တရုတ်ပြည်တွင် အလုပ်အကိုင် ရှာဖွေရသည်မှာ ခက်ခဲလာသောကြောင့် တရုတ်လူငယ်များမှာ ကျေးလက်ဒေသများသို့ ပြောင်းရွှေ့အခြေချနေထိုင်မှု အလွန်များပြားလာ

တရုတ်ပြည်တွင် အလုပ်အကိုင် ရှာဖွေရသည်မှာ ခက်ခဲလာသောကြောင့် တရုတ်လူငယ်များမှာ ကျေးလက်ဒေသများသို့ ပြောင်းရွှေ့အခြေချနေထိုင်မှု အလွန်များပြားလာ - Property News in Myanmar from iMyanmarHouse.com
11 Oct 2024 11:10 am တွင် တင်ခဲ့သည်
806 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်တွင် အလုပ်အကိုင်ရှာဖွေရခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရသောကြောင့် ပြည်မကြီးရှိ တရုတ်လူငယ်များစွာမှာ ကျေးလက်ဒေသများသို့ ရွှေ့ပြောင်းလာမှု များပြားနေသည်။

တရုတ်စီးပွားရေးမှာ ရုန်းကန်နေရသည့် အခြေအနေရှိသောကြောင့် လူငယ်များအတွက် အလုပ်အကိုင် ရှာဖွေရ ခက်ခဲလာခြင်းဖြစ်ကြောင်း ဟောင်ကောင်ပိုလီတက္ကနစ်တက္ကသိုလ်မှ ပါမောက္ခချုပ် Chung Chi Nien က ပြောသည်။

 

(တရုတ်ပြည်၊ ချုံကင်းမြို့ရှိ နွားမွေးမြူရေးခြံတစ်ခုတွင် နွားသားပေါက်ကလေးတစ်ကောင်ကို ပွေ့ဖက်နေသော မိန်းကလေးတစ်ဦးအား တွေ့ရပုံ။ ဓာတ်ပုံ-Vog/ Visual China Group/ Getty Images)

 

တရုတ်ပြည်မှ Gen Z များနှင့် Millennial များမှာ ကျေးလက်တွင် နေထိုင်ရသည့် နေ့စဉ်ဘဝလှုပ်ရှားမှုများကို လူမှုကွန်ရက်တွင် တင်လာကြပြီး ၎င်းတို့မှာ အလုပ်ဖြုတ်ခံရခြင်း၊ အလုပ်ထွက်ခဲ့ခြင်း ၊ အလုပ်လက်မဲ့ ဖြစ်နေခြင်း အစရှိသည့် အခြေအနေများကြောင့်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာကြသည်။

အလုပ်မှ အငြိမ်းစားယူသူများဟု မိမိကိုယ်ကို ပြောဆိုထားသော လူငယ်တို့မှာ ၎င်းတို့၏ လူမှုကွန်ရက် profile များအရ ၁၉၉၀ ပြည့်လွန်ကာလများနှင့် ၂၀၀၀ ပြည့်လွန်ကာလများတွင် မွေးဖွားခဲ့ကြသူများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သောနှစ်အတွင်း ဝမ်ကျိဒါဒါ (Wenzi Dada) ဟု အမည်လွှဲ ပေးထားသော အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦးသည် တရုတ်ပြည်၏ တောင်ထူထပ်သော ကွေ့ကျိုးပြည်နယ်မှ တောင်ကမ်းပါးတစ်ခုတွင် ဝါးတဲအိမ်ကလေးတစ်လုံး ဆောက်လုပ်နေထိုင်ခဲ့သည်။

ဝမ်ကျိသည် ယခင်က ကားဝပ်ရှော့၊ ဆောက်လုပ်ရေးနှင့် ကုန်ထုတ်လုပ်ရေးနယ်ပယ်တို့တွင် လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းမီဒီယာသို့ ၎င်းက ပြောပြသည်။ စက်များကိုသာ နေ့စဉ်ကိုင်တွယ်နေရခြင်းအပေါ် စိတ်ကုန်လာကာ ဇာတိမြို့သို့ ပြန်လာခဲ့ကြောင်း ဝမ်ကျိက ပြောသည်။

ဇာတိမြေတွင် အလုပ်ရှာခဲ့သော်လည်း စိတ်သဘောမတွေ့ခဲ့ကြောင်း ၎င်းက ပြောသည်။

“အချိန်ကြာလာတဲ့အခါ ဘဝရဲ့ အဓိပ္ပာယ်ကို ကျွန်တော်စတင်တွေးတောစ ပြုလာတယ်။

ဘဝဟာ မြို့ပြဒေသတွေ စည်ကားကြီးပွားဖို့အတွက်သာ မဟုတ်ပါဘူး။ ကျေးလက်ရဲ့ ဆိတ်ငြိမ်အေးချမ်းမှုဟာလည်း အလှတစ်မျိုးပါပဲ” ဟု ဝမ်ကျိက သူ၏ Douyin လူမှုကွန်ရက်အကောင့်တွင် ရေးသားခဲ့သည်ကို CNBC သတင်းဌာန၏ ဘာသာပြန်ဆိုကြည့်မှုအရ သိရသည်။

Douyin သည် ByteDance က ပိုင်သော TikTok ၏ ညီနောင် App တစ်ခုလည်း ဖြစ်ပြီး တရုတ်ပြည်တွင်းတွင် သုံးစွဲရန် ရည်ရွယ်ထုတ်လုပ်သော လူမှုကွန်ရက်ဖြစ်သည်။

တောင်ပေါ်ဒေသသို့ ရွှေ့ပြောင်းအခြေချပြီးနောက်ပိုင်း ဝမ်ကျိက နေ့စဉ်ချက်ပြုတ်စားသောက်ပုံ၊ ဟင်းသီးဟင်းရွက်များ ခူးဆွတ်ပုံ၊ တောင်ပေါ်ရှိ သူ၏တဲလေးကို ပြုပြင်ပုံ အစရှိသည်တို့ကို ဗွီဒီယိုရိုက်ကူးကာ လူမှုကွန်ရက်တွင် တင်လေ့ရှိသည်။

ယခုနှစ်အတွင်း အလုပ်အကိုင်ဈေးကွက်သို့ ဝင်ရောက်လာသည့် ကျောင်းပြီး တရုတ်လူငယ် ၁၁ ဒသမ ၈ သန်းအထိ ရှိနေသည်။

ထို့ကြောင့် အလုပ်အကိုင်ရရှိရေးမှာ ပြိုင်ဆိုင်မှု ပြင်းထန်လာပြီး ကောလိပ်ဘွဲ့တို့၏ တန်ဖိုးမှာ ကျဆင်းသွားခဲ့ရကြောင်း ပါမောက္ခ Chung က ရှင်းပြသည်။

ပညာရေးနှင့် အတွေ့အကြုံအားနည်းသူတို့မှာမူ အလုပ်ရနိုင်ချေ အလွန်နည်းပါးသွားသည်။

ယခုနှစ် သြဂုတ်လအချက်အလက်များအရ အလုပ်လက်မဲ့ တရုတ်လူငယ်ပမာဏမှာ ၁၈ ဒသမ ၈ ရာခိုင်နှုန်းအထိ စံချိန်တင် များပြားနေသည်။

ကမ္ဘာပေါ်တွင် ဒုတိယအကြီးမားဆုံး စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်ပြည်တွင် ပြည်တွင်း ဝယ်လိုအား အားနည်းနေခြင်း၊ အိမ်ခြံမြေဈေးကွက် အကျဘက်သို့ ရောက်နေခြင်းတို့အကြား ယခုအခြေအနေများ ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။

တရုတ်လူငယ်တို့ အများဆုံး ဦးတည်ကြသည့် ကျေးလက်ဒေသများမှာ ယူနန်၊ ကွေ့ကျိုးနှင့် စီချွမ်ပြည်နယ်တို့ ဖြစ်ပြီး ထိုဒေသတို့တါင် လူနေမှုစရိတ်မှာ ရှန်ဟိုင်းမြို့လူနေမှုစရိတ်အောက် ၄ ပုံ ၁ ပုံခန့် သက်သာသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Young Chinese are ‘retiring’ in the countryside as China’s unemployment woes grate (cnbc) Photo Credit- Vog/ Visual China Group/ Getty Images

 

 

[Zawgyi]

တရုတ္ျပည္တြင္ အလုပ္အကိုင္ ရွာေဖြရသည္မွာ ခက္ခဲလာေသာေၾကာင့္ တရုတ္လူငယ္မ်ားမွာ ေက်းလက္ေဒသမ်ားသို႔ ေျပာင္းေရႊ႕အေျခခ်ေနထုိင္မႈ အလြန္မ်ားျပားလာ

တရုတ္ျပည္တြင္ အလုပ္အကိုင္ရွာေဖြရခက္ခဲသည့္ အေျခအေနႏွင့္ ရင္ဆိုင္ေနရေသာေၾကာင့္ ျပည္မၾကီးရွိ တရုတ္လူငယ္မ်ားစြာမွာ ေက်းလက္ေဒသမ်ားသို႔ ေရႊ႕ေျပာင္းလာမႈ မ်ားျပားေနသည္။

တရုတ္စီးပြားေရးမွာ ရုန္းကန္ေနရသည့္ အေျခအေနရွိေသာေၾကာင့္ လူငယ္မ်ားအတြက္ အလုပ္အကိုင္ ရွာေဖြရ ခက္ခဲလာျခင္းျဖစ္ေၾကာင္း ေဟာင္ေကာင္ပိုလီတကၠနစ္တကၠသိုလ္မွ ပါေမာကၡခ်ဳပ္ Chung Chi Nien က ေျပာသည္။

(တရုတ္ျပည္၊ ခ်ဳံကင္းျမိဳ႕ရွိ ႏြားေမြးျမဴေရးျခံတစ္ခုတြင္ ႏြားသားေပါက္ကေလးတစ္ေကာင္ကို ေပြ႔ဖက္ေနေသာ မိန္းကေလးတစ္ဦးအား ေတြ႔ရပံု။ ဓာတ္ပံု-Vog/ Visual China Group/ Getty Images)

တရုတ္ျပည္မွ Gen Z မ်ားႏွင့္ Millennial မ်ားမွာ ေက်းလက္တြင္ ေနထိုင္ရသည့္ ေန႔စဥ္ဘဝလႈပ္ရွားမႈမ်ားကို လူမႈကြန္ရက္တြင္ တင္လာၾကျပီး ၎တို႔မွာ အလုပ္ျဖဳတ္ခံရျခင္း၊ အလုပ္ထြက္ခဲ့ျခင္း ၊ အလုပ္လက္မဲ့ ျဖစ္ေနျခင္း အစရွိသည့္ အေျခအေနမ်ားေၾကာင့္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလာၾကသည္။

အလုပ္မွ အျငိမ္းစားယူသူမ်ားဟု မိမိကိုယ္ကို ေျပာဆိုထားေသာ လူငယ္တို႔မွာ ၎တုိ႔၏ လူမႈကြန္ရက္ profile မ်ားအရ ၁၉၉၀ ျပည့္လြန္ကာလမ်ားႏွင့္ ၂၀၀၀ ျပည့္လြန္ကာလမ်ားတြင္ ေမြးဖြားခဲ့ၾကသူမ်ားျဖစ္ေၾကာင္း သိရသည္။

ျပီးခဲ့ေသာႏွစ္အတြင္း ဝမ္က်ိဒါဒါ (Wenzi Dada) ဟု အမည္လႊဲ ေပးထားေသာ အသက္ ၂၂ ႏွစ္အရြယ္ လူငယ္တစ္ဦးသည္ တရုတ္ျပည္၏ ေတာင္ထူထပ္ေသာ ေကြ႔က်ဳိးျပည္နယ္မွ ေတာင္ကမ္းပါးတစ္ခုတြင္ ဝါးတဲအိမ္ကေလးတစ္လံုး ေဆာက္လုပ္ေနထုိင္ခဲ့သည္။

ဝမ္က်ိသည္ ယခင္က ကားဝပ္ေရွာ့၊ ေဆာက္လုပ္ေရးႏွင့္ ကုန္ထုတ္လုပ္ေရးနယ္ပယ္တို႔တြင္ လုပ္ကိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ေဒသတြင္း သတင္းမီဒီယာသို႔ ၎က ေျပာျပသည္။ စက္မ်ားကိုသာ ေန႔စဥ္ကိုင္တြယ္ေနရျခင္းအေပၚ စိတ္ကုန္လာကာ ဇာတိျမိဳ႕သို႔ ျပန္လာခဲ့ေၾကာင္း ဝမ္က်ိက ေျပာသည္။

ဇာတိေျမတြင္ အလုပ္ရွာခဲ့ေသာ္လည္း စိတ္သေဘာမေတြ႔ခဲ့ေၾကာင္း ၎က ေျပာသည္။

“အခ်ိန္ၾကာလာတဲ့အခါ ဘဝရဲ႕ အဓိပၸာယ္ကို ကၽြန္ေတာ္စတင္ေတြးေတာစ ျပဳလာတယ္။

ဘဝဟာ ျမိဳ႕ျပေဒသေတြ စည္ကားၾကီးပြားဖို႔အတြက္သာ မဟုတ္ပါဘူး။ ေက်းလက္ရဲ႕ ဆိတ္ျငိမ္ေအးခ်မ္းမႈဟာလည္း အလွတစ္မ်ဳိးပါပဲ” ဟု ဝမ္က်ိက သူ၏ Douyin လူမႈကြန္ရက္အေကာင့္တြင္ ေရးသားခဲ့သည္ကို CNBC သတင္းဌာန၏ ဘာသာျပန္ဆိုၾကည့္မႈအရ သိရသည္။

Douyin သည္ ByteDance က ပိုင္ေသာ TikTok ၏ ညီေနာင္ App တစ္ခုလည္း ျဖစ္ျပီး တရုတ္ျပည္တြင္းတြင္ သံုးစြဲရန္ ရည္ရြယ္ထုတ္လုပ္ေသာ လူမႈကြန္ရက္ျဖစ္သည္။

ေတာင္ေပၚေဒသသို႔ ေရႊ႕ေျပာင္းအေျခခ်ျပီးေနာက္ပိုင္း ဝမ္က်ိက ေန႔စဥ္ခ်က္ျပဳတ္စားေသာက္ပံု၊ ဟင္းသီးဟင္းရြက္မ်ား ခူးဆြတ္ပံု၊ ေတာင္ေပၚရွိ သူ၏တဲေလးကို ျပဳျပင္ပံု အစရွိသည္တို႔ကို ဗြီဒီယိုရိုက္ကူးကာ လူမႈကြန္ရက္တြင္ တင္ေလ့ရွိသည္။

ယခုႏွစ္အတြင္း အလုပ္အကိုင္ေစ်းကြက္သို႔ ဝင္ေရာက္လာသည့္ ေက်ာင္းျပီး တရုတ္လူငယ္ ၁၁ ဒသမ ၈ သန္းအထိ ရွိေနသည္။

ထို႔ေၾကာင့္ အလုပ္အကိုင္ရရွိေရးမွာ ျပိဳင္ဆိုင္မႈ ျပင္းထန္လာျပီး ေကာလိပ္ဘြဲ႔တို႔၏ တန္ဖုိးမွာ က်ဆင္းသြားခဲ့ရေၾကာင္း ပါေမာကၡ Chung က ရွင္းျပသည္။

ပညာေရးႏွင့္ အေတြ႔အၾကံဳအားနည္းသူတို႔မွာမူ အလုပ္ရႏိုင္ေခ် အလြန္နည္းပါးသြားသည္။

ယခုႏွစ္ ၾသဂုတ္လအခ်က္အလက္မ်ားအရ အလုပ္လက္မဲ့ တရုတ္လူငယ္ပမာဏမွာ ၁၈ ဒသမ ၈ ရာခိုင္ႏႈန္းအထိ စံခ်ိန္တင္ မ်ားျပားေနသည္။

ကမၻာေပၚတြင္ ဒုတိယအၾကီးမားဆံုး စီးပြားေရးအင္အားၾကီးႏိုင္ငံျဖစ္သည့္ တရုတ္ျပည္တြင္ ျပည္တြင္း ဝယ္လိုအား အားနည္းေနျခင္း၊ အိမ္ျခံေျမေစ်းကြက္ အက်ဘက္သို႔ ေရာက္ေနျခင္းတို႔အၾကား ယခုအေျခအေနမ်ား ျဖစ္ေပၚလာျခင္းလည္း ျဖစ္သည္။

တရုတ္လူငယ္တု႔ိ အမ်ားဆံုး ဦးတည္ၾကသည့္ ေက်းလက္ေဒသမ်ားမွာ ယူနန္၊ ေကြ႔က်ဳိးႏွင့္ စီခၽြမ္ျပည္နယ္တို႔ ျဖစ္ျပီး ထိုေဒသတို႔တါင္ လူေနမႈစရိတ္မွာ ရွန္ဟိုင္းျမိဳ႕လူေနမႈစရိတ္ေအာက္ ၄ ပံု ၁ ပံုခန္႔ သက္သာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Young Chinese are ‘retiring’ in the countryside as China’s unemployment woes grate (cnbc) Photo Credit- Vog/ Visual China Group/ Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service