တရုတ်ဘီလျံနာကြီးတစ်ဦးက ကန်ဒေါ်လာ ၇၅ သန်းသုံးစွဲကာ ဆောက်လုပ်ခဲ့ပြီးနောက် စွန့်ပစ်ထားခဲ့သော ကပ်လျက် စံအိမ်ကြီး ၂ လုံး လေလံတင်ရောင်းချရန် စီစဉ်ရာ လေလံမတင်မီ ရောင်းထွက်သွား

တရုတ်ဘီလျံနာကြီးတစ်ဦးက ကန်ဒေါ်လာ ၇၅ သန်းသုံးစွဲကာ ဆောက်လုပ်ခဲ့ပြီးနောက် စွန့်ပစ်ထားခဲ့သော ကပ်လျက် စံအိမ်ကြီး ၂ လုံး လေလံတင်ရောင်းချရန် စီစဉ်ရာ လေလံမတင်မီ ရောင်းထွက်သွား - Property News in Myanmar from iMyanmarHouse.com
19 Jul 2024 12:19 pm တွင် တင်ခဲ့သည်
4371 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ဘီလျံနာကြီးတစ်ဦးက ကန်ဒေါ်လာ ၇၅ သန်း အကုန်အကျခံ ဆောက်လုပ်ခဲ့သော စွန့်ပစ်ခံ စံအိမ်ကြီး ၂ လုံး လေလံမတင်မီ ရက်ပိုင်းအလိုတွင် ရောင်းထွက်သွားကြောင်း Daily Mail သတင်းတစ်ရပ်တွင် ဖော်ပြသည်။

သြစတေးလျနိုင်ငံ၊ Western Australia ပြည်နယ် မြို့တော် Perth မြို့လယ်၏ တောင်ဘက် ၂၅ ကီလိုမီတာ အကွာတွင် တည်ရှိသော Banjup ဆင်ခြေဖုံးအရပ်တွင် တည်ရှိသည်။

Perth မြို့လယ်မှ သွားမည်ဆိုလျှင် နာရီဝက်ခရီးသာရှိသည်။ ဈေးနှုန်းမည်မျှဖြင့် အရောင်းအဝယ်ဖြစ်သွားသည်ကိုမူ မသိရချေ။

ထိုစံအိမ်ကြီးများမှာ ဆောက်လက်စတန်းလန်းဖြင့် စွန့်ပစ်ခံခဲ့ရခြင်း ဖြစ်သည်။

တရုတ်ပြည်မှ ဘီလျံနာကြီးဖြစ်သော James Tan က တရုတ်ပြည်သို့ မိသားစုအကြောင်းရပ်များကြောင့် ပြန်သွားခဲ့ပြီး မည်သူမှလည်း နေထိုင်ခဲ့ခြင်း မရှိချေ။

မြေအကျယ် ၄ ဒသမ ၅ ဟက်တာရှိပြီး အိမ် ၂ လုံး၏ စုစုပေါင်း ကြမ်းခင်းဧရိယာမှာ စတုရန်းမီတာ ၁၀,၀၀၀ ရှိသည်။

စံအိမ်ကြီး ၂ လုံးတွင် အိပ်ခန်းပေါင်း ၂၀ အပါအဝင် အခန်းပေါင်း ၈၀ ကျော်၊ သီးသန့် ညစာစားခန်းများပါသော မီးဖိုဆောင်များစွာ၊ စာကြည့်တိုက်တစ်ခု၊ ဘက်စုံသုံး theatre ခန်း၊ ပြတိုက်တို့အပြင် ကြီးမားသော ကွန်ဖရင့်ခန်းမ များစွာလည်း ပါဝင်သည်။

ခြံဝန်းအတွင်း ရေကူးကန်များနှင့် ဖုန်းရွှေနည်းအရ ပြင်ဆင်မွမ်းမံထားသော ကွက်လပ် ၄ ခုလည်း ရှိသည်။

စံအိမ်များကို ၂၀၁၄ မှ ၂၀၁၇ ခုနှစ်အကြား ဆောက်လုပ်ခဲ့ပြီး ဆောက်လုပ်စရိတ် ကန်ဒေါ်လာ ၇၅ သန်းခန့် ကုန်ကျခဲ့သည်။ ပိုင်ရှင်ဖြစ်သူက စံအိမ်ကြီးကို ‘တရုတ်ဟန် ကွန်ဖြူးရှပ် စံအိမ်’ ဟု အမည်ပေးထားခဲ့သည်။

ကျင်းပိုင်ဗိသုကာဟန်၊ ဟွေ့ကျိုးဗိသုကာဟန်များဖြင့် ရောယှက်ဆောက်လုပ်ထားသည်။

စံအိမ်တစ်လုံးကို နေထိုင်ရန်အတွက်လည်းကောင်း အခြားတစ်လုံးကို ဖျော်ဖြေရေးအတွက်လည်းကောင်း ရည်ရွယ်ကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

(တရုတ်ပြည်မှ ဘီလျံနာကြီးဖြစ်သော James Tan က တရုတ်ပြည်သို့ မိသားစုအကြောင်းရပ်များကြောင့် ပြန်သွားခဲ့ပြီး မည်သူမှလည်း နေထိုင်ခဲ့ခြင်း မရှိချေ။)

(မြေအကျယ် ၄ ဒသမ ၅ ဟက်တာရှိပြီး အိမ် ၂ လုံး၏ စုစုပေါင်း ကြမ်းခင်းဧရိယာမှာ စတုရန်းမီတာ ၁၀,၀၀၀ ရှိသည်။)

အဆိုပါစံအိမ်များမှာ မြေကွက်အမှတ် ၈၈ ပေါ်တွင် တည်ရှိရာ တရုတ်ရိုးရာအရ ထိုနံပါတ်မှာ ကံကြမ္မာနှင့် ကံကောင်းခြင်းတို့ကို ကိုယ်စားပြုသည်။

အဆောက်အအုံများအနက် တစ်ခုကို အနီရဲ၊ အဝါရောင်တို့ဖြင့် မွမ်းမံထားသည်။

ထိုအရောင်များမှာ တရုတ်ရိုးရာတွင် ကံကောင်းစေသော အရောင်များ ဖြစ်သည်။

(စံအိမ်ကြီး ၂ လုံးတွင် အိပ်ခန်းပေါင်း ၂၀ အပါအဝင် အခန်းပေါင်း ၈၀ ကျော်၊ သီးသန့် ညစာစားခန်းများပါသော မီးဖိုဆောင်များစွာ၊ စာကြည့်တိုက်တစ်ခု၊ ဘက်စုံသုံး theatre ခန်း၊ ပြတိုက်တို့အပြင် ကြီးမားသော ကွန်ဖရင့်ခန်းမ များစွာလည်း ပါဝင်သည်။)

(အတော်အတန် ယိုယွင်းနေပြီဖြစ်သော်လည်း တရုတ်ဗိသုကာဟန်စံအိမ်ကြီးမှာ ခမ်းနားလှပြီး ၉၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးထားသည်။ အနည်းငယ်မျှသာ ဆက်လက်မွမ်းမံရန် လိုတော့ကြောင်း အရောင်းဈေးကွက်တင်ပေးသည့် အကျိုးဆောင် Leon Siew က ပြောသည်)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Palatial side-by-side Banjup mansions abandoned by a Chinese billionaire after he spent $75million to build them in Perth are snapped up days before auction (dailymail)

Photo Credit: dailymail

[Zawgyi]

တရုတ္ဘီလ်ံနာၾကီးတစ္ဦးက ကန္ေဒၚလာ ၇၅ သန္းသံုးစြဲကာ ေဆာက္လုပ္ခဲ့ျပီးေနာက္ စြန္႔ပစ္ထားခဲ့ေသာ ကပ္လ်က္ စံအိမ္ၾကီး ၂ လံုး ေလလံတင္ေရာင္းခ်ရန္ စီစဥ္ရာ ေလလံမတင္မီ ေရာင္းထြက္သြား

တရုတ္ဘီလ်ံနာၾကီးတစ္ဦးက ကန္ေဒၚလာ ၇၅ သန္း အကုန္အက်ခံ ေဆာက္လုပ္ခဲ့ေသာ စြန္႔ပစ္ခံ စံအိမ္ၾကီး ၂ လံုး ေလလံမတင္မီ ရက္ပိုင္းအလိုတြင္ ေရာင္းထြက္သြားေၾကာင္း Daily Mail သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ၾသစေတးလ်ႏိုင္ငံ၊ Western Australia ျပည္နယ္ ျမိဳ႕ေတာ္ Perth ျမိဳ႕လယ္၏ ေတာင္ဘက္ ၂၅ ကီလိုမီတာ အကြာတြင္ တည္ရွိေသာ Banjup ဆင္ေျခဖံုးအရပ္တြင္ တည္ရွိသည္။

Perth ျမိဳ႕လယ္မွ သြားမည္ဆိုလွ်င္ နာရီဝက္ခရီးသာရွိသည္။ ေစ်းႏႈန္းမည္မွ်ျဖင့္ အေရာင္းအဝယ္ျဖစ္သြားသည္ကိုမူ မသိရေခ်။

ထိုစံအိမ္ၾကီးမ်ားမွာ ေဆာက္လက္စတန္းလန္းျဖင့္ စြန္႔ပစ္ခံခဲ့ရျခင္း ျဖစ္သည္။

တရုတ္ျပည္မွ ဘီလ်ံနာၾကီးျဖစ္ေသာ James Tan က တရုတ္ျပည္သို႔ မိသားစုအေၾကာင္းရပ္မ်ားေၾကာင့္ ျပန္သြားခဲ့ျပီး မည္သူမွလည္း ေနထုိင္ခဲ့ျခင္း မရွိေခ်။

ေျမအက်ယ္ ၄ ဒသမ ၅ ဟက္တာရွိျပီး အိမ္ ၂ လံုး၏ စုစုေပါင္း ၾကမ္းခင္းဧရိယာမွာ စတုရန္းမီတာ ၁၀,၀၀၀ ရွိသည္။

စံအိမ္ၾကီး ၂ လံုးတြင္ အိပ္ခန္းေပါင္း ၂၀ အပါအဝင္ အခန္းေပါင္း ၈၀ ေက်ာ္၊ သီးသန္႔ ညစာစားခန္းမ်ားပါေသာ မီးဖုိေဆာင္မ်ားစြာ၊ စာၾကည့္တိုက္တစ္ခု၊ ဘက္စံုသံုး theatre ခန္း၊ ျပတိုက္တို႔အျပင္ ၾကီးမားေသာ ကြန္ဖရင့္ခန္းမ မ်ားစြာလည္း ပါဝင္သည္။

ျခံဝန္းအတြင္း ေရကူးကန္မ်ားႏွင့္ ဖုန္းေရႊနည္းအရ ျပင္ဆင္မြမ္းမံထားေသာ ကြက္လပ္ ၄ ခုလည္း ရွိသည္။

စံအိမ္မ်ားကို ၂၀၁၄ မွ ၂၀၁၇ ခုႏွစ္အၾကား ေဆာက္လုပ္ခဲ့ျပီး ေဆာက္လုပ္စရိတ္ ကန္ေဒၚလာ ၇၅ သန္းခန္႔ ကုန္က်ခဲ့သည္။ ပိုင္ရွင္ျဖစ္သူက စံအိမ္ၾကီးကို ‘တရုတ္ဟန္ ကြန္ျဖဴးရွပ္ စံအိမ္’ ဟု အမည္ေပးထားခဲ့သည္။

က်င္းပိုင္ဗိသုကာဟန္၊ ေဟြ႔က်ဳိးဗိသုကာဟန္မ်ားျဖင့္ ေရာယွက္ေဆာက္လုပ္ထားသည္။

စံအိမ္တစ္လံုးကို ေနထုိင္ရန္အတြက္လည္းေကာင္း အျခားတစ္လံုးကို ေဖ်ာ္ေျဖေရးအတြက္လည္းေကာင္း ရည္ရြယ္ကာ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

(တရုတ္ျပည္မွ ဘီလ်ံနာၾကီးျဖစ္ေသာ James Tan က တရုတ္ျပည္သို႔ မိသားစုအေၾကာင္းရပ္မ်ားေၾကာင့္ ျပန္သြားခဲ့ျပီး မည္သူမွလည္း ေနထုိင္ခဲ့ျခင္း မရွိေခ်။)

(ေျမအက်ယ္ ၄ ဒသမ ၅ ဟက္တာရွိျပီး အိမ္ ၂ လံုး၏ စုစုေပါင္း ၾကမ္းခင္းဧရိယာမွာ စတုရန္းမီတာ ၁၀,၀၀၀ ရွိသည္။)

အဆိုပါစံအိမ္မ်ားမွာ ေျမကြက္အမွတ္ ၈၈ ေပၚတြင္ တည္ရွိရာ တရုတ္ရိုးရာအရ ထိုနံပါတ္မွာ ကံၾကမၼာႏွင့္ ကံေကာင္းျခင္းတို႔ကို ကိုယ္စားျပဳသည္။

အေဆာက္အအံုမ်ားအနက္ တစ္ခုကို အနီရဲ၊ အဝါေရာင္တို႔ျဖင့္ မြမ္းမံထားသည္။

ထိုအေရာင္မ်ားမွာ တရုတ္ရိုးရာတြင္ ကံေကာင္းေစေသာ အေရာင္မ်ား ျဖစ္သည္။

(စံအိမ္ၾကီး ၂ လံုးတြင္ အိပ္ခန္းေပါင္း ၂၀ အပါအဝင္ အခန္းေပါင္း ၈၀ ေက်ာ္၊ သီးသန္႔ ညစာစားခန္းမ်ားပါေသာ မီးဖုိေဆာင္မ်ားစြာ၊ စာၾကည့္တိုက္တစ္ခု၊ ဘက္စံုသံုး theatre ခန္း၊ ျပတိုက္တို႔အျပင္ ၾကီးမားေသာ ကြန္ဖရင့္ခန္းမ မ်ားစြာလည္း ပါဝင္သည္။)

(အေတာ္အတန္ ယိုယြင္းေနျပီျဖစ္ေသာ္လည္း တရုတ္ဗိသုကာဟန္စံအိမ္ၾကီးမွာ ခမ္းနားလွျပီး ၉၀ ရာခိုင္ႏႈန္း ေဆာက္လုပ္ျပီးစီးထားသည္။ အနည္းငယ္မွ်သာ ဆက္လက္မြမ္းမံရန္ လိုေတာ့ေၾကာင္း အေရာင္းေစ်းကြက္တင္ေပးသည့္ အက်ဳိးေဆာင္ Leon Siew က ေျပာသည္)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Palatial side-by-side Banjup mansions abandoned by a Chinese billionaire after he spent $75million to build them in Perth are snapped up days before auction (dailymail)

Photo Credit: dailymail

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service