မူကက်ရှ် အမ်ဘာနီက သားငယ်၏ မင်္ဂလာပွဲအတွက် ငွေပုံအော သုံးစွဲခဲ့သော်လည်း သူ၏ ကြွယ်ဝမှု ကျဆင်း မသွားခဲ့ဘဲ မင်္ဂလာပွဲအပြီး ၁၀ ရက်တာအတွင်း ဝင်ငွေ ရူပီး ကုဋေ ၂၅,၀၀၀ (ကန်ဒေါ်လာ ၃ ဘီလီယံ) အထိ တိုးပွားလာခဲ့

မူကက်ရှ် အမ်ဘာနီက သားငယ်၏ မင်္ဂလာပွဲအတွက် ငွေပုံအော သုံးစွဲခဲ့သော်လည်း သူ၏ ကြွယ်ဝမှု ကျဆင်း မသွားခဲ့ဘဲ မင်္ဂလာပွဲအပြီး ၁၀ ရက်တာအတွင်း ဝင်ငွေ ရူပီး ကုဋေ ၂၅,၀၀၀ (ကန်ဒေါ်လာ ၃ ဘီလီယံ) အထိ တိုးပွားလာခဲ့ - Property News in Myanmar from iMyanmarHouse.com
22 Jul 2024 11:29 am တွင် တင်ခဲ့သည်
1604 ကြိမ် ကြည့်ရှု့ပြီး
အိန္ဒိယနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ်အမ်ဘာနီ၏ သားငယ် အာနန့် အမ်ဘာနီနှင့် ရာဒီကာမားချန့်တို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်တွင် ကြီးကျယ်ခမ်းနားစွာ ထိမ်းမြားမင်္ဂလာပွဲ ဆင်နွှဲခဲ့ကြပြီးနောက် အမ်ဘာနီ၏ ကြွယ်ဝမှုမှာ အံ့မခန်း တိုးပွားလာခဲ့သည်။
အဆိုပါ မင်္ဂလာပွဲမှာ တကမ္ဘာလုံး၏ အာရုံစိုက်ခံခဲ့ရပြီး မူကက်ရှ် အမ်ဘာနီအတွက် ငွေကြေးအကျိုးအမြတ် များစွာရလာခဲ့သည်။
 
သားငယ်၏ မင်္ဂလာပွဲအတွက် မူကက်ရှ် အမ်ဘာနီက ငွေပုံအောသုံးစွဲခဲ့သော်လည်း သူ၏ ချမ်းသာကြွယ်ဝမှု လျော့မသွားချေ။
 
Aaj Tak ၏ ဖော်ပြချက်အရ မင်္ဂလာပွဲအပြီး ၁၀ ရက်မျှသာ ရှိသေးချိန်တွင် မူကက်ရှ် အမ်ဘာနီ၏ ကြွယ်ဝမှုမှာ ရူပီး ကုဋေ ၂၅,၀၀၀ (ကန်ဒေါ်လာ ၃ ဘီလီယံခန့်) တိုးပွားလာခဲ့သည်ဟု ဆိုသည်။
 
Bloomberg ဘီလျံနာညွှန်းကိန်းတွင် ဇူလိုင် ၅ ရက်၌ ဖော်ပြခဲ့မှုအရ မူကက်ရှ် အမ်ဘာနီ၏ ကြွယ်ဝမှု ကန်ဒေါ်လာ ၁၁၈ ဘီလီယံဟု ဖော်ပြခဲ့သည်။
ဇူလိုင်လ ၁၂ ရက်တွင်မူ သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၂၁ ဘီလီယံသို့ မြင့်တက်လာခဲ့သည်။
 
ထိုသို့ ကြွယ်ဝမှု တိုးပွားလာသောကြောင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းတွင် ယခင်က နံပါတ် ၁၂ နေရာတွင် ရှိခဲ့ရာမှ နံပါတ် ၁၁ နေရာသို့ မြင့်တက်လာခဲ့သည်။
မူကက်ရှ် အမ်ဘာနီသည် အာရှတိုက်တွင် အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်သည်။
 
မူကက်ရှ် အမ်ဘာနီ၏ ဓနတိုးပွားမှုမှာ Reliance Industries အတွက်လည်း ရှယ်ယာစျေးများ တက်စေခဲ့သည်။
မင်္ဂလာပွဲနေ့တွင် Reliance Industries ၏ ရှယ်ယာစျေးများ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
 
ပြီးခဲ့သောလအတွင်း ရှယ်ယာစျေးများ ၆ ဒသမ ၆၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး လွန်ခဲ့သော ၆ လတာအတွင်းတွင် ၁၄ ဒသမ ၉၀ ရာခိုင်နှုန်း အမြတ်အစွန်းရှိခဲ့သည်။
 
ဇူလိုင်လ ၁၀ ရက်အချက်အလက်များအရ မူကက်ရှ် အမ်ဘာနီ၏ ကြွယ်ဝမှုမှာ ရူပီး ၁၀,၂၁၁,၃၇၇,၃၀၀,၀၀၀ (ရူပီး ကုဋေပေါင်း ၁၀ ဒသမ ၂၁ သိန်း) ဖြစ်သည်။
 
အကယ်၍ မူကက်ရှ် အမ်ဘာနီအနေဖြင့် တစ်ရက်လျှင် ရူပီး ၃ ကုဋေ သုံးစွဲမည်ဆိုပါက သူ၏ ဓနအင်အားဖြင့် နှစ်ပေါင်းမည်မျှ သုံးစွဲနိုင်မည်နည်း။
 
မူကက်ရှ် အမ်ဘာနီသည် တစ်ရက်လျှင် ရူပီး ၃ ကုဋေ သုံးစွဲခြင်း (သို့မဟုတ်) လှူဒါန်းခြင်း ပြုလုပ်မည်ဆိုပါက သူ၏ လက်ရှိဓနအင်အားဖြင့်ဆိုလျှင် ရက်ပေါင်း ၃၄၀၃၇၉ သုံးစွဲနိုင်မည် ဖြစ်သည်။
 
တစ်နှစ်လျှင် ၃၆၅ ရက်ရှိရာ နှစ်အနေဖြင့် တွက်ချက်ကြည့်မည်ဆိုပါက ၉၃၂ နှစ်၊ ၆ လကြာသည်အထိ သုံးစွဲနိုင်မည် ဖြစ်သည်။
 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: New Daughter-in-Law brings luck: Mukesh Ambani earns 25000 Crores in 10 Days (dnaindia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service