ဗြိတိသျှရုပ်ရှင်အကယ်ဒမီဆုပေးပွဲတွင် သြစတေးလျ ရုပ်ရှင်မင်းသမီး Margot Robbie နှင့် အတင်းပြော နေသော ဓာတ်ပုံ လူမှုကွန်ရက်တွင် ပျံ့နှံ့ကာ နာမည်ကြီးနေသူ အော်စကာဆုရှင် ရုပ်ရှင်မင်းသမီး အင်မာစတုန်းက လော့စ်အိန်ဂျလိမှ စံအိမ်ကို ကန်ဒေါ်လာ ၄ ဒသမ ၃ သန်းဖြင့် ရောင်းချ
ဗြိတိသျှရုပ်ရှင်အကယ်ဒမီဆုပေးပွဲတွင် သြစတေးလျ ရုပ်ရှင်မင်းသမီး Margot Robbie နှင့် အတင်းပြော နေသော ဓာတ်ပုံ လူမှုကွန်ရက်တွင် ပျံ့နှံ့ကာ နာမည်ကြီးနေသူ အော်စကာဆုရှင် ရုပ်ရှင်မင်းသမီး အင်မာစတုန်းက လော့စ်အိန်ဂျလိမှ စံအိမ်ကို ကန်ဒေါ်လာ ၄ ဒသမ ၃ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
1 Mar 2024 12:44 pm တွင် တင်ခဲ့သည်
767 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
(အင်မာစတုန်း ဘယ်သူလဲ)
အင်မာစတုန်း (မွေး ၁၉၈၈) သည် အမေရိကန်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ပြီး အော်စကာဆု ၁ ဆု၊ ဗြိတိသျှ အကယ်ဒမီဆု ၁ ဆု၊ ရွှေကမ္ဘာလုံး ၁ ဆုအပြင် ဆုပေါင်းများစွာ ရရှိထားသူ ဖြစ်သည်။
ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံး ရုပ်ရှင်မင်းသမီးများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး တိုင်းမ်မဂ္ဂဇင်းကြီး၏ ကမ္ဘာ့သြဇာအလွှမ်းဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ထည့်သွင်းဖော်ပြခံရဖူးသည်။
၂၀၁၆ ခုနှစ်က ရုံတင်ပြသခဲ့သော အချစ်ဂီတဇာတ်ကား La La Land တွင် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် အကောင်းဆုံးဇာတ်ဆောင်မင်းသမီးအဖြစ် အော်စကာဆု ရရှိခဲ့သည်။
အော်စကာဆုရှင် အင်မာစတုန်းသည် ၂၀၂၃ ခုနှစ်က ရုံတင်ခဲ့သော Poor Things ဇာတ်ကားဖြင့် အကောင်းဆုံး ရုပ်ရှင်မင်းသမီးအဖြစ် ရွှေကမ္ဘာလုံးဆုရခဲ့သည်။
၂၀၁၇ ခုနှစ်အတွင်း အင်မာစတုန်းသည် ကမ္ဘာပေါ်တွင် သရုပ်ဆောင်ကြေး အများဆုံးဖြစ်ခဲ့ပြီး တိုင်းမ်မဂ္ဂဇင်းကြီးက ကမ္ဘာ့သြဇာအလွှမ်းဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ထည့်သွင်း ဖော်ပြခဲ့သည်။
(အင်မာစတုန်းနဲ့ Margot Robbie တို့ ဘာတွေများ အတင်းပြောခဲ့လဲ))
အင်မာစတုန်းသည် မကြာသေးမီက ကျင်းပခဲ့သော ၇၇ ကြိမ်မြောက် ဗြိတိသျှ ရုပ်ရှင် အကယ်ဒမီဆုပေးပွဲတွင် ရုပ်ရှင်မင်းသမီး Margot Robbie နှင့် အတင်းပြောနေသောဓာတ်ပုံမှာ လူမှုကွန်ရက်တွင် အလွန်ပျံ့နှံ့လျက်ရှိသည်။
ထိုဆုပေးပွဲတွင် အင်မာစတုန်းက Robbie ပြောနေသော စကားကို လည်ဆွဲအားကိုင်ကာ နားထောင်ရင်း အံ့သြမှင်သက်ကာ မျက်လုံးများပြူးကျယ်နေသည်ကို တွေ့ရသည်။
ရယ်စရာကောင်းသော ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် မည်သည့်အကြောင်းရပ်များ ပြောနေသည်ကို ၎င်းတို့နှစ်ဦး၏ ပရိသတ်များက သိလိုလျက် ရှိကြသည်။
((လော့စ်အိန်ဂျလိစံအိမ် ရောင်းချခြင်း))
အော်စကာဆုရှင် အင်မာစတုန်းသည် လော့စ်အိန်ဂျလိစံအိမ်ကို ရောင်းထုတ်ရန် အချိန်များစွာ မယူခဲ့ရ။
၁၉၂၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သောစံအိမ်ဖြစ်ပြီး ခေါ်ဈေးထက် ပိုမိုရရှိခဲ့သည်။
လော့စ်အိန်ဂျလိမြို့ Westwood အရပ်တွင် တည်ရှိပြီး စပိန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ကို အင်မာစတုန်းက ဇန်နဝါရီလလယ်ပိုင်းတွင် ကန်ဒေါ်လာ ၃ ဒသမ ၉၉၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်။
ဖေဖော်ဝါရီလ ၂၀ ရက်က ကန်ဒေါ်လာ ၄ ဒသမ ၃ သန်းဖြင့် ရောင်းထွက်သွားကြောင်း အရောင်းဈေးကွက် တင်ပေးသည့် Sotheby’s အိမ်ခြံမြေကုမ္ပဏီမှ ထုတ်ပြန်သည်။
အင်မာစတုန်း၏ စံအိမ်ကို စိတ်ဝင်စားသူ များပြားခဲ့ပြီး ဝယ်လက်ပေါင်း ၁၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ကြကာ ဈေးပေးကမ်းလှမ်းမှု များစွာရရှိခဲ့ကြောင်း ဝေါစထရိဂျာနယ်က ဖော်ပြသည်။ 
(ဓာတ်ပုံ-Ryan Lahiff for Sotheby’s International Realty)
(ဓာတ်ပုံ-Ryan Lahiff for Sotheby’s International Realty)
La La Land ဖြင့်အော်စကာဆုရခဲ့သူ အင်မာစတုန်းသည် Poor Things ဇာတ်ကားဖြင့်လည်း မကြာသေးမီက ရွှေကမ္ဘာလုံးဆု ရရှိထားသည့်အပြင် အော်စကာဆုအတွက် အမည်စာရင်းတင်သွင်းခြင်းလည်း ခံထားရသည်။
အင်မာစတုန်းက ဤစံအိမ်ကို ၂၀၁၉ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း PropertyShark က ဖော်ပြသည်။
အသက် ၃၅ နှစ်ရှိပြီဖြစ်သော အင်မာစတုန်းသည် စံအိမ်ဝယ်ယူပြီးနောက်ပိုင်း ဧည့်ဂေဟာအိမ်တစ်လုံး ဖြည့်စွက်ဆောက်လုပ်ခဲ့သည့်အပြင် အိပ်ခန်း ၄ ခန်းပါ ပင်မစံအိမ်ကိုလည်း ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများအပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား အစရှိသော ပြည်ပနိုင်ငံများမှ အိမ်ခြံမြေစီမံကိန်းများကိုလည်း ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Emma Stone Sells Bright Los Angeles Mini-Compound for $4.3 Million (mansionglobal)
Photo Credit- Ryan Lahiff for Sotheby’s International Realty
[Zawgyi]
(အင်မာစတုန်း ဘယ်သူလဲ)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တစ်နှစ်မှာတစ်ခါ ပျော်ရွှင်စရာ ခရမ်းချဉ်သီးမှည့်များနဲ့ ပစ်ပေါက်ကြတဲ့ La Tomatina ခရမ်းချဉ်သီးပွဲတော်...
တစ်နှစ်မှာတစ်ခါ ပျော်ရွှင်စရာ ခရမ်းချဉ်သီးမှည့်များနဲ့ ပစ်ပေါက်ကြတဲ့ La Tomatina ခရမ်းချဉ်သီးပွဲတော်...
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
နိုင်ငံခြားသား ဝယ်ယူနိုင်သောကွန်ဒိုများကိုစိတ်ဝင်စားမှု မြင့်တက်နေ
နိုင်ငံခြားသား ဝယ်ယူနိုင်သောကွန်ဒိုများကိုစိတ်ဝင်စားမှု မြင့်တက်နေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်...
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်...
နိုင်ငံခြားရောက် အလုပ်သမားများက အိမ်ခြံမြေ ဝယ်ယူမှုများနေ
နိုင်ငံခြားရောက် အလုပ်သမားများက အိမ်ခြံမြေ ဝယ်ယူမှုများနေ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
taunggyi-garden-city
bkk-projects
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service