ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
10 Feb 2025 11:04 am တွင် တင်ခဲ့သည်
466 ကြိမ် ကြည့်ရှု့ပြီး

ဂွင်းနက်ပက်ထရိုး ကာလကြာရှည်ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်မှာ တောမီးရန်မှ ကင်းလွတ်ခဲ့ပြီး တစ်လမပြည့်မီ ကန်ဒေါ်လာ ၂၂ သန်းဖြင့် အရောင်းအဝယ်ဖြစ်သွားသည်။

ယခုစံအိမ်ကို ဂွင်းနက်ပက်ထရိုး ၂၀၂၄ ခုနှစ်၊ မေလကတည်းက ကန်ဒေါ်လာ ၂၉ ဒသမ ၉၉ သန်းဖြင့် အရောင်းဈေးကွက်တင်ထားခဲ့ခြင်းဖြစ်ပြီး တောမီးဘေးမှ ကံကောင်းထောက်မစွာ လွတ်ကင်းခဲ့သည်။

ထို့နောက် အောက်တိုဘာလတွင် ကန်ဒေါ်လာ ၂၄ ဒသမ ၉ သန်းသို့ ဈေးလျှော့ပေးခဲ့သည်။

အဆိုပါစံအိမ်ကို ဂွင်းနက်ပက်ထရိုးနှင့် ခင်ပွန်းဟောင်း ခရစ္စမာတင်တို့က ၂၀၁၂ ခုနှစ်အတွင်း ကန်ဒေါ်လာ ၉ ဒသမ ၉၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြထားသည်။

ဝယ်လက် မည်သူဖြစ်သည်ကိုမူ မသိရချေ။

စံအိမ်တည်နေရာမှာ ဘရန့်ဝုဒ်မှ Mandeville Canyon အရပ်တွင် တည်ရှိသည်။

ဘရန့်ဝုဒ်သည် ခြံကြီးဝန်းကြီးများ၊ မြင့်မားသော ခြံစည်းရိုးများ၊ သစ်ကြီးဝါးကြီးများဖြင့် ဆိတ်ငြိမ်အေးချမ်းသော အရပ် ဖြစ်သည်။

လော့စ်အိန်ဂျလိစ် တောမီးမှ ကံကောင်းထောက်မစွာ လွတ်ကင်းခဲ့သော နေရာလည်း ဖြစ်သည်။

တောမီး လောင်ကျွမ်းပြီးနောက်ပိုင်း နေအိမ်ဆုံးရှုံးသွားသူတို့မှာ နေရေးအတွက် နေအိမ်များ ရှာဖွေ လာကြရာ မီးဘေးလွတ်ကင်းသော နေရာများရှိ အိမ်ဈေးများ မြင့်တက်လာနေသည်။

သို့သော် ဂွင်းနက်ပက်ထရိုး၏ နေအိမ်မှာ တောမီး မတိုင်ခင်ကတည်းက အရောင်းအဝယ် တည့်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

 

(ဂွင်းနက်ပက်ထရိုးကို ၂၀၂၄ ခုနှစ်က ရိုက်ကူးထားသော ဓာတ်ပုံ။ ဓာတ်ပုံ-ZUMA Press)

ဂွင်းနက်ပက်ထရိုးသည် ခင်ပွန်းဖြစ်သူ ဇာတ်ညွှန်းရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ဘရက်ဒ်ဖဲလ်ချက် (Brad Falchuk) နှင့် ၂၀၁၈ ခုနှစ်က လက်ထပ်ခဲ့ခြင်း ဖြစ်သည်။

ယခုအိမ် ရောင်းချရခြင်းမှာ သားသမီးများ အရွယ်ရောက်လာသည့်အပြင် မွန်တီစီတိုတွင် ဆောက်လုပ်နေသော နေအိမ်သစ် မကြာသေးမီက အပြီးသတ်သွားသောကြောင့် ဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင် Lea Porter က ပြောသည်။

(ဆက်စပ်သတင်း)

ရုပ်ရှင်မင်းသမီး ဂွင်းနက်ပက်ထရိုးနှင့် ခင်ပွန်းရုပ်ရှင်ဒါရိုက်တာ Brad Falchuk တို့ ၇ နှစ်နီးပါး ဆောက်လုပ်လျက်ရှိသော ကယ်လီဖိုးနီးယားပြည်နယ်မှ စံအိမ်အပြီးသတ်ပြီးစီး

https://www.imyanmarhouse.com/news/read/1073346

၁၉၅၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တစ်ထပ်အိမ်ဖြစ်ကာ ၂၀၀၉ ခုနှစ်ဝန်းကျင်တွင် ပြန်လည်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

စံအိမ်အကျယ် စတုရန်းပေ ၈၀၀၀ ခန့်ရှိပြီး အိပ်ခန်း ၆ ခန်းနှင့် ထင်းသုံးမီးလင်းဖိုပါ မီးဖိုဆောင်တစ်ခုတို့ ပါဝင်သည်။

ထို့အပြင် ဝိုင်သိုလှောင်ခန်း၊ ရုံးခန်း၊ အားကစားလေ့ကျင့်ခန်းမ၊ ဂိမ်းကစားခန်း၊ ရုပ်ရှင်ရုံနှင့် အိပ်ခန်းတစ်ခန်းတို့ ပါဝင်သော ဧည့်ဂေဟာအိမ်တစ်လုံးလည်း ရှိသည်။

(ဆက်စပ်သတင်း)

ဘင်အက်ဖလက်၏ အိပ်ယာတွင်း စွမ်းဆောင်ရည်မှာ ဘရက်ပစ်ထက်ကောင်းကြောင်း ထုတ်ပြောလာသူ ရုပ်ရှင်မင်းသမီး ဂွင်းနက်ပက်ထရိုး၏ စံအိမ် https://www.imyanmarhouse.com/news/read/1065487

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Gwyneth Paltrow Gets $22 Million for Her Los Angeles Home Photo Credit- ZUMA Press s

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service