အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စွန့်ပစ်ခံ ရဲတိုက်အိုကြီးတစ်ခုလုံးကို ဝယ်ယူနေထိုင်

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စွန့်ပစ်ခံ ရဲတိုက်အိုကြီးတစ်ခုလုံးကို ဝယ်ယူနေထိုင် - Property News in Myanmar from iMyanmarHouse.com
3 Apr 2024 11:29 am တွင် တင်ခဲ့သည်
1582 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

“နောင်တ မရပါဘူး။ သွေး၊ ချွေး၊ မျက်ရည်တွေ များလွန်းခဲ့ပေမယ့် နောင်တတော့ မရပါဘူး” ဟု အီတလီနိုင်ငံ၊ Puglia ဒေသရှိ Castle Elvira အမည်ရှိ ရဲတိုက်ကြီးကိုကြည့်ရင်း စတိဗ် ရိုင်စလေ (Steve Riseley) က ပြောသည်။

နှစ်ပေါင်းရာချီ စွန့်ပစ်ခံထားရသော ရဲတိုက်ကြီးဖြစ်ပြီး လက်သရမ်းဖျက်ဆီးခြင်း၊ ခိုးယူခြင်းများခံထားရကာ အလုံးစုံပျက်စီးနေသော ရဲတိုက်ကြီးကို ဒေါ်လာ သန်းပေါင်းများစွာ အကုန်အကျခံပြီး ၄ နှစ်ခန့် ပြန်လည် ပြင်ဆင်ရမည်ဖြစ်ကာ ပြန်လည်မွမ်းမံပြင်ဆင်နေသည်မှာ ခရီးတဝက်ရောက်ခဲ့ပြီ ဖြစ်သည်။

လက်ရှိအားဖြင့် ရိုင်စလေသည် သူ၏ ခင်ပွန်းဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ဟာဗေး ဘီ ဘရောင်း (Harvey B Brown) နှင့်အတူ နေထိုင်လျက်ရှိသည်။

ရိုင်စလေတို့စုံတွဲက ဤရဲတိုက်ကြီးကို ကိုယ်တိုင်သွားရောက် မကြည့်ရှုဖူးဘဲ ဝယ်ယူလိုက်ခြင်းလည်းဖြစ်သည်။

“လက်လျှော့လိုက်ချင်စိတ် ခဏခဏဖြစ်ပါတယ်။ ဒါပေမယ့် လက်လျှော့လို မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ တော်တော်ခြေကျွံပြီးနေပါပြီ” ဟု ရိုင်စလေက ပြောသည်။

၎င်းတို့စုံတွဲ ဇွဲလုံ့လထားကာ အသေးစိတ်ပြန်လည်မွမ်းမံခဲ့မှုများကြောင့် ယခုအခါ Castle Elvira ရဲတိုက်ကြီး သည် လူတို့စိတ်ကူးယဉ်ကြသည့် အလှဆုံးအိမ်တစ်လုံးဖြစ်လာခဲ့ပြီဖြစ်သည်။

Castle Elvira သည် ဥရောပတွင် ချီးကျူးခံရဆုံးဟိုတယ်များတွင် တစ်ခုအပါအဝင်ဖြစ်လာသည်။

ဥရောပ၏အကောင်းဆုံး အနုပညာဒီဇိုင်းလက်ရာ ဟိုတယ်ဆုအပြင် အီတလီ၏ အကောင်းဆုံး ရဲတိုက်ဟိုတယ် ဆုများ ရရှိထားသည်။

ဟာဗေး ဘီ ဘရောင်း ကလေးဘဝက ရဲတိုက်ကြီးတစ်ခုတွင် နေထိုင်လိုသော အိပ်မက်ရှိခဲ့ဖူးရာ ယခုအခါ သူ၏အိပ်မက် တကယ်ဖြစ်လာခြင်းလည်း ဖြစ်သည်။

“တကယ်တော့ ကျွန်တော်တို့ရဲ့ အိမ်ခြံမြေအကျိုးဆောင်က စနောက်လိုက်တာကနေ အစပြုခဲ့တာပါ။” ဟု ရိုင်စလေက ပြောသည်။

ရိုင်စလေသည် လန်ဒန်တွင် အရက်ဘားများနှင့် အရက်ဆိုင်များကို စီမံခန့်ခွဲသူတစ်ဦး ဖြစ်သည်။

ရိုင်စလေက ပြောသည်မှာ မိမိနှင့် ဟာဗေးတို့ လန်ဒန်မှ အိမ်ကိုရောင်းကာ အီတလီတောင်ပိုင်းတွင် မိမိတို့၏ ငွေဖြင့် ပိုမိုကောင်းမွန်သောနေရာတွင် နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောသည်။

“အိမ်ဟောင်းတစ်လုံးဝယ်ပြီး ပြန်ပြင်မယ်။ ပြီးရင် တသက်လုံးနေထိုင်သွားကြမယ်လို့ ရည်ရွယ်ခဲ့ကြတာပါ” ဟု ရိုင်စလေက ပြောသည်။

 

(စတိဗ် ရိုင်စလေနှင့် ဟာဗေး ဘီ ဘရောင်းတို့စုံတွဲကို ရဲတိုက်အတွင်း တွေ့ရပုံ။ ဓာတ်ပုံ-@Mark Cocksedge)

 

(ရဲတိုက်အတွင်း မြင်ကွင်း။ ဓာတ်ပုံ- Rei Moon)

 

(နှစ်ပေါင်းရာချီ စွန့်ပစ်ခံထားရသော ရဲတိုက်ကြီးဖြစ်ပြီး လက်သရမ်းဖျက်ဆီးခြင်း၊ ခိုးယူခြင်းများခံထားရကာ အလုံးစုံပျက်စီးနေခဲ့သည်။ ဓာတ်ပုံ-Rei Moon)

 

အိမ်ခြံမြေ အကျိုးဆောင်က ပျက်စီးယိုယွင်းနေသော ရဲတိုက်ကြီးတစ်လုံး၏ ဓာတ်ပုံကို ရိုင်စလေထံ ပေးပို့ လိုက်ရာ မိမိတို့စုံတွဲ မြင်မြင်ချင်း သဘောကျသွားခဲ့ကြောင်း ရိုင်စလေက ပြောသည်။

သို့သော် အိမ်ခြံမြေအကျိုးဆောင်က ပြောသည်မှာ “ကျွန်တော် နောက်ပြောင်လိုက်တာပါ။ အင်တာနက်မှာ တွေ့တဲ့ဓာတ်ပုံပါ” ဟု ဆိုသည်။

ရိုင်စလေတို့ စုံတွဲက အင်တာနက်တွင် ရှာဖွေကြည့်ရာ အဆိုပါရဲတိုက်မှာ အရောင်းဈေးကွက်တွင် တကယ်ရှိနေ သည်ကို တွေ့ခဲ့ကြသည်။

((ရဲတိုက်ကြီး၏ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်း))

 

၂၀ ရာစု အစောပိုင်းတွင် ချမ်းသာကြွယ်ဝသော မိသားစုတစ်ခု၌ မင်းသမီးလေးဟု မိဘများက အမည်ပေးထား သော သမီးလေးတစ်ဦးရှိသည်။ တနေ့တွင် ထိုမိန်းကလေးက ပြောသည်မှာ “သမီးက မင်းသမီးလေးဆိုရင် ဘာကြောင့် ရဲတိုက်ကြီးမှာ မနေရတာလဲ” ဟု ပြော၏။

ထို့ကြောင့် ဖခင်ဖြစ်သူက သမီးအတွက် ရဲတိုက်ကြီးတစ်လုံး ဆောက်လုပ်ပေးခဲ့ကာ Castle Elvira ဟု အမည်ပေးခဲ့သည်။

သမီးဖြစ်သူက ရဲတိုက်ကြီးကို တွေ့ချိန်တွင် အလွန်အမင်းပျော်ရွှင်သွားကာ ဖခင်ကြီးအတွက် အထူးဟင်းလျာ ချက်ပြုတ်ကျွေးမွေးရန် စိတ်ကူးပြီး မှိုများ လိုက်နှုတ်ခဲ့ရာ ထိုမှိုများမှာ အဆိပ်ရှိသောမှိုဖြစ်နေသည်။

မင်းသမီးလေးမှာ အဆိပ်သင့်ကာ သေဆုံးသွားရာ ယူကျုံးမရဖြစ်ရသော ဖခင်ကြီးမှာ လူမနေရသေးသော ရဲတိုက်အသစ်စက်စက်ကြီးကို စွန့်ပစ်ထားခဲ့ပြီး မည်သည့်အခါမှ ပြန်မလာတော့ချေ။

ရဲတိုက်ကြီးအတွင်းရှိ ပရိဘောဂပစ္စည်းများမှာ နှစ်ပေါင်းများစွာ ကာလအတွင်း ခိုးယူခံခဲ့ရကြောင်း ရိုင်စလေက ပြောပြသည်။

 

(ဥရောပ၏ အလှပဆုံး ရဲတိုက်ဟိုတယ်ဆု ရရှိထားသည်။ ဓာတ်ပုံ-Rei Moon)

 

(ဟာဗေး ကလေးဘဝက ရဲတိုက်ကြီးတစ်လုံးတွင် နေထိုင်ရန် စိတ်ကူးယဉ်ခဲ့ဖူးသည်။ ဓာတ်ပုံ-Taylor and Porter)

 

(အဓိက ဆောက်လုပ်ရေးလုပ်ငန်းများကို ကိုဗစ်ကပ်ဘေးကာလမတိုင်မီက စတင်ခဲ့သည်။ ဓာတ်ပုံ-Mark Cocksedge)

 

(ရိုင်စလေတို့စုံတွဲက ရဲတိုက်ကြီး၏ မူလဟန်ပန်များကို ဆက်လက်ထိန်းသိမ်းထားသည်။ ဓာတ်ပုံ-Rei Moon)

 

(မျက်နှာကြက်များကို ယခင်အတိုင်း ဆက်လက်ထိန်းသိမ်းထားသည်။ ဓာတ်ပုံ-Rei Moon)

 

(ရဲတိုက်ကြီး ပြန်လည်မွမ်းမံရေးအတွက် အလုပ်သမားများ ငှားရမ်းခဲ့ပြီး အချို့ကိုမူ ကိုယ်တိုင်လုပ်ဆောင် ခဲ့သည်။ ဓာတ်ပုံ-Rei Moon)

 

(သွေး၊ ချွေး၊ မျက်ရည်များ များပြားခဲ့သော်လည်း နောင်တမရကြောင်း ရိုင်စလေတို့ စုံတွဲက ပြောသည်။ ဓာတ်ပုံ-Rei Moon)

 

(မီးလင်းဖိုပါသော အိပ်ခန်း။ ဓာတ်ပုံ-Mark Cocksedge)

 

(ကြိုးစားခဲ့သမျှ ထိုက်တန်ကြောင်း ရိုင်စလေတို့ စုံတွဲက ပြောသည်။ ဓာတ်ပုံ-Mark Cocksedge)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Couple sell London house to buy abandoned castle they’ve never seen (metro)

Photo Credit- Mark Cocksedge, Rei Moon, Taylor and Porter

 

 

 

[Zawgyi]

အဂၤလန္မွ လိင္တူခ်စ္သူ အမ်ဳိးသားစံုတြဲက လန္ဒန္ရွိ ေနအိမ္ကို ေရာင္းခ်ကာ အီတလီမွ ဆို႔နင့္ေၾကကြဲဖြယ္ အတိတ္ဇာတ္လမ္းရွိေသာ စြန္႔ပစ္ခံ ရဲတုိက္အိုၾကီးတစ္ခုလံုးကို ဝယ္ယူေနထိုင္

 

“ေနာင္တ မရပါဘူး။ ေသြး၊ ေခၽြး၊ မ်က္ရည္ေတြ မ်ားလြန္းခဲ့ေပမယ့္ ေနာင္တေတာ့ မရပါဘူး” ဟု အီတလီႏိုင္ငံ၊ Puglia ေဒသရွိ Castle Elvira အမည္ရွိ ရဲတိုက္ၾကီးကိုၾကည့္ရင္း စတိဗ္ ရိုင္စေလ (Steve Riseley) က ေျပာသည္။

ႏွစ္ေပါင္းရာခ်ီ စြန္႔ပစ္ခံထားရေသာ ရဲတိုက္ၾကီးျဖစ္ျပီး လက္သရမ္းဖ်က္ဆီးျခင္း၊ ခိုးယူျခင္းမ်ားခံထားရကာ အလံုးစံုပ်က္စီးေနေသာ ရဲတိုက္ၾကီးကို ေဒၚလာ သန္းေပါင္းမ်ားစြာ အကုန္အက်ခံျပီး ၄ ႏွစ္ခန္႔ ျပန္လည္ ျပင္ဆင္ရမည္ျဖစ္ကာ ျပန္လည္မြမ္းမံျပင္ဆင္ေနသည္မွာ ခရီးတဝက္ေရာက္ခဲ့ျပီ ျဖစ္သည္။

လက္ရွိအားျဖင့္ ရိုင္စေလသည္ သူ၏ ခင္ပြန္းျဖစ္သူ ရုပ္ရွင္ဒါရိုက္တာ ဟာေဗး ဘီ ဘေရာင္း (Harvey B Brown) ႏွင့္အတူ ေနထိုင္လ်က္ရွိသည္။

ရိုင္စေလတို႔စံုတြဲက ဤရဲတိုက္ၾကီးကို ကိုယ္တိုင္သြားေရာက္ မၾကည့္ရႈဖူးဘဲ ဝယ္ယူလိုက္ျခင္းလည္းျဖစ္သည္။

“လက္ေလွ်ာ့လိုက္ခ်င္စိတ္ ခဏခဏျဖစ္ပါတယ္။ ဒါေပမယ့္ လက္ေလွ်ာ့လို မျဖစ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တိုိ႔ ေတာ္ေတာ္ေျခကၽြံျပီးေနပါျပီ” ဟု ရိုင္စေလက ေျပာသည္။

၎တုိ႔စံုတြဲ ဇြဲလံု႔လထားကာ အေသးစိတ္ျပန္လည္မြမ္းမံခဲ့မႈမ်ားေၾကာင့္ ယခုအခါ Castle Elvira ရဲတိုက္ၾကီး သည္ လူတို႔စိတ္ကူးယဥ္ၾကသည့္ အလွဆံုးအိမ္တစ္လံုးျဖစ္လာခဲ့ျပီျဖစ္သည္။

Castle Elvira သည္ ဥေရာပတြင္ ခ်ီးက်ဴးခံရဆံုးဟိုတယ္မ်ားတြင္ တစ္ခုအပါအဝင္ျဖစ္လာသည္။

ဥေရာပ၏အေကာင္းဆံုး အႏုပညာဒီဇိုင္းလက္ရာ ဟိုတယ္ဆုအျပင္ အီတလီ၏ အေကာင္းဆံုး ရဲတိုက္ဟိုတယ္ ဆုမ်ား ရရွိထားသည္။

ဟာေဗး ဘီ ဘေရာင္း ကေလးဘဝက ရဲတိုက္ၾကီးတစ္ခုတြင္ ေနထိုင္လိုေသာ အိပ္မက္ရွိခဲ့ဖူးရာ ယခုအခါ သူ၏အိပ္မက္ တကယ္ျဖစ္လာျခင္းလည္း ျဖစ္သည္။

“တကယ္ေတာ့ ကၽြန္ေတာ္တို႔ရဲ႕ အိမ္ျခံေျမအက်ဳိးေဆာင္က စေနာက္လိုက္တာကေန အစျပဳခဲ့တာပါ။” ဟု ရိုင္စေလက ေျပာသည္။

ရိုင္စေလသည္ လန္ဒန္တြင္ အရက္ဘားမ်ားႏွင့္ အရက္ဆိုင္မ်ားကို စီမံခန္႔ခြဲသူတစ္ဦး ျဖစ္သည္။

ရိုင္စေလက ေျပာသည္မွာ မိမိႏွင့္ ဟာေဗးတို႔ လန္ဒန္မွ အိမ္ကိုေရာင္းကာ အီတလီေတာင္ပိုင္းတြင္ မိမိတို႔၏ ေငြျဖင့္ ပိုမိုေကာင္းမြန္ေသာေနရာတြင္ ေနထိုင္ရန္ ဆံုးျဖတ္ခဲ့ေၾကာင္း ေျပာသည္။

“အိမ္ေဟာင္းတစ္လံုးဝယ္ျပီး ျပန္ျပင္မယ္။ ျပီးရင္ တသက္လံုးေနထုိင္သြားၾကမယ္လို႔ ရည္ရြယ္ခဲ့ၾကတာပါ” ဟု ရိုင္စေလက ေျပာသည္။

(စတိဗ္ ရိုင္စေလႏွင့္ ဟာေဗး ဘီ ဘေရာင္းတို႔စံုတြဲကို ရဲတုိက္အတြင္း ေတြ႔ရပံု။ ဓာတ္ပံု-@Mark Cocksedge)

(ရဲတိုက္အတြင္း ျမင္ကြင္း။ ဓာတ္ပံု- Rei Moon)

(ႏွစ္ေပါင္းရာခ်ီ စြန္႔ပစ္ခံထားရေသာ ရဲတိုက္ၾကီးျဖစ္ျပီး လက္သရမ္းဖ်က္ဆီးျခင္း၊ ခိုးယူျခင္းမ်ားခံထားရကာ အလံုးစံုပ်က္စီးေနခဲ့သည္။ ဓာတ္ပံု-Rei Moon)

အိမ္ျခံေျမ အက်ဳိးေဆာင္က ပ်က္စီးယိုယြင္းေနေသာ ရဲတုိက္ၾကီးတစ္လံုး၏ ဓာတ္ပံုကို ရိုင္စေလထံ ေပးပို႔ လိုက္ရာ မိမိတုိ႔စံုတြဲ ျမင္ျမင္ခ်င္း သေဘာက်သြားခဲ့ေၾကာင္း ရိုင္စေလက ေျပာသည္။

သို႔ေသာ္ အိမ္ျခံေျမအက်ဳိးေဆာင္က ေျပာသည္မွာ “ကၽြန္ေတာ္ ေနာက္ေျပာင္လိုက္တာပါ။ အင္တာနက္မွာ ေတြ႔တဲ့ဓာတ္ပံုပါ” ဟု ဆိုသည္။

ရိုင္စေလတို႔ စံုတြဲက အင္တာနက္တြင္ ရွာေဖြၾကည့္ရာ အဆိုပါရဲတိုက္မွာ အေရာင္းေစ်းကြက္တြင္ တကယ္ရွိေန သည္ကို ေတြ႔ခဲ့ၾကသည္။

((ရဲတိုက္ၾကီး၏ ဆို႔နင့္ေၾကကြဲဖြယ္ အတိတ္ဇာတ္လမ္း))

၂၀ ရာစု အေစာပိုင္းတြင္ ခ်မ္းသာၾကြယ္ဝေသာ မိသားစုတစ္ခု၌ မင္းသမီးေလးဟု မိဘမ်ားက အမည္ေပးထား ေသာ သမီးေလးတစ္ဦးရွိသည္။ တေန႔တြင္ ထိုမိန္းကေလးက ေျပာသည္မွာ “သမီးက မင္းသမီးေလးဆိုရင္ ဘာေၾကာင့္ ရဲတိုက္ၾကီးမွာ မေနရတာလဲ” ဟု ေျပာ၏။

ထို႔ေၾကာင့္ ဖခင္ျဖစ္သူက သမီးအတြက္ ရဲတိုက္ၾကီးတစ္လံုး ေဆာက္လုပ္ေပးခဲ့ကာ Castle Elvira ဟု အမည္ေပးခဲ့သည္။

သမီးျဖစ္သူက ရဲတိုက္ၾကီးကို ေတြ႔ခ်ိန္တြင္ အလြန္အမင္းေပ်ာ္ရႊင္သြားကာ ဖခင္ၾကီးအတြက္ အထူးဟင္းလ်ာ ခ်က္ျပဳတ္ေကၽြးေမြးရန္ စိတ္ကူးျပီး မႈိမ်ား လိုက္ႏႈတ္ခဲ့ရာ ထိုမႈိမ်ားမွာ အဆိပ္ရွိေသာမႈိျဖစ္ေနသည္။

မင္းသမီးေလးမွာ အဆိပ္သင့္ကာ ေသဆံုးသြားရာ ယူက်ံဳးမရျဖစ္ရေသာ ဖခင္ၾကီးမွာ လူမေနရေသးေသာ ရဲတိုက္အသစ္စက္စက္ၾကီးကို စြန္႔ပစ္ထားခဲ့ျပီး မည္သည့္အခါမွ ျပန္မလာေတာ့ေခ်။

ရဲတိုက္ၾကီးအတြင္းရွိ ပရိေဘာဂပစၥည္းမ်ားမွာ ႏွစ္ေပါင္းမ်ားစြာ ကာလအတြင္း ခိုးယူခံခဲ့ရေၾကာင္း ရိုင္စေလက ေျပာျပသည္။

(ဥေရာပ၏ အလွပဆံုး ရဲတိုက္ဟိုတယ္ဆု ရရွိထားသည္။ ဓာတ္ပံု-Rei Moon)

(ဟာေဗး ကေလးဘဝက ရဲတိုက္ၾကီးတစ္လံုးတြင္ ေနထုိင္ရန္ စိတ္ကူးယဥ္ခဲ့ဖူးသည္။ ဓာတ္ပံု-Taylor and Porter)

(အဓိက ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို ကိုဗစ္ကပ္ေဘးကာလမတိုင္မီက စတင္ခဲ့သည္။ ဓာတ္ပံု-Mark Cocksedge)

(ရိုင္စေလတို႔စံုတြဲက ရဲတိုက္ၾကီး၏ မူလဟန္ပန္မ်ားကို ဆက္လက္ထိန္းသိမ္းထားသည္။ ဓာတ္ပံု-Rei Moon)

(မ်က္ႏွာၾကက္မ်ားကို ယခင္အတိုင္း ဆက္လက္ထိန္းသိမ္းထားသည္။ ဓာတ္ပံု-Rei Moon)

(ရဲတိုက္ၾကီး ျပန္လည္မြမ္းမံေရးအတြက္ အလုပ္သမားမ်ား ငွားရမ္းခဲ့ျပီး အခ်ဳိ႕ကိုမူ ကိုယ္တိုင္လုပ္ေဆာင္ ခဲ့သည္။ ဓာတ္ပံု-Rei Moon)

(ေသြး၊ ေခၽြး၊ မ်က္ရည္မ်ား မ်ားျပားခဲ့ေသာ္လည္း ေနာင္တမရေၾကာင္း ရိုင္စေလတို႔ စံုတြဲက ေျပာသည္။ ဓာတ္ပံု-Rei Moon)

(မီးလင္းဖိုပါေသာ အိပ္ခန္း။ ဓာတ္ပံု-Mark Cocksedge)

(ၾကိဳးစားခဲ့သမွ် ထိုက္တန္ေၾကာင္း ရိုင္စေလတို႔ စံုတြဲက ေျပာသည္။ ဓာတ္ပံု-Mark Cocksedge)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Couple sell London house to buy abandoned castle they’ve never seen (metro)

Photo Credit- Mark Cocksedge, Rei Moon, Taylor and Porter

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service