ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုနှစ် ထိုင်းသင်္ကြန်ကို ၂၁ ရက်ကြာ ကျင်းပမည်၊ ကမ္ဘာလှည့် ခရီးသည်များထံမှ ဝင်ငွေ ဘတ် (၅၀) ဘီလီယံကျော် ရရှိရန် မျှော်မှန်းထား

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုနှစ် ထိုင်းသင်္ကြန်ကို ၂၁ ရက်ကြာ ကျင်းပမည်၊ ကမ္ဘာလှည့် ခရီးသည်များထံမှ ဝင်ငွေ ဘတ် (၅၀) ဘီလီယံကျော် ရရှိရန် မျှော်မှန်းထား - Property News in Myanmar from iMyanmarHouse.com
11 Apr 2024 11:36 am တွင် တင်ခဲ့သည်
1261 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ထိုင်း၏ နှစ်သစ်ကူးပွဲတော်ဖြစ်သော ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုအဖွဲ့က ၎င်း၏ ယဉ်ကျေးမှု အမွေအနှစ်စာရင်း (Intangible Cultural Heritage of Humanity List) တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ထည့်သွင်း အသိအမှတ်ပြုခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်အခြေစိုက် ထိုင်းသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဆောင်ကရန်ပွဲတော်ဟာ အသိုက်အဝန်းတွေအကြား ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွှတ်မှုနဲ့ ခွင့်လွှတ်တတ်မှုတွေကို မြှင့်တင်ပေးပါတယ်။”

“နှစ်ဟောင်းက မကောင်းတဲ့ ကံကြမ္မာဆိုးအညစ်အကြေးတွေကို ဆေးကြောပြီး နှစ်သစ်အတွက် ကံကြမ္မာ ကောင်းတွေ ဆောင်ကြဉ်းပေးဖို့ ဆုတောင်းကြတဲ့အချိန်၊ မိသားစုဝင်တွေနဲ့ ပြန်လည်တွေ့ဆုံကြတဲ့အချိန်၊ ဘိုးဘွားဘီဘင်တွေ သက်ကြီးရွယ်အိုတွေကို ဂါရဝ ပြုကြတဲ့အချိန်အဖြစ် ရှုမြင်ကြပါတယ်” ဟု ယူနက်စကို၏ ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။

ဘော့စဝါနာတွင် ဒီဇင်ဘာလ ၆ ရက်က ကျင်းပခဲ့သော ယူနက်စကို၏ အစည်းအဝေးတစ်ခုတွင် ထိုင်း၏ ဆောင်ကရန်ပွဲတော်ကို ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ယူနက်စကို၏ အသိအမှတ်ပြုခံရမှုကို အောင်ပွဲခံသည့်အနေဖြင့် ဘန်ကောက်မြို့အုပ်ချုပ်ရေးအဖွဲ့က ယခုနှစ် ဆောင်ကရန်ပွဲတော်ကို ကမ္ဘာ့ရေသဘင်ပွဲတော်အဖြစ် သတ်မှတ်ပြီး ဧပြီလ ၁ ရက်မှ ၂၁ ရက်အထိ ရက်သတ္တ ၃ ပတ်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ဆောင်ကရန်ပွဲတော်ကို ယခင်က ဧပြီ ၁၃ မှ ၁၆ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

ထိုင်းအစိုးရ၏ ကော်မတီတစ်ခုက ယခင် ၃ ရက်တာ ကျင်းပခဲ့သော ပွဲတော်ကို ၂၁ ရက်အထိ တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပွဲတော်ရက် တိုးမြှင့်ခြင်းအားဖြင့် ထိုင်းနိုင်ငံကို ကမ္ဘာ့ထိပ်တန်းပွဲတော်နေရာ ၁၀ ခု တွင် အပါအဝင် ဖြစ်နေခြင်းအား ဆက်လက်ခိုင်မာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံအနေဖြင့် ပျော်ရွှင်ဖွယ်ကောင်းသော ရေသဘင်ပွဲတော်တွင် နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသည်များ ပါဝင်ဆင်နွှဲရန် စွဲဆောင်ခြင်းအားဖြင့် Soft Power မြှင့်တင်နိုင်ရန် ရည်ရွယ်နေသည်။

ဆောင်ကရန်ဟူသော စကားမှာ သက္ကတဘာသာစကား ဆမ်ကရန်တီမှ ဆင်းသက်လာပြီး ကူးပြောင်းခြင်းဟု အဓိပ္ပာယ်ရသည်။

ယခုနှစ် ထိုင်းရေသဘင်ပွဲတော်ကို ‘မဟာဆောင်ကရန် ကမ္ဘာ့ရေကစားပွဲတော် ၂၀၂၄’ ဟု အမည်ပေးထားပြီး ၂၁ ရက်ကြာမြင့်မည့် ပွဲတော်မှ ကမ္ဘာလှည့်ခရီးသွားဝင်ငွေ ဘတ်ငွေ ၅၂ ဒသမ ၅ ဘီလီယံ ရရှိမည်ဟု ထိုင်းအစိုးရက မျှော်မှန်းထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Thailand's Songkran festival wins UNESCO recognition (washingtondc.thaiembassy)

 

 

[Zawgyi]

ထိုင္းႏိုင္ငံ၏ ေဆာင္ကရန္ပြဲေတာ္ကို ယူနက္စကိုက ယဥ္ေက်းမႈ အေမြအႏွစ္ စာရင္းဝင္ပြဲေတာ္အျဖစ္ သတ္မွတ္ခံရမႈအား ေအာင္ပြဲခံသည့္ အေနျဖင့္ ယခုႏွစ္ ထိုင္းသၾကၤန္ကို ၂၁ ရက္ၾကာ က်င္းပမည္၊ ကမၻာလွည့္ ခရီးသည္မ်ားထံမွ ဝင္ေငြ ဘတ္ (၅၀) ဘီလီယံေက်ာ္ ရရွိရန္ ေမွ်ာ္မွန္းထား

 

ထိုင္း၏ ႏွစ္သစ္ကူးပြဲေတာ္ျဖစ္ေသာ ေဆာင္ကရန္ပြဲေတာ္ကို ယူနက္စကိုအဖြဲ႔က ၎၏ ယဥ္ေက်းမႈ အေမြအႏွစ္စာရင္း (Intangible Cultural Heritage of Humanity List) တြင္ ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာလက ထည့္သြင္း အသိအမွတ္ျပဳခဲ့ေၾကာင္း အေမရိကန္ျပည္ေထာင္စု၊ ဝါရွင္တန္အေျခစိုက္ ထိုင္းသံရံုး၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

“ေဆာင္ကရန္ပြဲေတာ္ဟာ အသိုက္အဝန္းေတြအၾကား ပူးေပါင္းေဆာင္ရြက္မႈ၊ စည္းလံုးညီညႊတ္မႈနဲ႔ ခြင့္လႊတ္တတ္မႈေတြကို ျမွင့္တင္ေပးပါတယ္။”

“ႏွစ္ေဟာင္းက မေကာင္းတဲ့ ကံၾကမၼာဆိုးအညစ္အေၾကးေတြကို ေဆးေၾကာျပီး ႏွစ္သစ္အတြက္ ကံၾကမၼာ ေကာင္းေတြ ေဆာင္ၾကဥ္းေပးဖို႔ ဆုေတာင္းၾကတဲ့အခ်ိန္၊ မိသားစုဝင္ေတြနဲ႔ ျပန္လည္ေတြ႔ဆံုၾကတဲ့အခ်ိန္၊ ဘိုးဘြားဘီဘင္ေတြ သက္ၾကီးရြယ္အိုေတြကို ဂါရဝ ျပဳၾကတဲ့အခ်ိန္အျဖစ္ ရႈျမင္ၾကပါတယ္” ဟု ယူနက္စကို၏ ဝက္ဘ္ဆိုက္တြင္ ေရးသားေဖာ္ျပထားသည္။

ေဘာ့စဝါနာတြင္ ဒီဇင္ဘာလ ၆ ရက္က က်င္းပခဲ့ေသာ ယူနက္စကို၏ အစည္းအေဝးတစ္ခုတြင္ ထုိင္း၏ ေဆာင္ကရန္ပြဲေတာ္ကို ယဥ္ေက်းမႈ အေမြအႏွစ္ စာရင္းဝင္အျဖစ္ သတ္မွတ္ေၾကာင္း ေၾကညာခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ ယူနက္စကို၏ အသိအမွတ္ျပဳခံရမႈကို ေအာင္ပြဲခံသည့္အေနျဖင့္ ဘန္ေကာက္ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔က ယခုႏွစ္ ေဆာင္ကရန္ပြဲေတာ္ကို ကမၻာ့ေရသဘင္ပြဲေတာ္အျဖစ္ သတ္မွတ္ျပီး ဧျပီလ ၁ ရက္မွ ၂၁ ရက္အထိ ရက္သတၱ ၃ ပတ္ၾကာ က်င္းပသြားမည္ျဖစ္ေၾကာင္း ေၾကညာထားသည္။

ေဆာင္ကရန္ပြဲေတာ္ကို ယခင္က ဧျပီ ၁၃ မွ ၁၆ ရက္အထိ က်င္းပခဲ့ျခင္းျဖစ္သည္။

ထိုင္းအစိုးရ၏ ေကာ္မတီတစ္ခုက ယခင္ ၃ ရက္တာ က်င္းပခဲ့ေသာ ပြဲေတာ္ကို ၂၁ ရက္အထိ တိုးျမွင့္ရန္ ဆံုးျဖတ္ခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ ပြဲေတာ္ရက္ တိုးျမွင့္ျခင္းအားျဖင့္ ထုိင္းႏိုင္ငံကို ကမၻာ့ထိပ္တန္းပြဲေတာ္ေနရာ ၁၀ ခု တြင္ အပါအဝင္ ျဖစ္ေနျခင္းအား ဆက္လက္ခိုင္မာေစရန္ ရည္ရြယ္ျခင္း ျဖစ္သည္။

ထိုင္းႏိုင္ငံအေနျဖင့္ ေပ်ာ္ရႊင္ဖြယ္ေကာင္းေသာ ေရသဘင္ပြဲေတာ္တြင္ ႏိုင္ငံတကာမွ ကမၻာလွည့္ခရီးသည္မ်ား ပါဝင္ဆင္ႏႊဲရန္ စြဲေဆာင္ျခင္းအားျဖင့္ Soft Power ျမွင့္တင္ႏိုင္ရန္ ရည္ရြယ္ေနသည္။

ေဆာင္ကရန္ဟူေသာ စကားမွာ သကၠတဘာသာစကား ဆမ္ကရန္တီမွ ဆင္းသက္လာျပီး ကူးေျပာင္းျခင္းဟု အဓိပၸာယ္ရသည္။

ယခုႏွစ္ ထိုင္းေရသဘင္ပြဲေတာ္ကို ‘မဟာေဆာင္ကရန္ ကမၻာ့ေရကစားပြဲေတာ္ ၂၀၂၄’ ဟု အမည္ေပးထားျပီး ၂၁ ရက္ၾကာျမင့္မည့္ ပြဲေတာ္မွ ကမၻာလွည့္ခရီးသြားဝင္ေငြ ဘတ္ေငြ ၅၂ ဒသမ ၅ ဘီလီယံ ရရွိမည္ဟု ထိုင္းအစိုးရက ေမွ်ာ္မွန္းထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Thailand's Songkran festival wins UNESCO recognition (washingtondc.thaiembassy)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service