ကလေးများနှင့် ကြောင်များ နေထိုင်ခွင့်မပြုသည့် ထူးဆန်းသည့် စည်းကမ်းချမှတ်ထားသော ဗြိတိန်၏ စည်းကမ်းအတင်းကျပ်ဆုံး လူနေအိမ်ရာ

ကလေးများနှင့် ကြောင်များ နေထိုင်ခွင့်မပြုသည့် ထူးဆန်းသည့် စည်းကမ်းချမှတ်ထားသော ဗြိတိန်၏ စည်းကမ်းအတင်းကျပ်ဆုံး လူနေအိမ်ရာ - Property News in Myanmar from iMyanmarHouse.com
12 Aug 2024 12:33 pm တွင် တင်ခဲ့သည်
532 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်တွင် လုပ်ငန်းများမှ အနားယူမည့် အငြိမ်းစားများနေထိုင်ရန် ဘန်ဂလိုအိမ်များ ဆောက်လုပ်မည့် စီမံကိန်းတစ်ရပ်ကို အတည်ပြုခွင့်ပြုပေးလိုက်သည်။

အဆိုပါအိမ်ရာအတွက် ထူးဆန်းသည့်စည်းကမ်းတစ်ခုချမှတ်ထားရာ ကလေးများနှင့် ကြောင်များ နေထိုင်ခွင့် မပြုခြင်းဖြစ်သည်။

အင်္ဂလန်နိုင်ငံ ၊ ကန့်ခရိုင်၊ Cliffe Woods မြို့၊ View လမ်းတွင် အငြိမ်းစားအိမ်ရာကို ဆောက်လုပ်မည်ရန် Medway ကောင်စီက ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။

ကြောင်များမွေးမြူခြင်းအပြင် အသက် ၁၆ နှစ်အောက် ကလေးများ နေထိုင်ခြင်း တားမြစ်သည့် စည်းကမ်းကို နေထိုင်မည့််သူများ လိုက်နာရမည်ဟု ဆိုသည်။

 

 

(ပုံတွင်တွေ့ရသော ကန့်ခရိုင်၊ Cliffe Woods မြို့ရှိ မြေနေရာတွင် နေအိမ် ၂၅ လုံး ဆောက်လုပ်ရန် စီစဉ်ထားသည်။ ဓာတ်ပုံ-Esquire Developments/ Medway Council planning portal)

 

(ဆောက်လုပ်မည့် မြေနေရာမှာ Cliffe Woods မြို့စွန်တွင် တည်ရှိသည်)

 

အဆိုပါအိမ်ရာတွင် အသက် ၅၅ နှစ်အထက်ရှိသူများအား နေထိုင်ခွင့်ပြုမည်ဖြစ်ပြီး စည်းကမ်းများ သတ်မှတ် ထားကြောင်း၊ ကန့်ခရိုင်၏ မြောက်ဘက်စွန်းတွင် တည်ရှိပြီး သဘာဝဘေးမဲ့တောတစ်ခုအနီး တည်ရှိကြောင်း KentOnline သတင်းဌာနက ဖော်ပြသည်။

ကြောင်များ မွေးမြူခွင့်မပြုသည့် စည်းကမ်းသတ်မှတ်ထားရခြင်းမှာ ယခုအိမ်ရာဆောက်လုပ်မည့်နေရာသည် အထူးသိပ္ပံသုတေသနအကျိုးစီးပွားနေရာ (SSSI) ဖြစ်သော Chattenden Woods နှင့် Lodge Hill တို့အနီးတွင် တည်ရှိသောကြောင့်ဖြစ်ပြီး ထိုနေရာများတွင် တေးသီငှက်များ အသိုက်ဖွဲ့ ကျက်စားကြသောကြောင့် ဖြစ်သည်။

အသက် ၁၆ နှစ်အောက် ကလေးများ နေထိုင်ခွင့်မပြုသည့် အကြောင်းရင်းမှာ သက်ကြီးရွယ်အိုများအတွက် ရည်ရွယ်ထားသည့် အိမ်ရာဖြစ်သောကြောင့် သာမန်နေအိမ်ဝယ်လက်များ ဝယ်ယူခြင်းမပြုစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ယခုအိမ်ရာစီမံကိန်းကို ၂၀၁၇ ခုနှစ်အတွင်း စီမံကိန်းကော်မတီတစ်ခုက ပယ်ချခဲ့သော်လည်း နောက်ပိုင်းတွင် အသနားခံစာတင်ပြမှုကို စီမံကိန်းစုံစမ်းစစ်ဆေးရေးဌာနက အတည်ပြုပေးခဲ့သည်။

ယင်းအိမ်ရာစီမံကိန်း၏ ပထမဆုံး ဒီဇိုင်းရေးဆွဲမှုကို အတည်မပြုခဲ့သော်လည်း နောက်ပိုင်းတွင် Stonechart Developments Ltd က ရေးဆွဲသော ဒီဇိုင်းကို ၂၀၂၂ ခုနှစ်တွင် ခွင့်ပြုချက်ရရှိခဲ့သည်။

အဆိုပါဒီဇိုင်းတွင် အိပ်ခန်း ၂ ခန်းပါ ဘန်ဂလိုအိမ် ၁၃ လုံး၊ အိပ်ခန်း ၃ ခန်းပါ ဘန်ဂလိုအိမ် ၈ လုံးနှင့် အိပ်ခန်း ၃ ခန်းပါ နေအိမ် ၄ လုံးတို့ ပါဝင်သည်။

(မူလရေးဆွဲခဲ့သော ဒီဇိုင်းမှာ အကျဉ်းစခန်းတစ်ခုနှင့် တူနေသည်။ ဓာတ်ပုံ-Ubique Architects)

 

(ယခင်ဒီဇိုင်းတွင် ရေးဆွဲခဲ့သော နေအိမ်ပုံစံ။ ဓာတ်ပုံ- Ubique Architects)

 

“သက်ကြီးရွယ်အ်ိုတွေဟာ အဖော်အဖြစ်နဲ့ အိမ်မွေးတိရ စ္ဆာန်လေးတွေ မွေးချင်ကြပါတယ်။ ဒီအချက်ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ”

မြို့ကောင်စီဝင်ဖြစ်သူ Dan McDonald က “သက်ကြီးပိုင်းတွေဟာ ကလေးမွေးစားထားတာမျိုး (ဒါမှမဟုတ်) မြေးတွေရှိနိုင်ပါတယ်” ဟု ပြောသည်။

စီမံကိန်းအရာရှိတို့က ပြောသည်မှာ အငြိမ်းစားအိမ်ရာများတွင် အသက် ၁၆ နှစ်အောက် ကလေးများ နေထိုင်ခွင့် မပြုခြင်းမှာ အဆန်းတကြယ်မဟုတ်ကြောင်း၊ နေအိမ်ဝယ်ယူလိုသည့် ဝယ်လက်အားလုံးကို အဆိုပါ စည်းမျဉ်းနှင့် ပတ်သက်ပြီး အသိပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

အငြိမ်းစားအိမ်ရာတွင် ကြောင်များနှင့် ကလေးများ နေခွင့်မပေးသည့် သတင်းနှင့် စပ်လျဉ်းပြီး လူမှုကွန်ရက်တွင် အမျိုးမျိုးအဖုံဖုံ ပြောဆိုမှုများရှိသည်။

“ကလေးတွေ နေခွင့်မပေးတာ နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့် ကြောင်တွေက ဘာကြောင့် နေခွင့်မပေးတာလဲ” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: NO KIDDING Kids BANNED from living on ‘UK’s strictest estate’ after locals slam ‘gulag camp’ & no cats rule – but hail cheap homes (thesun)

Photo Credit- Esquire Developments/ Medway Council planning portal, The Sun, Ubique Architects

 

 

[Zawgyi]

 

ကေလးမ်ားႏွင့္ ေၾကာင္မ်ား ေနထိုင္ခြင့္မျပဳသည့္ ထူးဆန္းသည့္ စည္းကမ္းခ်မွတ္ထားေသာ ျဗိတိန္၏ စည္းကမ္းအတင္းက်ပ္ဆံုး လူေနအိမ္ရာ

ျဗိတိန္တြင္ လုပ္ငန္းမ်ားမွ အနားယူမည့္ အျငိမ္းစားမ်ားေနထိုင္ရန္ ဘန္ဂလိုအိမ္မ်ား ေဆာက္လုပ္မည့္ စီမံကိန္းတစ္ရပ္ကို အတည္ျပဳခြင့္ျပဳေပးလိုက္သည္။

အဆိုပါအိမ္ရာအတြက္ ထူးဆန္းသည့္စည္းကမ္းတစ္ခုခ်မွတ္ထားရာ ကေလးမ်ားႏွင့္ ေၾကာင္မ်ား ေနထုိင္ခြင့္ မျပဳျခင္းျဖစ္သည္။

အဂၤလန္ႏိုင္ငံ ၊ ကန္႔ခရိုင္၊ Cliffe Woods ျမိဳ႕၊ View လမ္းတြင္ အျငိမ္းစားအိမ္ရာကို ေဆာက္လုပ္မည္ရန္ Medway ေကာင္စီက ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း ခြင့္ျပဳေပးလိုက္ျခင္း ျဖစ္သည္။

ေၾကာင္မ်ားေမြးျမဴျခင္းအျပင္ အသက္ ၁၆ ႏွစ္ေအာက္ ကေလးမ်ား ေနထိုင္ျခင္း တားျမစ္သည့္ စည္းကမ္းကို ေနထိုင္မည့္္သူမ်ား လိုက္နာရမည္ဟု ဆိုသည္။

(ပံုတြင္ေတြ႔ရေသာ ကန္႔ခရိုင္၊ Cliffe Woods ျမိဳ႕ရွိ ေျမေနရာတြင္ ေနအိမ္ ၂၅ လံုး ေဆာက္လုပ္ရန္ စီစဥ္ထားသည္။ ဓာတ္ပံု-Esquire Developments/ Medway Council planning portal)

(ေဆာက္လုပ္မည့္ ေျမေနရာမွာ Cliffe Woods ျမိဳ႕စြန္တြင္ တည္ရွိသည္)

အဆိုပါအိမ္ရာတြင္ အသက္ ၅၅ ႏွစ္အထက္ရွိသူမ်ားအား ေနထိုင္ခြင့္ျပဳမည္ျဖစ္ျပီး စည္းကမ္းမ်ား သတ္မွတ္ ထားေၾကာင္း၊ ကန္႔ခရိုင္၏ ေျမာက္ဘက္စြန္းတြင္ တည္ရွိျပီး သဘာဝေဘးမဲ့ေတာတစ္ခုအနီး တည္ရွိေၾကာင္း KentOnline သတင္းဌာနက ေဖာ္ျပသည္။

ေၾကာင္မ်ား ေမြးျမဴခြင့္မျပဳသည့္ စည္းကမ္းသတ္မွတ္ထားရျခင္းမွာ ယခုအိမ္ရာေဆာက္လုပ္မည့္ေနရာသည္ အထူးသိပၸံသုေတသနအက်ဳိးစီးပြားေနရာ (SSSI) ျဖစ္ေသာ Chattenden Woods ႏွင့္ Lodge Hill တို႔အနီးတြင္ တည္ရွိေသာေၾကာင့္ျဖစ္ျပီး ထိုေနရာမ်ားတြင္ ေတးသီငွက္မ်ား အသိုက္ဖြဲ႔ က်က္စားၾကေသာေၾကာင့္ ျဖစ္သည္။

အသက္ ၁၆ ႏွစ္ေအာက္ ကေလးမ်ား ေနထိုင္ခြင့္မျပဳသည့္ အေၾကာင္းရင္းမွာ သက္ၾကီးရြယ္အိုမ်ားအတြက္ ရည္ရြယ္ထားသည့္ အိမ္ရာျဖစ္ေသာေၾကာင့္ သာမန္ေနအိမ္ဝယ္လက္မ်ား ဝယ္ယူျခင္းမျပဳေစရန္ ရည္ရြယ္ျခင္း ျဖစ္သည္။

ယခုအိမ္ရာစီမံကိန္းကို ၂၀၁၇ ခုႏွစ္အတြင္း စီမံကိန္းေကာ္မတီတစ္ခုက ပယ္ခ်ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ အသနားခံစာတင္ျပမႈကို စီမံကိန္းစံုစမ္းစစ္ေဆးေရးဌာနက အတည္ျပဳေပးခဲ့သည္။

ယင္းအိမ္ရာစီမံကိန္း၏ ပထမဆံုး ဒီဇိုင္းေရးဆြဲမႈကို အတည္မျပဳခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ Stonechart Developments Ltd က ေရးဆြဲေသာ ဒီဇိုင္းကို ၂၀၂၂ ခုႏွစ္တြင္ ခြင့္ျပဳခ်က္ရရွိခဲ့သည္။

အဆိုပါဒီဇုိင္းတြင္ အိပ္ခန္း ၂ ခန္းပါ ဘန္ဂလိုအိမ္ ၁၃ လံုး၊ အိပ္ခန္း ၃ ခန္းပါ ဘန္ဂလိုအိမ္ ၈ လံုးႏွင့္ အိပ္ခန္း ၃ ခန္းပါ ေနအိမ္ ၄ လံုးတို႔ ပါဝင္သည္။

(မူလေရးဆြဲခဲ့ေသာ ဒီဇိုင္းမွာ အက်ဥ္းစခန္းတစ္ခုႏွင့္ တူေနသည္။ ဓာတ္ပံု-Ubique Architects)

(ယခင္ဒီဇိုင္းတြင္ ေရးဆြဲခဲ့ေသာ ေနအိမ္ပံုစံ။ ဓာတ္ပံု- Ubique Architects)

“သက္ၾကီးရြယ္အို္ေတြဟာ အေဖာ္အျဖစ္နဲ႔ အိမ္ေမြးတိရ စၦာန္ေလးေတြ ေမြးခ်င္ၾကပါတယ္။ ဒီအခ်က္ကို ဘယ္လိုကိုင္တြယ္ေျဖရွင္းမလဲဆိုတာ စိတ္ဝင္စားစရာပါပဲ”

ျမိဳ႕ေကာင္စီဝင္ျဖစ္သူ Dan McDonald က “သက္ၾကီးပိုင္းေတြဟာ ကေလးေမြးစားထားတာမ်ဳိး (ဒါမွမဟုတ္) ေျမးေတြရွိႏိုင္ပါတယ္” ဟု ေျပာသည္။

စီမံကိန္းအရာရွိတို႔က ေျပာသည္မွာ အျငိမ္းစားအိမ္ရာမ်ားတြင္ အသက္ ၁၆ ႏွစ္ေအာက္ ကေလးမ်ား ေနထိုင္ခြင့္ မျပဳျခင္းမွာ အဆန္းတၾကယ္မဟုတ္ေၾကာင္း၊ ေနအိမ္ဝယ္ယူလိုသည့္ ဝယ္လက္အားလံုးကို အဆိုပါ စည္းမ်ဥ္းႏွင့္ ပတ္သက္ျပီး အသိေပးသြားမည္ျဖစ္ေၾကာင္း ေျပာသည္။

အျငိမ္းစားအိမ္ရာတြင္ ေၾကာင္မ်ားႏွင့္ ကေလးမ်ား ေနခြင့္မေပးသည့္ သတင္းႏွင့္ စပ္လ်ဥ္းျပီး လူမႈကြန္ရက္တြင္ အမ်ဳိးမ်ဳိးအဖံုဖံု ေျပာဆိုမႈမ်ားရွိသည္။

“ကေလးေတြ ေနခြင့္မေပးတာ နားလည္ေပးလို႔ရပါတယ္။ ဒါေပမယ့္ ေၾကာင္ေတြက ဘာေၾကာင့္ ေနခြင့္မေပးတာလဲ” ဟု လူမႈကြန္ရက္သံုးစြဲသူတစ္ဦးက မွတ္ခ်က္ျပဳသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: NO KIDDING Kids BANNED from living on ‘UK’s strictest estate’ after locals slam ‘gulag camp’ & no cats rule – but hail cheap homes (thesun)

Photo Credit- Esquire Developments/ Medway Council planning portal, The Sun, Ubique Architects

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service