ကမ္ဘာကျော် ရော့ခ်အဖွဲ့ကြီး Queen ၏ ဒရမ်သမား ရောဂျာတေလာက လော့စ်အိန်ဂျလိမြို့စံအိမ်ကို ရောင်းချရန် စီစဉ်

ကမ္ဘာကျော် ရော့ခ်အဖွဲ့ကြီး Queen ၏ ဒရမ်သမား ရောဂျာတေလာက လော့စ်အိန်ဂျလိမြို့စံအိမ်ကို ရောင်းချရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
5 Mar 2024 11:57 am တွင် တင်ခဲ့သည်
784 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

Queen အဖွဲ့ကြီး၏ တေးသီချင်းအချို့ကို မြန်မာပရိသတ်များ ထိတွေ့ရင်းနှီးဖူးပြီး ဖြစ်သည်။

Queen ၏ အကျော်ကြားဆုံးသီချင်းများတွင် ပါဝင်သော We will rock you ကို R ဇာနည်က အချစ်စစ်ရမယ် ..အချစ်စစ်ဟူသော အမည်ဖြင့် သင်္ကြန်သီချင်းအဖြစ် ပြန်လည်သီဆိုထားသည်။

ထိုသီချင်းကိုပင် မသေသောရော့ခ် ဟုလည်း - သျှီ က ပြန်လည်သီဆိုထားသေးသည်။

ထို့အပြင် I was Born to love you ကို စိုးသူက - မြန်မာပြည်မှာမွေးတယ်၊ Another One Bites The Dust ကို ဂျက်မြသောင်းက - အနီရောင်ခြယ်နှုတ်ခမ်း၊ Crazy little thing called love ကို-ချစ်တေလေဟု ဇော်ဝင်းထွဋ်က အသီးသီးပြန်လည်သီဆိုထားမှုများ ရှိသည်။

အခြားသီချင်းများစွာ ရှိပါသေးသည်။

ယခုအခါ Queen အဖွဲ့ကြီး၏ Drummer ဖြစ်သူ ရောဂျာတေလာက လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်ဟေးစ် အရပ်ရှိ ကြီးမားလှသော စံအိမ်ကြီးကို ရောင်းထုတ်ရန် ကြိုးစားလာသည်။

စပိန် ရီဗိုက်ဗယ်ဗိသုကာဟန်ဖြင့် ၁၉၃၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ရောဂျာတေလာက ကန်ဒေါ်လာ ၆၁၉၅၀၀၀ ဈေးခေါ်ထားသည်။

ဗြိတိန်သားတစ်ဦးဖြစ်သူ ရောဂျာတေလာက လော့စ်အိန်ဂျလိစံအိမ်ကို ကာလအတန်ကြာ အငှားချခဲ့ဖူးသည်။

တစ်လလျှင် ကန်ဒေါ်လာ ၂၀၀၀၀ ဖြင့် အငှားချခဲ့ခြင်းဖြစ်ပြီး မကြာသေးမီကမူ ကန်ဒေါ်လာ ၁၈၀၀၀ ဖြင့် ငှားရမ်းပေးခဲ့သည်။

စံအိမ်အကျယ်အဝန်း ၄၃၆၈ စတုရန်းပေရှိပြီး King’s Road လမ်းပေါ်တွင် တည်ရှိကာ နာမည်ကျော် Sunset Strip ကို အပေါ်စီးမှ စီးမိုးတွေ့မြင်ရသည်။

 

(Sunset Strip အားတွေ့မြင်ရပုံ။ ဓာတ်ပုံ-Realtor)

ရောဂျာတေလာ၏ ခြံဝန်းမှာ ၀ ဒသမ ၃ ဧကရှိပြီး သက်ရင့်အပင်ကြီးများ ၊ စိမ်းလန်းသော နွယ်မျိုးစိတ်အပင် များနှင့် ဒေသမျိုးရင်းအပင်များ ပါဝင်သည်။

 

(ရော့ခ်ကြယ်ပွင့် ရောဂျာတေလာ၏ စပိန် ရီဗိုက်ဗယ်ဗိသုကာဟန် စံအိမ်။ ဓာတ်ပုံ-Realtor)

၁၉၃၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သော စံအိမ်တွင် အုတ်ကြွပ်အမိုး ၊ ထူထဲသော ပလာစတာနံရံ ၊ အမိုးခုံးစင်္ကြန်လမ်းများ ၊ အုတ် ၊ ပျဉ်ပြားနှင့် အုတ်ကြွပ်ပြား အခင်းများ ၊ မီးလင်းဖိုများစွာ၊ ထုတ်တန်းဖော် မျက်နှာကြက်များနှင့် သံကြွပ်ဖြင့် အလှဆင်ထားသော လသာဆောင်များ ပါဝင်သည်။

 

(ဧည့်ခန်း။ ဓာတ်ပုံ-Realtor)

 

(ပြန်လည်မွမ်းမံထားသော အဝင်ခန်းမ။ ဓာတ်ပုံ-Realtor)

 

(တမူထူးသည့် မီးလင်းဖိုပါသော မိသားစုနားနေခန်း။ ဓာတ်ပုံ-Realtor)

 

(မီးဖိုဆောင်။ ဓာတ်ပုံ-Realtor)

 

(ပင်မရေချိုးခန်း။ ဓာတ်ပုံ-Realtor)

 

(အမျိုးသမီးအိမ်သာ။ ဓာတ်ပုံ-Realtor)

 

(စံအိမ်နောက်ဘက် ခြံဝန်း။ ဓာတ်ပုံ-Realtor)

 

 

အသက် ၇၄ နှစ်ရှိပြီဖြစ်သော ရောဂျာတေလာသည် ကမ္ဘာကျော်အဖွဲ့ကြီး Genesis တွင် Drummer အဖြစ် ပါဝင်ရန် အခွင့်အရေးရခဲ့သော်လည်း ကျောခိုင်းခဲ့သည်။

ထိုနေရာကို Phil Collins က ရယူသွားခဲ့သည်။

ထိုအချိန်တွင် ရောဂျာတေလာနှင့် ဖရက်ဒီ မာကျူရီတို့သည် Queen အဖွဲ့ကြီးကို ဖွဲ့စည်းတော့မည့် အချိန်လည်း ဖြစ်သည်။

ရောဂျာတေလာသည် Queen အဖွဲ့ကြီးတွင် ဒရမ်တီးခြင်းအပြင် အဆိုပိုင်းများလည်း ဝင်ရောက် သီဆိုလေ့ရှိပြီး အများအားဖြင့် Falsetto ဖြင့် သီဆိုခြင်း ဖြစ်သည်။

သူသည် Queen အဖွဲ့ကြီး၏ နာမည်ကြီး သီချင်းအချို့ကိုလည်း ရေးသားပေးခဲ့ရာ These Are the Days of Our Lives ၊ Under Pressure နှင့် Radio Ga Ga တို့ အပါအဝင် ဖြစ်သည်။

၂၀၀၁ ခုနှစ်တွင် Rock and Roll Hall of Fame တွင် ဖော်ပြခံခဲ့ရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Queen’s Roger Taylor Attempts To Drum Up a Buyer for His Rockin’ Hollywood Hills Home (Realtor) Photo Credit: realtor

 

 

 

 

 

[Zawgyi]

ကမၻာေက်ာ္ ေရာ့ခ္အဖြဲ႔ၾကီး Queen ၏ ဒရမ္သမား ေရာဂ်ာေတလာက ေလာ့စ္အိန္ဂ်လိျမဳိ႕စံအိမ္ကို ေရာင္းခ်ရန္ စီစဥ္

 

Queen အဖြ႔ဲၾကီး၏ ေတးသီခ်င္းအခ်ဳိ႕ကို ျမန္မာပရိသတ္မ်ား ထိေတြ႔ရင္းႏွီးဖူးျပီး ျဖစ္သည္။

Queen ၏ အေက်ာ္ၾကားဆံုးသီခ်င္းမ်ားတြင္ ပါဝင္ေသာ We will rock you ကို R ဇာနည္က အခ်စ္စစ္ရမယ္ ..အခ်စ္စစ္ဟူေသာ အမည္ျဖင့္ သၾကၤန္သီခ်င္းအျဖစ္ ျပန္လည္သီဆိုထားသည္။

ထိုသီခ်င္းကိုပင္ မေသေသာေရာ့ခ္ ဟုလည္း - သွ်ီ က ျပန္လည္သီဆိုထားေသးသည္။

ထို႔အျပင္ I was Born to love you ကို စိုးသူက - ျမန္မာျပည္မွာေမြးတယ္၊ Another One Bites The Dust ကို ဂ်က္ျမေသာင္းက - အနီေရာင္ျခယ္ႏႈတ္ခမ္း၊ Crazy little thing called love ကို-ခ်စ္ေတေလဟု ေဇာ္ဝင္းထြဋ္က အသီးသီးျပန္လည္သီဆိုထားမႈမ်ား ရွိသည္။

အျခားသီခ်င္းမ်ားစြာ ရွိပါေသးသည္။

ယခုအခါ Queen အဖြဲ႔ၾကီး၏ Drummer ျဖစ္သူ ေရာဂ်ာေတလာက ေလာ့စ္အိန္ဂ်လိျမဳိ႕၊ ေဟာလိဝုဒ္ေဟးစ္ အရပ္ရွိ ၾကီးမားလွေသာ စံအိမ္ၾကီးကို ေရာင္းထုတ္ရန္ ၾကိဳးစားလာသည္။

စပိန္ ရီဗိုက္ဗယ္ဗိသုကာဟန္ျဖင့္ ၁၉၃၃ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး ေရာဂ်ာေတလာက ကန္ေဒၚလာ ၆၁၉၅၀၀၀ ေစ်းေခၚထားသည္။

ျဗိတိန္သားတစ္ဦးျဖစ္သူ ေရာဂ်ာေတလာက ေလာ့စ္အိန္ဂ်လိစံအိမ္ကို ကာလအတန္ၾကာ အငွားခ်ခဲ့ဖူးသည္။

တစ္လလွ်င္ ကန္ေဒၚလာ ၂၀၀၀၀ ျဖင့္ အငွားခ်ခဲ့ျခင္းျဖစ္ျပီး မၾကာေသးမီကမူ ကန္ေဒၚလာ ၁၈၀၀၀ ျဖင့္ ငွားရမ္းေပးခဲ့သည္။

စံအိမ္အက်ယ္အဝန္း ၄၃၆၈ စတုရန္းေပရွိျပီး King’s Road လမ္းေပၚတြင္ တည္ရွိကာ နာမည္ေက်ာ္ Sunset Strip ကို အေပၚစီးမွ စီးမိုးေတြ႔ျမင္ရသည္။

(Sunset Strip အားေတြ႔ျမင္ရပံု။ ဓာတ္ပံု-Realtor)

ေရာဂ်ာေတလာ၏ ျခံဝန္းမွာ ၀ ဒသမ ၃ ဧကရွိျပီး သက္ရင့္အပင္ၾကီးမ်ား ၊ စိမ္းလန္းေသာ ႏြယ္မ်ဳိးစိတ္အပင္ မ်ားႏွင့္ ေဒသမ်ဳိးရင္းအပင္မ်ား ပါဝင္သည္။

(ေရာ့ခ္ၾကယ္ပြင့္ ေရာဂ်ာေတလာ၏ စပိန္ ရီဗိုက္ဗယ္ဗိသုကာဟန္ စံအိမ္။ ဓာတ္ပံု-Realtor)

၁၉၃၀ ျပည့္လြန္ကာလမ်ားက ေဆာက္လုပ္ခဲ့ေသာ စံအိမ္တြင္ အုတ္ၾကြပ္အမိုး ၊ ထူထဲေသာ ပလာစတာနံရံ ၊ အမိုးခံုးစၾကၤန္လမ္းမ်ား ၊ အုတ္ ၊ ပ်ဥ္ျပားႏွင့္ အုတ္ၾကြပ္ျပား အခင္းမ်ား ၊ မီးလင္းဖိုမ်ားစြာ၊ ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ားႏွင့္ သံၾကြပ္ျဖင့္ အလွဆင္ထားေသာ လသာေဆာင္မ်ား ပါဝင္သည္။

(ဧည့္ခန္း။ ဓာတ္ပံု-Realtor)

(ျပန္လည္မြမ္းမံထားေသာ အဝင္ခန္းမ။ ဓာတ္ပံု-Realtor)

(တမူထူးသည့္ မီးလင္းဖိုပါေသာ မိသားစုနားေနခန္း။ ဓာတ္ပံု-Realtor)

(မီးဖိုေဆာင္။ ဓာတ္ပံု-Realtor)

(ပင္မေရခ်ဳိးခန္း။ ဓာတ္ပံု-Realtor)

(အမ်ဳိးသမီးအိမ္သာ။ ဓာတ္ပံု-Realtor)

(စံအိမ္ေနာက္ဘက္ ျခံဝန္း။ ဓာတ္ပံု-Realtor)

အသက္ ၇၄ ႏွစ္ရွိျပီျဖစ္ေသာ ေရာဂ်ာေတလာသည္ ကမၻာေက်ာ္အဖြဲ႔ၾကီး Genesis တြင္ Drummer အျဖစ္ ပါဝင္ရန္ အခြင့္အေရးရခဲ့ေသာ္လည္း ေက်ာခိုင္းခဲ့သည္။

ထုိေနရာကို Phil Collins က ရယူသြားခဲ့သည္။

ထိုအခ်ိန္တြင္ ေရာဂ်ာေတလာႏွင့္ ဖရက္ဒီ မာက်ဴရီတုိ႔သည္ Queen အဖြဲ႔ၾကီးကို ဖြဲ႔စည္းေတာ့မည့္ အခ်ိန္လည္း ျဖစ္သည္။

ေရာဂ်ာေတလာသည္ Queen အဖြဲ႔ၾကီးတြင္ ဒရမ္တီးျခင္းအျပင္ အဆိုပိုင္းမ်ားလည္း ဝင္ေရာက္ သီဆိုေလ့ရွိျပီး အမ်ားအားျဖင့္ Falsetto ျဖင့္ သီဆိုျခင္း ျဖစ္သည္။

သူသည္ Queen အဖြဲ႔ၾကီး၏ နာမည္ၾကီး သီခ်င္းအခ်ိဳ႕ကိုလည္း ေရးသားေပးခဲ့ရာ These Are the Days of Our Lives ၊ Under Pressure ႏွင့္ Radio Ga Ga တို႔ အပါအဝင္ ျဖစ္သည္။

၂၀၀၁ ခုႏွစ္တြင္ Rock and Roll Hall of Fame တြင္ ေဖာ္ျပခံခဲ့ရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Queen’s Roger Taylor Attempts To Drum Up a Buyer for His Rockin’ Hollywood Hills Home (Realtor) Photo Credit: realtor

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ့၊ ဘယ်နိုင်ငံက ဘယ်လိုအိမ်သာမျိုးလဲ...
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ့၊ ဘယ်နိုင်ငံက ဘယ်လိုအိမ်သာမျိုးလဲ...
အမေရိကန်တွင် ၇ လပိုင်း ၁၁ ရက်နေ့ ည ၇း၁၁ မိနစ်အချိန်တွင် မွေးဖွားသော အလေးချိန် ၇ ပေါင် ၁၁ အောင်စရှိ ကလေးငယ်ကို 7-11 (7-Eleven) စတိုးက ပညာသင်စရိတ် ၇၁၁၁ ဒေါ်လာ ထောက်ပံ့...
အမေရိကန်တွင် ၇ လပိုင်း ၁၁ ရက်နေ့ ည ၇း၁၁ မိနစ်အချိန်တွင် မွေးဖွားသော အလေးချိန် ၇ ပေါင် ၁၁ အောင်စရှိ ကလေးငယ်ကို 7-11 (7-Eleven) စတိုးက ပညာသင်စရိတ် ၇၁၁၁ ဒေါ်လာ ထောက်ပံ့...
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တခါက မြူမှုန်တွေဆိုင်းတဲ့ တောင်ပေါ်မြို့လေးမှာ ကွာရှင်းချင်တဲ့ ဇနီးမောင်နှံတိုင်းကို ၄၅ ရက် ဖမ်းချုပ်ပြီး အတူထည့်ထားဖူးတဲ့ အိမ်တစ်လုံးရှိခဲ့ဖူးတယ်၊ နှစ် ၃၀၀ အတွင်း ကွာရှင်းမှု တစ်ခုထဲပဲရှိခဲ့...
တခါက မြူမှုန်တွေဆိုင်းတဲ့ တောင်ပေါ်မြို့လေးမှာ ကွာရှင်းချင်တဲ့ ဇနီးမောင်နှံတိုင်းကို ၄၅ ရက် ဖမ်းချုပ်ပြီး အတူထည့်ထားဖူးတဲ့ အိမ်တစ်လုံးရှိခဲ့ဖူးတယ်၊ နှစ် ၃၀၀ အတွင်း ကွာရှင်းမှု တစ်ခုထဲပဲရှိခဲ့...
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်...
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်...
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ တွေ့ရှိ...
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ တွေ့ရှိ...
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service