အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ

အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ - Property Knowledge in Myanmar from iMyanmarHouse.com
24 Mar 2024 12:53 pm တွင် တင်ခဲ့သည်
520 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

အပတ်စဉ်ဥပဒေအမေးအဖြေအစီအစဉ်ကို စောင့်မျှော်အားပေးနေကြတဲ့ အိမ်ခြံမြေလောကသားတို့အတွက် ဒီတစ်ခေါက်မှာတော့ အိမ်ခြံမြေတိုက်ခန်း ပေါင်နှံခြင်းကို ရောင်းချခြင်းစာချုပ်အဖြစ် ချုပ်ဆိုနိုင်ပါသလား။ ......ဆိုတဲ့မေးခွန်းလေး အပါအဝင် အမေးအဖြေသုံးခုကို ဒီတစ်ပတ်အတွက် ဥပဒေအမေးအဖြေကဏ္ဍမှာ တင်ဆက်ပေးထားပါတယ်။

 

မေးခွန်း (၁) - အိမ်ခြံမြေတိုက်ခန်း ပေါင်နှံခြင်းကို ရောင်းချခြင်းစာချုပ်အဖြစ် ချုပ်ဆိုနိုင်ပါသလား။

မရွှေ့မပြောင်းနိုင်သော အိမ်၊ ခြံ၊ မြေတိုက်ခန်းများအား ပစ္စည်းလက်ရောက်အပ်နှံ၍ ပေါင်နှံခြင်းနှင့် ပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတမ်းများ အပ်နှံ၍ ပေါင်နှံခြင်းဟူ၍ ရှိပါသည်။ ငွေတိုးချေးသူနှင့် ငွေချေး ယူသူကြားမှာ ယုံကြည်မှုရှိစေရန် အာမခံပစ္စည်းထားရှိခြင်းဖြစ်ပါသည်။ ပေါင်နှံငွေချေးရာ၌ အာမခံပစ္စည်းပေါ် တွင် ဥပဒေနှင့် မညီညွှတ်သည့် အရောင်းဟန်ဆောင်ပေါင်နှံခြင်း စာချုပ်မျိုး မချုပ်ဆိုသင့်ပါဘူး။

တချို့မှာ မရွှေ့မပြောင်းနိုင်သော အိမ်၊ ခြံ၊ မြေ တိုက်ခန်းအား အပြီးအပိုင် ရောင်းချခြင်း စာချုပ်ချုပ်ဆိုထားကာ အရောင်းအဝယ်တန်ဖိုးအား တိုးရင်းပေါင်းငွေကို ထည့်သွင်းချုပ်ဆိုသည်လဲရှိပြီး ကွက်လပ် စာချုပ်ပေါ်တွင် လက်မှတ်ရေးထိုးစေသည်လဲရှိပါသည်။ သာမန်ရောင်းချခြင်းမျိုးနှင့် သိသာထင်ရှားစွာ ကွဲပြားမှုရှိပါသည်။ အရောင်းအဝယ်တန်ဖိုးမှာလဲ ပုံမှန်ထက်လျော့နည်းနေပြီး အမှန်တကယ် ငွေချေးသူက ငွေမပေး၍ ဟန်ဆောင်စာချုပ်အား အခြေခံကာ တရားစွဲလျှင်လဲ အမှုမှန်ပေါ်ပေါက်ကာ ပလပ်ခြင်းခံရမည် ဖြစ်ပါ သည်။

တချို့က မရွှေ့မပြောင်းနိုင်သော အိမ်၊ ခြံ၊ မြေ တိုက်ခန်းအား တိုးရင်းပေါင်းငွေကို အခြေခံကာ စရန်ပေး အရောင်းအဝယ်စာချုပ် ချုပ်ဆိုစေပါသည်။ စာချုပ် သဘောသဘာဝအတိုင်း ကျန်ငွေအား ပေးချေရန် စာချုပ်တွင် သတ်မှတ်ထားပြီး အမှန်မှာ ငွေချေးသူမှ သတ်မှတ်ကာလအတွင်း ငွေပြန်လည်မဆပ်ပါက ရောင်းဈေးတန်ဖိုး အဖြစ် ညှီနှိုင်းသတ်မှတ်ထားသော ငွေအား ငွေတိုးချေးသူမှ ငွေချေးသူထံ ထပ်မံငွေချေးခြင်းပင်ဖြစ်ပါသည်။ အဆိုပါစာချုပ်များ၌ ဝယ်ယူသူမှ အရောင်းအဝယ် အိမ်၊ ခြံ၊ မြေ တိုက်ခန်းအား ပြန်လည် ဝယ်ယူလိုက ဝယ်ယူနိုင်ကြောင်း ဟန်ဆောင်စာချုပ်အဖြစ် သိသာထင်ရှားစေသည့်စာသားများ ပါဝင်ပါသည်။ ဟန်ဆောင် စာချုပ်မှာ ဥပဒေအရ အတည်ပြုနိုင်သောစာချုပ် မဟုတ်ပါ ပဋိဉာဉ်မမြောက်ပါ။ ဟန်ဆောင် စာချုပ်ဖြစ်ကြောင်း စာချုပ်၏ အမှန်ရည်ရွယ်ချက်အား နှုတ်သက်သေခံချက် တင်ပြနိုင်ပါသည်။

အမှန်တကယ်အရောင်းအဝယ်များ၌ ရောင်းချရန် ကမ်းလှမ်းချက်များ၊ ရောင်းဈေးညှီနှိုင်းမှုများ၊ ဘဏ် (သို့) ငွေသားဖြင့် ပေးချေမှုများ၊ အဆိုပါ အချက်အလက်များအား မျက်မြင်သက်သေများ အသီးသီး ရှိကြပါသည်။ ဦးပြုးပါ-၂နှင့်ဦးငွေထွန်းပါ-၂ အမှု၊ ဦးရွှေတင် (၎င်း၏ကိုယ်စားလှယ်စာရသူ ဦးခင်မောင်နှင့် ဦးအောင်တင့် အမှု)တွင် ဟန်ဆောင်စာချုပ်များ ပတ်သတ်၍ တွေ့ရှိနိုင်ပါသည်။ ထို့ပြင် အိမ်၊ခြံ၊မြေ ရောင်းချခြင်းများမှာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုမှ တရားဝင် ပိုင်ဆိုင်ခွင့်‌ လွှဲပြောင်းနိုင်မည်ပါသည်။

ဟန်ဆောင်ချုပ်ဆိုထားသော စာချုပ်များမှာ ရည်ရွယ်ချက် လွှဲမှားကာ ခိုင်မာမှုမရှိသဖြင့် တရားရုံးမှ ဟန်ဆောင် စာချုပ်ပေါ်အခြေခံ၍ တရားစွဲပါက ပလပ်မည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၂ ) - မိမိအိမ်ရှေ့ရှိ အများပြည်သူပိုင် လမ်းပေါ် ကျူးကျော်ဆောက်လုပ်ခွင့် ရှိ/မရှိ။

အဆောက်အုံများ ဆောက်လုပ်ရာတွင် မိမိပိုင်မြေပေါ်တွင်သာ ဆောက်လုပ်ရမည်ဖြစ်ကာ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ၏ ညွှန်ကြားချက်အရ ရှေ့နောက်ဘေးနှစ်ဖက်အား သတ်မှတ်ပေအတိုင်း ချန်ထားရမည်ဖြစ်ပါသည်။

ပေ၄၀×၆၀ပေ ဖြစ်ပါက (၃)ပေစီ ဘေးတစ်ဖက်တစ်ချက်၌ ချန်လှပ်ရမည်။ ပေ ၄၀ မပြည့်လဲ ပေ၃၉× ၆၀ပေ‌ အောက်ဖြစ်ပါက တစ်ပေခွဲခန့် ချန်လှပ် တည်ဆောက်ရမည်ဖြစ်ပါသည်။ ပေ၂၅ × ၅၀ပေ‌ အောက်ဖြစ် ပါက ဘေးနှစ်ဖက် (၁)ပေစီချန်လှပ်ရမည်။ မြို့တွင်းပိုင်း မြို့နယ်ခြောက်ခုဖြစ်ပါက သတ်မှတ်ညွှန်းကြားချက် သီးခြားရှိပါသည်။ ထို့ပြင် မြို့တွင်းပိုင်းမဟုတ်သည့် အခြားမြို့နယ်များအား ရှေ့မြေညီအား ၅ ပေစီ နောက်ဖေး လမ်းကြားအား (၁)ပေစီ ချန်ထားရပါသည်။

အကယ်၍ မိမိ အဆောက်အဦး ဆောက်လုပ်သည်မှာ စည်ပင်သာယာ၏ အများပြည်သူပိုင်လမ်းပေါ်တွင် လသာဆောင်၊ တံစက်မြိတ်၊ လှေကားစ်၊ အုတ်ခြံ၊ မိလ္လာကန်၊ ဆန်းရှိတ်၊ တဲအကာများ ကျူးကျော် ဆောက် လုပ်ခြင်းမျိုးဖြစ်နေပါက စည်ပင်ရုံးသို ကျူးကျော်ခွန်ထမ်းဆောင်ကာ ခွင့်ပြုပေးရန် တင်ပြတောင်းဆိုရပါမည်။ အများပြည်သူပိုင်သည့် လမ်းပေါ်တွင် ကျူးကျော်ခြင်းအတွက် တရားဝင် လျှောက်ထားမှုပြုကာ ကျုးကျော်ခွန် ထမ်းဆောင်ထားရန် လိုအပ်ပါသည်။

ဆောက်လုပ်ရေးသုံးပစ္စည်းများ စုပုံကာ ဆောက်လုပ်ရေးလုပ်ငန်းရှိပါကလဲ ကျူးလွန်ခြင်း အခွန်အား ပစ္စည်းများပုံထားသည့် ဧရိယာအတိုင်း ထမ်းဆောင်ရပါမည်။ သတ်မှတ်အချိန်ကာလထက် ကျော်လွန်ပါကလဲ ကျူးကျော်ခွန်အား ထပ်မံပေးအပ်ရန် လိုအပ်ပြီး အများသူငှာ အသုံးပြုသည့် လမ်းဧရိယာများနှင့် လွတ်ကင်း မှုမရှိပါက ခွင့်ပြုချက်အား စည်ပင်မှ ပြန်လည် ရုတ်သိမ်းနိုင်ပါသည်။ ထို့သို့ အသုံးပြုခြင်းမှာ အများသူငှာအား ထိခိုက်ခြင်းမရှိပါကစည်ပင်မှလဲ ကျူးကျော်သည့် မြေအတိုင်း အတာ အကျယ်အဝန်းဧရိယာပေအတိုင်း တွက်ချက်ကာ အခွန်ကောက်ခံမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေး လိုက်ပါသည်။

 

မေးခွန်း (၃) - လယ်ယာမြေကို စိုက်ပျိုးမြေမှအပ အခြားအသုံးပြုခွင့် လျှောက်ထားနိုင်ပါသလား။

၂၀၁၂ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ ထွက်ရှိသော လယ်ယာမြေဥပဒေအရ လယ်ယာမြေဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင် စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီး ဟင်းရွက်၊ ပန်းမန် စိုက်ပျိုးမြေ၊ မြေနုကျွန်းမြေကို ဆိုလိုပါသည်။

လယ်ယာမြေနှင့် လယ်မြေမှာလဲ ကွာခြားမှုရှိပြီး လယ်မြေမှာတော့ စပါးသီးနှံသာ စိုက်ပျိုးသော စိုက်ပျိုးမြေအမျိုးအစား ဖြစ်ပါသည်။ လက်ရှိစိုက်ပျိုးနေသော‌ မြေအမျိုးအစားမှ အခြားသီးနှံအမျိုးအစား ပြောင်းလဲစိုက်ပျိုးမှု ပြုလိုပါက လယ်ယာမြေဥပဒေ-၂၈ ပုဒ်မအရ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုမှ တဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီး(သို့) ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့ လျှောက်ထားတင်ပြပါမည်။

လယ်ယာမြေနည်းဥပဒေ ပုဒ်မ-၈၀ အရ စိုက်ပျိုးမြေမှအပ အခြားနည်းအသုံးပြုခွင့် လျှောက်ထားခြင်း ပြုလိုပါကလဲ စာသင်ကျောင်း၊ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးပေးခန်း၊ စာကြည့်တိုက်၊ လမ်း၊ တံတား၊ ကျေးလက်ဈေး၊ ဘာသာရေး၊ အဆောက်အအုံ၊ သုသာန်နှင့် အခြားလိုအပ်သော အဆောက်အအုံနေရာများ အတွက် လျှောက်ထားခြင်းပြုနိုင်ပြီး အောက်ပါစာရွက်စာတမ်းများ လိုအပ်ပါသည်။

- လျှောက်လွှာပုံစံ-၁၄တွင် လျှောက်ထားသူအမည်၊ နေရပ်လိပ်စာ၊ - လျှောက်ထားသည့် ဧကတိတိကျကျ မြေမျိုး၊

- ကွင်းအမှတ်/အမည်၊ - အခြားနည်းဖြင့် အသုံးပြုလိုသည့် နည်းလမ်းအား ဖော်ပြကာ ၊ - မြေစာရင်းပုံစံ- ၁၀၅ ၊ ၁၀၆ ၊ Plan ၊ ဓာတ်ပုံမှတ်တမ်းများ၊ ပုံစံ-(၇) ၊ ရပ်ကွက် ၊ ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲမှု၏ ထောက်ခံချက်၊ ဝန်ခံချက် ၊ ဘေးပတ်ဝန်းကျင် (၂) နှစ်ဦး ထောက်ခံချက်တို့ဖြင့် ပူးတွဲလျှောက်ထား ရမည်ဖြစ်ပါသည်။

အဆိုပါ လျှောက်ထားမှုအား လျှောက်ထားသည့် မြေအခြေအနေ၊ ပိုင်ဆိုင်မှု အခြေအနေ၊ စိုက်ပျိုး လုပ်ကိုင်မှု အခြေအနေ၊ တည်နေရာပြမြေပုံ၊ အသုံးပြုလိုသည့် တင်ပြချက်၊ သက်ဆိုင်ရာ ရပ်ကွက် (သို့) ကျေးရွာ ၏ သဘောထားမှတ်ချက်များ၊ သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်များဖြင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အဆင့် ဆင့်စီစစ်ပါသည်။ ပုဒ်မ-၃၀(က)(ခ)အရ တိုင်းဒေသကြီး/ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ စီစစ်ခွင့်ပြု ချက်ဖြင့် ဗဟိုလယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် ပုံစံ-၁၅(က) ထုတ်ပေး ပါသည်။

အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့်ပုံစံ-၁၅(က)ဖြင့် ရရှိပါက ခွင့်ပြုလုပ်ငန်းစဉ် အသုံးပြုခြင်း အခြေအနေ အား (၆)လတစ်ကြိမ် ဓာတ်ပုံမှတ်တမ်းများနှင့်အတူ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ တင်ပြပေးရ ပါသည်။ (၆)လကျော်သည်အထိ အခြားနည်းခွင့်ပြုလုပ်ငန်းများ အကောင်အထည်မဖော်ပါက နည်းဥပဒေပုဒ်မ-၉၃(က) အရ ခွင့်ပြုမိန့်အား ပယ်ဖျက်ခြင်း လယ်ယာမြေအား ပြန်လည်သိမ်းယူခြင်းအထိ ပြုလုပ်နိုင်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

အပတ္စဥ္ သိမွတ္ဖြယ္ရာ ဥပေဒအေမးအေျဖက႑

 

အပတ္စဥ္ဥပေဒအေမးအေျဖအစီအစဥ္ကို ေစာင့္ေမွ်ာ္အားေပးေနၾကတဲ့ အိမ္ျခံေျမေလာကသားတို႔အတြက္ ဒီတစ္ေခါက္မွာေတာ့ အိမ္ျခံေျမတိုက္ခန္း ေပါင္ႏွံျခင္းကို ေရာင္းခ်ျခင္းစာခ်ဳပ္အျဖစ္ ခ်ဳပ္ဆိုႏိုင္ပါသလား။ ......ဆိုတဲ့ေမးခြန္းေလး အပါအဝင္ အေမးအေျဖသုံးခုကို ဒီတစ္ပတ္အတြက္ ဥပေဒအေမးအေျဖက႑မွာ တင္ဆက္ေပးထားပါတယ္။

ေမးခြန္း (၁) - အိမ္ျခံေျမတိုက္ခန္း ေပါင္ႏွံျခင္းကို ေရာင္းခ်ျခင္းစာခ်ဳပ္အျဖစ္ ခ်ဳပ္ဆိုႏိုင္ပါသလား။

မေ႐ႊ႕မေျပာင္းႏိုင္ေသာ အိမ္၊ ျခံ၊ ေျမတိုက္ခန္းမ်ားအား ပစၥည္းလက္ေရာက္အပ္ႏွံ၍ ေပါင္ႏွံျခင္းႏွင့္ ပိုင္ဆိုင္မႈ အေထာက္အထား စာ႐ြက္စာတမ္းမ်ား အပ္ႏွံ၍ ေပါင္ႏွံျခင္းဟူ၍ ႐ွိပါသည္။ ေငြတိုးေခ်းသူႏွင့္ ေငြေခ်း ယူသူၾကားမွာ ယုံၾကည္မႈ႐ွိေစရန္ အာမခံပစၥည္းထား႐ွိျခင္းျဖစ္ပါသည္။ ေပါင္ႏွံေငြေခ်းရာ၌ အာမခံပစၥည္းေပၚ တြင္ ဥပေဒႏွင့္ မညီၫႊတ္သည့္ အေရာင္းဟန္ေဆာင္ေပါင္ႏွံျခင္း စာခ်ဳပ္မ်ိဳး မခ်ဳပ္ဆိုသင့္ပါဘူး။

တခ်ိဳ႕မွာ မေ႐ႊ႕မေျပာင္းႏိုင္ေသာ အိမ္၊ ျခံ၊ ေျမ တိုက္ခန္းအား အၿပီးအပိုင္ ေရာင္းခ်ျခင္း စာခ်ဳပ္ခ်ဳပ္ဆိုထားကာ အေရာင္းအဝယ္တန္ဖိုးအား တိုးရင္းေပါင္းေငြကို ထည့္သြင္းခ်ဳပ္ဆိုသည္လဲ႐ွိၿပီး ကြက္လပ္ စာခ်ဳပ္ေပၚတြင္ လက္မွတ္ေရးထိုးေစသည္လဲ႐ွိပါသည္။ သာမန္ေရာင္းခ်ျခင္းမ်ိဳးႏွင့္ သိသာထင္႐ွားစြာ ကြဲျပားမႈ႐ွိပါသည္။ အေရာင္းအဝယ္တန္ဖိုးမွာလဲ ပုံမွန္ထက္ေလ်ာ့နည္းေနၿပီး အမွန္တကယ္ ေငြေခ်းသူက ေငြမေပး၍ ဟန္ေဆာင္စာခ်ဳပ္အား အေျခခံကာ တရားစြဲလွ်င္လဲ အမႈမွန္ေပၚေပါက္ကာ ပလပ္ျခင္းခံရမည္ ျဖစ္ပါ သည္။

တခ်ိဳ႕က မေ႐ႊ႕မေျပာင္းႏိုင္ေသာ အိမ္၊ ျခံ၊ ေျမ တိုက္ခန္းအား တိုးရင္းေပါင္းေငြကို အေျခခံကာ စရန္ေပး အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုေစပါသည္။ စာခ်ဳပ္ သေဘာသဘာဝအတိုင္း က်န္ေငြအား ေပးေခ်ရန္ စာခ်ဳပ္တြင္ သတ္မွတ္ထားၿပီး အမွန္မွာ ေငြေခ်းသူမွ သတ္မွတ္ကာလအတြင္း ေငြျပန္လည္မဆပ္ပါက ေရာင္းေဈးတန္ဖိုး အျဖစ္ ညႇီႏိႈင္းသတ္မွတ္ထားေသာ ေငြအား ေငြတိုးေခ်းသူမွ ေငြေခ်းသူထံ ထပ္မံေငြေခ်းျခင္းပင္ျဖစ္ပါသည္။ အဆိုပါစာခ်ဳပ္မ်ား၌ ဝယ္ယူသူမွ အေရာင္းအဝယ္ အိမ္၊ ျခံ၊ ေျမ တိုက္ခန္းအား ျပန္လည္ ဝယ္ယူလိုက ဝယ္ယူႏိုင္ေၾကာင္း ဟန္ေဆာင္စာခ်ဳပ္အျဖစ္ သိသာထင္႐ွားေစသည့္စာသားမ်ား ပါဝင္ပါသည္။ ဟန္ေဆာင္ စာခ်ဳပ္မွာ ဥပေဒအရ အတည္ျပဳႏိုင္ေသာစာခ်ဳပ္ မဟုတ္ပါ ပဋိဉာဥ္မေျမာက္ပါ။ ဟန္ေဆာင္ စာခ်ဳပ္ျဖစ္ေၾကာင္း စာခ်ဳပ္၏ အမွန္ရည္႐ြယ္ခ်က္အား ႏႈတ္သက္ေသခံခ်က္ တင္ျပႏိုင္ပါသည္။

အမွန္တကယ္အေရာင္းအဝယ္မ်ား၌ ေရာင္းခ်ရန္ ကမ္းလွမ္းခ်က္မ်ား၊ ေရာင္းေဈးညႇီႏိႈင္းမႈမ်ား၊ ဘဏ္ (သို႔) ေငြသားျဖင့္ ေပးေခ်မႈမ်ား၊ အဆိုပါ အခ်က္အလက္မ်ားအား မ်က္ျမင္သက္ေသမ်ား အသီးသီး ႐ွိၾကပါသည္။ ဦးျပဳးပါ-၂ႏွင့္ဦးေငြထြန္းပါ-၂ အမႈ၊ ဦးေ႐ႊတင္ (၎၏ကိုယ္စားလွယ္စာရသူ ဦးခင္ေမာင္ႏွင့္ ဦးေအာင္တင့္ အမႈ)တြင္ ဟန္ေဆာင္စာခ်ဳပ္မ်ား ပတ္သတ္၍ ေတြ႕႐ွိႏိုင္ပါသည္။ ထို႔ျပင္ အိမ္၊ျခံ၊ေျမ ေရာင္းခ်ျခင္းမ်ားမွာ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုမွ တရားဝင္ ပိုင္ဆိုင္ခြင့္‌ လႊဲေျပာင္းႏိုင္မည္ပါသည္။

ဟန္ေဆာင္ခ်ဳပ္ဆိုထားေသာ စာခ်ဳပ္မ်ားမွာ ရည္႐ြယ္ခ်က္ လႊဲမွားကာ ခိုင္မာမႈမ႐ွိသျဖင့္ တရား႐ုံးမွ ဟန္ေဆာင္ စာခ်ဳပ္ေပၚအေျခခံ၍ တရားစြဲပါက ပလပ္မည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၂ ) - မိမိအိမ္ေ႐ွ႕႐ွိ အမ်ားျပည္သူပိုင္ လမ္းေပၚ က်ဴးေက်ာ္ေဆာက္လုပ္ခြင့္ ႐ွိ/မ႐ွိ။

အေဆာက္အုံမ်ား ေဆာက္လုပ္ရာတြင္ မိမိပိုင္ေျမေပၚတြင္သာ ေဆာက္လုပ္ရမည္ျဖစ္ကာ ရန္ကုန္ၿမိဳ႕ ေတာ္စည္ပင္သာယာေရးေကာ္မတီ၏ ၫႊန္ၾကားခ်က္အရ ေ႐ွ႕ေနာက္ေဘးႏွစ္ဖက္အား သတ္မွတ္ေပအတိုင္း ခ်န္ထားရမည္ျဖစ္ပါသည္။

ေပ၄၀×၆၀ေပ ျဖစ္ပါက (၃)ေပစီ ေဘးတစ္ဖက္တစ္ခ်က္၌ ခ်န္လွပ္ရမည္။ ေပ ၄၀ မျပည့္လဲ ေပ၃၉× ၆၀ေပ‌ ေအာက္ျဖစ္ပါက တစ္ေပခြဲခန္႔ ခ်န္လွပ္ တည္ေဆာက္ရမည္ျဖစ္ပါသည္။ ေပ၂၅ × ၅၀ေပ‌ ေအာက္ျဖစ္ ပါက ေဘးႏွစ္ဖက္ (၁)ေပစီခ်န္လွပ္ရမည္။ ၿမိဳ႕တြင္းပိုင္း ၿမိဳ႕နယ္ေျခာက္ခုျဖစ္ပါက သတ္မွတ္ၫႊန္းၾကားခ်က္ သီးျခား႐ွိပါသည္။ ထို႔ျပင္ ၿမိဳ႕တြင္းပိုင္းမဟုတ္သည့္ အျခားၿမိဳ႕နယ္မ်ားအား ေ႐ွ႕ေျမညီအား ၅ ေပစီ ေနာက္ေဖး လမ္းၾကားအား (၁)ေပစီ ခ်န္ထားရပါသည္။

အကယ္၍ မိမိ အေဆာက္အဦး ေဆာက္လုပ္သည္မွာ စည္ပင္သာယာ၏ အမ်ားျပည္သူပိုင္လမ္းေပၚတြင္ လသာေဆာင္၊ တံစက္ၿမိတ္၊ ေလွကားစ္၊ အုတ္ျခံ၊ မိလႅာကန္၊ ဆန္း႐ွိတ္၊ တဲအကာမ်ား က်ဴးေက်ာ္ ေဆာက္ လုပ္ျခင္းမ်ိဳးျဖစ္ေနပါက စည္ပင္႐ုံးသို က်ဴးေက်ာ္ခြန္ထမ္းေဆာင္ကာ ခြင့္ျပဳေပးရန္ တင္ျပေတာင္းဆိုရပါမည္။ အမ်ားျပည္သူပိုင္သည့္ လမ္းေပၚတြင္ က်ဴးေက်ာ္ျခင္းအတြက္ တရားဝင္ ေလွ်ာက္ထားမႈျပဳကာ က်ဳးေက်ာ္ခြန္ ထမ္းေဆာင္ထားရန္ လိုအပ္ပါသည္။

ေဆာက္လုပ္ေရးသုံးပစၥည္းမ်ား စုပုံကာ ေဆာက္လုပ္ေရးလုပ္ငန္း႐ွိပါကလဲ က်ဴးလြန္ျခင္း အခြန္အား ပစၥည္းမ်ားပုံထားသည့္ ဧရိယာအတိုင္း ထမ္းေဆာင္ရပါမည္။ သတ္မွတ္အခ်ိန္ကာလထက္ ေက်ာ္လြန္ပါကလဲ က်ဴးေက်ာ္ခြန္အား ထပ္မံေပးအပ္ရန္ လိုအပ္ၿပီး အမ်ားသူငွာ အသုံးျပဳသည့္ လမ္းဧရိယာမ်ားႏွင့္ လြတ္ကင္း မႈမ႐ွိပါက ခြင့္ျပဳခ်က္အား စည္ပင္မွ ျပန္လည္ ႐ုတ္သိမ္းႏိုင္ပါသည္။ ထို႔သို႔ အသုံးျပဳျခင္းမွာ အမ်ားသူငွာအား ထိခိုက္ျခင္းမ႐ွိပါကစည္ပင္မွလဲ က်ဴးေက်ာ္သည့္ ေျမအတိုင္း အတာ အက်ယ္အဝန္းဧရိယာေပအတိုင္း တြက္ခ်က္ကာ အခြန္ေကာက္ခံမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပး လိုက္ပါသည္။

 

ေမးခြန္း (၃) - လယ္ယာေျမကို စိုက္ပ်ိဳးေျမမွအပ အျခားအသုံးျပဳခြင့္ ေလွ်ာက္ထားႏိုင္ပါသလား။

၂၀၁၂ခုႏွစ္၊ မတ္လ (၃၀)ရက္ေန႔ ထြက္႐ွိေသာ လယ္ယာေျမဥပေဒအရ လယ္ယာေျမဆိုသည္မွာ လယ္ေျမ၊ ယာေျမ၊ ကိုင္းကြၽန္းေျမ၊ ေတာင္ယာေျမ၊ ႏွစ္႐ွည္ပင္ စိုက္ပ်ိဳးေသာေျမ၊ ဓနိေျမ၊ ဥယ်ာဥ္ေျမ၊ ဟင္းသီး ဟင္း႐ြက္၊ ပန္းမန္ စိုက္ပ်ိဳးေျမ၊ ေျမႏုကြၽန္းေျမကို ဆိုလိုပါသည္။

လယ္ယာေျမႏွင့္ လယ္ေျမမွာလဲ ကြာျခားမႈ႐ွိၿပီး လယ္ေျမမွာေတာ့ စပါးသီးႏွံသာ စိုက္ပ်ိဳးေသာ စိုက္ပ်ိဳးေျမအမ်ိဳးအစား ျဖစ္ပါသည္။ လက္႐ွိစိုက္ပ်ိဳးေနေသာ‌ ေျမအမ်ိဳးအစားမွ အျခားသီးႏွံအမ်ိဳးအစား ေျပာင္းလဲစိုက္ပ်ိဳးမႈ ျပဳလိုပါက လယ္ယာေျမဥပေဒ-၂၈ ပုဒ္မအရ ေက်း႐ြာလယ္ယာေျမစီမံခန္႔ခြဲမႈမွ တဆင့္ သက္ဆိုင္ရာ တိုင္းေဒသႀကီး(သို႔) ျပည္နယ္ လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕တို႔ ေလွ်ာက္ထားတင္ျပပါမည္။

လယ္ယာေျမနည္းဥပေဒ ပုဒ္မ-၈၀ အရ စိုက္ပ်ိဳးေျမမွအပ အျခားနည္းအသုံးျပဳခြင့္ ေလွ်ာက္ထားျခင္း ျပဳလိုပါကလဲ စာသင္ေက်ာင္း၊ က်န္းမာေရးဌာန၊ ေဆး႐ုံ၊ ေဆးေပးခန္း၊ စာၾကည့္တိုက္၊ လမ္း၊ တံတား၊ ေက်းလက္ေဈး၊ ဘာသာေရး၊ အေဆာက္အအုံ၊ သုသာန္ႏွင့္ အျခားလိုအပ္ေသာ အေဆာက္အအုံေနရာမ်ား အတြက္ ေလွ်ာက္ထားျခင္းျပဳႏိုင္ၿပီး ေအာက္ပါစာ႐ြက္စာတမ္းမ်ား လိုအပ္ပါသည္။

- ေလွ်ာက္လႊာပုံစံ-၁၄တြင္ ေလွ်ာက္ထားသူအမည္၊ ေနရပ္လိပ္စာ၊ - ေလွ်ာက္ထားသည့္ ဧကတိတိက်က် ေျမမ်ိဳး၊ - ကြင္းအမွတ္/အမည္၊ - အျခားနည္းျဖင့္ အသုံးျပဳလိုသည့္ နည္းလမ္းအား ေဖာ္ျပကာ ၊ - ေျမစာရင္းပုံစံ- ၁၀၅ ၊ ၁၀၆ ၊ Plan ၊ ဓာတ္ပုံမွတ္တမ္းမ်ား၊ ပုံစံ-(၇) ၊ ရပ္ကြက္ ၊ ေက်း႐ြာ လယ္ယာေျမ စီမံခန္႔ခြဲမႈ၏ ေထာက္ခံခ်က္၊ ဝန္ခံခ်က္ ၊ ေဘးပတ္ဝန္းက်င္ (၂) ႏွစ္ဦး ေထာက္ခံခ်က္တို႔ျဖင့္ ပူးတြဲေလွ်ာက္ထား ရမည္ျဖစ္ပါသည္။

အဆိုပါ ေလွ်ာက္ထားမႈအား ေလွ်ာက္ထားသည့္ ေျမအေျခအေန၊ ပိုင္ဆိုင္မႈ အေျခအေန၊ စိုက္ပ်ိဳး လုပ္ကိုင္မႈ အေျခအေန၊ တည္ေနရာျပေျမပုံ၊ အသုံးျပဳလိုသည့္ တင္ျပခ်က္၊ သက္ဆိုင္ရာ ရပ္ကြက္ (သို႔) ေက်း႐ြာ ၏ သေဘာထားမွတ္ခ်က္မ်ား၊ သက္ဆိုင္ရာဌာန၏ ခြင့္ျပဳခ်က္မ်ားျဖင့္ လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕က အဆင့္ ဆင့္စီစစ္ပါသည္။ ပုဒ္မ-၃၀(က)(ခ)အရ တိုင္းေဒသႀကီး/ျပည္နယ္လယ္ယာေျမ စီမံခန္႔ခြဲမႈအဖြဲ႕၏ စီစစ္ခြင့္ျပဳ ခ်က္ျဖင့္ ဗဟိုလယ္ ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕မွ လယ္ယာေျမကို အျခားနည္း အသုံးျပဳခြင့္ ပုံစံ-၁၅(က) ထုတ္ေပး ပါသည္။

အျခားနည္းအသုံးျပဳရန္ ခြင့္ျပဳမိန္႔ပုံစံ-၁၅(က)ျဖင့္ ရ႐ွိပါက ခြင့္ျပဳလုပ္ငန္းစဥ္ အသုံးျပဳျခင္း အေျခအေန အား (၆)လတစ္ႀကိမ္ ဓာတ္ပုံမွတ္တမ္းမ်ားႏွင့္အတူ ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕ထံ တင္ျပေပးရ ပါသည္။ (၆)လေက်ာ္သည္အထိ အျခားနည္းခြင့္ျပဳလုပ္ငန္းမ်ား အေကာင္အထည္မေဖာ္ပါက နည္းဥပေဒပုဒ္မ-၉၃(က) အရ ခြင့္ျပဳမိန္႔အား ပယ္ဖ်က္ျခင္း လယ္ယာေျမအား ျပန္လည္သိမ္းယူျခင္းအထိ ျပဳလုပ္ႏိုင္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ကပစ္စည်းတွေကို တစ်လဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ
အိမ်ကပစ္စည်းတွေကို တစ်လဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ရင်ခုန်စိတ်လှုပ်ရှားစရာ အေးမြမှုအပြည့်နဲ့ ဖြတ်သန်းနိုင်မယ့် Alps တောင်တန်းရဲ့ အရှည်လျားဆုံး လူကူးကြိုးတံတား...
ရင်ခုန်စိတ်လှုပ်ရှားစရာ အေးမြမှုအပြည့်နဲ့ ဖြတ်သန်းနိုင်မယ့် Alps တောင်တန်းရဲ့ အရှည်လျားဆုံး လူကူးကြိုးတံတား...
၈ တန်းဖြင့် ကျောင်းထွက်ခဲ့ရကာ တစ်ရက်လျှင် ရူပီး ၃၀ မျှသာ လုပ်အားခရသော အလုပ်သမားဘဝမှ ယနေ့အခါ ရူပီး ၁၈၀ ဘီလီယံတန်ကြေးရှိ ကုမ္ပဏီကြီးကို ဦးဆောင်နေသူတစ်ဦးအကြောင်း...
၈ တန်းဖြင့် ကျောင်းထွက်ခဲ့ရကာ တစ်ရက်လျှင် ရူပီး ၃၀ မျှသာ လုပ်အားခရသော အလုပ်သမားဘဝမှ ယနေ့အခါ ရူပီး ၁၈၀ ဘီလီယံတန်ကြေးရှိ ကုမ္ပဏီကြီးကို ဦးဆောင်နေသူတစ်ဦးအကြောင်း...
စုပေါင်းအဆောက်အအုံ တည်ထောင်ရာတွင် သိရှိထားသင့်သည့် အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းအဆောက်အအုံ တည်ထောင်ရာတွင် သိရှိထားသင့်သည့် အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
Vesuvius မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တစ်မြို့လုံးပြာများအပြည့် ဖုံးလွှမ်းသွားခဲ့တဲ့ပွန်ပေမြို့ရဲ့ လျှို့ဝှက်အခန်းအား ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး တွေ့မြင်ရသည့်မြင်ကွင်းဟာ ရှေးဟ...
Vesuvius မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တစ်မြို့လုံးပြာများအပြည့် ဖုံးလွှမ်းသွားခဲ့တဲ့ပွန်ပေမြို့ရဲ့ လျှို့ဝှက်အခန်းအား ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး တွေ့မြင်ရသည့်မြင်ကွင်းဟာ ရှေးဟ...
အင်္ဂလန်တွင် အာနိုး၊ အိုင်စတိုင်း၊ မဒမ်ကျူရီ၊ အင်္ဂလန်ဝန်ကြီးချုပ်တို့အပါအဝင် ကမ္ဘာကျော်ပုဂ္ဂိုလ်များ၊ ရုပ်ရှင်ဇာတ်ကောင်များကို စာခြောက်ရုပ်အဖြစ် ပုံဖော်ဖန်တီးကာ ပြသခဲ့သော စာခြောက်ရုပ်ပွဲတော်...
အင်္ဂလန်တွင် အာနိုး၊ အိုင်စတိုင်း၊ မဒမ်ကျူရီ၊ အင်္ဂလန်ဝန်ကြီးချုပ်တို့အပါအဝင် ကမ္ဘာကျော်ပုဂ္ဂိုလ်များ၊ ရုပ်ရှင်ဇာတ်ကောင်များကို စာခြောက်ရုပ်အဖြစ် ပုံဖော်ဖန်တီးကာ ပြသခဲ့သော စာခြောက်ရုပ်ပွဲတော်...
နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ
နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ
အင်္ဂလန်တွင် ဂိုဒေါင်ခေါင်မိုးပေါ်၌ Unicorn မြင်းရုပ်ထားရှိမှုအပေါ် အိမ်နီးချင်းက မျက်စိ စပါးမွှေးစူးကာ စိတ်အနှောင့်အယှက်ဖြစ်ရသောကြောင့် သတ်မှတ်ချိန်အတွင်း ဖယ်ရှားမပေးပါက တရားစွဲမည်ဟုပြော...
အင်္ဂလန်တွင် ဂိုဒေါင်ခေါင်မိုးပေါ်၌ Unicorn မြင်းရုပ်ထားရှိမှုအပေါ် အိမ်နီးချင်းက မျက်စိ စပါးမွှေးစူးကာ စိတ်အနှောင့်အယှက်ဖြစ်ရသောကြောင့် သတ်မှတ်ချိန်အတွင်း ဖယ်ရှားမပေးပါက တရားစွဲမည်ဟုပြော...
ဘဝအောင်မြင်မှုက ပညာရေးအပေါ် အခြေခံသလား (သို့မဟုတ်) တရုတ်ပြည်တွင် ကျောင်းမတက်လိုသော သားဖြစ်သူကို လက်တွေ့ဘဝ၏ ခက်ခဲကြမ်းတမ်းပုံ သိစေလိုသောကြောင့် လမ်းဘေးတွင် ဈေးရောင်းခိုင်းရာ ၁၀ ရက် အတွင်း ယွမ် ၁၀၀၀၀ (ကန်ဒေါ်လာ ၁၄၀၀) ရခဲ့ပြီးနောက် ကျေ...
ဘဝအောင်မြင်မှုက ပညာရေးအပေါ် အခြေခံသလား (သို့မဟုတ်) တရုတ်ပြည်တွင် ကျောင်းမတက်လိုသော သားဖြစ်သူကို လက်တွေ့ဘဝ၏ ခက်ခဲကြမ်းတမ်းပုံ သိစေလိုသောကြောင့် လမ်းဘေးတွင် ဈေးရောင်းခိုင်းရာ ၁၀ ရက် အတွင်း ယွမ် ၁၀၀၀၀ (ကန်ဒေါ်လာ ၁၄၀၀) ရခဲ့ပြီးနောက် ကျေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာမည်ကြီး ဘတ်စ်ကက်ဘော ကြယ်ပွင့် မိုက်ကယ်ဂျော်ဒန်က ချီကာဂိုစံအိမ်ကို အရောင်းဈေးကွက်တင်ထား သည်မှာ ၁၂ နှစ်ရှိပြီဖြစ်သည့်တို
နာမည်ကြီး ဘတ်စ်ကက်ဘော ကြယ်ပွင့် မိုက်ကယ်ဂျော်ဒန်က ချီကာဂိုစံအိမ်ကို အရောင်းဈေးကွက်တင်ထား သည်မှာ ၁၂ နှစ်ရှိပြီဖြစ်သည့်တို
“Pine Bluff မြို့မှ ဒေါ်လာ ၄၀၀ တန်အိမ်များ” (သို့မဟုတ်) အမေရိကန်ပြည်၊ အာကင်ဆောပြည်နယ်ရှိ မြို့ငယ်လေးတစ်ခုတွင် နေအိမ်တစ်လ
“Pine Bluff မြို့မှ ဒေါ်လာ ၄၀၀ တန်အိမ်များ” (သို့မဟုတ်) အမေရိကန်ပြည်၊ အာကင်ဆောပြည်နယ်ရှိ မြို့ငယ်လေးတစ်ခုတွင် နေအိမ်တစ်လ
စင်္ကာပူတွင် HDB တိုက်ခန်းတစ်ခုထဲ၌ လူ ၁၂ ဦးအထိ နေထိုင်လျက်ရှိသည်ကိုတွေ့သော အိမ်ခြံမြေ အကျိုးဆောင်က နေထိုင်သူများကို နှင်
စင်္ကာပူတွင် HDB တိုက်ခန်းတစ်ခုထဲ၌ လူ ၁၂ ဦးအထိ နေထိုင်လျက်ရှိသည်ကိုတွေ့သော အိမ်ခြံမြေ အကျိုးဆောင်က နေထိုင်သူများကို နှင်
နေ့ချင်းညချင်း ဘီလျံနာဖြစ်လာသလို အိမ်ကိုပင်ရောင်းချကာ စီအီးအိုဘဝမှ နှုတ်ထွက်ပေးခဲ့ရသူ Peloton ကုမ္ပဏီပိုင်ရှင် အမေရိကန်
နေ့ချင်းညချင်း ဘီလျံနာဖြစ်လာသလို အိမ်ကိုပင်ရောင်းချကာ စီအီးအိုဘဝမှ နှုတ်ထွက်ပေးခဲ့ရသူ Peloton ကုမ္ပဏီပိုင်ရှင် အမေရိကန်
အိန္ဒိယ ဉာဏ်ကြီးရှင်လူငယ် တူးလ်စီ အသက် ၁၂ နှစ်အရွယ်တွင် မဟာသိပ္ပံဘွဲ့ရကာ အသက် ၂၂ နှစ်တွင် အိန္ဒိယနည်းပညာတက္ကသိုလ်၌ ပါမော
အိန္ဒိယ ဉာဏ်ကြီးရှင်လူငယ် တူးလ်စီ အသက် ၁၂ နှစ်အရွယ်တွင် မဟာသိပ္ပံဘွဲ့ရကာ အသက် ၂၂ နှစ်တွင် အိန္ဒိယနည်းပညာတက္ကသိုလ်၌ ပါမော
ကမ္ဘာကျော် နိုင်အာဂရာ ရေတံခွန်ကြီးတွင် စုံတွဲတစ်တွဲ အမှတ်တရ ရိုက်ကူးခဲ့သော ဓာတ်ပုံ၏ နောက်ကွယ်မှ ဆို့နင့်ကြေကွဲဖွယ်ဖြစ်ရပ
ကမ္ဘာကျော် နိုင်အာဂရာ ရေတံခွန်ကြီးတွင် စုံတွဲတစ်တွဲ အမှတ်တရ ရိုက်ကူးခဲ့သော ဓာတ်ပုံ၏ နောက်ကွယ်မှ ဆို့နင့်ကြေကွဲဖွယ်ဖြစ်ရပ
တရုတ်ပြည်တွင် သားဖြစ်သူကို ကျောင်းစာ ကူလုပ်ပေးသည့် အသက် ၄၇ နှစ်အရွယ် ဖခင်နှင့် သားဖြစ်သူတို့ နှစ်ဦးလုံး တက္ကသိုလ်ဝင်ခွင်
တရုတ်ပြည်တွင် သားဖြစ်သူကို ကျောင်းစာ ကူလုပ်ပေးသည့် အသက် ၄၇ နှစ်အရွယ် ဖခင်နှင့် သားဖြစ်သူတို့ နှစ်ဦးလုံး တက္ကသိုလ်ဝင်ခွင်
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် နဝမမြောက်နေရာ၌ ရပ်တည်ခဲ့သော ဘီလျံနာသူဌေးကြီး လယ်ရီ အယ်လစ်ဆင်က Jeff Bezos ကို
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် နဝမမြောက်နေရာ၌ ရပ်တည်ခဲ့သော ဘီလျံနာသူဌေးကြီး လယ်ရီ အယ်လစ်ဆင်က Jeff Bezos ကို
ဘီလ်ဂိတ်အား မည်သူမည်ဝါမှန်းမသိဘဲ လဘက်ရည် ရောင်းခဲ့ပြီးနောက် နေ့ချင်းညချင်း လျှမ်းလျှမ်းတောက် ကျော်ကြားသွားခဲ့ပြီး ပွဲလမ်
ဘီလ်ဂိတ်အား မည်သူမည်ဝါမှန်းမသိဘဲ လဘက်ရည် ရောင်းခဲ့ပြီးနောက် နေ့ချင်းညချင်း လျှမ်းလျှမ်းတောက် ကျော်ကြားသွားခဲ့ပြီး ပွဲလမ်
သားအတွက် Paramount ကုမ္ပဏီ ဝယ်ပေးရန် လိုအပ်သောငွေကို ဘီလျံနာသူဌေးကြီး လယ်ရီ အယ်လစ်ဆင် တစ်ရက်အတွင်း ရရှိ
သားအတွက် Paramount ကုမ္ပဏီ ဝယ်ပေးရန် လိုအပ်သောငွေကို ဘီလျံနာသူဌေးကြီး လယ်ရီ အယ်လစ်ဆင် တစ်ရက်အတွင်း ရရှိ
expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service