ကမ္ဘာ့အကျယ်ဝန်းဆုံး ရေကန်ကြီးအတွင်းရှိ ကျွန်းနှင့် မီးပြတိုက်တွင် စေတနာ့ဝန်ထမ်း နေထိုင်စောင့်ရှောက်မည့်သူများ ခေါ်ယူလျက်ရှိ
ကမ္ဘာ့အကျယ်ဝန်းဆုံး ရေကန်ကြီးအတွင်းရှိ ကျွန်းနှင့် မီးပြတိုက်တွင် စေတနာ့ဝန်ထမ်း နေထိုင်စောင့်ရှောက်မည့်သူများ ခေါ်ယူလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
26 Feb 2024 12:00 pm တွင် တင်ခဲ့သည်
1047 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
မြောက်အမေရိကတိုက်တွင် Lake Superior အမည်ရှိ အလွန်ကြီးမားလှသော ရေကန်ကြီးတစ်ခုရှိပြီး အကျယ်အဝန်းအရ ကမ္ဘာပေါ်တွင် အကြီးမားဆုံး freshwater (ရေချို) ကန်ကြီးဖြစ်သည်။
Lake Superior ၏ အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၁၂၈၀၀၀ (စတုရန်းမိုင်ပေါင်း ၄၉၃၀၀) ကျယ်ဝန်းကာ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ဖြန့်ကျက်တည်ရှိသည်။
ရေကန်၏ အလျားမှာ မိုင် ၃၅၀ ရှိပြီး အနံမှာ မိုင် ၁၆၀ ဖြစ်ကာ ပျှမ်းမျှအနက်မှာ ၄၈၃ ပေ ဖြစ်သည်။
ရေအနက်ဆုံးနေရာတွင် ၁၃၃၃ ပေ အထိ နက်ရှိုင်းသည်။
ထိုကန်ကြီး၏ အမေရိကန်ပြည်ထောင်စုဘက် ပိုင်နက် ဝစ္စကွန်ဆင်ပြည်နယ်အတွင်း Bayfield ကျွန်းဆွယ် အနီးတွင် ကျွန်းပေါင်း ၂၂ ကျွန်းရှိသည့်အနက် Sand Island အမည်ရှိ မီးပြတိုက်တည်ရှိသော ကျွန်းတစ်ကျွန်း ရှိနေသည်။
နှစ်ပေါင်း ၂၅၀ သက်တမ်းရှိ အပင်ကြီးများ၊ ပင်လယ်ဂူကြီးများရှိပြီး လာရောက်လည်ပတ်သူတို့သည် Kayak လှေကလေးများဖြင့် ပင်လယ်ဂူကြီးများရှိရာသို့ သွားရောက်လည်ပတ်ကြသည်။
၁၈၈၁ ခုနှစ်တွင် Lake Superior အတွင်း သွားလာသည့် သင်္ဘောများကို လမ်းပြကူညီပေးရန် ရည်ရွယ်ကာ Sand Island မီးပြတိုက်ကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ယခုနှစ် နွေရာသီတွင် ထိုမီးပြတိုက်တွင် စေတနာ့ဝန်ထမ်း နေထိုင်စောင့်ရှောက်ပေးမည့်သူများ ခေါ်ယူလျက်ရှိသည်။
အမေရိကန် အမျိုးသား ပန်းဥယျာဉ်များ ဌာနက ခေါ်ယူခြင်းဖြစ်ပြီး လာမည့် ဇွန်လ ၁၀ ရက်မှ ဇူလိုင်လ ၁ ရက်အထိ ရက်သတ္တ ၃ ပတ်ကြာ နေထိုင်စောင့်ရှောက်ပေးရမည် ဖြစ်သည်။
Lake Superior ရေကန်ကြီး၏ ရာသီဥတုအခြေအနေပေါ် မူတည်ပြီး စတင်နေထိုင်ရမည့်ရက်နှင့် အဆုံးသတ်မည့် ရက်တို့ အပြောင်းအလဲဖြစ်နိုင်ကြောင်း အမျိုးသား ပန်းဥယျာဉ်များဌာနမှ အရာရှိတို့က ပြောသည်။
စေတနာ့ဝန်ထမ်း ကူညီမည့်သူတို့သည် ကျွန်းပေါ်တွင် အမြဲနေထိုင်ရမည်ဖြစ်ပြီး ရာသီဥတုအခြေအနေပေါ် မူတည်၍ ကာလပိုမိုကြာရှည်စွာ နေထိုင်ရန်လည်း ပြင်ဆင်ထားရမည်ဖြစ်ကြောင်း အရာရှိတို့က ပြောသည်။
စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ပေးမည့်သူတို့သည် ကျွန်းသို့ လာရောက်လည်ပတ်မည့် လှေသမားများ၊ လမ်းလျှောက်သူများ၊ လှေစီးမည့်သူများ၊ စခန်းချမည့်သူများနှင့် ထိတွေ့ ဆောင်ရွက်ရမည် ဖြစ်သည်။
လျှောက်ထားလိုသူများအနေဖြင့် volunteer.gov တွင် လျှောက်ထားနိုင်သည်ဟု ဆိုသည်။
(မှတ်ချက်။ နောက်ဆုံးသတင်းများအရ လျှောက်ထားသူ အလွန်များပြားသောကြောင့် လျှောက်လွှာလက်ခံမှု ပိတ်သိမ်းလိုက်ပြီဟု သိရသည်)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: This island in Lake Superior needs volunteers to live there this summer (mlive)
Photo Credit: mlive
[Zawgyi]
Photo Credit: mlive
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တချိန်က ပုရိသတို့၏ နှလုံးသားများကို ကိုင်လှုပ်ခဲ့ပြီး လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သော စူပါမော်ဒယ်၊ မိုက်ကယ်ဂျက်ဆင်က လက်ထပ်ခွင့် အကြိမ်ကြိမ်တောင်းဆိုခြင်းခံခဲ့ရသူ ဘရွတ်ခ်ရှီး၏ နယူးယောက် စံအိမ် အကြောင်း...
အမေရိကန်ဒုသမ္မတ ခါမလာ ဟဲရစ်က သူ၏ နေအိမ်သို့ ကျူးကျော်ဝင်ရောက်သူရှိပါက သေနတ်ဖြင့် ပစ်မည်ဟူသော ပြောဆိုမှု ဂယက်ရိုက်လျက်ရှိ...
အမေရိကန်ဒုသမ္မတ ခါမလာ ဟဲရစ်က သူ၏ နေအိမ်သို့ ကျူးကျော်ဝင်ရောက်သူရှိပါက သေနတ်ဖြင့် ပစ်မည်ဟူသော ပြောဆိုမှု ဂယက်ရိုက်လျက်ရှိ...
အမေရိကန်ပြည်တွင် ငွေတိုက်ခန်းနှင့် ကျည်ကာမှန်များ ထည့်သွင်းတပ်ဆင်ထားသော ဘဏ်အဆောက်အအုံ ကြီးကို ကန်ဒေါ်လာ ၅၀၀,၀၀၀ မျှဖြင့် ရောင်းချရန် စီစဉ်လာ...
အမေရိကန်ပြည်တွင် ငွေတိုက်ခန်းနှင့် ကျည်ကာမှန်များ ထည့်သွင်းတပ်ဆင်ထားသော ဘဏ်အဆောက်အအုံ ကြီးကို ကန်ဒေါ်လာ ၅၀၀,၀၀၀ မျှဖြင့် ရောင်းချရန် စီစဉ်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပေါ်ဒေသတွင်ရှိသော ကိုယ်ပျောက်အိမ်တစ်လုံး တစ်လလျှင် ကန်ဒေါ်လာ ၉၅၀၀၀ ဖြင့် အငှားဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပေါ်ဒေသတွင်ရှိသော ကိုယ်ပျောက်အိမ်တစ်လုံး တစ်လလျှင် ကန်ဒေါ်လာ ၉၅၀၀၀ ဖြင့် အငှားဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တလွှား ဒေါ်လာ ၇၀၀,၀၀၀ အောက်ဖြင့် ဝယ်ယူရရှိနိုင်သော ထူးထူးခြားခြား ရေပေါ်အိမ်များ...
အမေရိကန်ပြည်တလွှား ဒေါ်လာ ၇၀၀,၀၀၀ အောက်ဖြင့် ဝယ်ယူရရှိနိုင်သော ထူးထူးခြားခြား ရေပေါ်အိမ်များ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ၈၅ ဧကကျယ်သည့် ခြံကြီးကို ကန်ဒေါ်လာ ၄ ဒသမ ၉၅ သန်းမျှဖြင့် အရောင်းဈေးကွက်တင်လာ၊ စပျစ်ခင်းကြီး၏ အကျယ်အဝန်းသည်ပင်လျှင် ၅၇ ဧကရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ၈၅ ဧကကျယ်သည့် ခြံကြီးကို ကန်ဒေါ်လာ ၄ ဒသမ ၉၅ သန်းမျှဖြင့် အရောင်းဈေးကွက်တင်လာ၊ စပျစ်ခင်းကြီး၏ အကျယ်အဝန်းသည်ပင်လျှင် ၅၇ ဧကရှိ...
အမေရိကသို့ စာရွက်စာတမ်းမရှိဘဲ ဝင်ရောက်လာသူများကို အိမ်ခြံမြေချေးငွေ ရယူခွင့်ပေးမည်မဟုတ်ဘဲ ပိတ်ပင်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် ပြောကြား...
အမေရိကသို့ စာရွက်စာတမ်းမရှိဘဲ ဝင်ရောက်လာသူများကို အိမ်ခြံမြေချေးငွေ ရယူခွင့်ပေးမည်မဟုတ်ဘဲ ပိတ်ပင်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် ပြောကြား...
ကနေဒါကောင်စစ်ဝန် နေထိုင်ခဲ့သော နယူးယောက်မြို့ ၊ ပန်းခြံရိပ်သာလမ်း ကွန်ဒိုခန်းကို ကနေဒါအစိုးရက ကန်ဒေါ်လာ ၉ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
ကနေဒါကောင်စစ်ဝန် နေထိုင်ခဲ့သော နယူးယောက်မြို့ ၊ ပန်းခြံရိပ်သာလမ်း ကွန်ဒိုခန်းကို ကနေဒါအစိုးရက ကန်ဒေါ်လာ ၉ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
ဂျနီဖာ အန်နစ္စတန်က ရုပ်သံထူးချွန်ဆုပေးပွဲ Emmy Award ပွဲမတိုင်မီ လူမှုကွန်ရက်ပရိသတ် ၄၄ ဒသမ ၈ သန်းအား သူ၏ ဒေါ်လာ ၂၁ သန်းတန် စံအိမ်မြင်ကွင်းများ ရှားရှားပါးပါး ထုတ်ဖော်ပြသ...
ဂျနီဖာ အန်နစ္စတန်က ရုပ်သံထူးချွန်ဆုပေးပွဲ Emmy Award ပွဲမတိုင်မီ လူမှုကွန်ရက်ပရိသတ် ၄၄ ဒသမ ၈ သန်းအား သူ၏ ဒေါ်လာ ၂၁ သန်းတန် စံအိမ်မြင်ကွင်းများ ရှားရှားပါးပါး ထုတ်ဖော်ပြသ...
ဒေးဗစ်ဘက်ခမ်းက သူ၏ အော်ဂဲနစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံကို ပရိသတ်များအား ချပြလာ
ဒေးဗစ်ဘက်ခမ်းက သူ၏ အော်ဂဲနစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံကို ပရိသတ်များအား ချပြလာ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် သားဖြစ်သူကို ကျောင်းစာ ကူလုပ်ပေးသည့် အသက် ၄၇ နှစ်အရွယ် ဖခင်နှင့် သားဖြစ်သူတို့ နှစ်ဦးလုံး တက္ကသိုလ်ဝင်ခွင်
တရုတ်ပြည်တွင် သားဖြစ်သူကို ကျောင်းစာ ကူလုပ်ပေးသည့် အသက် ၄၇ နှစ်အရွယ် ဖခင်နှင့် သားဖြစ်သူတို့ နှစ်ဦးလုံး တက္ကသိုလ်ဝင်ခွင်
အမေရိကန်ဒုသမ္မတ ခါမလာ ဟဲရစ်၏ ဖခင်၊ စတန်းဖို့ တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါမောက္ခ၏ နေအိမ်မှာ သမီးဖြစ်သူ အခြေချနေထိုင်နေသော အ
အမေရိကန်ဒုသမ္မတ ခါမလာ ဟဲရစ်၏ ဖခင်၊ စတန်းဖို့ တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါမောက္ခ၏ နေအိမ်မှာ သမီးဖြစ်သူ အခြေချနေထိုင်နေသော အ
Jeff Bezos က ကုမ္ပဏီ အစည်းအဝေးများတွင် အရေးအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးအတွက် ထိုင်ခုံလွတ် တစ်လုံး ထားလေ့ရှိသည့် မဟာဗျူဟာကျင်
Jeff Bezos က ကုမ္ပဏီ အစည်းအဝေးများတွင် အရေးအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးအတွက် ထိုင်ခုံလွတ် တစ်လုံး ထားလေ့ရှိသည့် မဟာဗျူဟာကျင်
နာမည်ကြီး ဘတ်စ်ကက်ဘော ကြယ်ပွင့် မိုက်ကယ်ဂျော်ဒန်က ချီကာဂိုစံအိမ်ကို အရောင်းဈေးကွက်တင်ထား သည်မှာ ၁၂ နှစ်ရှိပြီဖြစ်သည့်တို
နာမည်ကြီး ဘတ်စ်ကက်ဘော ကြယ်ပွင့် မိုက်ကယ်ဂျော်ဒန်က ချီကာဂိုစံအိမ်ကို အရောင်းဈေးကွက်တင်ထား သည်မှာ ၁၂ နှစ်ရှိပြီဖြစ်သည့်တို
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားရှိ သက်ကြီးရွယ်အို အိမ်ရာတွင် အသက် ၉၆ နှစ်အရွယ် အဘွားအိုက သူမ၏ အခန်းကို လက်ငင်းပေးချေငွေ ဒေ
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားရှိ သက်ကြီးရွယ်အို အိမ်ရာတွင် အသက် ၉၆ နှစ်အရွယ် အဘွားအိုက သူမ၏ အခန်းကို လက်ငင်းပေးချေငွေ ဒေ
ဘင်အက်ဖလက်နှင့် ကွာရှင်းပြတ်စဲရေးကိစ္စများ ဆောင်ရွက်နေသော ဂျနီဖာလိုပက်ဇ်က နှစ်ဦးအတူနေခဲ့သော မင်္ဂလာဦးစံအိမ်ကြီးကို အရောင
ဘင်အက်ဖလက်နှင့် ကွာရှင်းပြတ်စဲရေးကိစ္စများ ဆောင်ရွက်နေသော ဂျနီဖာလိုပက်ဇ်က နှစ်ဦးအတူနေခဲ့သော မင်္ဂလာဦးစံအိမ်ကြီးကို အရောင
အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း (သို့မဟုတ်) တရုတ်ပြည်တွင် မိမိအခန်း၏ အပေါ်ထပ်တွင် နေထိုင်သူအား ည ၁၀ နာရီနောက်ပိုင်း အိမ်သာမ
အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း (သို့မဟုတ်) တရုတ်ပြည်တွင် မိမိအခန်း၏ အပေါ်ထပ်တွင် နေထိုင်သူအား ည ၁၀ နာရီနောက်ပိုင်း အိမ်သာမ
အသက် ၉၃ နှစ်အရွယ်တွင် ၅ ကြိမ်မြောက်လက်ထပ်ခဲ့သော ကမ္ဘာကျော်သူဌေးကြီး ရူးပတ်မားဒေါ့က ၎င်းအား လေးစားမှု ပြသသောအနေဖြင့် ဒေါ်
အသက် ၉၃ နှစ်အရွယ်တွင် ၅ ကြိမ်မြောက်လက်ထပ်ခဲ့သော ကမ္ဘာကျော်သူဌေးကြီး ရူးပတ်မားဒေါ့က ၎င်းအား လေးစားမှု ပြသသောအနေဖြင့် ဒေါ်
သားအတွက် Paramount ကုမ္ပဏီ ဝယ်ပေးရန် လိုအပ်သောငွေကို ဘီလျံနာသူဌေးကြီး လယ်ရီ အယ်လစ်ဆင် တစ်ရက်အတွင်း ရရှိ
သားအတွက် Paramount ကုမ္ပဏီ ဝယ်ပေးရန် လိုအပ်သောငွေကို ဘီလျံနာသူဌေးကြီး လယ်ရီ အယ်လစ်ဆင် တစ်ရက်အတွင်း ရရှိ
၈ တန်းဖြင့် ကျောင်းထွက်ခဲ့ရကာ တစ်ရက်လျှင် ရူပီး ၃၀ မျှသာ လုပ်အားခရသော အလုပ်သမားဘဝမှ ယနေ့အခါ ရူပီး ၁၈၀ ဘီလီယံတန်ကြေးရှိ က
၈ တန်းဖြင့် ကျောင်းထွက်ခဲ့ရကာ တစ်ရက်လျှင် ရူပီး ၃၀ မျှသာ လုပ်အားခရသော အလုပ်သမားဘဝမှ ယနေ့အခါ ရူပီး ၁၈၀ ဘီလီယံတန်ကြေးရှိ က
expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service