ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် သမီးဖြစ်သူ ပဲ့ထုန်ထန် (ယခုထိုင်းဝန်ကြီးချုပ်) တို့ ရောင်းထုတ်ခဲ့သော ဟောင်ကောင်မှ ကန်ဒေါ်လာ ၂၇ သန်းတန် စံအိမ်ကြီး

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် သမီးဖြစ်သူ ပဲ့ထုန်ထန် (ယခုထိုင်းဝန်ကြီးချုပ်) တို့ ရောင်းထုတ်ခဲ့သော ဟောင်ကောင်မှ ကန်ဒေါ်လာ ၂၇ သန်းတန် စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
23 Aug 2024 11:41 am တွင် တင်ခဲ့သည်
789 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် သမီးဖြစ်သူ ပဲ့ထုန်ထန် (ယခုထိုင်းဝန်ကြီးချုပ်) တို့ ရောင်းထုတ်ခဲ့သော ဟောင်ကောင်မှ ကန်ဒေါ်လာ ၂၇ သန်းတန် စံအိမ်ကြီး

သက်ဆင် ရှင်နာဝပ်ထရာ (မွေး ၁၉၄၉) သည် ထိုင်းစီးပွားရေးလုပ်ငန်းရှင်၊ နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။

တော်ဝင် ထိုင်းရဲတပ်ဖွဲ့တွင် ၁၉၇၃ မှ ၁၉၈၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ၂၃ ဆက် မြောက် ထိုင်းဝန်ကြီးချုပ်ဖြစ်လာခဲ့ကာ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

သက်ဆင်သည် ဖုန်းအော်ပရေတာ Advanced Info Service ကို တည်ထောင်ခဲ့ပြီး IT နှင့် တယ်လီကွန် ကုမ္ပဏီကြီး Shin Coporation ကို ၁၉၈၇ ခုနှစ်တွင် တည်ထောင်ခဲ့ကာ ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များ တွင် တစ်ဦးအပါအဝင် ဖြစ်လာခဲ့သည်။

သက်ဆင်သည် Thai Rak Thai ပါတီ (TRT) ကို ၁၉၉၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ရွေးကောက်ပွဲ အနိုင်ရကာ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

သက်ဆင်သည် ထိုင်းတွင် ဒီမိုကရက်တစ်နည်းအရ ရွေးကောက်ခံရကာ သက်တမ်းပြည့် တာဝန်ထမ်းဆောင် ရသည့် ပထမဆုံး ဝန်ကြီးချုပ်လည်း ဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင်လည်း ပြန်လည်ရွေးကောက်ခံရသည်။

သက်ဆင်၏ သမီးဖြစ်သူ ပဲ့ထုန်ထန် ရှင်နာဝပ်ထရာသည်လည်း ၂၀၂၄ ခုနှစ်တွင် ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရကာ ထိုင်းနိုင်ငံ၏ ၃၁ ဆက်မြောက် ဝန်ကြီးချုပ်ဖြစ်လာသည်။

သက်ဆင်၏ ညီမဖြစ်သူ ယင်လတ် ရှင်နာဝပ်ထရာမှာလည်း ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။

(ဟောင်ကောင်စံအိမ် အရောင်းအဝယ်)

ရှင်နာဝပ်ထရာမိသားစုသည် ဟောင်ကောင်တွင် တန်ဖိုးကြီး စံအိမ်ကြီးတစ်လုံး ပိုင်ဆိုင်ခဲ့ပြီး ပြန်လည်ရောင်းချ ရာတွင် ဘတ်ငွေ ၇၅ သန်း အမြတ်ရခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။

(သက်ဆင် ရှင်နာဝပ်ထရာ ရောင်းထုတ်ခဲ့သော ဟောင်ကောင်မှ King’s Park Hill အိမ်ရာရှိ ၃ ထပ်တိုက်ကြီး။ ဖော်ပြပါဓာတ်ပုံမှာ ဟောင်ကောင်အိမ်ခြံမြေကုမ္ပဏီတစ်ခု၏ ဝက်ဘ်ဆိုက်ဖြစ်သော Homes.Mitula.hk တွင် ဖော်ပြခဲ့သောပုံဖြစ်သည်။ သက်ဆင်သည် အဆိုပါစံအိမ်ကို ၂၀၀၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂၇ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အာရှတွင် စံချိန်တင် ဈေးနှုန်းဖြစ်ခဲ့သည်။)

အိမ်ခြံမြေမှတ်တမ်းများအရ ဟောင်ကောင်မှ Kowloon အရပ်၊ King’s Park Hill ရှိ ဘတ်ငွေ ၁၈၃ သန်းတန် အဆိုပါစံအိမ်ကို သက်ဆင်၏ သမီးဖြစ်သူ ပဲ့ထုန်ထန်က ၂၀၀၉ ခုနှစ် အစောပိုင်းတွင် ပိုင်ဆိုင်ခဲ့သည်ဟု ဆိုသည်။

ယင်းနောက် ဟောင်ကောင်ရှိ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုထံ ဘတ်ငွေ ၂၅၈ သန်းဖြင့် ရောင်းထုတ်ခဲ့ရာ ၄၁ ရာခိုင်နှုန်း မြတ်စွန်းခဲ့သည်။

သက်ဆင်သည် ၂၀၁၂ ခုနှစ်အတွင်း ဟောင်ကောင်ရှိ ဟိုတယ်တစ်ခုတွင် အသက် ၆၃ နှစ်ပြည့် မွေးနေ့ပွဲကို ကျင်းပခဲ့ရာ ထိုင်းနိုင်ငံရေးသမား များစွာတက်ရောက်ခဲ့ကြသည်။

သက်ဆင်သည် ဟောင်ကောင်ရှိ Mira ဟိုတယ် ballroom တွင် မွေးနေ့ပွဲကျင်းပခဲ့ရာတွင် ၂၀၀၆ ခုနှစ် ကတည်းက ထိုင်းမှ ထွက်ပြေးနေရစဉ်ကာလအတွင်း ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့၏ ကူညီမှုများကို ချီးကျူးပြောဆိုခဲ့သည်။

၂၀၀၈ ခုနှစ်တွင် သက်ဆင်ကို အာဏာအလွဲသုံးမှုဖြင့် တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ထိုင်းတရားရုံးတို့က သက်ဆင်မိသားစုပိုင်ဆိုင်သော ဘတ်ငွေ ၄၇ ဘီလီယံဖိုးရှိ ပိုင်ဆိုင်မှုများကို ၂၀၁၀ ပြည့်နှစ်တွင် သိမ်းယူခဲ့သည်။

သက်ဆင်၏ ကမ္ဘာတဝန်းတွင် ဖြန့်ကျက်ထားသော ရင်းနှီးမြှုပ်နှံမှု ဘတ်ငွေ ၁၈ ဒသမ ၉ ဘီလီယံဖိုးခန့် ရှိသည်ဟု ခန့်မှန်းရသည်။

“ဒီနေရာပေါ့။ ကျွန်တော့်ကို ထောက်ခံသူတွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ ဒီနေရာကို ကျွန်တော်အမြဲလာပါတယ်။ အိမ်ပြန်ဖို့က သိပ်အာရုံမထားပါဘူး” ဟု သက်ဆင်က ပြောခဲ့သည်။

ထိုစဉ်က သက်ဆင်အား လာရောက်တွေ့ဆုံသူများတွင် ထိုင်းရဲချုပ် Priewphan Damaphong လည်း အပါအဝင်ဖြစ်သည်။

ရဲချုပ် Damaphong သည် သက်ဆင်၏ ယောက်ဖဟောင်းလည်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Paetongtarn Shinawatra elected Thailand’s 31st prime minister (bangkokpost)

[Zawgyi]

ထိုင္းဝန္ၾကီးခ်ဳပ္ေဟာင္း သက္ဆင္ႏွင့္ သမီးျဖစ္သူ ပဲ့ထုန္ထန္ (ယခုထိုင္းဝန္ၾကီးခ်ဳပ္) တို႔ ေရာင္းထုတ္ခဲ့ေသာ ေဟာင္ေကာင္မွ ကန္ေဒၚလာ ၂၇ သန္းတန္ စံအိမ္ၾကီး

သက္ဆင္ ရွင္နာဝပ္ထရာ (ေမြး ၁၉၄၉) သည္ ထိုင္းစီးပြားေရးလုပ္ငန္းရွင္၊ ႏိုင္ငံေရးသမားတစ္ဦး ျဖစ္သည္။

ေတာ္ဝင္ ထိုင္းရဲတပ္ဖြဲ႔တြင္ ၁၉၇၃ မွ ၁၉၈၇ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့ျပီး ၂၀၀၁ ခုႏွစ္တြင္ ၂၃ ဆက္ ေျမာက္ ထိုင္းဝန္ၾကီးခ်ဳပ္ျဖစ္လာခဲ့ကာ ၂၀၀၆ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့သည္။

သက္ဆင္သည္ ဖုန္းေအာ္ပေရတာ Advanced Info Service ကို တည္ေထာင္ခဲ့ျပီး IT ႏွင့္ တယ္လီကြန္ ကုမၸဏီၾကီး Shin Coporation ကို ၁၉၈၇ ခုႏွစ္တြင္ တည္ေထာင္ခဲ့ကာ ထိုင္းႏိုင္ငံ၏ အခ်မ္းသာဆံုးပုဂၢိဳလ္မ်ား တြင္ တစ္ဦးအပါအဝင္ ျဖစ္လာခဲ့သည္။

သက္ဆင္သည္ Thai Rak Thai ပါတီ (TRT) ကို ၁၉၉၈ ခုႏွစ္တြင္ တည္ေထာင္ခဲ့ျပီး ၂၀၀၁ ခုႏွစ္တြင္ ေရြးေကာက္ပြဲ အႏိုင္ရကာ ဝန္ၾကီးခ်ဳပ္ျဖစ္လာခဲ့သည္။

သက္ဆင္သည္ ထိုင္းတြင္ ဒီမိုကရက္တစ္နည္းအရ ေရြးေကာက္ခံရကာ သက္တမ္းျပည့္ တာဝန္ထမ္းေဆာင္ ရသည့္ ပထမဆံုး ဝန္ၾကီးခ်ဳပ္လည္း ျဖစ္ျပီး ၂၀၀၅ ခုႏွစ္တြင္လည္း ျပန္လည္ေရြးေကာက္ခံရသည္။

သက္ဆင္၏ သမီးျဖစ္သူ ပဲ့ထုန္ထန္ ရွင္နာဝပ္ထရာသည္လည္း ၂၀၂၄ ခုႏွစ္တြင္ ထိုင္းဝန္ၾကီးခ်ဳပ္အျဖစ္ ေရြးေကာက္ခံရကာ ထိုင္းႏိုင္ငံ၏ ၃၁ ဆက္ေျမာက္ ဝန္ၾကီးခ်ဳပ္ျဖစ္လာသည္။

သက္ဆင္၏ ညီမျဖစ္သူ ယင္လတ္ ရွင္နာဝပ္ထရာမွာလည္း ထိုင္းဝန္ၾကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ ခဲ့သည္။

(ေဟာင္ေကာင္စံအိမ္ အေရာင္းအဝယ္))

ရွင္နာဝပ္ထရာမိသားစုသည္ ေဟာင္ေကာင္တြင္ တန္ဖုိးၾကီး စံအိမ္ၾကီးတစ္လံုး ပိုင္ဆိုင္ခဲ့ျပီး ျပန္လည္ေရာင္းခ် ရာတြင္ ဘတ္ေငြ ၇၅ သန္း အျမတ္ရခဲ့ေၾကာင္း ဘန္ေကာက္ပို႔စ္သတင္းက ေဖာ္ျပသည္။

(သက္ဆင္ ရွင္နာဝပ္ထရာ ေရာင္းထုတ္ခဲ့ေသာ ေဟာင္ေကာင္မွ King’s Park Hill အိမ္ရာရွိ ၃ ထပ္တိုက္ၾကီး။ ေဖာ္ျပပါဓာတ္ပံုမွာ ေဟာင္ေကာင္အိမ္ျခံေျမကုမၸဏီတစ္ခု၏ ဝက္ဘ္ဆိုက္ျဖစ္ေသာ Homes.Mitula.hk တြင္ ေဖာ္ျပခဲ့ေသာပံုျဖစ္သည္။ သက္ဆင္သည္ အဆိုပါစံအိမ္ကို ၂၀၀၇ ခုႏွစ္အတြင္း ကန္ေဒၚလာ ၂၇ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ထိုစဥ္က အာရွတြင္ စံခ်ိန္တင္ ေစ်းႏႈန္းျဖစ္ခဲ့သည္။)

အိမ္ျခံေျမမွတ္တမ္းမ်ားအရ ေဟာင္ေကာင္မွ Kowloon အရပ္၊ King’s Park Hill ရွိ ဘတ္ေငြ ၁၈၃ သန္းတန္ အဆိုပါစံအိမ္ကို သက္ဆင္၏ သမီးျဖစ္သူ ပဲ့ထုန္ထန္က ၂၀၀၉ ခုႏွစ္ အေစာပိုင္းတြင္ ပိုင္ဆိုင္ခဲ့သည္ဟု ဆိုသည္။

ယင္းေနာက္ ေဟာင္ေကာင္ရွိ ပုဂၢလိက ကုမၸဏီတစ္ခုထံ ဘတ္ေငြ ၂၅၈ သန္းျဖင့္ ေရာင္းထုတ္ခဲ့ရာ ၄၁ ရာခိုင္ႏႈန္း ျမတ္စြန္းခဲ့သည္။

သက္ဆင္သည္ ၂၀၁၂ ခုႏွစ္အတြင္း ေဟာင္ေကာင္ရွိ ဟိုတယ္တစ္ခုတြင္ အသက္ ၆၃ ႏွစ္ျပည့္ ေမြးေန႔ပြဲကို က်င္းပခဲ့ရာ ထိုင္းႏိုင္ငံေရးသမား မ်ားစြာတက္ေရာက္ခဲ့ၾကသည္။

သက္ဆင္သည္ ေဟာင္ေကာင္ရွိ Mira ဟိုတယ္ ballroom တြင္ ေမြးေန႔ပြဲက်င္းပခဲ့ရာတြင္ ၂၀၀၆ ခုႏွစ္ ကတည္းက ထိုင္းမွ ထြက္ေျပးေနရစဥ္ကာလအတြင္း ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးအဖြဲ႔၏ ကူညီမႈမ်ားကို ခ်ီးက်ဴးေျပာဆိုခဲ့သည္။

၂၀၀၈ ခုႏွစ္တြင္ သက္ဆင္ကို အာဏာအလြဲသံုးမႈျဖင့္ တရားရံုးက ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္ခဲ့ျခင္း ျဖစ္သည္။

ထို႔အျပင္ ထိုင္းတရားရံုးတို႔က သက္ဆင္မိသားစုပိုင္ဆိုင္ေသာ ဘတ္ေငြ ၄၇ ဘီလီယံဖိုးရွိ ပိုင္ဆိုင္မႈမ်ားကို ၂၀၁၀ ျပည့္ႏွစ္တြင္ သိမ္းယူခဲ့သည္။

သက္ဆင္၏ ကမၻာတဝန္းတြင္ ျဖန္႔က်က္ထားေသာ ရင္းႏွီးျမွဳပ္ႏွံမႈ ဘတ္ေငြ ၁၈ ဒသမ ၉ ဘီလီယံဖိုးခန္႔ ရွိသည္ဟု ခန္႔မွန္းရသည္။

“ဒီေနရာေပါ့။ ကၽြန္ေတာ့္ကို ေထာက္ခံသူေတြ၊ သူငယ္ခ်င္းေတြနဲ႔ ေတြ႔ဖို႔ ဒီေနရာကို ကၽြန္ေတာ္အျမဲလာပါတယ္။ အိမ္ျပန္ဖို႔က သိပ္အာရံုမထားပါဘူး” ဟု သက္ဆင္က ေျပာခဲ့သည္။

ထိုစဥ္က သက္ဆင္အား လာေရာက္ေတြ႔ဆံုသူမ်ားတြင္ ထိုင္းရဲခ်ဳပ္ Priewphan Damaphong လည္း အပါအဝင္ျဖစ္သည္။

ရဲခ်ဳပ္ Damaphong သည္ သက္ဆင္၏ ေယာက္ဖေဟာင္းလည္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Paetongtarn Shinawatra elected Thailand’s 31st prime minister (bangkokpost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service