နှစ်ဘဝမင်းသားဟု လူသိများသူ အိန္ဒိယ တောင်ပိုင်းရုပ်ရှင်မင်းသား ရမ်ချာရန်နှင့် ဇနီးဖြစ်သူ ဥပသနာ (Apollo ဆေးရုံ၏ ဒုဥက္က) တို့၏ စံအိမ်၊ Apollo ဆေးရုံမှ ဦးနှောက်အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီး ပန်းလှိုင်ဆေးရုံသို့ လာရောက်ကာ လူနာများကြည့်ရှုပေးမည်

နှစ်ဘဝမင်းသားဟု လူသိများသူ အိန္ဒိယ တောင်ပိုင်းရုပ်ရှင်မင်းသား ရမ်ချာရန်နှင့် ဇနီးဖြစ်သူ ဥပသနာ (Apollo ဆေးရုံ၏ ဒုဥက္က) တို့၏ စံအိမ်၊ Apollo ဆေးရုံမှ ဦးနှောက်အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီး ပန်းလှိုင်ဆေးရုံသို့ လာရောက်ကာ လူနာများကြည့်ရှုပေးမည် - Property News in Myanmar from iMyanmarHouse.com
23 Oct 2024 10:57 am တွင် တင်ခဲ့သည်
1174 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နှစ်ဘဝမင်းသားဟု လူသိများသာ အိန္ဒိယတောင်ပိုင်းရုပ်ရှင်မင်းသား ရမ်ချာရန်နှင့် ဇနီးဖြစ်သူ ဥပသနာ ကာမိနီနီတို့သည် တောင်ပိုင်းရုပ်ရှင်လောက၏ သြဇာအလွှမ်းဆုံး စုံတွဲများတွင် ပါဝင်သည်။

ရမ်ချာရန်တို့စုံတွဲသည် ၂၀၁၂ ခုနှစ်တွင် လက်ထပ်ခဲ့ကြခြင်းဖြစ်ပြီး ရမ်ချာရန်မှာ အောင်မြင်သည့် ရုပ်ရှင်မင်းသားဖြစ်သကဲ့သို့ ဇနီးဖြစ်သူ ဥပသနာမှာလည်း Apollo ဆေးရုံ၏ ဒုတိယဥက္ကဌဖြစ်ကာ အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင် အမျိူးသမီးဖြစ်သည်။

((ရမ်ချာရန်၏ ကြွယ်ဝမှု))

ရမ်ချာရန်သည် အချမ်းသာဆုံး တောင်ပိုင်းမင်းသားများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး သူ၏ ကြွယ်ဝမှုမှာ ရူပီး ကုဋေ ၁၃၇၀ ခန့်ရှိကြောင်း ခန့်မှန်းကြသည်။

Magadheera, Dhruva နှင့် Rangasthalam တို့ကဲ့သို့ ဝက်ဝက်ကွဲအောင်မြင်သည့် ရုပ်ရှင်ဇာတ်ကားများစွာ တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

အော်စကာဆုရ RRR တွင် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် ကမ္ဘာ့ရုပ်ရှင်နယ်အထိ ထိုးဖောက်နိုင်ခဲ့သူဖြစ်ပြီး ထိုဇာတ်ကားအတွက် သရုပ်ဆောင်ကြေး ရူပီး ၄၅ ကုဋေ ရခဲ့သည်ဟူသော သတင်းများရှိသည်။

((ဇနီးဖြစ်သူ ဥပသနာ၏ ကြွယ်ဝမှု))

ဥပသနာသည် Apollo Hospitals’ ကို တည်ထောင်သူ Dr. Prathap C. Reddy ၏ မြေးဖြစ်သည်။

Apollo Hospitals ၏ အမွေခံတစ်ဦးဖြစ်သူ ဥပသနာသည် လက်ရှိအားဖြင့် ဒုတိယဥက္ကဌအဖြစ် တာဝန်ယူထားသည်။

Forbes မဂ္ဂဇင်းကြီးက ဖော်ပြသော ၂၀၂၃ ခုနှစ် အချမ်းသာဆုံး အိန္ဒိယနိုင်ငံသားများစာရင်းတွင် ဥပသနာမှာ နံပါတ် ၉၄ နေရာ၌ ချိတ်ဆွဲခဲ့သည်။

သူ၏ ကြွယ်ဝမှုမှာ ရူပီး ၂၀၆၈၈ ကုဋေ (ကန်ဒေါ်လာ ၂ ဒသမ ၄၈ ဘီလီယံ) ခန့်ရှိသည်ဟု ခန့်မှန်းရသည်။

သတင်းမီဒီယာတို့၏ ဖော်ပြချက်အရ Apollo Hospitals ၏ ဈေးကွက်တန်ကြေးမှာ ရူပီး ၇၇၀၀၀ ကုဋေ ရှိသည်ဟု ဆိုသည်။

((ရမ်ချာရန်တို့ ဇနီးမောင်နှံ စံအိမ်))

ရမ်ချာရန်တို့ ဇနီးမောင်နှံ၏ စံအိမ်မှာ အိန္ဒိယနိုင်ငံ၊ Telangana ပြည်နယ်၊ ဟိုက်ဒရာဘက်မြို့၊ Jubilee Hills အရပ်တွင် တည်ရှိပြီး စတုရန်းပေ ၂၅၀၀၀ အထိ ကျယ်ဝန်းသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီး ဖြစ်သည်။

ရူပီး ကုဋေ ၃၀ တန်ကြေးရှိသော စံအိမ်ကြီးတွင် ရေကူးကန်၊ အားကစားလေ့ကျင့်ခန်းမ၊ အိမ်တွင်းရုပ်ရှင်ရုံနှင့် ပန်းဥယျာဉ်တို့ ပါဝင်သည်။

ရမ်ချာရန်တို့ ဇနီးမောင်နှံသည် ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးတစ်စင်း ပိုင်ဆိုင်ထားသည့်အပြင် တန်ဖိုးကြီးကားများကိုလည်း ရမ်ချာရန်က စိတ်ဝင်စားသည်။

((ရမ်ချာရန်၏ မော်တော်ကားများ))

သတင်းမီဒီယာတို့တွင် ဖော်ပြချက်များအရ ရမ်ချာရန် ပိုင်ဆိုင်ထားသော ကားများတွင် ရူပီး ၉ ဒသမ ၅၇ ကုဋေ တန်ကြေးရှိသော Rolls Royce Phantom တစ်စင်း၊ ရူပီး ၄ ဒသမ ၅ ကုဋေ တန်ကြေးရှိ Range Rover Autobiography တစ်စင်း၊ ရူပီး ၂ ဒသမ ၅ ကုဋေ တန်ကြေးရှိ Mercedes-Benz G63 AMG တစ်စင်းနှင့် ရူပီး ၂ ဒသမ ၉၅ ကုဋေ တန်ကြေးရှိ Aston Martin V8 Vantage တို့ ပါဝင်ကြောင်း သိရသည်။

((Apollo ဆေးရုံမှ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကုသမားတော်ကြီး ရန်ကုန်မြို့သို့ လာရောက်ကာ လူနာများ ကြည့်ရှုပေးမည်))

Apollo ဆေးရုံမှ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်အထူးကု သမားတော်ကြီး Dr. Arvind Sukumaran သည် လာမည့် အောက်တိုဘာ ၂၅ ၊ ၂၆ ရက်များတွင် ရန်ကုန်မြို့ ပန်းလှိုင်ဆေးရုံတွင် ဦးနှောက်နှင့် အာရုံကြော လူနာများကို ကြည့်ရှုစစ်ဆေးကာ ထိရောက်သည့် ကုသရေးနည်းလမ်းများ ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သမားတော်ကြီးသည် ၁၅ နှစ်အတွေ့အကြုံရှိသူတစ်ဦးဖြစ်ကြောင်း သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Meet South Star Ram Charan And His Wife Upasana, Vice President At Apollo Hospitals - Know Their Net Worth (timesnownews)

 

[Zawgyi]

ႏွစ္ဘဝမင္းသားဟု လူသိမ်ားသူ အိႏိၵယ ေတာင္ပိုင္းရုပ္ရွင္မင္းသား ရမ္ခ်ာရန္ႏွင့္ ဇနီးျဖစ္သူ ဥပသနာ (Apollo ေဆးရံု၏ ဒုဥကၠ) တုိ႔၏ စံအိမ္၊ Apollo ေဆးရံုမွ ဦးေႏွာက္အာရံုေၾကာ ခြဲစိတ္အထူးကုဆရာဝန္ၾကီး ပန္းလႈိင္ေဆးရံုသို႔ လာေရာက္ကာ လူနာမ်ားၾကည့္ရႈေပးမည္

ႏွစ္ဘဝမင္းသားဟု လူသိမ်ားသာ အိႏိၵယေတာင္ပိုင္းရုပ္ရွင္မင္းသား ရမ္ခ်ာရန္ႏွင့္ ဇနီးျဖစ္သူ ဥပသနာ ကာမိနီနီတို႔သည္ ေတာင္ပိုင္းရုပ္ရွင္ေလာက၏ ၾသဇာအလႊမ္းဆံုး စံုတြဲမ်ားတြင္ ပါဝင္သည္။

ရမ္ခ်ာရန္တို႔စံုတြဲသည္ ၂၀၁၂ ခုႏွစ္တြင္ လက္ထပ္ခဲ့ၾကျခင္းျဖစ္ျပီး ရမ္ခ်ာရန္မွာ ေအာင္ျမင္သည့္ ရုပ္ရွင္မင္းသားျဖစ္သကဲ့သို႔ ဇနီးျဖစ္သူ ဥပသနာမွာလည္း Apollo ေဆးရံု၏ ဒုတိယဥကၠဌျဖစ္ကာ ေအာင္ျမင္သည့္ စီးပြားေရးလုပ္ငန္းရွင္ အမ်ဴိးသမီးျဖစ္သည္။

((ရမ္ခ်ာရန္၏ ၾကြယ္ဝမႈ))

ရမ္ခ်ာရန္သည္ အခ်မ္းသာဆံုး ေတာင္ပိုင္းမင္းသားမ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္ျပီး သူ၏ ၾကြယ္ဝမႈမွာ ရူပီး ကုေဋ ၁၃၇၀ ခန္႔ရွိေၾကာင္း ခန္႔မွန္းၾကသည္။

Magadheera, Dhruva ႏွင့္ Rangasthalam တို႔ကဲ့သို႔ ဝက္ဝက္ကြဲေအာင္ျမင္သည့္ ရုပ္ရွင္ဇာတ္ကားမ်ားစြာ တြင္ ပါဝင္သရုပ္ေဆာင္ခဲ့သည္။

ေအာ္စကာဆုရ RRR တြင္ ပါဝင္သရုပ္ေဆာင္ခဲ့မႈျဖင့္ ကမၻာ့ရုပ္ရွင္နယ္အထိ ထုိးေဖာက္ႏိုင္ခဲ့သူျဖစ္ျပီး ထိုဇာတ္ကားအတြက္ သရုပ္ေဆာင္ေၾကး ရူပီး ၄၅ ကုေဋ ရခဲ့သည္ဟူေသာ သတင္းမ်ားရွိသည္။

((ဇနီးျဖစ္သူ ဥပသနာ၏ ၾကြယ္ဝမႈ))

ဥပသနာသည္ Apollo Hospitals’ ကို တည္ေထာင္သူ Dr. Prathap C. Reddy ၏ ေျမးျဖစ္သည္။

Apollo Hospitals ၏ အေမြခံတစ္ဦးျဖစ္သူ ဥပသနာသည္ လက္ရွိအားျဖင့္ ဒုတိယဥကၠဌအျဖစ္ တာဝန္ယူထားသည္။

Forbes မဂၢဇင္းၾကီးက ေဖာ္ျပေသာ ၂၀၂၃ ခုႏွစ္ အခ်မ္းသာဆံုး အိႏိၵယႏိုင္ငံသားမ်ားစာရင္းတြင္ ဥပသနာမွာ နံပါတ္ ၉၄ ေနရာ၌ ခ်ိတ္ဆြဲခဲ့သည္။

သူ၏ ၾကြယ္ဝမႈမွာ ရူပီး ၂၀၆၈၈ ကုေဋ (ကန္ေဒၚလာ ၂ ဒသမ ၄၈ ဘီလီယံ) ခန္႔ရွိသည္ဟု ခန္႔မွန္းရသည္။

သတင္းမီဒီယာတို႔၏ ေဖာ္ျပခ်က္အရ Apollo Hospitals ၏ ေစ်းကြက္တန္ေၾကးမွာ ရူပီး ၇၇၀၀၀ ကုေဋ ရွိသည္ဟု ဆိုသည္။

((ရမ္ခ်ာရန္တို႔ ဇနီးေမာင္ႏွံ စံအိမ္))

ရမ္ခ်ာရန္တို႔ ဇနီးေမာင္ႏွံ၏ စံအိမ္မွာ အိႏိၵယႏိုင္ငံ၊ Telangana ျပည္နယ္၊ ဟိုက္ဒရာဘက္ျမိဳ႕၊ Jubilee Hills အရပ္တြင္ တည္ရွိျပီး စတုရန္းေပ ၂၅၀၀၀ အထိ က်ယ္ဝန္းသည့္ နန္းေတာ္တမွ် ခမ္းနားေသာ စံအိမ္ၾကီး ျဖစ္သည္။

ရူပီး ကုေဋ ၃၀ တန္ေၾကးရွိေသာ စံအိမ္ၾကီးတြင္ ေရကူးကန္၊ အားကစားေလ့က်င့္ခန္းမ၊ အိမ္တြင္းရုပ္ရွင္ရံုႏွင့္ ပန္းဥယ်ာဥ္တို႔ ပါဝင္သည္။

ရမ္ခ်ာရန္တို႔ ဇနီးေမာင္ႏွံသည္ ကိုယ္ပိုင္ဂ်က္ေလယာဥ္ၾကီးတစ္စင္း ပိုင္ဆိုင္ထားသည့္အျပင္ တန္ဖိုးၾကီးကားမ်ားကိုလည္း ရမ္ခ်ာရန္က စိတ္ဝင္စားသည္။

((ရမ္ခ်ာရန္၏ ေမာ္ေတာ္ကားမ်ား))

သတင္းမီဒီယာတို႔တြင္ ေဖာ္ျပခ်က္မ်ားအရ ရမ္ခ်ာရန္ ပိုင္ဆိုင္ထားေသာ ကားမ်ားတြင္ ရူပီး ၉ ဒသမ ၅၇ ကုေဋ တန္ေၾကးရွိေသာ Rolls Royce Phantom တစ္စင္း၊ ရူပီး ၄ ဒသမ ၅ ကုေဋ တန္ေၾကးရွိ Range Rover Autobiography တစ္စင္း၊ ရူပီး ၂ ဒသမ ၅ ကုေဋ တန္ေၾကးရွိ Mercedes-Benz G63 AMG တစ္စင္းႏွင့္ ရူပီး ၂ ဒသမ ၉၅ ကုေဋ တန္ေၾကးရွိ Aston Martin V8 Vantage တုိ႔ ပါဝင္ေၾကာင္း သိရသည္။

((Apollo ေဆးရံုမွ ဦးေႏွာက္ႏွင့္ အာရံုေၾကာ ခြဲစိတ္အထူးကုသမားေတာ္ၾကီး ရန္ကုန္ျမိဳ႕သို႔ လာေရာက္ကာ လူနာမ်ား ၾကည့္ရႈေပးမည္))

Apollo ေဆးရံုမွ ဦးေႏွာက္ႏွင့္ အာရံုေၾကာခြဲစိတ္အထူးကု သမားေတာ္ၾကီး Dr. Arvind Sukumaran သည္ လာမည့္ ေအာက္တိုဘာ ၂၅ ၊ ၂၆ ရက္မ်ားတြင္ ရန္ကုန္ျမိဳ႕ ပန္းလႈိင္ေဆးရံုတြင္ ဦးေႏွာက္ႏွင့္ အာရံုေၾကာ လူနာမ်ားကို ၾကည့္ရႈစစ္ေဆးကာ ထိေရာက္သည့္ ကုသေရးနည္းလမ္းမ်ား ေဆြးေႏြးေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သမားေတာ္ၾကီးသည္ ၁၅ ႏွစ္အေတြ႔အၾကံဳရွိသူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Meet South Star Ram Charan And His Wife Upasana, Vice President At Apollo Hospitals - Know Their Net Worth (timesnownews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service