ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
30 Jan 2025 10:58 am တွင် တင်ခဲ့သည်
788 ကြိမ် ကြည့်ရှု့ပြီး

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ကန်ဒေါ်လာ ၃၁၄ သန်းဈေးခေါ်ကာ အရောင်းတင်ထားသော စံအိမ်ကြီးတစ်လုံးမှာ ခေါ်ဈေးအောက် ထက်ဝက်နီးပါး နည်းပါးသည့် ဈေးနှုန်းဖြင့် ရောင်းထွက်သွားကြောင်း၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ နည်းပညာလုပ်ငန်းရှင် ဘီလျံနာကြီးတစ်ဦးဖြစ်နိုင်ကြောင်း လန်ဒန်အခြေစိုက် Times သတင်းစာက ဖော်ပြသည်။

မူလခေါ်ဈေးအောက် ထက်ဝက်နည်းပါးသည်ဆိုသော်လည်း ဈေးနှုန်း အလွန်တရာ များပြားနေဆဲဖြစ်ပြီး ကန်ဒေါ်လာ ၁၇၂ ဒသမ ၈၃ သန်းအထိ ပေးကာ ဝယ်ယူသွားခြင်း ဖြစ်သည်။

ရောင်းချသူမှာ ဆော်ဒီအာရေးဗီးယား ကာကွယ်ရေးဝန်ကြီးဟောင်း/ ဆော်ဒီမင်းသား ခါလစ် ဘင် ဆူလ်တန် အယ်လ်-ဆတ်ဖြစ်သည်။

မင်းသား ခါလစ်သည် အဆိုပါ စံအိမ်ကြီးကို ၁၉၈၀ ပြည့််လွန်နှောင်းပိုင်းကာလများက ကန်ဒေါ်လာ ၄၂ သန်း ဝန်းကျင်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဈေးနှုန်းများစွာလျှော့ချပေးကာ အရောင်းအဝယ်ဖြစ်ခဲ့သည့်တိုင် ယခုအရောင်းအဝယ်မှာ ဗြိတိန် သမိုင်းတလျှောက် ဒုတိယဈေးအကြီးဆုံး အိမ်ခြံမြေအရောင်းအဝယ်အဖြစ် စံချိန်တင်သွားကြောင်း Times သတင်းစာက ဖော်ပြသည်။

လန်ဒန်၏ အိမ်ဖြူတော်ဟု လူသိများသော စံအိမ်ကြီးသည် လန်ဒန်မြို့၊ Regent’s Park ပန်းဥယျာဉ်ကြီးအတွင်း တည်ရှိပြီး အိပ်ခန်းပေါင်း ၄၀ ပါဝင်ကာ မြေအောက် ရေကူးကန်၊ ballroom နှင့် တင်းနစ်ကွင်းတို့ ပါဝင်သည်။

(စံအိမ်သက်တမ်း ၂၀၇ နှစ်ရှိပြီဖြစ်ြ့ပီး ခြံဝန်းအကျယ် ၄ ဧကရှိကာ လန်ဒန်မြို့လယ် ရေကန်ကြီးတစ်ခုကို စီးမိုးတွေ့မြင်ရသည်။ ဓာတ်ပုံ-Bloomberg via Getty Images)

(ဂျော်ဂျီယာဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး အိမ်နီးချင်းအနေဖြင့် ဗြိတိန်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး၏ အိမ်တော်ဖြစ်သော Winfield House တည်ရှိသည်။ ဓာတ်ပုံ-Bloomberg via Getty Images)

သတင်းရင်းမြစ်အချို့၏ ပြောဆိုမှုများအရမူ ဝယ်ယူသွားသူမှာ ဟောင်ကောင်အခြေစိုက် crypto ဘီလျံနာတစ်ဦး ဖြစ်နိုင်သည်ဟု ဆိုသည်။

အမေရိကန်တို့သည် ရုရှားသူဌေးကြီးများ၊ အရှေ့အလယ်ပိုင်းမှ ရေနံမင်းသားများ၊ တရုတ်သူဌေးကြီးများကို ဖြတ်ကျော်ကာ လန်ဒန်မြို့အိမ်ခြံမြေဈေးကွက်တွင် ဝယ်ယူမှု အများဆုံးအဖြစ် နံပါတ် ၁ နေရာတွင် ရပ်တည်နေကြောင်း Savills မှ အကြီးအကဲတစ်ဦးဖြစ်သူ Rory McMullen က ပြောသည်။

“ခေတ်ဟောင်းရဲ့ ကျက်သရေနဲ့ ခေတ်သစ်ရဲ့ Luxury ဖြစ်မှုတို့ ပေါင်းစပ်ထားတဲ့ လန်ဒန် အိမ်ခြံမြေဈေးကွက် ဟာ အမေရိကန်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားပါတယ်။” ဟု Cocoran အိမ်ခြံမြေကုမ္ပဏီ၏ စီအီးအို Pam Liebman က ပြောသည်။

အမေရိကန်ဒေါ်လာ ခိုင်မာနေမှုနှင့် ပြီးခဲ့သော ဆောင်းတွင်းမှစကာ အိမ်ခြံမြေဈေးနှုန်းများ ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့မှုတို့မှာ ဗြိတိန်တွင် အမေရိကန်တို့ အိမ်ခြံမြေဝယ်ယူမှု များပြားလာစေခြင်း၏ အကြောင်းရင်း ဖြစ်သည်။

(အမေရိကန်ဘီလျံနာကြီးတစ်ဦးဖြစ်သည့် Oracle ပူးတွဲတည်ထောင်သူ Larry Ellison ။ ဓာတ်ပုံ-Aaron Schwartz/ UPI/ Shutterstock)

နှစ်ပေါင်း ၂၀၇ နှစ် သက်တမ်းရှိ ဂျော်ဂျီယာဗိသုကာဟန် စံအိမ်ကြီးကို Holme ဟုလည်း လူသိများသည်။

Saxon ဘာသာစကားအရ Holme မှာ မြစ်ထဲမှကျွန်းဟု အဓိပ္ပာယ်ရသည်။

(Holme စံအိမ်ကြီးတွင် ၁၉၅၄ ခုနှစ်က ပရဟိတရန်ပုံငွေအတွက် ကျင်းပခဲ့သည့် garden party ပွဲတွင် ရုပ်ရှင်မင်းသမီး Marlene Dietrich (ကွယ်လွန်) စကားပြောခဲ့ပုံ။ ဓာတ်ပုံ-Mirrorpix via Getty Images)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Did an American tech billionaire splash out $173M for a 40-bedroom mansion in London?

Photo Credit- Mirrorpix via Getty Images, Aaron Schwartz/ UPI/ Shutterstock, Bloomberg via Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service