ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ - Property News in Myanmar from iMyanmarHouse.com
24 Jan 2025 10:49 am တွင် တင်ခဲ့သည်
838 ကြိမ် ကြည့်ရှု့ပြီး

ဘောလိဝုဒ်ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်းသည် မွမ်ဘိုင်းမြို့၊ဘန်ဒရအရပ်ရှိ စံအိမ်တွင် ဓားပြတိုက်လုယက်သူ၏ ဓားထိုးခံရကာ Lilavati ဆေးရုံတွင် ၅ ရက်ကြာ ဆေးကုသမှု ခံယူခဲ့ရပြီးနောက် အသက်အန္တရာယ်မရှိဘဲ နေအိမ်သို့ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။

ဆာအိဖ် အလီခန်းသည် မိမိအား ဆေးရုံလိုက်ပို့ခဲ့သည့် ဘေးတွဲမောင်းသူကို ရူပီး ၅၀၀၀၀ ပေးခဲ့မှုမှာလည်း ထိပ်တန်းသတင်းတစ်ပုဒ် ဖြစ်ခဲ့သည်။

အိမ်သို့ ဘေးကင်းစွာ ပြန်လာနိုင်ခဲ့မှုမှာ ဝမ်းမြောက်ဖွယ်ဖြစ်သော်လည်း အခြားတစ်ဘက်တွင် စိတ်ပျက်ဖွယ် သတင်းဆိုးတစ်ခု ရှိနေသည်။

ဆေ့ဖ်အလီခန်း၏ ပတော်ဒီမိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ ခန့် တန်ကြေးရှိသည်ဟု ခန့်မှန်းရသော အိမ်ခြံမြေတို့နှင့် ပတ်သက်သည့်အမှုကို တရားရုံးက စစ်ဆေးမှု နှစ်ပေါင်းများစွာ ဆိုင်းငံ့ထားမှုကို ယခုအခါ မဒရာ ပရာဒက်ရှ်ပြည်နယ် တရားရုံးချုပ်က ရုပ်သိမ်းလိုက်ပြီး ပြန်လည်စစ်ဆေးတော့မည် ဖြစ်သည်။

ဆာအိဖ် အလီခန်း မိသားစုပိုင် အိမ်ခြံမြေများသည် “၁၉၆၈ ခုနှစ် ရန်သူ၏ ပိုင်ဆိုင်မှု အက်ဥပဒေ” အရ သိမ်းဆည်းခံရမည့် အလားအလာရှိနေသည်။

အမှုနှင့် အကျုံးဝင်သော ဆာအိဖ်အလီခန်း မိသားစုပိုင် အိမ်ခြံမြေများမှာ ရူပီး ကုဋေ ၁၀၀၀ တန်ကြေးရှိ Pataudi Flag House အိမ်တော် (ဆာအိဖ် ကလေးဘဝ နေထိုင်ခဲ့သောနေရာ)၊ မဒရာ ပရာဒက်ရှ်ပြည်နယ်မှ Noor-Us-Sabah Palace အမည်ရှိ Luxury ဟိုတယ်၊ မဒရာ ပရာဒက်ရှ်ပြည်နယ် Bhopal မြို့ရှိ Dar-Us-salam အဆောက်အအုံ၊ Bungalow of Habibi ၊ Ahmedabad Palace နှင့် Kohefiza Property တို့ ဖြစ်ကြောင်း Money Control က ဖော်ပြသည်။

 

 

(ဆာအိဖ် အလီခန်း မိသားစုပိုင် အိမ်ခြံမြေများမှာ သိမ်းယူခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်)

 

(မဒရာ ပရာဒက်ရှ်ပြည်နယ်၊ Bhopal မြို့၊ Kohefiza အရပ်မှ အဆောက်အအုံ)

 

သက်ဆိုင်ရာပုဂ္ဂိုလ်များသည် တရားရုံး၏ ထုတ်ပြန်ချက်အပေါ် စာရွက်စာတမ်းများဖြင့် ရက်ပေါင်း ၃၀ အတွင်း တင်ပြကန့်ကွက်နိုင်ကြောင်း မဒရာပရာဒက်ရှ်ပြည်နယ် တရားရုံးချုပ် တရားသူကြီးက ညွှန်ကြားထားသည်။

 

(ဆာအိဖ် အလီခန်းသည် ဆာဂျီဒါ ဆူလ်တန်၏ မြေးဖြစ်ပြီး Bhopal မြို့မှ အိမ်ခြံမြေအချို့ကို အမွေရရှိထားခြင်း ဖြစ်သည်) 

((ရန်သူ့ အိမ်ခြံမြေဥပဒေဆိုတာ ဘာလဲ))

၁၉၆၈ ခုနှစ် ရန်သူ့အိမ်ခြံမြေဥပဒေဆိုသည်မှာ အိန္ဒိယ၏ ရန်သူအဖြစ် မှတ်ယူရသောနိုင်ငံများ၊ အထူးသဖြင့် ပါကစ္စတန်နှင့် တရုတ်နိုင်ငံများသို့ ရွှေ့ပြောင်းသွားခဲ့ကြပြီးနောက် အိန္ဒိယတွင် ကျန်ရစ်ခဲ့သော အိမ်ခြံမြေများကို အစိုးရက စီမံခန့်ခွဲရန် ပြဌာန်းထားခြင်းဖြစ်သည်။

အထူးသဖြင့် ပါကစ္စတန်-အိန္ဒိယစစ်ပွဲနှင့် တရုတ်-အိန္ဒိယစစ်ပွဲများအပြီးတွင် အဆိုပါနိုင်ငံသားများက အိမ်ခြံမြေများကို ထားရစ်ကာ သက်ဆိုင်ရာ နိုင်ငံများသို့ ရွှေ့ပြောင်းသွားသူများကို ရည်ညွှန်းခြင်း ဖြစ်သည်။

၁၉၆၅ ခုနှစ် အိန္ဒိယ-ပါကစ္စတန် စစ်ပွဲအပြီးတွင် ယခုဥပဒေကို ပြဌာန်းခဲ့ခြင်းဖြစ်ပြီး အိန္ဒိယအပေါ် ရန်လိုသည့် နိုင်ငံများ၏ နိုင်ငံသားများ ပိုင်ဆိုင်သော အိမ်ခြံမြေများကို ရန်သူ့အိမ်ခြံမြေဟု ရည်ညွှန်းခြင်း ဖြစ်သည်။

ထိုသို့သော အိမ်ခြံမြေများကို အိန္ဒိယအစိုးရ အဖွဲ့အစည်းတစ်ခုဖြစ်သော “ရန်သူ့အိမ်ခြံမြေများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့” ထံ အပ်နှင်းရသည်။

၂၀၁၇ ခုနှစ်တွင် ရန်သူ့အိမ်ခြံမြေဟူသော အနက်အဓိပ္ပာယ်ဖွင့်ဆိုမှုကို ချဲ့ထွင်ခဲ့ပြီး ဥပဒေအရ အမွေဆက်ခံသူများကိုလည်း အဆိုပါအိမ်ခြံမြေများ ပိုင်ဆိုင်ခွင့် တားမြစ်ခဲ့သည်။ ထို့ကြောင့် ယင်းသို့သော အိမ်ခြံမြေများသည် နောက်ဆုံးပိုင်ရှင်၏ နိုင်ငံသားနှင့် ပိုင်ဆိုင်မှု လက်ပြောင်းလက်လွှဲ ဖြစ်စေကာမူ အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေသည်။

(ဘာကြောင့် ဆာအိဖ် အလီခန်းရဲ့အိမ်ခြံမြေတွေ အကျုံးဝင်နေတာလဲ))

မဂိုအင်ပါယာခေတ်က Bhopal မြို့၏ နောက်ဆုံး Nawab (မြို့စားအဆင့်) ဖြစ်သူ ဟာမီဒူလာ ခန်းတွင် သမီး ၃ ဦး ထွန်းကားသည်။

သမီးကြီးဖြစ်သူ အဘီဒါ ဆူလ်တန်မှာ ၁၉၅၀ ပြည့်နှစ်တွင် ပါကစ္စတန်သို့ ပြောင်းရွှေ့သွားသည်။

ဒုတိယသမီးဖြစ်သူ ဆာဂျီဒါ ဆူလ်တန်မှာ အိန္ဒိယတွင် ကျန်ရစ်ခဲ့ကာ အဆိုပါအိမ်ခြံမြေတို့၏ အမွေဆက်ခံသူ ဖြစ်လာသည်။

ဆာဂျီဒါသည် Nawab ဖြစ်သူ Iftikhar Ali Khan Pataudi နှင့် လက်ထပ်ခဲ့သည်။ ဆာအိဖ် အလီခန်းမှာ ဆာဂျီဒါ၏ မြေးဖြစ်ပြီး အိမ်ခြံမြေများကို အမွေဆက်ခံခဲ့ခြင်း ဖြစ်၏။

သို့သော် အိန္ဒိယအစိုးရက ပါကစ္စတန်သို့ အဘီဒါ ဆူလ်တန် ရွှေ့ပြောင်းသွားမှုကို ထောက်ပြကာ ဆာအိဖ် အလီခန်း မိသားစုပိုင် အိမ်ခြံမြေများကို ရန်သူ့အိမ်ခြံမြေဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Saif Ali Khan's family faces potential loss of ₹15,000 crore properties to government acquisition

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service