Pirates of the Caribbean သရုပ်ဆောင် ဂျွန်နီဒက်ပ်နှင့် ကိတ်မော့စ်တို့အတူ နေထိုင်ခဲ့သော ချစ်ရိပ်မြုံ ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းချ
Pirates of the Caribbean သရုပ်ဆောင် ဂျွန်နီဒက်ပ်နှင့် ကိတ်မော့စ်တို့အတူ နေထိုင်ခဲ့သော ချစ်ရိပ်မြုံ ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
15 Mar 2024 11:28 am တွင် တင်ခဲ့သည်
1356 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Pirates of the Caribbean သရုပ်ဆောင် ဂျွန်နီဒက်ပ်သည် ၁၉၉၀ ပြည့်လွန်ကာလများက နယူးယောက်မြို့ West Village အရပ်ရှိ အိမ်တစ်လုံးတွင် စူပါမော်ဒယ် ကိတ်မော့စ်နှင့်အတူ နေထိုင်ခဲ့သည်။
ထိုအိမ်သည် ရှေးအခါက ရထားလုံးများ ထားသိုရန် အသုံးပြုခဲ့သောနေရာ ဖြစ်သည်။
Waverly Place လမ်း အမှတ် ၁၁၂ တွင် ၁၉ ရာစုနှစ် Federal ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော အိမ်နှင့် ဆက်စပ်တည်ရှိသည်။
ယခုအခါ ဂျွန်နီဒက်ပ်၏ အိမ်မှာ ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းထွက်သွားပြီ ဖြစ်သည်။
လွန်ခဲ့သော တစ်နှစ်ခန့်က ကန်ဒေါ်လာ ၁၅ ဒသမ ၅ သန်းဈေးခေါ်ကာ အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။
(ဂျွန်နီဒက်ပ်နှင့် ကိတ်မော့စ်။ ဓာတ်ပုံ-WireImage)
(ဂျွန်နီဒက်၏ နေအိမ်အတွင်းပိုင်း မြင်ကွင်း။ ဓာတ်ပုံ-Real Estate Production Network)
(အကင်နေရာပါသော နေအိမ်ပြင်ပ နားနေရန် နေရာ။ ဓာတ်ပုံ-Real Estate Production Network)
ဂျွန်နီဒက်ပ်၏ အိမ်သည် Washington Square Park မှ တစ်ဘလောက်ပင် မဝေးကွာချေ။
အိပ်ခန်း ၄ ခန်းပါဝင်ပြီး အကျယ် ၂၂ ပေရှိကာ ၁၈၂၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော အိမ်ဖြစ်သည်။
ရှေ့မျက်နှာစာကို ၁၉၀၀ ပြည့်လွန် အစောပိုင်းကာလများကအတိုင်း ပြန်လည် ပုံဖော်ထားသည်။
ကိတ်မော့စ်သည် ဂျွန်နီဒက်ပ်နှင့် တွဲနေစဉ်ကာလ ၁၉၉၄ မှ ၁၉၉၈ ခုနှစ်အထိ ဤအိမ်တွင် နေထိုင်သွားခဲ့သည်။
ဂျွန်နီဒက်ပ်က ဇနီးဖြစ်သူ Amber Heard အား အသရေဖျက်ဖြင့် တရားစွဲထားစဉ်ကာလအတွင်း ကိတ်မော့စ် သည် ဂျွန်နီဒက်ပ်ဘက်မှ ရပ်တည်ထွက်ဆိုခဲ့ရာ အမှုနိုင်ထားခဲ့သည်။
ထိုအမှုတွင် ဂျွန်နီဒက်ပ်ဘက်မှ ထောက်ခံသူမှာ ကိတ်မော့စ်တစ်ဦးတည်းမဟုတ်။
ဆော်ဒီအာရေးဘီးယားအစိုးရကလည်း ငွေပုံပေးပြီး လူမှုကွန်ရက်သုံးစွဲသူများစွာအား အွန်လိုင်းတွင် ဂျွန်နီဒက်ပ် ကို ထောက်ခံစေခဲ့သည်။
 (အကျယ် ၂၂ ပေရှိပြီး ၁၈၂၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။ ဓာတ်ပုံ-Real Estate Production Network)
(မီးဖိုဆောင်။ ဓာတ်ပုံ-Real Estate Production Network)
(အိပ်ခန်းများအနက်မှ တစ်ခု။ ဓာတ်ပုံ-Real Estate Production Network)
မူရင်းလက်ရာများအနေဖြင့် သစ်မာသားကြမ်းခင်းများ ၊ မဟော်ဂနီသား ဖောင်းရစ်များ ၊ အုတ်နံရံကို ဘိလပ်မြေဖြင့် မအုပ်ဘဲ ထားရှိသောနံရံများ၊ မြင့်မားသော မျက်နှာကြက်များ ပါဝင်သည်။
အရောင်းဈေးကွက် တင်ပေးခဲ့သည်မှာ Compass အိမ်ခြံမြေ ကုမ္ပဏီမှ အကျိုးဆောင် Randy Baruh ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The ‘90s love nest of Johnny Depp and Kate Moss has sold for $12M (nypost)
Photo Credit: Real Estate Production Network
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service