ဒေါ်လာ ၉ သန်းဝန်းကျင်ဖြင့် ရဲတိုက်ကြီးတစ်လုံး၏ ပိုင်ရှင်ဖြစ်လာနိုင်မည့်အခွင့်အရေး၊ သင့်အနေဖြင့် ဘယ်လ်ဂျီယံသို့ ပြောင်းရွှေ့နေထိုင်ရန်သာ လိုအပ်
ဒေါ်လာ ၉ သန်းဝန်းကျင်ဖြင့် ရဲတိုက်ကြီးတစ်လုံး၏ ပိုင်ရှင်ဖြစ်လာနိုင်မည့်အခွင့်အရေး၊ သင့်အနေဖြင့် ဘယ်လ်ဂျီယံသို့ ပြောင်းရွှေ့နေထိုင်ရန်သာ လိုအပ် - Property News in Myanmar from iMyanmarHouse.com
15 Jul 2024 12:36 pm တွင် တင်ခဲ့သည်
524 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဘယ်လ်ဂျီယံရှိ ရဲတိုက်ကြီးတစ်လုံး အလွန်ဈေးသက်သာစွာဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် သတင်းဌာနတစ်ခုက ဖော်ပြသည်။
ခမ်းနားလှသော ရဲတိုက်ကြီးမှာ ဘရပ်ဆဲလ်မြို့၏ မြောက်ဘက် ၉ မိုင်ခန့်သာ ကွာဝေးသောနေရာတွင် တည်ရှိသည်။
ဈေးနှုန်းကို တရားဝင်ကြေညာထားခြင်းမရှိဘဲ ကန်ဒေါ်လာ ၈ ဒသမ ၀၃ သန်းမှ ၁၀ ဒသမ ၇၁ သန်းအကြား ဖြစ်နိုင်ကြောင်း လက်ရှိပိုင်ရှင်ဖြစ်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် Benjamin Van Oudenhove က Mansion Global သတင်းဌာနသို့ ပြောသည်။
နှစ်ပေါင်း ၁၂၀ သက်တမ်းရှိပြီး Castle Overschie ဟု အမည်ပေးထားသည်။
Overschie ရဲတိုက်ကြီးကို ၁၉၀၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ၁၅ ရာစုအတွင်းကမူ ကျောက်မိုင်း တစ်ခုဖြစ်ခဲ့ပြီး ဒေသတွင်း ဘုန်းကြီးကျောင်းတစ်ခုက ပိုင်ဆိုင်ခဲ့သည်။
(ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့၏ မြောက်ဘက် ၉ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ဓာတ်ပုံ-Belgium Sotheby’s International Realty)
(ရဲတိုက်ကြီး၏ ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၂၁,၀၀၀ ကျော်ရှိသည်။ ဓာတ်ပုံ-Belgium Sotheby’s International Realty)
(မီးလင်းဖို ထည့်သွင်းထားသော ဧည့်ခန်းများစွာအနက် တစ်ခု။ ဓာတ်ပုံ-Belgium Sotheby’s International Realty)
ထိုခေတ်က Abbey of Grimbergen ခရစ်ယာန်ကျောင်းမှ ဘုန်းတော်ကြီးများသည် ဘယ်လ်ဂျီယမ် ဘီယာများ ထုတ်လုပ်ရေးနယ်သို့ ဝင်ရောက်ခဲ့ကြသည်။
ပြင်သစ်တော်လှန်ရေးကာလအတွင်း ထိုလုပ်ငန်းမှာ သိမ်းယူခံခဲ့ရကြောင်း Van Oudenhove ၏ သုတေသန အရ သိရသည်။
ယင်းနောက် ဒုတိယကမ္ဘာစစ်ကြီးအတွင်း နာဇီတို့၏ Luftwaffe လေတပ် အခြေစိုက်နေရာ ဖြစ်ခဲ့သည်။
ရဲတိုက်ကြီးကို နှစ်ပေါင်း ၁၅၀ ကျော် ပိုင်ဆိုင်ခဲ့သော တော်ဝင်မိသားစုတစ်ခုထံမှ Van Oudenhove က ၂၀၁၃ ခုနှစ်တွင် ဝယ်ယူခဲ့သည်။
နီယိုးကလပ်စစ်ကယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး အိပ်ခန်း ၁၅ ခန်း၊ ရေချိုးခန်း ၈ ခန်း၊ အဝတ်လဲခန်း ၂ ခု၊ အဝတ်လျှော်ခန်း ၁ ခန်း၊ မီးဖိုဆောင် ၂ ခု၊ မီးလင်းဖိုပါသော နားနေခန်းများစွာနှင့် သားနားလှသော အဝင်ခန်းမကြီးတို့ ရှိသည်။
(ရဲတိုက်ဝန်းကြီးအတွင်း သစ်ခွခြံ၊ တင်းနစ်ကွင်းတို့အပြင် အခြား amenities များစွာ ပါဝင်သည်။ ဓာတ်ပုံ-Belgium Sotheby’s International Realty)
(၁၉၀၄ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Belgium Sotheby’s International Realty)
(ခြံအကျယ် ၁၀ ဧက ရှိသည်။ ဓာတ်ပုံ-Belgium Sotheby’s International Realty)
(ရဲတိုက်ကြီး တည်ရှိရာ နေရာမှာ ရှေးအခါက ကျောက်မိုင်းတစ်ခု ဖြစ်ခဲ့သည်။ ဓာတ်ပုံ-Belgium Sotheby’s International Realty)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Buy your own castle for just $9M — all you have to do is move to Belgium (nypost)
Photo Credit- Belgium Sotheby’s International Realty
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service