အင်္ဂလန်တွင် နေအိမ်အပြင်ဘက် အလှဆင်မီးအိမ်တပ်ဆင်သောကြောင့် အိမ်နီးချင်းက အနှောင့်အယှက် ဖြစ်သည်ဆိုကာ တရားစွဲ
အင်္ဂလန်တွင် နေအိမ်အပြင်ဘက် အလှဆင်မီးအိမ်တပ်ဆင်သောကြောင့် အိမ်နီးချင်းက အနှောင့်အယှက် ဖြစ်သည်ဆိုကာ တရားစွဲ - Property News in Myanmar from iMyanmarHouse.com
5 Feb 2024 12:07 pm တွင် တင်ခဲ့သည်
630 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အငြိမ်းစားရဲအရာရှိ အမျိုးသမီးတစ်ဦး သူ၏ နေအိမ်တွင် အလှဆင်မီးအိမ် တပ်ဆင်မှုအပေါ် အိမ်နီးချင်းက တရားစွဲခဲ့သောအမှုတွင် ရဲအရာရှိဟောင်း အမျိုးသမီး အနိုင်ရရှိသွားသည်။
ရဲအရာရှိဟောင်း ဖရန်ဆက် ပိုလာ့ထ်နှင့် ခင်ပွန်းဖြစ်သူ ဂရေဟမ်တိို့ကို အိမ်နီးချင်းများဖြစ်သော ရောဂျာနှင့် မာဂရက် ဟန့်ထ်တို့က တရားစွဲခဲ့ခြင်း ဖြစ်သည်။
၎င်းတို့၏ နေအိမ်များ တည်နေရာမှာ အင်္ဂလန်နိုင်ငံ ၊ ကန့်ခရိုင်တွင် တည်ရှိသည်။
ဖရန်ဆက် ပိုလာ့ထ်၏ မီးအိမ်မှ အလင်းရောင်ကြောင့် အိပ်မရကြောင်း ပြောဆိုကာ တရားစွဲခဲ့ခြင်း ဖြစ်သည်။
(ပန်းရောင်အိမ်ကို ဖရန်ဆက် ပိုလာ့ထ်တို့ ဇနီးမောင်နှံ ပိုင်ဆိုင်ပြီး အဝါရောင်အိမ်တွင် ရောဂျာတို့ ဇနီးမောင်နှံ နေထိုင်သည်။ ဓာတ်ပုံ-Champion News)
(ဖရန်ဆက်တို့ ဇနီးမောင်နှံကို လန်ဒန်မြို့ရှိ တရားရုံးချုပ် အပြင်ဘက်တွင် တွေ့ရပုံ။ ဓာတ်ပုံ-Champion News)
(မီးအိမ်မှာ စိတ်အနှောက်အယှက်ဖြစ်စေကြောင်း ရောဂျာတို့ ဇနီးမောင်နှံက ပြောသည်။ ဓာတ်ပုံ-Champion News) 
နှစ်ဦးလုံး အသက် ၈၀ အရွယ်ဖြစ်သော ရောဂျာတို့ ဇနီးမောင်နှံက ပြောသည်မှာ အဆိုပါ မီးအိမ်သည် မိမိတို့၏ တိတ်ဆိတ်စွာ နေထိုင်သည့်ဘဝကို အနှောက်အယှက်ပေးနေကြောင်း ၊ ထိုမီးအလင်းကို အများပြည်သူ အနှောင့်အယှက်ပေးမှုအဖြစ် တရားရုံးမှ သတ်မှတ်ပေးရန် ၎င်းတို့၏ အိမ်နီးချင်းအား တရားစွဲခဲ့ခြင်း ဖြစ်သည်။
တရားရုံးမှ ထိုသို့ သတ်မှတ်ပေးမည်ဆိုပါက ဖရန်ဆက်တို့ ဇနီးမောင်နှံအနေဖြင့် ထိုမီးအိမ် ဆက်လက်အသုံးပြု လျှင် ရာဇဝတ်ကြောင်းဖြင့် အရေးယူခံရမည် ဖြစ်သည်။
Folkestone ရာဇဝတ်တရားရုံးမှ ကြားနာစစ်ဆေးရာတွင် အဆိုပါ မီးအိမ်သည် သည်းမခံနိုင်ဖွယ် ၊ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရှိကာ အိမ်နီးချင်းကောင်းမဆန်သည့်အရာမျိုး ဖြစ်သည်ဟု ယူဆနိုင်ကြောင်း တွေ့ရှိခဲ့သည်။
သို့သော် ၎င်းတို့က ဆုံးဖြတ်ချက်ချသည်မှာ ထိုမီးအလင်းသည် ဥပဒေအရ သဘာဝပတ်ဝန်းကျင်အား အနှောင့်အယှက်ပေးမှု မည်သို့ရှိကြောင်းကို ရောဂျာတို့က သက်သေမပြနိုင်ခဲ့ဟု ဆုံးဖြတ်သည်။
ရောဂျာတို့ ဇနီးမောင်နှံမှာ လန်ဒန်ရှိ တရားရုံးချုပ်အထိ လျှောက်ထားခဲ့ခြင်းဖြစ်ရာ အမှုရှုံးပြီးနောက် တရားရုံး စရိတ် ပေါင် ၁၀၀၀၀၀ ပေးဆောင်ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ရောဂျာတို့ သားဖြစ်သူ ဂျိုနသန်သည်လည်း တရားရုံးစစ်ဆေးမှုသို့ တက်ရောက်ခဲ့ပြီး တရားရုံးမှအပြန်တွင် သတင်းမီဒီယာတို့အား ပြောသည်မှာ “ကျွန်တော့် မိဘတွေကို ဒီလိုမလုပ်ဖို့ ပြောခဲ့ပါတယ်”ဟု ပြောသည်။
တရားရုံးချုပ်၏ စစ်ဆေးတွေ့ရှိချက်အရ ၎င်းတို့ နှစ်အိမ်သည် ယခင်ကလည်း စကားများဖူးသည့် သမိုင်းကြောင်း ရှိကြောင်း ၊ ဖရန်ဆက်တို့ ဇနီးမောင်နှံက ၎င်းတို့၏ ပေါင် ၅၅၀၀၀၀ တန် နေအိမ်ဘေးတွင် တပ်ဆင်ထားသော မီးအိမ်ကို ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာတွင် အိမ်နောက်ဘက်သို့ ရွှေ့လိုက်ချိန်၌ နှစ်အိမ်ကြား ပြဿနာတက်ခဲ့ကြောင်း ဖော်ပြသည်။
ဖရန်ဆက်တို့ ဇနီးမောင်နှံက မီးအိမ်မှ အလင်းရောင် အိမ်နီးချင်း၏ ပြတင်းပေါက်သို့ မကျရောက်စေရန် ပလက်စတစ် အကာငယ်တစ်ခု ကာပေးခဲ့ပြီး အိမ်နီးချင်းထံ အီးမေးလ် ပို့ခဲ့သည်။
မီးအိမ်မှ မီးအလင်းသည် အနှောက်အယှက်ပေးမှုအဖြစ် မိမိတို့ မယူဆကြောင်း ၊ ထိုမီးကို မည်သည့်အချိန်တွင် မဆို ဖွင့်နိုင်ပိတ်နိုင်သည့် အခွင့်အရေး မိမိတို့တွင် ရှိကြောင်း အီးမေးလ်တွင် ဖော်ပြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Neighbour sued me over lantern on my OWN property – but now they owe me thousands after their son sided with me (thesun)
Photo Credit: Supplied by Champion News
[Zawgyi]
ရဲအရာရှိဟောင်း ဖရန်ဆက် ပိုလာ့ထ်နှင့် ခင်ပွန်းဖြစ်သူ ဂရေဟမ်တို့ကို အိမ်နီးချင်းများဖြစ်သော ရောဂျာနှင့် မာဂရက် ဟန့်ထ်တို့က တရားစွဲခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
area-one-business-complex
taunggyi-garden-city
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service