု လူငယ်များက ယူဆကြသည်။

ရှန်ဟိုင်းမြို့မှ ဘွဲ့လွန်ကျောင်းသူတစ်ဦးက Disneyland မှ အကောင်းဆုံးစွဲဆောင်မှုတစ်ခုကို ထောက်ပြသည်မှာ ညစဉ်မီးရှုးမီးပန်းများ တွေ့ရခြင်းဖြစ်ကြောင်း ပြောသည်။

မိမိ၏ပညာရေးခရီးမှာ မည်သို့ရလဒ်ရှိလာမည်နှင့်စပ်လျဉ်းပြီး မရေရာမှုများရှိနေရာ အဆိုပါ မီးရှူးမီးပန်းတို့မှာ မိမိအား မျှော်လင့်ချက်များ မွေးဖွားပေးကြောင်း ၎င်းက ပြောသည်။

“ကျွန်မတို့အားလုံးမှာ တောက်ပတဲ့ အနာဂတ်ရှိကြပါတယ်”

အခြားတက္ကသိုလ်ကျောင်းသားတစ်ဦးကလည်း Daily People သတင်းဌာနသို့ ပြောသည်မှာ Disneyland သည် မိမိ၏ စာလေ့လာသည့်အခန်းနှင့် အားကစားလေ့ကျင့်ခန်းမတစ်ခုသဖွယ် ဖြစ်လာကြောင်း ပြောသည်။

ကစားကွင်းကဲ့သို့ ဝန်းကျင်မျိုးတွင် စူးနစ်အာရုံစိုက်ရသည့်စာများ လေ့လာရန် ထိရောက်မှုရှိမည်မဟုတ်ကြောင်း ကျောင်းသားလူငယ်တို့က သိရှိကြသည်။

ကစားကွင်းတွင် ၎င်းတို့အဓိကလေ့လာသည်မှာ ရိုးစင်းလွယ်ကူသောစာများ၊ လေ့လာပြီးသားကို ပြန်လည်လေ့လာခြင်းမျိုးနှင့် အင်္ဂလိပ်ဝေါဟာရများ လေ့လာခြင်းကဲ့သို့အရာမျိုးသာ ပြုလုပ်ကြသည်။

 

 

(လူစုလူဝေးနည်းပါးသော ညစာစားခန်းများနှင့် နားနေခန်းများကဲ့သို့ နေရာမျိုးတွင် ကျောင်းစာလေ့လာရန် အချို့က အကြံပြုသည်။ ဓာတ်ပုံ- JOHANNES EISELE/AFP)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China youth buy annual passes to study at Disneyland, allowing for breaks, fun rides to relax Photo Credit- JOHANNES EISELE/AFP, RedNote

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service