နေအိမ်ရှိ ရေကူးကန်ထဲတွင် ရံဖန်ရံခါ သေးပေါက်ချကြောင်း ထုတ်ဖော်ဝန်ခံထားသူ ရုပ်ရှင်မင်းသမီး Cameron Diaz က သူနေထိုင်သော ရေကူးကန်ပါ စံအိမ်ကို ဒေါ်လာ ၂၆ သန်းဖြင့် အရောင်းဈေးကွက်တင်လာ

နေအိမ်ရှိ ရေကူးကန်ထဲတွင် ရံဖန်ရံခါ သေးပေါက်ချကြောင်း ထုတ်ဖော်ဝန်ခံထားသူ ရုပ်ရှင်မင်းသမီး Cameron Diaz က သူနေထိုင်သော ရေကူးကန်ပါ စံအိမ်ကို ဒေါ်လာ ၂၆ သန်းဖြင့် အရောင်းဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
4 Nov 2024 11:44 am တွင် တင်ခဲ့သည်
697 ကြိမ် ကြည့်ရှု့ပြီး

ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ကင်မရွန် ဒီးယက်ဇ် (Cameron Diaz ) သည် သူ၏နေအိမ်ရှိ ရေကူးကန်ထဲတွင် မကြာခဏဆိုသလို သေးပေါက်ချကြောင်း ထုတ်ဖော်ဝန်ခံခဲ့မှုမှာ လူမှုကွန်ရက်တွင် အခြေအတင်ငြင်းခုံဖွယ် အကြောင်းရပ် ဖြစ်ခဲ့ဖူးသည်။

Drew Barrymore Show တွင် သူ၏ ယောင်းမဖြစ်သူ Nicole Richie က ကင်မရွန် ဒီးယက်ဇ်အား ရေကူးကန်ထဲတွင် သေးပေါက်ဖူးသလားဟုမေးသည်။

ထိုအခါ ကင်မရွန် ဒီးယက်ဇ်က ရယ်မောရင်းပြောသည်မှာ မိမိနေအိမ်ရှိ ရေကူးကန်ထဲတွင် သေးပေါက်ချကြောင်း၊ ဓာတုဆေးများ ထည့်ထားသောကြောင့် ပြဿနာမရှိကြောင်း Drew Barrymore အား ဖြေကြားခဲ့သည်။

လူမှုကွန်ရက်တွင် ကင်မရွန် ဒီးယက်ဇ်ဘက်မှ ထောက်ခံသူရှိသကဲ့သို့ ကန့်ကွက်ဝေဖန်သူများလည်းရှိနေပြီး ၎င်းတို့အချင်းချင်း အငြင်းပွားကြသည်။

ထိုသို့သောကိစ္စမျိုးကြောင့် အများသုံး ရေကူးကန်များတွင် မည်သည့်အခါမှ ရေမကူးကြောင်း အချို့က မှတ်ချက်ပြုပြီး အချို့ကမူ ပင်လယ်များထဲတွင် ရေသတ္တဝါများနှင့် လူများက ကျင်ငယ်စွန့်ခြင်းများ ရှိသည်သာဖြစ်ကြောင်း တုံ့ပြန်ကြသည်။

((ကင်မရွန်ဒီးယက်ဇ်နှင့် Benji Madden တို့၏ လော့စ်အိန်ဂျလိစံအိမ် အရောင်းဈေးကွက်တင်ထား))

ရုပ်ရှင်မင်းသမီး ကင်မရွန် ဒီးယက်ဇ်နှင့် ခင်ပွန်းဖြစ်သူ ပန့်ရော့ခ်ဂီတသမား Benji Madden တို့သည် လော့စ်အိန်ဂျလိမြို့ရှိ ကမ္ဘာကျော်ကြယ်ပွင့်များ အခြေချနေထိုင်ရာ Beverly Hills အရပ် စံအိမ်ကို ကန်ဒေါ်လာ ၁၇ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်တင်ကာ ထိုအိမ်မှ ပြောင်းရွှေ့ရန် စီစဉ်နေသည်။

ခြံအကျယ် ၁ ဒသမ ၆ ဧကရှိပြီး အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၈ ခန်းပါသောစံအိမ်ကို ကင်မရွန် ဒီးယက်ဇ်တို့ စုံတွဲက လွန်ခဲ့သော ၄ နှစ်က ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၁၄ ဒသမ ၇ သန်း ပေးခဲ့ရသည်။

ရုပ်ရှင်သရုပ်ဆောင်လောကမှ ၆ နှစ်အနားယူမည်ဟု ကြေညာထားသူ ကင်မရွန် ဒီးယက်ဇ်သည် ရုပ်ရှင်လောကသို့ ပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်း မကြာသေးမီက ကြေညာသည်။

ခြံအဝင်ပေါက်တွင် hi-tech လုံခြုံရေးစနစ်များ လျှို့ဝှက်တပ်ဆင်ထားသည်။ မျက်နှာကြက်များမှာ မြင့်မားပြီး ဖောင်းကြွများဖြစ်ကာ စံအိမ်တစ်ခုလုံးတွင် ပြင်သစ်တံခါးများနှင့် မီးလင်းဖိုများစွာ ရှိသည်။

(ရေကူးကန်ကို မြင့်မားသော သစ်ပင်စည်းရိုးတို့က ဝန်းပတ် ကာရံပေးထားသည်။ ဓာတ်ပုံ-realtor)

 

(မီးလင်းဖိုပါသော ဧည့်ခန်း။ ဓာတ်ပုံ-realtor)

 

(စကျင်ကျောက်ပြား စားပွဲမျက်နှာပြင်များရှိသော မီးဖိုဆောင်။ ဓာတ်ပုံ-realtor)

အခန်းတို့၏ မျက်နှာကြက်မှာ ပုံမှန်ထက် ၂ ဆပိုမိုမြင့်မားပြီး လင်းလင်းချင်းချင်းရှိသည်။ စံအိမ်မှာ တစ်ရောင်တည်းကိုသာ အသုံးပြုထားပြီး ညစာစားခန်းမှာ ကြေးနီရောင်ဖြစ်ကာ အနက်ရောင်သစ်တို့ဖြင့် built-in စင်များ ထည့်သွင်းထားသည်။

ရုံးခန်းမှာလည်း အနက်ရောင်ကိုပင်အသုံးပြုထားပြီး အနက်ရောင် cabinetry ရှိသည်။ အိမ်တွင်းရုပ်ရှင်ရုံမှာ သမားရိူးကျ seating အစား ခမ်းနားသော နားနေ နေရာပုံစံ ခင်းကျင်းထားရာ ကင်မရွန် ဒီးယက်ဇ်တို့စုံတွဲအတွက် ၎င်းပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်များကို ပြန်လည်ကြည့်ရှုရန် ပြီးပြည့်စုံသည့် နေရာတစ်ခု ဖြစ်ခဲ့သည်။

(ပင်မဧည့်ခန်းတွင် ဒုတိယထပ်ဆီသို့ပေါက်သည့် လှေကားတစ်ခုရှိသည်။ ဓာတ်ပုံ-realtor)

 

(ညစာစားခန်း။ ဓာတ်ပုံ-realtor)

 

(နားနေခန်းအသွင် ခင်းကျင်းထားသော အိမ်တွင်းရုပ်ရှင်ရုံ။ ဓာတ်ပုံ-realtor)

 

(ရုံးခန်း။ ဓာတ်ပုံ-realtor)

 

(အိမ်နောက်ဘက်တွင် privacy ရှိစွာ နားနေအပန်းဖြေနိုင်သောနေရာ ရှိသည်။ ဓာတ်ပုံ-realtor)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Cameron Diaz and Benji Madden put their beautiful $26m Beverly Hills compound up for sale (realestate)

Photo Credit-realtor

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service