တရုတ်အဘိုးအိုတစ်ဦးက မိမိအား စောင့်ရှောက် အဖော်လုပ်ပေးပါက မိမိနေထိုင်သော တိုက်ခန်းပေးမည်ဟု စောင့်ရှောက်ပေးသူနှင့် စာချုပ်ချုပ်ခဲ့သော်လည်း အသက် ၉၃ နှစ်အရွယ်တွင် အိမ်ထောင်ပြုရန် စီစဉ်ခဲ့ပြီးနောက် တိုက်ခန်းမပေးလိုတော့သဖြင့် သဘောတူစာချုပ်ဖျက်သိမ်းပေးရန် တောင်းဆိုရာမှ တရားရုံးတွင် အမှုဖြစ်

တရုတ်အဘိုးအိုတစ်ဦးက မိမိအား စောင့်ရှောက် အဖော်လုပ်ပေးပါက မိမိနေထိုင်သော တိုက်ခန်းပေးမည်ဟု စောင့်ရှောက်ပေးသူနှင့် စာချုပ်ချုပ်ခဲ့သော်လည်း အသက် ၉၃ နှစ်အရွယ်တွင် အိမ်ထောင်ပြုရန် စီစဉ်ခဲ့ပြီးနောက် တိုက်ခန်းမပေးလိုတော့သဖြင့် သဘောတူစာချုပ်ဖျက်သိမ်းပေးရန် တောင်းဆိုရာမှ တရားရုံးတွင် အမှုဖြစ် - Property News in Myanmar from iMyanmarHouse.com
4 Sep 2024 10:53 am တွင် တင်ခဲ့သည်
803 ကြိမ် ကြည့်ရှု့ပြီး

 

[Unicode]

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့နေ အဘိုးအိုတစ်ဦးသည် ၎င်းကို နှစ်ပေါင်းများစွာ စောင့်ရှောက် အဖော်လုပ်ပေးခဲ့ သော မိတ်ဆွေတစ်ဦးအား ကျေးဇူးတုံ့ပြန်သောအားဖြင့် သူ၏ တိုက်ခန်းပေးမည်ဟု သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးထားခဲ့သည်။

သို့သော် အသက် ၉၃ နှစ်အရွယ်တွင် နောက်တစ်ကြိမ်အိမ်ထောင်ပြုရန် စီစဉ်ခဲ့ပြီးနောက် တိုက်ခန်းပေးရန် ဆုံးဖြတ်ခဲ့မိခြင်းအပေါ် နောင်တရလျက်ရှိနေသည်။

မိသားစု မျိုးရိုးအမည် တန်ဟုခေါ်သော အဘိုးအိုသည် ယခုအခါ အသက် ၉၉ နှစ်အရွယ်ရှိပြီ ဖြစ်သည်။

တန်သည် သူ၏ မိတ်ဆွေဟောင်း၊ သူ့အား ပြုစုစောင့်ရှောက်ပေးခဲ့သူ ဂူးဟု အမည်ရသူအား ယခုအခါ တရားစွဲထားသည်။

သူ၏ အခန်း ပြန်ပေးရန် တောင်းဆိုမှုမှာ ငြင်းပယ်ခံရသည်ဟု Shanghai Morning Post သတင်းဌာနက သြဂုတ်လ ၂၈ ရက်တွင် ဖော်ပြသည်။

၂၀၀၅ ခုနှစ်အတွင်း တန်က ဂု၏ မိသားစုနှင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့ရာတွင် မိမိအား စောင့်ရှောက်ကာ အဖော်လုပ်ပေးရန်၊ အပြန်အလှန်အားဖြင့် မိမိ၏ တိုက်ခန်းကို ပေးမည်ဟု စာချုပ်တွင် ဖော်ပြခဲ့သည်။

စာချုပ်ထဲတွင် တန်က တောင်းဆိုထားသည်မှာ ဂူးတို့ မိသားစုအနေဖြင့် မိမိအား မကြာခဏ ဖုန်းဆက်ရန်၊ တစ်ပတ်တစ်ကြိမ် လာတွေ့ရန်၊ အဝတ်အစားနှင့် စားသောက်ကုန် သွားဝယ်ပေးရန်၊ မိမိနေမကောင်းချိန်တွင် ပြုစုစောင့်ရှောက်ပေးရန်တို့ ပါဝင်သည်။

အပြန်အလှန်အားဖြင့် တန်က ၎င်း၏ သေတမ်းစာတွင် တိုက်ခန်းနှင့် တိုက်ခန်းတွင်းရှိ ပစ္စည်းများကို မိမိ၏ သားသမီးများအား အမွေမပေးဘဲ ဂုအား ပေးခဲ့မည်ဖြစ်ကြောင်း ကတိပြုစာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော့်မိသားစုထက် သူတို့က ကျွန်တော်အပေါ် ပိုပြီး ဂရုစိုက်ပါတယ်။ နာမကျန်းချိန်မှာ သူတို့က ကျွန်တော်နေမကောင်းချိန်တွေမှာ ကူညီပေးကြတယ်။ ကျွန်တော့်ဘဝ အဓိပ္ပာယ်ရှိစေ၊ ပျော်ရွှင်စေခဲ့ပါတယ်”

တန်က ၎င်း၏ သားသမီးများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးမရှိကြောင်း၊ သားသမီးများက မိမိအပေါ် ထောက်ပံ့ကူညီမှုများ မရှိကြောင်း ပြောသည်။ တန်သည် ဂူးနှင့် ၂၀၀၅ ခုနှစ်တွင် သူ၏အခန်းကို ယွမ်ငွေ ၂၀၀၀၀၀ (ကန်ဒေါ်လာ ၂၈၀၀၀) ဖြင့် အရောင်းအဝယ်လုပ်သည့် စာချုပ်ချုပ်ဆိုပေးခဲ့သည်။ အခန်းအကျယ်အဝန်း မည်မျှရှိသည်ကိုမူ မသိရချေ။

၂၀၀၅ ခုနှစ်က ရှန်ဟိုင်းမြို့တွင် ပျှမ်းမျှအိမ်ဈေးမှာ ၁ စတုရန်းမီတာလျှင် ယွမ်ငွေ ၆၇၀၀ ရှိခဲ့ကြောင်း ရှန်ဟိုင်း စာရင်းအင်းဗျူရို၏ အချက်အလက်များတွင် ဖော်ပြသည်။

 

(၂၀၀၅ ခုနှစ်တွင် တန်က ဂူးနှင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့ရာ ဂုက တန်အား ကူညီစောင့်ရှောက်ပေးရန်နှင့် အပြန်အလှန်အားဖြင့် တန်က ဂူးအား တိုက်ခန်းအပ်နှံရန် သဘောတူခဲ့သည်။ ဓာတ်ပုံ-Shutterstock)

 

တိုက်ခန်း အရောင်းအဝယ်စာချုပ်ချုပ်ခဲ့သည်ဆိုသော်လည်း ဂူးက ငွေမပေးခဲ့သလို တန်ကလည်း ထိုအခန်းမှ ရွှေ့ပေးရန်မဟုတ်။

လုပ်ထုံးလုပ်နည်းအရ စာချုပ်ချုပ်ခဲ့ကြခြင်းသာ ဖြစ်သည်။

အထက်ပါဖြစ်ရပ်များဖြစ်ပွားအပြီး ၁၃ နှစ်အကြာ ၂၀၁၈ ခုနှစ်သို့ ရောက်သောအခါ တန်က နောက်အိမ်ထောင် ပြုခဲ့ရာ တိုက်ခန်းပေးရန် ဆုံးဖြတ်ခဲ့မှုအပေါ် နောင်တရခဲ့သည်။

တန်က ဂူးကို ၂၀၁၉ နှင့် ၂၀၂၁ ခုနှစ်များအတွင်း အကြိမ်ကြိမ် တရားစွဲခဲ့သည်။

သူ၏ တိုက်ခန်းမှာ ဂူး၏ အမည်ပေါက်ပြောင်းခဲ့ခြင်းကို မသိရှိကြောင်း တန်က ငြင်းဆိုပြီး မိမိတို့အကြား သဘောတူညီချက်ကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့သည်။

ဂူးကလည်း တန်ပြန်တရားစွဲဆိုခဲ့ပြီး တိုက်ခန်းမှ ချက်ချင်းပြောင်းပေးရန်နှင့် ၂၀၀၆ ခုနှစ်ကတည်းက နေထိုင်ခဲ့သည့် ကာလများအတွက် အိမ်လခပေးရန် တောင်းဆိုခဲ့သည်။

ဂူးက တန်နှင့် အပြန်အလှန်ပို့ထားသည့် မက်ဆေ့များ၊ ခရီးသွားလာရာတွင် တန်ကို ခေါ်ဆောင်သွားခဲ့သည့် ဓာတ်ပုံများ၊ ၎င်းနှင့် အဖော်လုပ်ပေးခဲ့သည့်ဓာတ်ပုံများ တရားရုံးတွင် တင်ပြခဲ့သည်။

၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် တန်သည် မိမိတို့မိသားစုနှင့် ဖုန်းအဆက်အသွယ်ဖြတ်တောက်ခဲ့ကြောင်း ဂူးက ပြောသည်။

ရှန်ဟိုင်းရှိ တရားရုံးက နှစ်ဘက်လုံး၏ တောင်းဆိုချက်များကို ပယ်ချခဲ့ပြီး နှစ်ဦးနှစ်ဘက် သဘောတူညီခဲ့သည့်အတိုင်း ဆက်လက်လုပ်ဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

တရားရုံးအမိန့်၏ ဆိုလိုချက်မှာ ဂူးအနေဖြင့် တန်ကွယ်လွန်ပြီးနောက်ပိုင်းတွင် တိုက်ခန်းကို အမွေဆက်ခံ ပိုင်ဆိုင်ခွင့်ရရှိမည် ဖြစ်သည်။

(တရားရုံးက နှစ်ဘက်တောင်းဆိုချက်များကို ပယ်ချခဲ့ပြီး တန်ကွယ်လွန်လျှင် တိုက်ခန်းကို ဂူးက အမွေဆက်ခံရန် အမိန့်ချမှတ်ခဲ့သည်။ ဓာတ်ပုံ-AP)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chinese man who agreed to gift home to colleague changes mind after remarrying at 93 (scmp) Photo Credit-AP, Shutterstock

 

[Zawgyi]

တရုတ္အဘုိးအိုတစ္ဦးက မိမိအား ေစာင့္ေရွာက္ အေဖာ္လုပ္ေပးပါက မိမိေနထိုင္ေသာ တိုက္ခန္းေပးမည္ဟု ေစာင့္ေရွာက္ေပးသူႏွင့္ စာခ်ဳပ္ခ်ဳပ္ခဲ့ေသာ္လည္း အသက္ ၉၃ ႏွစ္အရြယ္တြင္ အိမ္ေထာင္ျပဳရန္ စီစဥ္ခဲ့ျပီးေနာက္ တိုက္ခန္းမေပးလိုေတာ့သျဖင့္ သေဘာတူစာခ်ဳပ္ဖ်က္သိမ္းေပးရန္ ေတာင္းဆိုရာမွ တရားရံုးတြင္ အမႈျဖစ္

တရုတ္ျပည္၊ ရွန္ဟိုင္းျမိဳ႕ေန အဘိုးအိုတစ္ဦးသည္ ၎ကို ႏွစ္ေပါင္းမ်ားစြာ ေစာင့္ေရွာက္ အေဖာ္လုပ္ေပးခဲ့ ေသာ မိတ္ေဆြတစ္ဦးအား ေက်းဇူးတံု႔ျပန္ေသာအားျဖင့္ သူ၏ တိုက္ခန္းေပးမည္ဟု သေဘာတူစာခ်ဳပ္တစ္ခု လက္မွတ္ေရးထိုးထားခဲ့သည္။

သို႔ေသာ္ အသက္ ၉၃ ႏွစ္အရြယ္တြင္ ေနာက္တစ္ၾကိမ္အိမ္ေထာင္ျပဳရန္ စီစဥ္ခဲ့ျပီးေနာက္ တိုက္ခန္းေပးရန္ ဆံုးျဖတ္ခဲ့မိျခင္းအေပၚ ေနာင္တရလ်က္ရွိေနသည္။

မိသားစု မ်ဳိးရိုးအမည္ တန္ဟုေခၚေသာ အဘိုးအိုသည္ ယခုအခါ အသက္ ၉၉ ႏွစ္အရြယ္ရွိျပီ ျဖစ္သည္။

တန္သည္ သူ၏ မိတ္ေဆြေဟာင္း၊ သူ႔အား ျပဳစုေစာင့္ေရွာက္ေပးခဲ့သူ ဂူးဟု အမည္ရသူအား ယခုအခါ တရားစြဲထားသည္။

သူ၏ အခန္း ျပန္ေပးရန္ ေတာင္းဆိုမႈမွာ ျငင္းပယ္ခံရသည္ဟု Shanghai Morning Post သတင္းဌာနက ၾသဂုတ္လ ၂၈ ရက္တြင္ ေဖာ္ျပသည္။

၂၀၀၅ ခုႏွစ္အတြင္း တန္က ဂု၏ မိသားစုႏွင့္ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ရာတြင္ မိမိအား ေစာင့္ေရွာက္ကာ အေဖာ္လုပ္ေပးရန္၊ အျပန္အလွန္အားျဖင့္ မိမိ၏ တိုက္ခန္းကို ေပးမည္ဟု စာခ်ဳပ္တြင္ ေဖာ္ျပခဲ့သည္။

စာခ်ဳပ္ထဲတြင္ တန္က ေတာင္းဆိုထားသည္မွာ ဂူးတို႔ မိသားစုအေနျဖင့္ မိမိအား မၾကာခဏ ဖုန္းဆက္ရန္၊ တစ္ပတ္တစ္ၾကိမ္ လာေတြ႔ရန္၊ အဝတ္အစားႏွင့္ စားေသာက္ကုန္ သြားဝယ္ေပးရန္၊ မိမိေနမေကာင္းခ်ိန္တြင္ ျပဳစုေစာင့္ေရွာက္ေပးရန္တို႔ ပါဝင္သည္။

အျပန္အလွန္အားျဖင့္ တန္က ၎၏ ေသတမ္းစာတြင္ တိုက္ခန္းႏွင့္ တိုက္ခန္းတြင္းရွိ ပစၥည္းမ်ားကို မိမိ၏ သားသမီးမ်ားအား အေမြမေပးဘဲ ဂုအား ေပးခဲ့မည္ျဖစ္ေၾကာင္း ကတိျပဳစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ျခင္း ျဖစ္သည္။

“ကၽြန္ေတာ့္မိသားစုထက္ သူတုိ႔က ကၽြန္ေတာ္အေပၚ ပိုျပီး ဂရုစိုက္ပါတယ္။ နာမက်န္းခ်ိန္မွာ သူတို႔က ကၽြန္ေတာ္ေနမေကာင္းခ်ိန္ေတြမွာ ကူညီေပးၾကတယ္။ ကၽြန္ေတာ့္ဘဝ အဓိပၸာယ္ရွိေစ၊ ေပ်ာ္ရႊင္ေစခဲ့ပါတယ္”

တန္က ၎၏ သားသမီးမ်ားႏွင့္ ေကာင္းမြန္သည့္ ဆက္ဆံေရးမရွိေၾကာင္း၊ သားသမီးမ်ားက မိမိအေပၚ ေထာက္ပံ့ကူညီမႈမ်ား မရွိေၾကာင္း ေျပာသည္။ တန္သည္ ဂူးႏွင့္ ၂၀၀၅ ခုႏွစ္တြင္ သူ၏အခန္းကို ယြမ္ေငြ ၂၀၀၀၀၀ (ကန္ေဒၚလာ ၂၈၀၀၀) ျဖင့္ အေရာင္းအဝယ္လုပ္သည့္ စာခ်ဳပ္ခ်ဳပ္ဆိုေပးခဲ့သည္။ အခန္းအက်ယ္အဝန္း မည္မွ်ရွိသည္ကိုမူ မသိရေခ်။

၂၀၀၅ ခုႏွစ္က ရွန္ဟိုင္းျမိဳ႕တြင္ ပွ်မ္းမွ်အိမ္ေစ်းမွာ ၁ စတုရန္းမီတာလွ်င္ ယြမ္ေငြ ၆၇၀၀ ရွိခဲ့ေၾကာင္း ရွန္ဟုိင္း စာရင္းအင္းဗ်ဴရို၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

(၂၀၀၅ ခုႏွစ္တြင္ တန္က ဂူးႏွင့္ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ရာ ဂုက တန္အား ကူညီေစာင့္ေရွာက္ေပးရန္ႏွင့္ အျပန္အလွန္အားျဖင့္ တန္က ဂူးအား တိုက္ခန္းအပ္ႏွံရန္ သေဘာတူခဲ့သည္။ ဓာတ္ပံု-Shutterstock)

တိုက္ခန္း အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ခဲ့သည္ဆိုေသာ္လည္း ဂူးက ေငြမေပးခဲ့သလို တန္ကလည္း ထိုအခန္းမွ ေရႊ႕ေပးရန္မဟုတ္။

လုပ္ထံုးလုပ္နည္းအရ စာခ်ဳပ္ခ်ဳပ္ခဲ့ၾကျခင္းသာ ျဖစ္သည္။

အထက္ပါျဖစ္ရပ္မ်ားျဖစ္ပြားအျပီး ၁၃ ႏွစ္အၾကာ ၂၀၁၈ ခုႏွစ္သို႔ ေရာက္ေသာအခါ တန္က ေနာက္အိမ္ေထာင္ ျပဳခဲ့ရာ တိုက္ခန္းေပးရန္ ဆံုးျဖတ္ခဲ့မႈအေပၚ ေနာင္တရခဲ့သည္။

တန္က ဂူးကို ၂၀၁၉ ႏွင့္ ၂၀၂၁ ခုႏွစ္မ်ားအတြင္း အၾကိမ္ၾကိမ္ တရားစြဲခဲ့သည္။

သူ၏ တိုက္ခန္းမွာ ဂူး၏ အမည္ေပါက္ေျပာင္းခဲ့ျခင္းကို မသိရွိေၾကာင္း တန္က ျငင္းဆိုျပီး မိမိတို႔အၾကား သေဘာတူညီခ်က္ကို ဖ်က္သိမ္းေပးရန္ ေတာင္းဆိုခဲ့သည္။

ဂူးကလည္း တန္ျပန္တရားစြဲဆိုခဲ့ျပီး တိုက္ခန္းမွ ခ်က္ခ်င္းေျပာင္းေပးရန္ႏွင့္ ၂၀၀၆ ခုႏွစ္ကတည္းက ေနထိုင္ခဲ့သည့္ ကာလမ်ားအတြက္ အိမ္လခေပးရန္ ေတာင္းဆိုခဲ့သည္။

ဂူးက တန္ႏွင့္ အျပန္အလွန္ပို႔ထားသည့္ မက္ေဆ့မ်ား၊ ခရီးသြားလာရာတြင္ တန္ကို ေခၚေဆာင္သြားခဲ့သည့္ ဓာတ္ပံုမ်ား၊ ၎ႏွင့္ အေဖာ္လုပ္ေပးခဲ့သည့္ဓာတ္ပံုမ်ား တရားရံုးတြင္ တင္ျပခဲ့သည္။

၂၀၁၉ ခုႏွစ္ေနာက္ပိုင္းတြင္ တန္သည္ မိမိတို႔မိသားစုႏွင့္ ဖုန္းအဆက္အသြယ္ျဖတ္ေတာက္ခဲ့ေၾကာင္း ဂူးက ေျပာသည္။

ရွန္ဟိုင္းရွိ တရားရံုးက ႏွစ္ဘက္လံုး၏ ေတာင္းဆိုခ်က္မ်ားကို ပယ္ခ်ခဲ့ျပီး ႏွစ္ဦးႏွစ္ဘက္ သေဘာတူညီခဲ့သည့္အတိုင္း ဆက္လက္လုပ္ေဆာင္ရန္ အမိန္႔ခ်မွတ္ခဲ့သည္။

တရားရံုးအမိန္႔၏ ဆိုလိုခ်က္မွာ ဂူးအေနျဖင့္ တန္ကြယ္လြန္ျပီးေနာက္ပိုင္းတြင္ တိုက္ခန္းကို အေမြဆက္ခံ ပိုင္ဆိုင္ခြင့္ရရွိမည္ ျဖစ္သည္။

(တရားရံုးက ႏွစ္ဘက္ေတာင္းဆိုခ်က္မ်ားကို ပယ္ခ်ခဲ့ျပီး တန္ကြယ္လြန္လွ်င္ တိုက္ခန္းကို ဂူးက အေမြဆက္ခံရန္ အမိန္႔ခ်မွတ္ခဲ့သည္။ ဓာတ္ပံု-AP)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Chinese man who agreed to gift home to colleague changes mind after remarrying at 93 (scmp) Photo Credit-AP, Shutterstock

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service