အင်္ဂလန်တွင် အမျိုးသားတစ်ဦးက ယူရို ၂၀၂၄ ဘောလုံးပွဲအထိမ်းအမှတ်အဖြစ် နေအိမ်အပြင်ဘက် နံရံတစ်ခုလုံးကို အင်္ဂလန်အလံများဖြင့် ဖုံးအုပ်ထားရာ ဒေသခံတို့က မျက်စိစပါးမွေးစူးကြောင်း ဝေဖန်ကြ
အင်္ဂလန်တွင် အမျိုးသားတစ်ဦးက ယူရို ၂၀၂၄ ဘောလုံးပွဲအထိမ်းအမှတ်အဖြစ် နေအိမ်အပြင်ဘက် နံရံတစ်ခုလုံးကို အင်္ဂလန်အလံများဖြင့် ဖုံးအုပ်ထားရာ ဒေသခံတို့က မျက်စိစပါးမွေးစူးကြောင်း ဝေဖန်ကြ - Property News in Myanmar from iMyanmarHouse.com
19 Jun 2024 11:59 am တွင် တင်ခဲ့သည်
831 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်္ဂလန်တွင် ဘောလုံးဝါသနာအိုးတစ်ဦးက နေအိမ်တစ်ခုလုံးကို အင်္ဂလန်အလံများဖြင့် ဖုံးအုပ်အလှဆင်ခဲ့ရာ အခြားသူတို့က မျက်စိစပါးမွှေးစူးကြောင်း ဝေဖန်ကြသော်လည်း မိမိအနေဖြင့် ဂရုမစိုက်ကြောင်း ပြောသည်ဟု The Sun သတင်းဌာနက ဖော်ပြသည်။
အသက် ၅၈နှစ် အရွယ်ရှိ Paul Bibby အမည်ရှိ အမျိုးသားကြီးသည် ဘောလုံးပွဲကြီးတိုင်းတွင် စိတ်ရောကိုယ်ပါ စီးမျော ပါဝင်လေ့ရှိသည်။ ယခုအခါ ၎င်းက လန်ဒန်မြို့ အရှေ့မြောက်ပိုင်း Chelmsford မြို့ရှိ သူ၏ နေအိမ်တစ်ခုလုံးကို အင်္ဂလန်အလံ ရာပေါင်းများစွာဖြင့် ချိတ်ဆွဲ အလှဆင်ခဲ့သည်။
(အင်္ဂလန်အသင်း အမာခံပရိသတ် Paul Bibby ကို သားဖြစ်သူ အာရွန် (ဝဲ) နှင့်အတူ တွေ့ရပုံ။ သူ၏ နေအိမ်ကို အလံပေါင်း ၅၀၀ တပ်ဆင်အလှဆင်ထားသည်။ ဓာတ်ပုံ-John Mclellan)
(အိမ်နီးချင်းများက မျက်စိစပါးမွှေးစူးသည်ဟု ပြောသော်လည်း မိမိအနေဖြင့် ဂရုမစိုက်ကြောင်း ၎င်းက ပြောသည်။ ဓာတ်ပုံ-John Mclellan)
(အခြားသူတို့က မိမိအိမ်ကို အကျည်းတန်သည်ဟု ပြောလျှင်လည်း ဂရုမစိုက်ကြောင်း Paul က ပြောသည်။ ဓာတ်ပုံ-John Mclellan)
(Chris Dowse ဆိုသူက အင်္ဂလန်အသင်းကို အဘယ်ကြောင့် အရူးအမူးအားပေးနေရသည့်အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ယခုဖြစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဓာတ်ပုံ-Alamy)
Paul က အင်္ဂလန်နှင့် ဆားဗီးယားပွဲစဉ်မတိုင်မီ နေအိမ်တွင် အလံများ ချိတ်ဆွဲခဲ့ခြင်း ဖြစ်ပြီး ၁ ရက်ခွဲခန့် အချိန်ယူခဲ့ရသည်။
“ကျွန်တော် ဘောလုံးပွဲစဉ်ကြီးတိုင်းမှာ အင်္ဂလန်အသင်းကို အားပေးခဲ့ပါတယ်”ဟု ၎င်းက The Sun သတင်းဌာနကို ပြောသည်။
“အရင်တုန်းက ကျွန်တော် အနည်းအကျဉ်းပဲ လုပ်ခဲ့တယ်။”
“ဒီနှစ်မှာလဲ ကျွန်တော် အလံတစ်ခုနဲ့ စခဲ့တယ်။ ဒါပေမဲ့ အတော်လေးဈေးသက်သာတဲ့ အလံတစ်ထုပ် တွေ့ခဲ့ ပါတယ်။ ဒါကြောင့် တစ်အိမ်လုံးကို အလံတွေ လွှင့်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။”
Paul ၏ လုပ်ဆောင်မှုကို လူတစ်ဦးက အွန်လိုင်းတွင် ဝေဖန်ရှုံ့ချသည်မှာ “မျက်စိ စပါးမွှေး စူးလိုက်တာ။ ကိုယ့်အိမ်နားမှာမဟုတ်လို့ တော်သေးတယ်။”ဟု ဆိုသည်။
သူ၏ အလံအလှဆင်မှုများသည် အိမ်နီးချင်းများအား စိတ်မချမ်းသာစေခြင်း (သို့မဟုတ်) စိတ်အနှောင့်အယှက်ပေးခြင်းတို့ ဖြစ်စေသည်ဟူသော စွပ်စွဲချက်များကို Paul က လက်မခံချေ။
“အိမ်နီးချင်းတွေက သဘောကျပါတယ်။ ဘယ်သူကမှ မကောင်းပြောတာ မကြားမိပါဘူး။ ပြီးတော့ ကျွန်တော် ဘယ်လောက်ရူးသွပ်တယ်ဆိုတာ သိပါတယ်။”
“ဒီကာလတွေမှာ အင်္ဂလန်အလံဟာ တခြားသူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်လို့ တချို့က တွေးကြ တယ်။ ဒါပေမဲ့ ဒါ ကျွန်တော့်အိမ်ပါ။ ကျွန်တော် ကြိုက်သလိုလုပ်လို့ ရပါတယ်။”
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Euro 2024: I’ve covered my ENTIRE house in England flags – people moan it’s an ‘eyesore’ but I do it every tournament (thesun)
Photo Credit: John McLellan
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
YADANAR BON
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service